၂၀၂၄ ရှေ့ပြေးသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ (၅၁)သန်းကျော်ရှိပြီး ရန်ကုန်တိုင်းတွင် လူဦးရေအများဆုံးဖြစ်
5223
သန့်ဇင် (NP News) - ဒီဇင်ဘာ ၃၁
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေမှာ (၅၁)သန်းကျော်သာရှိပြီး ရန်ကုန်တိုင်းတွင် လူဦးရေအများဆုံးရှိကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာလ (၃၀)ရက်၊ ညပိုင်းတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ရရှိသော ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံအတွင်း၌ လူဦးရေ(၅၁၃၁၆၇၅၆)ဦး ရှိကြောင်း သိရသည်။ သန်းခေါင်စာရင်း ကောက်ယူရရှိသည့် လူဦးရေ (၃၂၁၉၁၄၀၇) ဦးနှင့် စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် Remote Sensing နည်းပညာဖြင့်ဆောင်ရွက်ကာ ခန့်မှန်းထားသောလူဦးရေ (၁၉၁၂၅၃၄၉)ဦး ပါဝင်ကြောင်း သိရသည်။
ကောက်ယူရရှိထားသည့် သန်ခေါင်စာရင်းအရ နိုင်ငံတစ်ဝန်းတွင် အမျိုးသားဦးရေသည် (၁၅၁၀၅၂၁၅)ဦးရှိပြီး အမျိုးသမီးဦးရေသည် (၁၇၀၈၆၁၉၂)ဦးရှိပြီး အမျိုးသမီး ဦးရေသည် အမျိုးသား ဦးရေထက် (၂)သန်းခန့် ပိုများကြောင်း သိရသည်။ မကောက်ယူနိုင်သောဒေသများအတွက် ခန့်မှန်း အမျိုးသားနှင့် အမျိုးသမီးဉီးရေသည် (၁၉၁၂၅၃၄၉) ဉီးရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတစ်ဝန်း အမျိုးသားဦးရေသည် (၄၆.၉) ရာခိုင်နှုန်းဖြစ်ပြီး အမျိုးသမီးဦးရေသည် (၅၃.၁)ရာခိုင်နှုန်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လူဦးရေအချိုးအများဆုံးဒေသများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် (၁၄.၄%)၊ ရှမ်းပြည်နယ်တွင် (၁၂.၇%) နှင့် မန္တလေးတိုင်းဒေသကြီးတွင် (၁၂.၂%) တို့ဖြစ်ပြီး အဆိုပါတိုင်းဒေသကြီး/ပြည်နယ် (၃) ခု၏ လူဦးရေသည် တစ်နိုင်ငံလုံးမှ စုစုပေါင်းလူဦးရေ၏ (၃၉.၃) ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။ လူဦးရေအနည်းဆုံး ဒေသများမှာ ကယားပြည်နယ်တွင် (၀.၆%)၊ ချင်းပြည်နယ်တွင် (၀.၇%) နှင့် နေပြည်တော်တွင် (၂.၂%) တို့ ဖြစ်ပြီး စုစုပေါင်းလူဦးရေ၏ (၃.၅) ရာခိုင်နှုန်းခန့်သာရှိကြောင်း သိရသည်။
zawgyi version
၂၀၂၄ ေရွ႕ေျပးသန္းေခါင္စာရင္းအရ ျမန္မာႏိုင္ငံ၏ လူဦးေရ (၅၁)သန္းေက်ာ္ရွိၿပီး ရန္ကုန္တိုင္းတြင္ လူဦးေရအမ်ားဆုံးျဖစ္
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၃၁
၂၀၂၄ ခုႏွစ္ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာသန္းေခါင္စာရင္း၊ ေရွ႕ေျပးလူဦးေရစာရင္းအရ ျမန္မာႏိုင္ငံ၏ လူဦးေရမွာ (၅၁)သန္းေက်ာ္သာရွိၿပီး ရန္ကုန္တိုင္းတြင္ လူဦးေရအမ်ားဆုံးရွိေၾကာင္း ဗဟိုသန္းေခါင္စာရင္းေကာ္မရွင္၏ထုတ္ျပန္ခ်က္အရ သိရသည္။
စက္တင္ဘာလ (၃၀)ရက္၊ ညပိုင္းတြင္ လူဦးေရႏွင့္အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္းမွ ရရွိေသာ ေရွ႕ေျပးလူဦးေရစာရင္းအရ ျမန္မာႏိုင္ငံအတြင္း၌ လူဦးေရ(၅၁၃၁၆၇၅၆)ဦး ရွိေၾကာင္း သိရသည္။ သန္းေခါင္စာရင္း ေကာက္ယူရရွိသည့္ လူဦးေရ (၃၂၁၉၁၄၀၇) ဦးႏွင့္ စာရင္းမေကာက္ယူႏိုင္သည့္ ေဒသမ်ားအတြက္ Remote Sensing နည္းပညာျဖင့္ေဆာင္႐ြက္ကာ ခန႔္မွန္းထားေသာလူဦးေရ (၁၉၁၂၅၃၄၉)ဦး ပါဝင္ေၾကာင္း သိရသည္။
ေကာက္ယူရရွိထားသည့္ သန္ေခါင္စာရင္းအရ ႏိုင္ငံတစ္ဝန္းတြင္ အမ်ိဳးသားဦးေရသည္ (၁၅၁၀၅၂၁၅)ဦးရွိၿပီး အမ်ိဳးသမီးဦးေရသည္ (၁၇၀၈၆၁၉၂)ဦးရွိၿပီး အမ်ိဳးသမီး ဦးေရသည္ အမ်ိဳးသား ဦးေရထက္ (၂)သန္းခန႔္ ပိုမ်ားေၾကာင္း သိရသည္။ မေကာက္ယူႏိုင္ေသာေဒသမ်ားအတြက္ ခန႔္မွန္း အမ်ိဳးသားႏွင့္ အမ်ိဳးသမီးဉီးေရသည္ (၁၉၁၂၅၃၄၉) ဉီးရွိေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံတစ္ဝန္း အမ်ိဳးသားဦးေရသည္ (၄၆.၉) ရာခိုင္ႏႈန္းျဖစ္ၿပီး အမ်ိဳးသမီးဦးေရသည္ (၅၃.၁)ရာခိုင္ႏႈန္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
လူဦးေရအခ်ိဳးအမ်ားဆုံးေဒသမ်ားမွာ ရန္ကုန္တိုင္းေဒသႀကီးတြင္ (၁၄.၄%)၊ ရွမ္းျပည္နယ္တြင္ (၁၂.၇%) ႏွင့္ မႏၲေလးတိုင္းေဒသႀကီးတြင္ (၁၂.၂%) တို႔ျဖစ္ၿပီး အဆိုပါတိုင္းေဒသႀကီး/ျပည္နယ္ (၃) ခု၏ လူဦးေရသည္ တစ္ႏိုင္ငံလုံးမွ စုစုေပါင္းလူဦးေရ၏ (၃၉.၃) ရာခိုင္ႏႈန္းခန႔္ ရွိေၾကာင္း သိရသည္။ လူဦးေရအနည္းဆုံး ေဒသမ်ားမွာ ကယားျပည္နယ္တြင္ (၀.၆%)၊ ခ်င္းျပည္နယ္တြင္ (၀.၇%) ႏွင့္ ေနျပည္ေတာ္တြင္ (၂.၂%) တို႔ ျဖစ္ၿပီး စုစုေပါင္းလူဦးေရ၏ (၃.၅) ရာခိုင္ႏႈန္းခန႔္သာရွိေၾကာင္း သိရသည္။