အနုတ်(၅၈)ဒီဂရီဆဲလ်စီးယပ်စ်တွင်ပင် ရေခဲခြင်းမျိုးမရှိသည့် ကမ္ဘာ့အငန်ဆုံး ရေကန်

1122

Pika (NP News) - ဇန်နဝါရီ ၁
အန္တာတိကတိုက်ရှိ McMurdo Dry Valleys ချိုင့်ဝှမ်းတွင်တည်ရှိသော Don Juan ရေကန်သည် ကမ္ဘာ့အငန်ဆုံး ရေကန်ဖြစ်ကြောင်းသိရသည်။ ကမ္ဘာပေါ်တွင် အငန်ဆုံးရေကန်ဖြစ်သော ပင်လယ်သေထက် ပိုငန်သော Don Juan ရေကန်သည် အနုတ် (၅၈) ဒီဂရီဆဲလ်စီးယပ်စ်တွင်ပင် ခဲခြင်းမျိုးမရှိဘဲ အရည်ကျန်ရှိနေသေးကြောင်းသိရသည်။
အနက်လေးလက်မသာရှိသော Don Juan ရေကန်သည် ရေကန်တစ်ခုထက် ဗွက်အိုင်မျိုးနှင့် ပိုတူပြီး သိပ္ပံပညာရှင်များအတွက် ဆယ်စုနှစ်ပေါင်း များစွာကြာအောင် ခေါင်းရှုပ်စေခဲ့သည့်ရေကန်တစ်ခု လည်းဖြစ်သည်။ (၁၉၆၁) ခုနှစ်တွင် စတင်ရှာဖွေ တွေ့ရှိခဲ့ပြီးနောက်ပိုင်းတည်းက အဆိုပါ ရေကန်ငယ် လေးသည်သိပ္ပံပညာရှင်များ၏ အာရုံစူးစိုက်မှုများစွာကို ဖမ်းစားနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ရေကန်ငယ်လေးတွင် ဆားပါဝင်မှုနှုန်းသည် (၄၀)ရာခိုင်နှုန်းဝန်းကျင်ရှိကြောင်း ခွဲခြမ်းစိတ် ဖြာမှုရ လဒ်များတွင် ဖော်ပြထားသည်။ နှိုင်းယှဉ်ကြည့် မည်ဆိုပါက ကမ္ဘာ့သမုဒ္ဒရာများတွင် ဆားပါဝင်မှုနှုန်းသည် (၃ ဒသမ ၅)ရာခိုင်နှုန်းသာရှိပြီး Great Salt Lake တွင် ဆားပါဝင်မှုနှုန်းသည် (၅)ရာခိုင်နှုန်းမှ (၂၇) ရာခိုင်နှုန်းကြားရှိကာ နာမည် အကြီးဆုံး ပင်လယ်သေတွင် ဆားပါဝင်မှုနှုန်း(၃၄)ရာခိုင်နှုန်းရှိ ကြောင်းသိရသည်။ ကမ္ဘာ့အငန်ဆုံး ရေကန်ငယ်လေး သည် မိုးရွာခြင်းနှင့်ဆီးနှင်းကျခြင်းမျိုးတို့မရှိသော ကမ္ဘာ့အခြောက်သွေ့ဆုံး ပတ်ဝန်းကျင်ရှိသည့် ချိုင့်ဝှမ်းတစ်ခုတွင် တည်ရှိနေခြင်းလည်းဖြစ်သည်။
အဆိုပါဧရိယာအတွင်းရှိ အခြားရေကန်အချို့မှာ ရေခဲမီတာပေါင်းများစွာဖြင့် ဖုံးအုပ်ခံထားရသော်လည်း ကယ်လ်စီယမ်ကလိုရိုက်ကြွယ်ဝသော Don Juan ရေကန်၏ရေများမှာ အေးခဲခြင်းမျိုး မရှိကြောင်းလည်းသိရသည်။ Don Juan ရေကန်အတွင်းရှိ ဆားအမှုန်များသည်မော်လီကျူးများကြား ရွေ့လျားကာ ရေခဲဖွဲ့စည်းပုံဖြစ်ပေါ်မှုကို ဟန့်တားပေးခြင်းဖြင့် ရေခဲမှတ်ကို လျှော့ချပေးကြောင်း လေ့လာမှုများအရ သိရသည်။
