ဂွတိုက်ပွဲနဲ့ငါးသိုင်းချောင်းဒေသခံပြည်သူတို့ရဲ့စိုးရိမ်သံ (အင်တာဗျူး)

 1910

သုတကျော် (NP News) - ဇန်နဝါရီ ၁

မြန်မာနိုင်ငံ၏ စပါးကျီဟုတင်စားရာ ဧရာဝတီတိုင်းဒေသကြီးတွင် ယခုရက်ပိုင်းအတွင်း စစ်ပွဲနှင့်ပတ်သက်၍ ပူပန်မှုများ ရုတ် ချည်းမြင့်တက်လာသည်။ ရခိုင်ပြည်နယ် ဂွမြို့ကို ဗဗ က တိုက်ခိုက်လာခြင်းနှင့်အတူ ဂွတစ်ဖက်တွင် ဧရာဝတီတိုင်းဒေသကြီးရှိနေရာ ငါးသိုင်းချောင်း၊ ရေကြည်၊ အသုတ်စသည့်မြို့နယ်များမှ ဒေသခံများ၏စိုးရိမ်စိတ် အမြင့်ဆုံးရောက်နေခြင်းဖြစ်သည်။ တိုက်ပွဲသည် ဧရာဝတီတိုင်းဒေသကြီးတွင်နေထိုင်သူများကို အိပ်မက်ဆိုးမက်စေသည်။ မကြုံဖူးသောစစ်သည် ဧရာဝတီမှပြည်သူများကိုခြိမ်းခြောက်နေရာ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ငါးသိုင်းချောင်းမြို့ခံတစ်ဦးကို NP News မှမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - အရင်ဆုံး ငါးသိုင်းချောင်းမြို့ရဲ့ စီးပွားရေးအ ခြေအနေကို သိပါရစေလားခင်ဗျာ။
ဖြေ - ဟိုးအရင်တုန်းတည်းက အခုချိန်ထိလည်း ငါးသိုင်းချောင်း စီးပွားရေးအခြေအနေကတော့ ကောင်းတယ်လေ ဒေသထွက် ဝါး၊ ဆန်စပါး၊ ပဲ အကုန်ထွက်တာကိုး။

မေး - အရင်တုန်းက ငါးသိုင်းချောင်းမှာ တိုက်ပွဲသ တင်းတွေဘာတွေ ကြားရတာမျိုးရှိဖူးလား။ သမိုင်း တစ်လျှောက်မှာ အေးချမ်းခဲ့တဲ့မြို့လား။
ဖြေ - ငါးသိုင်းချောင်းကတော့ သမိုင်းတစ်လျှောက် အေးချမ်းခဲ့တယ်တော့မဟုတ်ဘူး။ (၁၉၆၆) ခုနှစ် လောက်က ငါးသိုင်းချောင်းတစ်ဖက်ကမ်းဆို အမည်း ရောင်နယ်မြေလေ။ (၁၉၇၀) ကျော်ကျော်လောက်မှ အဖြူရောင်နယ်မြေပြန်ဖြစ်သွားတာ။ ဦးတို့ ငါးနှစ် သား ခြောက်နှစ်သားတုန်းကတော့ သေနတ်သံတွေ ကြားခဲ့ရဖူးတာပေါ့။ အဲဒါပြီးတော့ သေနတ်သံတွေ မကြားရတော့ပဲ ငါးသိုင်းချောင်းက တအားဖွံ့ဖြိုး သွားတာလေ။

မေး - အခု လက်ရှိကာလပေါ့။ ငါးသိုင်းချောင်းနား တိုက်ပွဲကပ်လာပြီး ဘယ်တော့လောက်မှာ စပြီး စိုးရိမ် လာကြပါသလဲ။
ဖြေ - စိုးရိမ်တာကတော့ ဒီလောက်ကြီး စိုးရိမ်စိတ် မရှိသေးဘူး။ ငါးသိုင်းချောင်းနဲ့ (၇)မိုင်လောက်မှာ သီတာကုန်းပြင်ဆိုတဲ့ ရွာရှိသေးတယ်။ (၈)မိုင် လောက်မှာ မြောက်စမ်းဆိုတဲ့ရွာရှိတယ်။ ဟိုဘက် ကျတော့ အမြောက်တပ်ရှိတယ်လေ။ အမြောက်တပ်ခံ နေပေမယ့် ဒီဘက်က သိပ်မစိုးရိမ်ရဘူး။ ဒါပေမဲ့ ပြော လို့တော့မတတ်သေးဘူး။ ဘယ်လိုမှန်းကို မသိဘူး ဖြစ်နေတာ။ နေရတဲ့လူတွေက ကျီးလန့်စာစားနေရသ လိုပေါ့နော်။ လုပ်တော့လုပ်နေတာပဲ။ ရခိုင်ဒေသက စစ်ရှောင်လာတဲ့လူတွေကလည်း များနေတော့ ဘာ မှန်းကို မသိဘူးဖြစ်နေတာ။

