မန္တလေးမြို့တွင် လောင်းကစားဝိုင်းများ များပြားလာခြင်း၏အကျိုးဆက်အဖြစ် ဓားပြတိုက်လုယက်မှုများ ပိုမိုဖြစ်ပွားလာ
2530
ပုံစာ - ယခင်က ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုဖြစ်စဉ်တစ်ခု
သန့်ဇင် (NP News) - ဒီဇင်ဘာ ၃ဝ
မြန်မာနိုင်ငံ၏ လူဦးရေဒုတိယအများဆုံးနေထိုင်သော မန္တလေးမြို့တွင် လောင်းကစားဝိုင်းများ များပြားလာခြင်း၏အကျိုးဆက်အဖြစ် ဓားပြတိုက်လုယက်မှုများ ပိုမိုဖြစ်ပွားလာကြောင်း မြို့ခံများက NP News သို့ ထုတ်ဖော်ပြောဆိုထားသည်။
ယခုနှစ် (၂၀၂၄)ခုနှစ်စမှ လက်ရှိအချိန်ထိ မန္တလေးမြို့တွင် ရွှေဆိုင်၊ ရွှေပန်းထိမ်ဆိုင် နှင့် ရွှေဆိုင်ပိုင်ရှင်နေအိမ် အပါအဝင် အခြားသောဓားပြတိုက်၊ အနုကြမ်းစီးလုယက်မှု(၈)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလအတွင်း ရက်ပိုင်းသာခြား၍ ဓားပြမှု(၃)ကြိမ်ဖြစ်ပွားခဲ့သည်။ အဆိုပါ ဓားပြတိုက် လုယက်မှုများသည် လောင်းကစားဝိုင်းများ ပိုမိုများပြားလာခြင်းနှင့် အများဆုံးသက်ဆိုင်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
‘‘မန္တလေးမှာ ဘာလို့ ဓားပြမှုတွေဖြစ်နေလဲဆိုတော့ ရပ်ကွက်တွေထဲမှာ လောင်းကစားဝိုင်းတွေက ပေါ်ပေါ် ထင်ထင်လုပ်လာတာတွေက အများကြီးပဲပေါ့နော်။ တစ်ရပ်ကွက်မှာ လောင်းကစားဝိုင်း တစ်ဝိုင်း၊ (၂)ဝိုင်းကတော့ ရှိနေတယ်။ ကျွန်တော်တို့က နေရာစုံသွားလာနေရတော့ ဘယ်နေရာမှာ ဘာရှိလဲဆိုတာ သိနေတာပေါ့။ အဖမ်းအဆီးရှိရင်တောင်မှ ကြိုပြီးအသိပေးမယ့်လူတွေကရှိ နေကြတယ်။ အဲဒါကြောင့် တရားဥပဒေစိုးမိုးရေးကို မေးခွန်းထုတ်စရာ တွေဖြစ်နေတယ်”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ လောင်းကစားဝိုင်းအများစုကို မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် အများဆုံး တွေ့ရှိရကြောင်း သိရသည်။ ယင်းလောင်းကစားဝိုင်းများတွင်လည်း အရွယ်ပေါင်းစုံပါဝင်ကစားနေသည်ကို တွေ့ရှိရသည့်အပြင် ယခင်ထက် လူဦးရေပိုမိုများပြားလာခြင်းကလည်း မန္တလေး မှလောင်းကစားဝိုင်းများကို ပိုမိုသက်ဆိုးရှည်လာစေခြင်းဖြစ်ကြောင်း အထက်ပါ ဒေသခံက ဆိုသည်။