zawgyi version
အႏုတ္(၅၈)ဒီဂရီဆဲလ္စီးယပ္စ္တြင္ပင္ ေရခဲျခင္းမ်ိဳးမရွိသည့္ ကမာၻ႔အငန္ဆုံး ေရကန္
Pika (NP News) - ဇန္နဝါရီ ၁
အႏၲာတိကတိုက္ရွိ McMurdo Dry Valleys ခ်ိဳင့္ဝွမ္းတြင္တည္ရွိေသာ Don Juan ေရကန္သည္ ကမာၻ႔အငန္ဆုံး ေရကန္ျဖစ္ေၾကာင္းသိရသည္။ ကမာၻေပၚတြင္ အငန္ဆုံးေရကန္ျဖစ္ေသာ ပင္လယ္ေသထက္ ပိုငန္ေသာ Don Juan ေရကန္သည္ အႏုတ္ (၅၈) ဒီဂရီဆဲလ္စီးယပ္စ္တြင္ပင္ ခဲျခင္းမ်ိဳးမရွိဘဲ အရည္က်န္ရွိေနေသးေၾကာင္းသိရသည္။
အနက္ေလးလက္မသာရွိေသာ Don Juan ေရကန္သည္ ေရကန္တစ္ခုထက္ ဗြက္အိုင္မ်ိဳးႏွင့္ ပိုတူၿပီး သိပၸံပညာရွင္မ်ားအတြက္ ဆယ္စုႏွစ္ေပါင္း မ်ားစြာၾကာေအာင္ ေခါင္းရႈပ္ေစခဲ့သည့္ေရကန္တစ္ခု လည္းျဖစ္သည္။ (၁၉၆၁) ခုႏွစ္တြင္ စတင္ရွာေဖြ ေတြ႕ရွိခဲ့ၿပီးေနာက္ပိုင္းတည္းက အဆိုပါ ေရကန္ငယ္ ေလးသည္သိပၸံပညာရွင္မ်ား၏ အာ႐ုံစူးစိုက္မႈမ်ားစြာကို ဖမ္းစားႏိုင္ခဲ့ေၾကာင္းသိရသည္။
အဆိုပါ ေရကန္ငယ္ေလးတြင္ ဆားပါဝင္မႈႏႈန္းသည္ (၄၀)ရာခိုင္ႏႈန္းဝန္းက်င္ရွိေၾကာင္း ခြဲျခမ္းစိတ္ ျဖာမႈရ လဒ္မ်ားတြင္ ေဖာ္ျပထားသည္။ ႏႈိင္းယွဥ္ၾကည့္ မည္ဆိုပါက ကမာၻ႔သမုဒၵရာမ်ားတြင္ ဆားပါဝင္မႈႏႈန္းသည္ (၃ ဒသမ ၅)ရာခိုင္ႏႈန္းသာရွိၿပီး Great Salt Lake တြင္ ဆားပါဝင္မႈႏႈန္းသည္ (၅)ရာခိုင္ႏႈန္းမွ (၂၇) ရာခိုင္ႏႈန္းၾကားရွိကာ နာမည္ အႀကီးဆုံး ပင္လယ္ေသတြင္ ဆားပါဝင္မႈႏႈန္း(၃၄)ရာခိုင္ႏႈန္းရွိ ေၾကာင္းသိရသည္။ ကမာၻ႔အငန္ဆုံး ေရကန္ငယ္ေလး သည္ မိုး႐ြာျခင္းႏွင့္ဆီးႏွင္းက်ျခင္းမ်ိဳးတို႔မရွိေသာ ကမာၻ႔အေျခာက္ေသြ႕ဆုံး ပတ္ဝန္းက်င္ရွိသည့္ ခ်ိဳင့္ဝွမ္းတစ္ခုတြင္ တည္ရွိေနျခင္းလည္းျဖစ္သည္။
အဆိုပါဧရိယာအတြင္းရွိ အျခားေရကန္အခ်ိဳ႕မွာ ေရခဲမီတာေပါင္းမ်ားစြာျဖင့္ ဖုံးအုပ္ခံထားရေသာ္လည္း ကယ္လ္စီယမ္ကလို႐ိုက္ႂကြယ္ဝေသာ Don Juan ေရကန္၏ေရမ်ားမွာ ေအးခဲျခင္းမ်ိဳး မရွိေၾကာင္းလည္းသိရသည္။ Don Juan ေရကန္အတြင္းရွိ ဆားအမႈန္မ်ားသည္ေမာ္လီက်ဴးမ်ားၾကား ေ႐ြ႕လ်ားကာ ေရခဲဖြဲ႕စည္းပုံျဖစ္ေပၚမႈကို ဟန႔္တားေပးျခင္းျဖင့္ ေရခဲမွတ္ကို ေလွ်ာ့ခ်ေပးေၾကာင္း ေလ့လာမႈမ်ားအရ သိရသည္။