ခရီးသည်အနည်းအများပေါ်မှုတည်ကာ အဝေးပြေးယာဉ်စီးရေ တိုးချဲ့ပြေးဆွဲမည်
1981
NP News - ဒီဇင်ဘာ ၂၉
နှစ်သစ်ကူးရုံးပိတ်ရက်ကာလတွင် ခရီးသည်စီးနင်းသောအရေအတွက် အပေါ်မူတည်ပြီး အဝေးပြေးယာဉ်လိုင်း ကား အရေအတွက်များ တိုးချဲ့ပြေးဆွဲပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(အဝေးပြေး)က သိရသည်။
နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း နေရပ်ပြန်မည့်သူများနှင့် အပန်းဖြေခရီးသွားသူများ၊ဘုရားဖူးသွားသူများ အားလုံးအတွက် အဆင်ပြေစွာသွားလာနိုင်စေရန် ယာဉ်စီးရေတိုးချဲ့ပြေးဆွဲပေးမည်ဟု ဆိုသည်။
"ခရီးသွားတွေ ရှိသလောက် သွားနိုင်သလောက် အနေအထားအလိုက် ယာဉ်တွေထုတ်ပေးနိုင်မယ့်ယာဉ်လိုင်းတွေ ရှိပါတယ်။ တချို့ယာဥ်လိုင်းတွေမှာ ယာဥ်စီးရေ ၁၀၀ ကျော်ရှိသလို၊ တချို့ယာဉ်လိုင်းတွေက ၇၀ ၊ ၈၀ နဲ့ အနည်းဆုံး ယာဉ်လိုင်းတွေက သုံးလေးဆယ် ရှိကြပါတယ်။ သွားမယ့် ခရီးသည်အင်အားနဲ့ သုံးနိုင်မယ့်ကားကိုလည်း ကြိုတင် ပြီး ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (အဝေးပြေးဌာန) တာဝန်ရှိသူ ဦးညွှန့်လှိုင် က ပြောသည်။
ရန်ကုန်မြို့ရှိ အဝေးပြေးယာဉ်စီးရေအနေဖြင့် အောင်မင်္ဂလာ၌ ၂၀၅၄ စီး ၊ ဒဂုံဧရာ၌ ၇၉၆ စီး ၊ စုစုပေါင်း အစီးရေ ၂၈၀၀ ကျော်ခန့် စာရင်းရရှိထားပြီးဖြစ်ကြောင်း သိရသည်။
လတ်တလောပြေးဆွဲမှုအနေဖြင့် နေ့စဉ် ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်၊ ယာဉ်စီးရေ ၇၀၀ ကျော် ပြေးဆွဲနေခြင်းဖြစ်ပြီး နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း ခရီးသည်အခြေအနေအပေါ်မူတည်ကာ ယာဉ်စီးရေ ထပ်မံတိုးမြှင့်ဆောင်ရွက်ပေးနိုင်မယ့်အနေအထားရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် အဝေးပြေးယာဥ်လိုင်းများမှတဆင့် ခရီးသည်တစ်သောင်းကျော် နေ့စဉ်သွားလာနေကြပြီး ခရီးစဥ်များအဖြစ် အောင်မင်္ဂလာအဝေးပြေးမှနေ၍ မြန်မာနိုင်ငံနေရာအနှံ့အပြား နှင့် ဒဂုံဧရာအဝေးပြေးကနေ၍ ဧရာဝတီတိုင်းဒေသကြီးဘက်များသို့ ပြေဆွဲပေးနေကြောင်း သိရသည်။