‘‘မဟာအောင်မြေဘက်မှာဆိုရင် လောင်းကစားဝိုင်းအသေးလေးတွေကို ပေါ်တင်လုပ်နေတာ တွေတွေ့ရတယ်။ ချမ်းမြသာစည်မှာလည်း ဒီအတိုင်းပဲ။ မြို့နယ်တိုင်း မြို့နယ်တိုင်းက ရပ်ကွက်တိုင်း လိုလိုမှာကိုရှိနေတယ်ဗျ။ ကျွန်တော် သိတာတော့ အဲဒီလောင်းကစားဝိုင်းတွေကို ပုံဝိုင်းလို့ပြောကြတယ်။ အဲဒီဝိုင်းတွေမှာ လူငယ်လေးတွေနဲ့ အမျိုးသမီး တွေပါ တွေ့ရတယ်။ အဲဒီအမျိုးသမီးတွေက နေ့ပြန်တိုးတွေယူပြီး လုပ်ကြတာတွေလည်း တွေ့ရတယ်။ ရှုံးသွားရင် ပေါင်ကြ၊နှံကြတာတွေ့ရတယ်”ဟု ၎င်းကဆက်ပြောသည်။
ထို့ပြင် မန္တလေးမြို့တွင် မီနီအိုးဝေနှင့် ဆိုင်ကယ်ကဲ့သို့ မော်တော်ယာဉ်လုယက်ခံရမှုများသည် လည်း မကြာခဏ ဆိုသလိုဖြစ်ပွားလျက်ရှိပြီး ကျူးလွန်သူများသည်လည်း လောင်းကစားအပြင် မူးယစ် ဆေးဝါးသုံးစွဲရန်အတွက် ငွေကြေးလိုအပ်ချက်ကြောင့် လုပ်ဆောင်နေသူများဖြစ်ကြောင်း အခြားသောဒေသ ခံအမျိုးသားတစ်ဦးက NP News သို့ ပြောသည်။
‘‘မန္တလေးမှာက မူးယစ်ဆေးဝါးပေါ်တင် ရောင်းတဲ့နေရာတွေလည်း အများကြီးရှိတယ်။ မူးယစ်ဆေးဝါးတွေက KTV တို့။ Bar တို့။ Club တို့မှာလည်းရှိတယ်။ အဲဒီမှာလည်း အလွယ်တကူ ဝယ်လို့ရနေတာတွေလည်းရှိတယ်။ တစ်ခါတလေဆိုရင် အဲဒီ Bar တို့။ Blub တို့ရှေ့မှာ လူငယ်တွေက အငှားယာဉ်မောင်းတွေကို ရန်ရှာတာတွေ။ ပြဿနာ ရှာတာတွေ အများကြီးရှိတယ်။ ဒီပုံစံအတိုင်းဆိုရင် နေခင်းပိုင်း လူပြတ်တဲ့နေရာတွေဆို မသွားရဲကြ တော့ဘူး။ အနားကိုဆိုင်ကယ်တစ်စီးရောက်ပြီဆိုရင် တောင် ကြောက်စိတ်ဝင်နေကြပြီ” ၎င်းကဆိုသည်။
ထိုသို့ မကြာခဏဖြစ်ပွားနေသည့် မန္တလေးမြို့မှဓားပြတိုက်လုယက်မှုများကို သက်ဆိုင်ရာလုံခြုံ ရေးတပ်ဖွဲ့ ဝင်များ ထိထိရောက်ရောက် အရေးယူ ရန်လိုအပ်ကြောင်း အငြိမ်းစားရဲမှူးကြီးတစ်ဦးက အကြံပြုပြောဆိုထားသည်။ ‘‘ဒီကိစ္စတွေကို အရေးယူဖို့အတွက် Joker တော့လိုတယ်။ ဒီလိုလောင်းကစားဝိုင်းတွေနဲ့ ကျော်ဇော သတင်း ရှိတဲ့လူတွေကို ထောက်လှမ်းတာ တို့လုပ်ရမှာလေ။ နောက်တစ်ခုကတော့ ရဲတပ်ဖွဲ့ အင်အားနဲ့ အထောက်အပံ့ ပစ္စည်းလိုတယ်။ ဓားပြမှု ဖြစ်ပြီးရင်တော့ဆိုင်ကယ်နဲ့ပြေးရင် ရဲကဆိုင်ကယ်နဲ့ လိုက်မှရမှာလေ။ ကျူးလွန်သူက ဆိုင်ကယ်နဲ့ပြေးတာကို ရဲကစက်ဘီးနဲ့ လိုက်လို့တော့မဖြစ်ဘူးလေ။ လုပ်နိုင်စွမ်းလည်းလိုတယ်။ လုပ်ချင်တဲ့စိတ်ရှိ ဖို့လည်းလို တာပေါ့”ဟု ၎င်းက အကြံပြုထားသည်။
