ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုမှ အသက်အကြီးဆုံး အသက်ရှင်ကျန်ရစ်သူ ဝါရန်းရက်အက်တန်အသက် ၁၀၅ နှစ်မှာ ကွယ်လွန်
134
ရောင်နီ (NP News) - ဒီဇင်ဘာ ၂၉
၁၈၄၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပုလဲဆိပ်ကမ်း တိုက်ခိုက်မှုမှ အသက်အကြီးဆုံး အသက်ရှင်ကျန်ရစ်သူဖြစ်တဲ့ အသက် ၁၀၅ နှစ်အရွယ် ဒုတိယကမ္ဘာစစ် အမေရိကန်စစ်ပြန် ဝါရန်းရက်အက်တန်ဟာ ပြီးခဲ့တဲ့ ခရစ္စမတ်နေ့(ဒီဇင်ဘာ ၂၅ ရက်) မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ Pearl Harbor Survivors စစ်မှုထမ်းဟောင်းအဖွဲ့အစည်းက ထုတ်ပြန်ခဲ့ပါတယ်။
အက်တန်ဟာ အဆုတ်ရောင်ရောဂါကို ရက်အတော်ကြာ ခံစားခဲ့ရပြီး အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်ဂါတိုစ့်မြို့မှာရှိတဲ့ ဆေးရုံတစ်ရုံမှာ ဗုဒ္ဓဟူးနေ့ (ခရစ်စမတ်နေ့) နံနက်အစောပိုင်းက ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ စစ်မှုထမ်းဟောင်း မိသားစုနဲ့အနီးကပ် ရင်းနှီးသူတစ်ဦးက ပြောပါတယ်။
အက်တန်ဟာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်က ပုလဲဆိပ်ကမ်းမှာဖြစ်ခဲ့တဲ့ ကြီးမားတဲ့တိုက်ပွဲမှာ စစ်သင်္ဘော USS Utah ရဲ့နောက်ဆုံး အသက်ရှင်ကျန်ရစ်ခဲ့သူ သင်္ဘောသားတစ်ဦးဖြစ်ပါတယ်။ အဆိုပါတိုက်ပွဲမှာ ၎င်း အပါအဝင် အသက်ရှင်ကျန်ရစ်သူ ၁၈ ဦးသာ ရှိခဲ့တယ်လို့ သိရပါတယ်။
အက်တန်ရဲ့ကွယ်လွန်မှုဟာ ပုလဲဆိပ်ကမ်း တိုက်ပွဲ ၈၃ နှစ်မြောက် နှစ်ပတ်လည်ပြီးနောက် သီတင်းနှစ်ပတ်အကြာ၊ သူ့ရဲ့ ၁၀၅ နှစ်မြောက်မွေးနေ့ကျင်းပခဲ့ပြီး နှစ်လနီးပါးအကြာမှာ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ အက်တန်ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ အယ်လ်ဒိုရာဒိုမှာ အောက်တိုဘာ ၁၇ ရက်၊ ၁၉၁၉ က မွေးဖွားခဲ့ပြီး USS Utah သင်္ဘောမှာ ရေတပ်ရေဒီယိုအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
Zawgyi Version;
ပုလဲဆိပ္ကမ္းတိုက္ခိုက္မႈမွ အသက္အႀကီးဆုံး အသက္ရွင္က်န္ရစ္သူ ဝါရန္းရက္အက္တန္အသက္ ၁၀၅ ႏွစ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၉
၁၈၄၁ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ ပုလဲဆိပ္ကမ္း တိုက္ခိုက္မႈမွ အသက္အႀကီးဆုံး အသက္ရွင္က်န္ရစ္သူျဖစ္တဲ့ အသက္ ၁၀၅ ႏွစ္အ႐ြယ္ ဒုတိယကမာၻစစ္ အေမရိကန္စစ္ျပန္ ဝါရန္းရက္အက္တန္ဟာ ၿပီးခဲ့တဲ့ ခရစၥမတ္ေန႔(ဒီဇင္ဘာ ၂၅ ရက္) မွာ ကြယ္လြန္သြားခဲ့ၿပီျဖစ္တယ္လို႔ Pearl Harbor Survivors စစ္မႈထမ္းေဟာင္းအဖြဲ႕အစည္းက ထုတ္ျပန္ခဲ့ပါတယ္။
အက္တန္ဟာ အဆုတ္ေရာင္ေရာဂါကို ရက္အေတာ္ၾကာ ခံစားခဲ့ရၿပီး အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္ဂါတိုစ့္ၿမိဳ႕မွာရွိတဲ့ ေဆး႐ုံတစ္႐ုံမွာ ဗုဒၶဟူးေန႔ (ခရစ္စမတ္ေန႔) နံနက္အေစာပိုင္းက ကြယ္လြန္သြားခဲ့တာျဖစ္တယ္လို႔ စစ္မႈထမ္းေဟာင္း မိသားစုနဲ႔အနီးကပ္ ရင္းႏွီးသူတစ္ဦးက ေျပာပါတယ္။
အက္တန္ဟာ ၁၉၄၁ ခုႏွစ္ ဒီဇင္ဘာလ ၇ ရက္က ပုလဲဆိပ္ကမ္းမွာျဖစ္ခဲ့တဲ့ ႀကီးမားတဲ့တိုက္ပြဲမွာ စစ္သေဘၤာ USS Utah ရဲ႕ေနာက္ဆုံး အသက္ရွင္က်န္ရစ္ခဲ့သူ သေဘၤာသားတစ္ဦးျဖစ္ပါတယ္။ အဆိုပါတိုက္ပြဲမွာ ၎ အပါအဝင္ အသက္ရွင္က်န္ရစ္သူ ၁၈ ဦးသာ ရွိခဲ့တယ္လို႔ သိရပါတယ္။
အက္တန္ရဲ႕ကြယ္လြန္မႈဟာ ပုလဲဆိပ္ကမ္း တိုက္ပြဲ ၈၃ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ၿပီးေနာက္ သီတင္းႏွစ္ပတ္အၾကာ၊ သူ႔ရဲ႕ ၁၀၅ ႏွစ္ေျမာက္ေမြးေန႔က်င္းပခဲ့ၿပီး ႏွစ္လနီးပါးအၾကာမွာ ထြက္ေပၚလာျခင္း ျဖစ္ပါတယ္။ အက္တန္ဟာ ကယ္လီဖိုးနီးယားျပည္နယ္၊ အယ္လ္ဒိုရာဒိုမွာ ေအာက္တိုဘာ ၁၇ ရက္၊ ၁၉၁၉ က ေမြးဖြားခဲ့ၿပီး USS Utah သေဘၤာမွာ ေရတပ္ေရဒီယိုအရာရွိအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။