မြန်မာ- အိန္ဒိယနှစ်နိုင်ငံ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အ‌ထောက်အကူဖြစ်စေမည့် စီမံကိန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး ဆွေးနွေး

 546

ယွန်း (NP News)- ဒီဇင်ဘာ ၃၀

မြန်မာ- အိန္ဒိယနှစ်နိုင်ငံ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည့် စီမံကိန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးက ပြီးခဲ့သည့်ရက်ပိုင်းတွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ Secretary (East) ရှရီ ဂျိုက်ဒိ မာဇမ်ဒါနှင့် အိန္ဒိယပြည်ပ ရေးရာဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် နှစ်နိုင်ငံပြည်သူများ၏ လူမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည့် စီမံကိန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဆက်ဆံရေးနယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားဆက်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ မြန်မာ- အိန္ဒိယနှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းမှုအတွက် ပူးပေါင်းဆောင်ရွက်ရေးကို တိုးချဲ့ရန် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က နိုင်ငံခြားရေးဝန်ကြီးနှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သည်။

zawgyi version
ျမန္မာ- အိႏၵိယႏွစ္ႏိုင္ငံ ဆက္ဆံေရးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အ‌ေထာက္အကူျဖစ္ေစမည့္ စီမံကိန္းမ်ားကို အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္ေရး ေဆြးေႏြး

ယြန္း (NP News)- ဒီဇင္ဘာ ၃၀

ျမန္မာ- အိႏၵိယႏွစ္ႏိုင္ငံ ဆက္ဆံေရးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေထာက္အကူျဖစ္ေစမည့္ စီမံကိန္းမ်ားကို အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္ေရး ေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထား သည္။

အိႏၵိယႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဇာ္ဦးက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အိႏၵိယျပည္ပေရးရာဝန္ႀကီးဌာန၊ Secretary (East) ရွရီ ဂ်ိဳက္ဒိ မာဇမ္ဒါႏွင့္ အိႏၵိယျပည္ပ ေရးရာဝန္ႀကီးဌာန၌ ေတြ႕ဆုံခဲ့ ေၾကာင္း သိရသည္။

ထိုသို႔ေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံဆက္ဆံေရး၊ ပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ေရးႏွင့္ ႏွစ္ႏိုင္ငံျပည္သူမ်ား၏ လူမႈ၊ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေထာက္အကူျဖစ္ေစမည့္ စီမံကိန္းမ်ားကို အရွိန္အဟုန္ျမႇင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေရးကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာ- အိႏၵိယ ႏွစ္ႏိုင္ငံ မဟာဗ်ဴဟာေျမာက္ ဆက္ဆံေရးနယ္စပ္ကုန္သြယ္ေရးႏွင့္ စီးပြားဆက္သြယ္မႈ တိုးျမႇင့္ေဆာင္႐ြက္ႏိုင္မည့္ အလားအလာမ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အလားတူ ျမန္မာ- အိႏၵိယႏွစ္ႏိုင္ငံၾကား နယ္စပ္ျဖတ္ေက်ာ္ လွ်ပ္စစ္ဓာတ္အားလိုင္းသြယ္တန္းမႈအတြက္ ပူးေပါင္းေဆာင္႐ြက္ေရးကို တိုးခ်ဲ႕ရန္ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္က ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ အိႏၵိယႏိုင္ငံ သံအမတ္ႀကီးတို႔ ေတြ႕ဆုံေဆြးေႏြးမႈမ်ားရွိခဲ့သည္။

Related news

© 2021. All rights reserved.