မန္တလေးမြို့တွင်ထင်ရှားသည့် ဓားပြတိုက်လုယက်မှုဖြစ်စဉ်များအနေဖြင့် ပြီးခဲ့သည့် မတ်လ (၂၉)ရက်က အောင်မြေသာစံမြို့နယ်က ‘လင်းလက်ဝါ’ ရွှေပန်းထိမ်ဆိုင်၊ မေလ (၃၁)ရက်က မဟာ အောင်မြေမြို့နယ်၊ မန်းမြို့ ဈေးအတွင်းရှိ ‘ဆယ်သန်း’ ရွှေဆိုင်၊ စက်တင်ဘာလ (၁၀)ရက်က ချမ်းမြ သာစည်မြို့နယ်ရှိ ‘ချောင်ချောင်’ ရွှေဆိုင်ပိုင်ရှင် နေအိမ်၊ ဒီဇင်ဘာ(၁၈)ရက်ကလည်း မဟာအောင် မြေမြို့နယ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်၊ ဒီဇင်ဘာ (၂၄)ရက်က မဟာ အောင်မြေမြို့နယ်ရှိ ဆင်ဖြူတော် ငွေလွှဲဆိုင်နှင့် ဒီဇင်ဘာ (၂၆)ရက်က ချမ်းအေးသာ စံမြို့နယ်ရှိ နဂါးနန်းတော် ရွှေဆိုင်တို့တွင် ဖြစ်ပွားခဲ့ သည်။
လောင်းကစား၏ ဆိုးကျိုးနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဒီဇင်ဘာ (၁၇)ရက်ကလည်း မန္တလေးမြို့တွင် သူငယ်ချင်း ဆရာဝန်အချင်းချင်း ငွေကျပ်သိန်း (၃၀ဝဝ)ဖြင့် ပြန်ပေးဆွဲသတ်ဖြတ်ကာ အလောင်းစွန့်ပစ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။
zawgyi version
မႏၲေလးၿမိဳ႕တြင္ ေလာင္းကစားဝိုင္းမ်ား မ်ားျပားလာျခင္း၏အက်ိဳးဆက္အျဖစ္ ဓားျပတိုက္လုယက္မႈမ်ား ပိုမိုျဖစ္ပြားလာ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၃ဝ
ျမန္မာႏိုင္ငံ၏ လူဦးေရဒုတိယအမ်ားဆုံးေနထိုင္ေသာ မႏၲေလးၿမိဳ႕တြင္ ေလာင္းကစားဝိုင္းမ်ား မ်ားျပားလာျခင္း၏အက်ိဳးဆက္အျဖစ္ ဓားျပတိုက္လုယက္မႈမ်ား ပိုမိုျဖစ္ပြားလာေၾကာင္း ၿမိဳ႕ခံမ်ားက NP News သို႔ ထုတ္ေဖာ္ေျပာဆိုထားသည္။
ယခုႏွစ္ (၂၀၂၄)ခုႏွစ္စမွ လက္ရွိအခ်ိန္ထိ မႏၲေလးၿမိဳ႕တြင္ ေ႐ႊဆိုင္၊ ေ႐ႊပန္းထိမ္ဆိုင္ ႏွင့္ ေ႐ႊဆိုင္ပိုင္ရွင္ေနအိမ္ အပါအဝင္ အျခားေသာဓားျပတိုက္၊ အႏုၾကမ္းစီးလုယက္မႈ(၈)ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့ၿပီး ဒီဇင္ဘာလအတြင္း ရက္ပိုင္းသာျခား၍ ဓားျပမႈ(၃)ႀကိမ္ျဖစ္ပြားခဲ့သည္။ အဆိုပါ ဓားျပတိုက္ လုယက္မႈမ်ားသည္ ေလာင္းကစားဝိုင္းမ်ား ပိုမိုမ်ားျပားလာျခင္းႏွင့္ အမ်ားဆုံးသက္ဆိုင္ေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦးက ဆိုသည္။
