AA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို အသင်းအဖွဲ့(၂၀)နီးပါးက ကန့်ကွက်ရှုတ်ချ

 1362

NP News - ဒီဇင်ဘာ ၃၁

AA အဖွဲ့၏ စစ်ရာဇဝတ်မှုမြောက်သည့် အကြမ်းဖက်လုပ်ရပ်များအား အသင်းအဖွဲ့(၂၀)နီးပါးက ကန့်ကွက်ရှုတ်ချကြောင်း စာအသီးသီးကို ထုတ်ပြန်ခဲ့ကြသည်ကို တွေ့မြင်ရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများတွင် ဒေသခံပြည်သူများ၏ အသက်အန္တရာယ်ကိုငဲ့ညှာ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုအား ထိန်းသိမ်းဆောင်ရွက်ခဲ့ရသဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည့် တပ်မတော်သားများအား AA က ကျင်းတူးခိုင်းပြီး မြေကျင်းထဲသို့ထည့်၍ လည်လှီးကာသတ်ဖြတ်ခဲ့ကြောင်း သိရသည်ဟု ထုတ်ပြန်စာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ အဆိုပါလည်လှီးသတ်ဖြတ်နေသည့် Video File များကိုလည်း ရိုက်ကူးကာ Online ပေါ်တွင် ဖြန့်ဝေခြင်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကျောက်တော်နယ်မြေ၌လည်း တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများလိုက်ပါလာသော သင်္ဘောကို ပစ်ခတ်ဖောက်ခွဲ၍ ရေနစ်နေသည့် အမျိုးသမီးများနှင့် ကလေးငယ်များကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်စာများအရ သိရသည်။

ထိုသို့ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု(War Crime) မြောက်သည့် လူမဆန်စွာရက်စက် ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်များအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ လုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်နှင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးတို့က ကန့်ကွက်ရှုတ်ချထားကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)၊မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်နှင့် ပိန္နဲကုန်းရခိုင်ဂျာမေဗလီတို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားကြောင်း သိရသည်။

ထို့အတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်ကလည်း စစ်သုံ့ပန်းများကို လည်လှီးသတ်ဖြတ်ခဲ့ကြသည့် AA ၏ လုပ်ရပ်နှင့်ပတ်သက်၍ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ (ရန်ကုန်)ကလည်း ကန့်ကွက်ရှုတ်ချထားကြောင်း သိရသည်။

zawgyi version
AA အဖြဲ႕၏ အၾကမ္းဖက္လုပ္ရပ္မ်ားကို အသင္းအဖြဲ႕(၂၀)နီးပါးက ကန႔္ကြက္ရႈတ္ခ်
NP News - ဒီဇင္ဘာ ၃၁

AA အဖြဲ႕၏ စစ္ရာဇဝတ္မႈေျမာက္သည့္ အၾကမ္းဖက္လုပ္ရပ္မ်ားအား အသင္းအဖြဲ႕(၂၀)နီးပါးက ကန႔္ကြက္ရႈတ္ခ်ေၾကာင္း စာအသီးသီးကို ထုတ္ျပန္ခဲ့ၾကသည္ကို ေတြ႕ျမင္ရသည္။

ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားလ်က္ရွိေသာ တိုက္ပြဲမ်ားတြင္ ေဒသခံျပည္သူမ်ား၏ အသက္အႏၲရာယ္ကိုငဲ့ညႇာ၍ ျပန္လည္ပစ္ခတ္တိုက္ခိုက္မႈအား ထိန္းသိမ္းေဆာင္႐ြက္ခဲ့ရသျဖင့္ ဖမ္းဆီးျခင္းခံခဲ့ရသည့္ တပ္မေတာ္သားမ်ားအား AA က က်င္းတူးခိုင္းၿပီး ေျမက်င္းထဲသို႔ထည့္၍ လည္လွီးကာသတ္ျဖတ္ခဲ့ေၾကာင္း သိရသည္ဟု ထုတ္ျပန္စာမ်ားတြင္ ေဖာ္ျပထားသည္ကို ေတြ႕ရသည္။ အဆိုပါလည္လွီးသတ္ျဖတ္ေနသည့္ Video File မ်ားကိုလည္း ႐ိုက္ကူးကာ Online ေပၚတြင္ ျဖန႔္ေဝျခင္း ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ေက်ာက္ေတာ္နယ္ေျမ၌လည္း တပ္မေတာ္သားမ်ား ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစုမ်ားလိုက္ပါလာေသာ သေဘၤာကို ပစ္ခတ္ေဖာက္ခြဲ၍ ေရနစ္ေနသည့္ အမ်ိဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ားကိုလည္း ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့ေၾကာင္း ထုတ္ျပန္စာမ်ားအရ သိရသည္။

ထိုသို႔ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕၏ စစ္ရာဇဝတ္မႈ(War Crime) ေျမာက္သည့္ လူမဆန္စြာရက္စက္ ယုတ္မာ႐ိုင္းစိုင္းေသာ အၾကမ္းဖက္လုပ္ရပ္မ်ားအေပၚ ဗုဒၶဘာသာကလ်ာဏယုဝအသင္း YMBA(ဗဟို)၊ ဘာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕(ဗဟို)၊ ျမန္မာႏိုင္ငံဧဝံေဂလိ ခရစ္ယာန္မဟာမိတ္အဖြဲ႕ခ်ဳပ္၊ ျပည္ေထာင္စုျမန္မာႏိုင္ငံမက္သဒစ္အသင္းေတာ္ (ေအာက္ျမန္မာျပည္)၊ ယုံၾကည္ျခင္း ဧဝံေဂလိအသင္းေတာ္(ပဲခူး)၊ လြတ္ေျမာက္ျခင္းအသင္းေတာ္(ရန္ကုန္)၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာဟိႏၵဴဘာသာေရးဗဟိုအဖြဲ႕ခ်ဳပ္၊ ျမန္မာႏိုင္ငံ လုံးဆိုင္ရာတမီလ္ဟိႏၵဴေဖာင္ေဒးရွင္း(ဗဟို)၊ သနႏၲဓမၼပါလက(ဟိႏၵဴ)အဖြဲ႕ခ်ဳပ္ႏွင္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အစၥလာမ္ဘာသာေရး အဖြဲ႕ႀကီးတို႔က ကန႔္ကြက္ရႈတ္ခ်ထားေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ၊ ျမန္မာႏိုင္ငံစာေရးဆရာအသင္း၊ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး၊ ျမန္မာႏိုင္ငံဂီတအစည္း အ႐ုံး(ဗဟို)၊ျမန္မာႏိုင္ငံပန္းခ်ီပန္းပုအစည္းအ႐ုံး(ဗဟို)၊ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး(ဗဟို)၊ျမန္မာႏိုင္ငံဟာသပညာရွင္မ်ားအစည္းအ႐ုံး၊ ျမန္မာႏိုင္ငံအားကစားမီဒီယာမ်ားအဖြဲ႕ခ်ဳပ္ႏွင့္ ပိႏၷဲကုန္းရခိုင္ဂ်ာေမဗလီတို႔မွ ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်ထားေၾကာင္း သိရသည္။

ထို႔အတူ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၂၈ ရက္ကလည္း စစ္သုံ႔ပန္းမ်ားကို လည္လွီးသတ္ျဖတ္ခဲ့ၾကသည့္ AA ၏ လုပ္ရပ္ႏွင့္ပတ္သက္၍ မ်ိဳးခ်စ္ျမန္မာ ရဟန္းေတာ္မ်ားသမဂၢ (ရန္ကုန္)ကလည္း ကန႔္ကြက္ရႈတ္ခ်ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.