Zawgyi Version;
ခရီးသည္အနည္းအမ်ားေပၚမႈတည္ကာ အေဝးေျပးယာဥ္စီးေရ တိုးခ်ဲ႕ေျပးဆြဲမည္
NP News - ဒီဇင္ဘာ ၂၉
ႏွစ္သစ္ကူး႐ုံးပိတ္ရက္ကာလတြင္ ခရီးသည္စီးနင္းေသာအေရအတြက္ အေပၚမူတည္ၿပီး အေဝးေျပးယာဥ္လိုင္း ကား အေရအတြက္မ်ား တိုးခ်ဲ႕ေျပးဆြဲေပးသြားမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ(အေဝးေျပး)က သိရသည္။
ႏွစ္သစ္ကူး႐ုံးပိတ္ရက္ကာလအတြင္း ေနရပ္ျပန္မည့္သူမ်ားႏွင့္ အပန္းေျဖခရီးသြားသူမ်ား၊ဘုရားဖူးသြားသူမ်ား အားလုံးအတြက္ အဆင္ေျပစြာသြားလာႏိုင္ေစရန္ ယာဥ္စီးေရတိုးခ်ဲ႕ေျပးဆြဲေပးမည္ဟု ဆိုသည္။
"ခရီးသြားေတြ ရွိသေလာက္ သြားႏိုင္သေလာက္ အေနအထားအလိုက္ ယာဥ္ေတြထုတ္ေပးႏိုင္မယ့္ယာဥ္လိုင္းေတြ ရွိပါတယ္။ တခ်ိဳ႕ယာဥ္လိုင္းေတြမွာ ယာဥ္စီးေရ ၁၀၀ ေက်ာ္ရွိသလို၊ တခ်ိဳ႕ယာဥ္လိုင္းေတြက ၇၀ ၊ ၈၀ နဲ႔ အနည္းဆုံး ယာဥ္လိုင္းေတြက သုံးေလးဆယ္ ရွိၾကပါတယ္။ သြားမယ့္ ခရီးသည္အင္အားနဲ႔ သုံးႏိုင္မယ့္ကားကိုလည္း ႀကိဳတင္ ၿပီး ညႇိႏႈိင္းေဆာင္႐ြက္ထားၿပီးျဖစ္ပါတယ္” လို႔ ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈ ေကာ္မတီ (အေဝးေျပးဌာန) တာဝန္ရွိသူ ဦးၫႊန႔္လႈိင္ က ေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိ အေဝးေျပးယာဥ္စီးေရအေနျဖင့္ ေအာင္မဂၤလာ၌ ၂၀၅၄ စီး ၊ ဒဂုံဧရာ၌ ၇၉၆ စီး ၊ စုစုေပါင္း အစီးေရ ၂၈၀၀ ေက်ာ္ခန႔္ စာရင္းရရွိထားၿပီးျဖစ္ေၾကာင္း သိရသည္။
လတ္တေလာေျပးဆြဲမႈအေနျဖင့္ ေန႔စဥ္ ယာဥ္လိုင္းေပါင္း ၃၀၀ ေက်ာ္၊ ယာဥ္စီးေရ ၇၀၀ ေက်ာ္ ေျပးဆြဲေနျခင္းျဖစ္ၿပီး ႏွစ္သစ္ကူး႐ုံးပိတ္ရက္အတြင္း ခရီးသည္အေျခအေနအေပၚမူတည္ကာ ယာဥ္စီးေရ ထပ္မံတိုးျမႇင့္ေဆာင္႐ြက္ေပးႏိုင္မယ့္အေနအထားရွိေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ အေဝးေျပးယာဥ္လိုင္းမ်ားမွတဆင့္ ခရီးသည္တစ္ေသာင္းေက်ာ္ ေန႔စဥ္သြားလာေနၾကၿပီး ခရီးစဥ္မ်ားအျဖစ္ ေအာင္မဂၤလာအေဝးေျပးမွေန၍ ျမန္မာႏိုင္ငံေနရာအႏွံ႔အျပား ႏွင့္ ဒဂုံဧရာအေဝးေျပးကေန၍ ဧရာဝတီတိုင္းေဒသႀကီးဘက္မ်ားသို႔ ေျပဆြဲေပးေနေၾကာင္း သိရသည္။