‘‘မႏၲေလးမွာ ဘာလို႔ ဓားျပမႈေတြျဖစ္ေနလဲဆိုေတာ့ ရပ္ကြက္ေတြထဲမွာ ေလာင္းကစားဝိုင္းေတြက ေပၚေပၚ ထင္ထင္လုပ္လာတာေတြက အမ်ားႀကီးပဲေပါ့ေနာ္။ တစ္ရပ္ကြက္မွာ ေလာင္းကစားဝိုင္း တစ္ဝိုင္း၊ (၂)ဝိုင္းကေတာ့ ရွိေနတယ္။ ကြၽန္ေတာ္တို႔က ေနရာစုံသြားလာေနရေတာ့ ဘယ္ေနရာမွာ ဘာရွိလဲဆိုတာ သိေနတာေပါ့။ အဖမ္းအဆီးရွိရင္ေတာင္မွ ႀကိဳၿပီးအသိေပးမယ့္လူေတြကရွိ ေနၾကတယ္။ အဲဒါေၾကာင့္ တရားဥပေဒစိုးမိုးေရးကို ေမးခြန္းထုတ္စရာ ေတြျဖစ္ေနတယ္”ဟု ေဒသခံ အမ်ိဳးသားတစ္ဦးက ေျပာသည္။
အဆိုပါ ေလာင္းကစားဝိုင္းအမ်ားစုကို မဟာေအာင္ေျမၿမိဳ႕နယ္ႏွင့္ ခ်မ္းျမသာစည္ၿမိဳ႕နယ္တို႔တြင္ အမ်ားဆုံး ေတြ႕ရွိရေၾကာင္း သိရသည္။ ယင္းေလာင္းကစားဝိုင္းမ်ားတြင္လည္း အ႐ြယ္ေပါင္းစုံပါဝင္ကစားေနသည္ကို ေတြ႕ရွိရသည့္အျပင္ ယခင္ထက္ လူဦးေရပိုမိုမ်ားျပားလာျခင္းကလည္း မႏၲေလး မွေလာင္းကစားဝိုင္းမ်ားကို ပိုမိုသက္ဆိုးရွည္လာေစျခင္းျဖစ္ေၾကာင္း အထက္ပါ ေဒသခံက ဆိုသည္။
‘‘မဟာေအာင္ေျမဘက္မွာဆိုရင္ ေလာင္းကစားဝိုင္းအေသးေလးေတြကို ေပၚတင္လုပ္ေနတာ ေတြေတြ႕ရတယ္။ ခ်မ္းျမသာစည္မွာလည္း ဒီအတိုင္းပဲ။ ၿမိဳ႕နယ္တိုင္း ၿမိဳ႕နယ္တိုင္းက ရပ္ကြက္တိုင္း လိုလိုမွာကိုရွိေနတယ္ဗ်။ ကြၽန္ေတာ္ သိတာေတာ့ အဲဒီေလာင္းကစားဝိုင္းေတြကို ပုံဝိုင္းလို႔ေျပာၾကတယ္။ အဲဒီဝိုင္းေတြမွာ လူငယ္ေလးေတြနဲ႔ အမ်ိဳးသမီး ေတြပါ ေတြ႕ရတယ္။ အဲဒီအမ်ိဳးသမီးေတြက ေန႔ျပန္တိုးေတြယူၿပီး လုပ္ၾကတာေတြလည္း ေတြ႕ရတယ္။ ရႈံးသြားရင္ ေပါင္ၾက၊ႏွံၾကတာေတြ႕ရတယ္”ဟု ၎ကဆက္ေျပာသည္။
ထို႔ျပင္ မႏၲေလးၿမိဳ႕တြင္ မီနီအိုးေဝႏွင့္ ဆိုင္ကယ္ကဲ့သို႔ ေမာ္ေတာ္ယာဥ္လုယက္ခံရမႈမ်ားသည္ လည္း မၾကာခဏ ဆိုသလိုျဖစ္ပြားလ်က္ရွိၿပီး က်ဴးလြန္သူမ်ားသည္လည္း ေလာင္းကစားအျပင္ မူးယစ္ ေဆးဝါးသုံးစြဲရန္အတြက္ ေငြေၾကးလိုအပ္ခ်က္ေၾကာင့္ လုပ္ေဆာင္ေနသူမ်ားျဖစ္ေၾကာင္း အျခားေသာေဒသ ခံအမ်ိဳးသားတစ္ဦးက NP News သို႔ ေျပာသည္။
