စမ်းချောင်းမြို့နယ်တွင် နာရီပိုင်းသာခြား၍ ပေါက်ကွဲမှု(၂)ကြိမ်ဖြစ်ပွားကာ လူထိခိုက်မှုအချို့ရှိခဲ့
6255
သန့်ဇင် (NP News) - ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် နာရီပိုင်းသာခြား၍ ပေါက်ကွဲမှု(၂)ကြိမ်ဖြစ်ပွားကာ လူထိခိုက်မှုအချို့ရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ ကနဦးသတင်းရရှိသည်။
ပေါက်ကွဲမှုများသည် ယနေ့(ဒီဇင်ဘာ ၃၀ ရက်)၊ နံနက် ၉နာရီခွဲနှင့် ၁၁နာရီခွဲအချိန်ခန့်က ဖျာပုံလမ်း၊ကျွန်းလယ်ရပ်ကွက်ရှိ အမှတ်(၃၁)မြေညီထပ်အရှေ့ ကားပါကင်အနီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနီးတို့၌ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပေါက်ကွဲမှုဖြစ်တယ်လို့တော့ကြားတယ်။ (၂)ကြိမ်ဖြစ်တယ်လို့လည်းသိရတယ်”ဟု စမ်းချောင်းမြို့နယ်အတွင်းနေထိုင်သူတစ်ဦးက NP News ကိုပြောသည်။
လူမှုကွန်ယက်တွင်ထွက်ပေါ်နေသာ သတင်းများအရ ပထမပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာသည် အဆိုတော်ယုန်လေးအား ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ပေးခဲ့သည့်ကား ရပ်နားထားသည့် နေရာဖြစ် ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲမှုတွင် လူထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့သော်လည်း ရပ်တန့်ထားသော ကား(၂)စီးနှင့်မီးစက်(၂)လုံးတို့ထိခိုက်ပျက်ဆီးမှုအချို့ ရှိခဲ့ကြောင်း သိရသည်။
ဒုတိယပေါက်ကွဲမှုတွင် လမ်းသွားလမ်းလာပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ် တစ်စီး သည်လည်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မြေပြင်ကုသမှုများလုပ်ဆောင်ပေးခဲ့ပြီး ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
zawgyi version
စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ နာရီပိုင္းသာျခား၍ ေပါက္ကြဲမႈ(၂)ႀကိမ္ျဖစ္ပြားကာ လူထိခိုက္မႈအခ်ိဳ႕ရွိခဲ့
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၃၀
ရန္ကုန္တိုင္းေဒသႀကီး၊ စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ နာရီပိုင္းသာျခား၍ ေပါက္ကြဲမႈ(၂)ႀကိမ္ျဖစ္ပြားကာ လူထိခိုက္မႈအခ်ိဳ႕ရွိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ ကနဦးသတင္းရရွိသည္။
ေပါက္ကြဲမႈမ်ားသည္ ယေန႔(ဒီဇင္ဘာ ၃၀ ရက္)၊ နံနက္ ၉နာရီခြဲႏွင့္ ၁၁နာရီခြဲအခ်ိန္ခန႔္က ဖ်ာပုံလမ္း၊ကြၽန္းလယ္ရပ္ကြက္ရွိ အမွတ္(၃၁)ေျမညီထပ္အေရွ႕ ကားပါကင္အနီးႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး အနီးတို႔၌ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေပါက္ကြဲမႈျဖစ္တယ္လို႔ေတာ့ၾကားတယ္။ (၂)ႀကိမ္ျဖစ္တယ္လို႔လည္းသိရတယ္”ဟု စမ္းေခ်ာင္းၿမိဳ႕နယ္အတြင္းေနထိုင္သူတစ္ဦးက NP News ကိုေျပာသည္။
လူမႈကြန္ယက္တြင္ထြက္ေပၚေနသာ သတင္းမ်ားအရ ပထမေပါက္ကြဲမႈျဖစ္ပြားခဲ့သည့္ေနရာသည္ အဆိုေတာ္ယုန္ေလးအား ရန္ကုန္ေလဆိပ္သို႔ ပို႔ေဆာင္ေပးခဲ့သည့္ကား ရပ္နားထားသည့္ ေနရာျဖစ္ ေၾကာင္း သိရသည္။ အဆိုပါ ေပါက္ကြဲမႈတြင္ လူထိခိုက္မႈတစ္စုံတစ္ရာမရွိခဲ့ေသာ္လည္း ရပ္တန္႔ထားေသာ ကား(၂)စီးႏွင့္မီးစက္(၂)လုံးတို႔ထိခိုက္ပ်က္ဆီးမႈအခ်ိဳ႕ ရွိခဲ့ေၾကာင္း သိရသည္။
ဒုတိယေပါက္ကြဲမႈတြင္ လမ္းသြားလမ္းလာျပည္သူ(၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေမာ္ေတာ္ယာဥ္ တစ္စီး သည္လည္း ထိခိုက္ပ်က္ဆီးခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေျမျပင္ကုသမႈမ်ားလုပ္ေဆာင္ေပးခဲ့ၿပီး က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီထိေရာက္စြာ အျပစ္ေပးအေရးယူႏိုင္ေရး စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။