တောင်ကိုရီးယားခရီးသည်တင်လေယာဉ် ဖြစ်ရပ်ဆိုးအပြီး ကနေဒါနိုင်ငံမှာလည်း အလားတူဖြစ်ရပ်မျိုးဖြစ်ပွား

 20435

Pika (NP News) - ဒီဇင်ဘာ ၂၉

တောင်ကိုရီးယားနိုင်ငံမှာ ခရီးသည်တင်လေယာဉ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် တစ်နေ့တည်းအတွင်းမှာပဲ ကနေဒါနိုင်ငံမှာလည်း အလားတူဖြစ်ရပ်မျိုးဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ကနေဒါနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှာ ခရီးသည်တင်လေယာဉ်တစ်စင်းဟာ Halifax လေဆိပ်မှာ အရေးပေါ်ဆင်းသက်မှုပြုလုပ်ချိန်အတွင်း ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
Air Canada (AC) flight AC2259က လည်ပတ်တဲ့ A PAL Airlines (PB)လေယာဉ်ဟာ အဆင်းဂီယာချို့ယွင်းမှုဖြစ်ပွားခဲ့ပြီးနောက် ပြေးလမ်းပေါ်ကို အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

A PAL Airlines (PB)လေယာဉ်ဟာ အရေးပေါ်ဆင်းသက်ချိန်အတွင်း ဘီးကျလာခြင်းမျိုးမရှိခဲ့တဲ့အတွက် လေယာဉ်တောင်ပံနဲ့ ပြေးလမ်းတို့ ပွတ်တိုက်မိပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေဟာ လေယာဉ်ပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်(၈၀)ဝန်းကျင်နဲ့ အမှုထမ်းတွေကို ချက်ချင်းပဲကယ်ဆယ်မှုတွေလုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ခရီးသည်တစ်ဦးက "ကျွန်တော်တို့စီးလာတဲ့လေယာဉ်ဟာ အရေးပေါ်ဆင်းသက်မှုလုပ်ဆောင်ချိန်အတွင်း ဘယ်ဖက်ခြမ်းကို (၂၀)ဒီဂရီလောက်စောင်းသွားပါတယ်။ ပြီးတော့ လေယာဉ်တောင်ပံနဲ့ ပြေးလမ်းတို့ ပွတ်တိုက်မိတဲ့အသံကို ကျွန်တော်တို့ကြားခဲ့ရပါတယ်။ လေယာဉ်တောင်ပံနဲ့ ပြေးလမ်းတို့ပွတ်တိုက်မှုနဲ့အတူ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာပါ" လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားခရီးသည္တင္ေလယာဥ္ ျဖစ္ရပ္ဆိုးအၿပီး ကေနဒါႏိုင္ငံမွာလည္း အလားတူျဖစ္ရပ္မ်ိဳးျဖစ္ပြား
Pika (NP News) - ဒီဇင္ဘာ ၂၉

ေတာင္ကိုရီးယားႏိုင္ငံမွာ ခရီးသည္တင္ေလယာဥ္ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီးေနာက္ တစ္ေန႔တည္းအတြင္းမွာပဲ ကေနဒါႏိုင္ငံမွာလည္း အလားတူျဖစ္ရပ္မ်ိဳးျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။
ဒါေပမယ့္ ကေနဒါႏိုင္ငံမွာျဖစ္ပြားခဲ့တဲ့ျဖစ္ရပ္မွာ ခရီးသည္တင္ေလယာဥ္တစ္စင္းဟာ Halifax ေလဆိပ္မွာ အေရးေပၚဆင္းသက္မႈျပဳလုပ္ခ်ိန္အတြင္း ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
Air Canada (AC) flight AC2259က လည္ပတ္တဲ့ A PAL Airlines (PB)ေလယာဥ္ဟာ အဆင္းဂီယာခ်ိဳ႕ယြင္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ ေျပးလမ္းေပၚကို အေရးေပၚဆင္းသက္ခဲ့ရတာျဖစ္တယ္လို႔လည္း သိရပါတယ္။

A PAL Airlines (PB)ေလယာဥ္ဟာ အေရးေပၚဆင္းသက္ခ်ိန္အတြင္း ဘီးက်လာျခင္းမ်ိဳးမရွိခဲ့တဲ့အတြက္ ေလယာဥ္ေတာင္ပံနဲ႔ ေျပးလမ္းတို႔ ပြတ္တိုက္မိၿပီး မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ေတြဟာ ေလယာဥ္ေပၚမွာလိုက္ပါလာတဲ့ ခရီးသည္(၈၀)ဝန္းက်င္နဲ႔ အမႈထမ္းေတြကို ခ်က္ခ်င္းပဲကယ္ဆယ္မႈေတြလုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ခရီးသည္တစ္ဦးက "ကြၽန္ေတာ္တို႔စီးလာတဲ့ေလယာဥ္ဟာ အေရးေပၚဆင္းသက္မႈလုပ္ေဆာင္ခ်ိန္အတြင္း ဘယ္ဖက္ျခမ္းကို (၂၀)ဒီဂရီေလာက္ေစာင္းသြားပါတယ္။ ၿပီးေတာ့ ေလယာဥ္ေတာင္ပံနဲ႔ ေျပးလမ္းတို႔ ပြတ္တိုက္မိတဲ့အသံကို ကြၽန္ေတာ္တို႔ၾကားခဲ့ရပါတယ္။ ေလယာဥ္ေတာင္ပံနဲ႔ ေျပးလမ္းတို႔ပြတ္တိုက္မႈနဲ႔အတူ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့တာပါ" လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.