‘‘မႏၲေလးမွာက မူးယစ္ေဆးဝါးေပၚတင္ ေရာင္းတဲ့ေနရာေတြလည္း အမ်ားႀကီးရွိတယ္။ မူးယစ္ေဆးဝါးေတြက KTV တို႔။ Bar တို႔။ Club တို႔မွာလည္းရွိတယ္။ အဲဒီမွာလည္း အလြယ္တကူ ဝယ္လို႔ရေနတာေတြလည္းရွိတယ္။ တစ္ခါတေလဆိုရင္ အဲဒီ Bar တို႔။ Blub တို႔ေရွ႕မွာ လူငယ္ေတြက အငွားယာဥ္ေမာင္းေတြကို ရန္ရွာတာေတြ။ ျပႆနာ ရွာတာေတြ အမ်ားႀကီးရွိတယ္။ ဒီပုံစံအတိုင္းဆိုရင္ ေနခင္းပိုင္း လူျပတ္တဲ့ေနရာေတြဆို မသြားရဲၾက ေတာ့ဘူး။ အနားကိုဆိုင္ကယ္တစ္စီးေရာက္ၿပီဆိုရင္ ေတာင္ ေၾကာက္စိတ္ဝင္ေနၾကၿပီ” ၎ကဆိုသည္။
ထိုသို႔ မၾကာခဏျဖစ္ပြားေနသည့္ မႏၲေလးၿမိဳ႕မွဓားျပတိုက္လုယက္မႈမ်ားကို သက္ဆိုင္ရာလုံၿခဳံ ေရးတပ္ဖြဲ႕ ဝင္မ်ား ထိထိေရာက္ေရာက္ အေရးယူ ရန္လိုအပ္ေၾကာင္း အၿငိမ္းစားရဲမႉးႀကီးတစ္ဦးက အႀကံျပဳေျပာဆိုထားသည္။ ‘‘ဒီကိစၥေတြကို အေရးယူဖို႔အတြက္ Joker ေတာ့လိုတယ္။ ဒီလိုေလာင္းကစားဝိုင္းေတြနဲ႔ ေက်ာ္ေဇာ သတင္း ရွိတဲ့လူေတြကို ေထာက္လွမ္းတာ တို႔လုပ္ရမွာေလ။ ေနာက္တစ္ခုကေတာ့ ရဲတပ္ဖြဲ႕ အင္အားနဲ႔ အေထာက္အပံ့ ပစၥည္းလိုတယ္။ ဓားျပမႈ ျဖစ္ၿပီးရင္ေတာ့ဆိုင္ကယ္နဲ႔ေျပးရင္ ရဲကဆိုင္ကယ္နဲ႔ လိုက္မွရမွာေလ။ က်ဴးလြန္သူက ဆိုင္ကယ္နဲ႔ေျပးတာကို ရဲကစက္ဘီးနဲ႔ လိုက္လို႔ေတာ့မျဖစ္ဘူးေလ။ လုပ္ႏိုင္စြမ္းလည္းလိုတယ္။ လုပ္ခ်င္တဲ့စိတ္ရွိ ဖို႔လည္းလို တာေပါ့”ဟု ၎က အႀကံျပဳထားသည္။
မႏၲေလးၿမိဳ႕တြင္ထင္ရွားသည့္ ဓားျပတိုက္လုယက္မႈျဖစ္စဥ္မ်ားအေနျဖင့္ ၿပီးခဲ့သည့္ မတ္လ (၂၉)ရက္က ေအာင္ေျမသာစံၿမိဳ႕နယ္က ‘လင္းလက္ဝါ’ ေ႐ႊပန္းထိမ္ဆိုင္၊ ေမလ (၃၁)ရက္က မဟာ ေအာင္ေျမၿမိဳ႕နယ္၊ မန္းၿမိဳ႕ ေဈးအတြင္းရွိ ‘ဆယ္သန္း’ ေ႐ႊဆိုင္၊ စက္တင္ဘာလ (၁၀)ရက္က ခ်မ္းျမ သာစည္ၿမိဳ႕နယ္ရွိ ‘ေခ်ာင္ေခ်ာင္’ ေ႐ႊဆိုင္ပိုင္ရွင္ ေနအိမ္၊ ဒီဇင္ဘာ(၁၈)ရက္ကလည္း မဟာေအာင္ ေျမၿမိဳ႕နယ္ရွိ ေ႐ႊစင္အကယ္ဒမီေ႐ႊဆိုင္၊ ဒီဇင္ဘာ (၂၄)ရက္က မဟာ ေအာင္ေျမၿမိဳ႕နယ္ရွိ ဆင္ျဖဴေတာ္ ေငြလႊဲဆိုင္ႏွင့္ ဒီဇင္ဘာ (၂၆)ရက္က ခ်မ္းေအးသာ စံၿမိဳ႕နယ္ရွိ နဂါးနန္းေတာ္ ေ႐ႊဆိုင္တို႔တြင္ ျဖစ္ပြားခဲ့ သည္။
ေလာင္းကစား၏ ဆိုးက်ိဳးႏွင့္ပတ္သက္၍ ၿပီးခဲ့သည့္ ဒီဇင္ဘာ (၁၇)ရက္ကလည္း မႏၲေလးၿမိဳ႕တြင္ သူငယ္ခ်င္း ဆရာဝန္အခ်င္းခ်င္း ေငြက်ပ္သိန္း (၃၀ဝဝ)ျဖင့္ ျပန္ေပးဆြဲသတ္ျဖတ္ကာ အေလာင္းစြန႔္ပစ္ခဲ့သည့္ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ဖူးသည္။