တောင်ကိုရီးယားအကျော်အမော် မင်းသားရိန်းက You Tube သုံးစွဲမှုရပ်ဆိုင်း

 1589

Pika (NP News) - ဒီဇင်ဘာ ၃ဝ

တောင်ကိုရီးယား နာမည်ကျော်အဆိုတော် နှင့် ရုပ်ရှင်မင်းသား ရိန်း (ဂျွန်ဂျီဟွန်း)က You Tube ပလက်ဖောင်းတွင် ၎င်း၏လှုပ်ရှားမှုများကို ရုတ်တရက် ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ သည်။ ရိန်းသည် ‘‘ကျွန်တော် ဂျွန်ဂျီဟွန်းပါ။ တောင်းပန်ပါတယ်” ဆိုသည့်ခေါင်းစဉ်ဖြင့် ဗီဒီယိုဖိုင်တစ်ခုကို ၎င်း၏ You Tube ချန်နယ် “Season B Sea- son”တွင် မကြာသေးမီကတင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗီဒီယိုဖိုင်အတွင်းတွင် “အားလုံးပဲ တောင်းပန်ပါတယ်”ဟု ရိန်းက ပြောကြားထားသည် ကိုလည်း တွေ့မြင်ခဲ့ရသည်။ ရိန်းက “သတင်းတချို့ကို ပြောပြဖို့ ဒီဗီဒီယိုဖိုင်ကိုတင်လိုက်တာပါ။ ပိုမို ကောင်းမွန်တဲ့အကြောင်း အရာတွေကို ဖန်တီးဖို့အတွက် ခေတ္တအနားယူဖို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့ပါတယ်။ အားလုံးကို အံ့အားသင့်စေပြီး ပိုမိုကောင်းမွန် တဲ့စိတ်လှုပ်ရှားစရာ အကြောင်းအရာတွေနဲ့အတူ ပြန်လာနိုင်ဖို့ ကျွန်တော်ခေတ္တအနားယူမှာပါ။ ဒါကို အား လုံးလည်း နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်”ဟုပြောဆိုခဲ့သည်။ ထို့ပြင် ရိန်းသည် ဗီဒီယိုဖိုင်အဆုံးတွင် “ကျွန်တော်တို့မကြာမီအချိန်အတွင်း ပြန်လာခဲ့ပါမယ်။ အားလုံးပဲ ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ”ဟု ပြောကြားခဲ့ကြောင်းလည်း သိရသည်။

ရိန်းသည် Season B Season YouTube ချန်နယ်ကို (၂၀၂၀) ပြည့်နှစ် ဇူလိုင်လတွင် စတင်ခဲ့ခြင်းဖြစ်ပြီး mukbangs၊ workouts နှင့် talk show အပါအဝင် အကြောင်းအရာမျိုးစုံကိုမျှဝေခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် ရိန်း၏ Season B Season YouTube ချန်နယ်သည် ဖော်လိုဝါ (၁ ဒသမ ၈)သန်းကျော်ထိရှိကြောင်းလည်းသိရသည်။ ရိန်း၏ You Tube ချန်နယ်တွင် တင်ထားသော ဗီဒီယိုဖိုင် တစ်ခုသည် ကြည့်ရှုမှု (၁၂ ဒသမ ၂၄) သန်းအထိ ရရှိခဲ့ဖူးသော် လည်း ပြီးခဲ့သည့်လအတွင်း ကြည့်ရှုမှုအရေအတွက်မှာ (၁)သိန်းနှင့် (၆၈၀ဝဝဝ)ကြားအထိ ကျဆင်းသွားခဲ့ကြောင်းလည်း သိရသည်။

zawgyi version
ေတာင္ကိုရီးယားအေက်ာ္အေမာ္ မင္းသားရိန္းက You Tube သုံးစြဲမႈရပ္ဆိုင္း
Pika (NP News) - ဒီဇင္ဘာ ၃ဝ

