သားအမိ(၂)ဦးကို နေအိမ်အတွင်းဝင်ရောက်သတ်ဖြတ်မှု မိတ္ထီလာတွင် ဖြစ်ပွား
1834
ချယ်ရီ (NP News) - ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် သမီးရည်စားကိစ္စသဘောမတူသဖြင့် သားအမိ(၂)ဦးကို နေအိမ်အတွင်းဝင်ရောက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဒီဇင်ဘာလ ၂၉ ရက်)၊ ညပိုင်း ၈နာရီ ၄၅မိနစ်အချိန်ခန့်က မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်၊ နယ်မြေ(၈)ရှိ နေအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "အမေနဲ့ သမီးနဲ့ အသတ်ခံရတာ။ ကျုးလွန်တာက (၃)ယောက်။ တစ်ယောက်က တောင်သာက၊ နှစ်ယောက်က တပ်ကုန်းကလို့ပြောတယ်။ (၂၅)နှစ်လောက်တွေ။ တစ်ယောက်က အမေကို သတ်တာ။ နောက်တစ်ယောက်က သမီးကို သတ်တာ။ သမီးရည်းစားကိစ္စမှာ အမေဖြစ်သူက သဘောမတူလို့ သတ်တယ်ဆိုပြီးတော့ ကျွန် တော်တို့လည်း ကြားရပါတယ်"ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။
သတ်ဖြတ်ခံရမှုကြောင့် အသက် (၁၉)နှစ်အရွယ် မခိုင်ယဉ်သင်းတွင် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာများနှင့် ၎င်း၏မိခင်ဖြစ်သူ အသက်(၅၃)နှစ်အရွယ်ရှိ ဒေါ်တင်မာဝင်း၌ လည်ပင်းပြတ်ရှ ဒဏ်ရာတို့ရရှိကာ အခင်းဖြစ်နေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ "နေအိမ်မှာက သူတို့သားအမိနှစ်ယောက်ပဲ ရှိနေတာ။ ကောင်လေးဖြစ်သူက ကောင်မလေးရဲ့အမေကို သတ်လိုက်တာ။ သူက တောင်သာ မှာနေတာ။ ကျန်တဲ့သူတွေက တပ်ကုန်းကလို့ ပြောတယ်။ သတ်တဲ့သူတွေကို ညတွင်းချင်းပဲ ဖမ်းမိတာ ပါ။ နောက်နောင် မိန်းကလေးချည်းပဲရှိနေရင် ညပိုင်းတွေဆို တံခါးအလွယ်တကူ မဖွင့်ပေးသင့်ပါဘူး"ဟု ၎င်းက ပြောသည်။
ထို့နောက် သေဆုံးသူရုပ်အလောင်းများကို မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ကျူးလွန်သူများအား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
သားအမိ(၂)ဦးကို ေနအိမ္အတြင္းဝင္ေရာက္သတ္ျဖတ္မႈ မိတၳီလာတြင္ ျဖစ္ပြား
ခ်ယ္ရီ (NP News) - ဒီဇင္ဘာ ၃၀
မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕တြင္ သမီးရည္စားကိစၥသေဘာမတူသျဖင့္ သားအမိ(၂)ဦးကို ေနအိမ္အတြင္းဝင္ေရာက္သတ္ျဖတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံတစ္ဦးက ေျပာသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဒီဇင္ဘာလ ၂၉ ရက္)၊ ညပိုင္း ၈နာရီ ၄၅မိနစ္အခ်ိန္ခန႔္က မိတၳီလာၿမိဳ႕၊ က်ီေတာ္ကုန္းရပ္ကြက္၊ နယ္ေျမ(၈)ရွိ ေနအိမ္တစ္လုံးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ "အေမနဲ႔ သမီးနဲ႔ အသတ္ခံရတာ။ က်ဳးလြန္တာက (၃)ေယာက္။ တစ္ေယာက္က ေတာင္သာက၊ ႏွစ္ေယာက္က တပ္ကုန္းကလို႔ေျပာတယ္။ (၂၅)ႏွစ္ေလာက္ေတြ။ တစ္ေယာက္က အေမကို သတ္တာ။ ေနာက္တစ္ေယာက္က သမီးကို သတ္တာ။ သမီးရည္းစားကိစၥမွာ အေမျဖစ္သူက သေဘာမတူလို႔ သတ္တယ္ဆိုၿပီးေတာ့ ကြၽန္ ေတာ္တို႔လည္း ၾကားရပါတယ္"ဟု ေဒသခံတစ္ဦးက NP News ကိုေျပာသည္။
သတ္ျဖတ္ခံရမႈေၾကာင့္ အသက္ (၁၉)ႏွစ္အ႐ြယ္ မခိုင္ယဥ္သင္းတြင္ ဝမ္းဗိုက္ထိုးသြင္းဒဏ္ရာမ်ားႏွင့္ ၎၏မိခင္ျဖစ္သူ အသက္(၅၃)ႏွစ္အ႐ြယ္ရွိ ေဒၚတင္မာဝင္း၌ လည္ပင္းျပတ္ရွ ဒဏ္ရာတို႔ရရွိကာ အခင္းျဖစ္ေနရာ၌ပင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ "ေနအိမ္မွာက သူတို႔သားအမိႏွစ္ေယာက္ပဲ ရွိေနတာ။ ေကာင္ေလးျဖစ္သူက ေကာင္မေလးရဲ႕အေမကို သတ္လိုက္တာ။ သူက ေတာင္သာ မွာေနတာ။ က်န္တဲ့သူေတြက တပ္ကုန္းကလို႔ ေျပာတယ္။ သတ္တဲ့သူေတြကို ညတြင္းခ်င္းပဲ ဖမ္းမိတာ ပါ။ ေနာက္ေနာင္ မိန္းကေလးခ်ည္းပဲရွိေနရင္ ညပိုင္းေတြဆို တံခါးအလြယ္တကူ မဖြင့္ေပးသင့္ပါဘူး"ဟု ၎က ေျပာသည္။
ထို႔ေနာက္ ေသဆုံးသူ႐ုပ္အေလာင္းမ်ားကို မိတၳီလာျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး က်ဴးလြန္သူမ်ားအား ဥပေဒအရ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။