ေတာင္ကိုရီးယား နာမည္ေက်ာ္အဆိုေတာ္ ႏွင့္ ႐ုပ္ရွင္မင္းသား ရိန္း (ဂြၽန္ဂ်ီဟြန္း)က You Tube ပလက္ေဖာင္းတြင္ ၎၏လႈပ္ရွားမႈမ်ားကို ႐ုတ္တရက္ ရပ္ဆိုင္းလိုက္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ သည္။ ရိန္းသည္ ‘‘ကြၽန္ေတာ္ ဂြၽန္ဂ်ီဟြန္းပါ။ ေတာင္းပန္ပါတယ္” ဆိုသည့္ေခါင္းစဥ္ျဖင့္ ဗီဒီယိုဖိုင္တစ္ခုကို ၎၏ You Tube ခ်န္နယ္ “Season B Sea- son”တြင္ မၾကာေသးမီကတင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဗီဒီယိုဖိုင္အတြင္းတြင္ “အားလုံးပဲ ေတာင္းပန္ပါတယ္”ဟု ရိန္းက ေျပာၾကားထားသည္ ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။ ရိန္းက “သတင္းတခ်ိဳ႕ကို ေျပာျပဖို႔ ဒီဗီဒီယိုဖိုင္ကိုတင္လိုက္တာပါ။ ပိုမို ေကာင္းမြန္တဲ့အေၾကာင္း အရာေတြကို ဖန္တီးဖို႔အတြက္ ေခတၱအနားယူဖို႔ ကြၽန္ေတာ္တို႔ဆုံးျဖတ္ခဲ့ပါတယ္။ အားလုံးကို အံ့အားသင့္ေစၿပီး ပိုမိုေကာင္းမြန္ တဲ့စိတ္လႈပ္ရွားစရာ အေၾကာင္းအရာေတြနဲ႔အတူ ျပန္လာႏိုင္ဖို႔ ကြၽန္ေတာ္ေခတၱအနားယူမွာပါ။ ဒါကို အား လုံးလည္း နားလည္ေပးၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္”ဟုေျပာဆိုခဲ့သည္။ ထို႔ျပင္ ရိန္းသည္ ဗီဒီယိုဖိုင္အဆုံးတြင္ “ကြၽန္ေတာ္တို႔မၾကာမီအခ်ိန္အတြင္း ျပန္လာခဲ့ပါမယ္။ အားလုံးပဲ ေပ်ာ္႐ႊင္စရာႏွစ္သစ္ျဖစ္ပါေစ”ဟု ေျပာၾကားခဲ့ေၾကာင္းလည္း သိရသည္။

ရိန္းသည္ Season B Season YouTube ခ်န္နယ္ကို (၂၀၂၀) ျပည့္ႏွစ္ ဇူလိုင္လတြင္ စတင္ခဲ့ျခင္းျဖစ္ၿပီး mukbangs၊ workouts ႏွင့္ talk show အပါအဝင္ အေၾကာင္းအရာမ်ိဳးစုံကိုမွ်ေဝခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ရိန္း၏ Season B Season YouTube ခ်န္နယ္သည္ ေဖာ္လိုဝါ (၁ ဒသမ ၈)သန္းေက်ာ္ထိရွိေၾကာင္းလည္းသိရသည္။ ရိန္း၏ You Tube ခ်န္နယ္တြင္ တင္ထားေသာ ဗီဒီယိုဖိုင္ တစ္ခုသည္ ၾကည့္ရႈမႈ (၁၂ ဒသမ ၂၄) သန္းအထိ ရရွိခဲ့ဖူးေသာ္ လည္း ၿပီးခဲ့သည့္လအတြင္း ၾကည့္ရႈမႈအေရအတြက္မွာ (၁)သိန္းႏွင့္ (၆၈၀ဝဝဝ)ၾကားအထိ က်ဆင္းသြားခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.