မေး - ကိုယ့်ဒေသမှာ တိုက်ပွဲဖြစ်လာမယ်ဆိုတဲ့ စိုးရိမ်စိတ်ရှိလားခင်ဗျ။
ဖြေ - စိုးရိမ်တာပေါ့။ အညာဘက်ဒေသတွေမှာ တစ်ရွာလုံးကုန်တာတို့ ဘာတို့ရှိတော့ တချို့ ပြေးနိုင် တဲ့သူတွေရှိတယ်။ တချို့ကလည်း ပိုက်ဆံမရှိဘူး။ ပိုက်ဆံရှိတဲ့သူကတော့ ကားနဲ့ပြေးတာပေါ့။ ပိုက်ဆံ မရှိတဲ့လူကျတော့ ခြေကျင်ပြေးရရင် ဒုက္ခအများကြီး ရှိတာပေါ့။

မေး - ဒေသဆီ တိုက်ပွဲရောက်လာခဲ့ရင် ဘယ်လို အခက်အခဲ ဖြစ်နိုင်မလဲ။
ဖြေ - တိုက်ပွဲရောက်လာခဲ့ရင်တော့ တအားကြီး ခက် ခဲမယ်။ စစ်ရှောင်တွေကတော့ ပြေးရမှာပဲလေ။ ကိုယ် မှအသေမခံနိုင်ဘဲလေ။ ပူပန်တာပေါ့။ ကိုယ်တွေက လက်လုပ်လက်စားတွေဆိုတော့လည်း ပူတာပေါ့။

မေး - စစ်ဖြစ်မယ်ဆိုရင် ငါးသိုင်းချောင်းမြို့နယ်က လူတွေဟာ ဘယ်တွေကို ရှောင်လို့ရနိုင်မလဲ။
ဖြေ - တကယ်လို့ တိုက်ပွဲဖြစ်တော့လည်း တောင်ပေါ် ဘက်ခြမ်းရှောင်ရမှာပေါ့။ ကျန်တဲ့နေရာတွေသွားရင် လည်း နေဖို့ထိုင်ဖို့က အခက်အခဲတွေ အများကြီးရှိတယ်လေ။ စားရေးရိက္ခာရှိရင်တောင် နေဖို့ထိုင်ဖို့က တအားခက်ခဲတယ်။ ရေကြည်ရှိမယ်၊ ကျုံပျော်ရှိမယ်၊ လေးမျက်နှာဘက်ရှိမယ်။ သူတို့က စစ်ရှောင်တွေက အိမ်တွေငှားထားလို့ ဦးတို့ဘက်ကနေ ပြေးဖို့ဆိုတာ တော်ရုံမလွယ်တော့ဘူးလေ။

မေး - ကိုယ်တိုင်ကော စစ်ဖြစ်ရင် ဘယ်ကိုပြေးမယ် လို့ တွေးထားလဲ။
ဖြေ - အဲဒီလိုမျိုးတောင်မစဉ်းစားမိပါဘူးကွယ်။ ကိုယ်ကလည်း တောင်ပေါ်ကနေဆင်းလာတာဆို တော့ အိမ်ရောက်ပြီး ဘာတွေလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေကြတာ။ အကုန်ကတော့ စိုးရိမ်တာပေါ့ ဘယ် ရှောင်ရမှန်းမသိဖြစ်နေကြတာ။

မေး - မိတ်ဆွေတွေ၊ အသိ၊ သူငယ်ချင်းတွေက ကော အဲဒီလိုပဲ စဉ်းစားရခက်နေကြတာလား။
ဖြေ - အင်းပေါ့။ သူတို့လည်း အဲဒီလိုပဲ လက်လုပ် လက်စားလည်း လက်လုပ်လက်စားအလျောက် ဘယ် လိုရှောင်မလဲကြောက်နေတာ။ တောင်ပေါ်ကလူတွေ အလုပ်လက်မဲ့ဖြစ်တာတော့ လက်တွေ့ပေါ့။ ဝါးခုတ်၊ ထင်းခုတ်သူတွေကလည်း သူတို့အလျောက် တောင် ပြေးမြောက်ပြေးဖြစ်ကြတော့ စိတ်ညစ်ကြတယ်။

မေး - ဧရာဝတီသားတစ်ယောက်အနေနဲ့ သဘောထားပေါ့လေ။ စစ်ကိုဘယ်လိုမြင်လဲ။ စစ်ကိုလိုချင်လား။
ဖြေ - စစ်ကိုတော့ ဘယ်လိုချင်မလဲကွယ်။ ကိုယ့်စီး ပွားရေး ကိုယ်လုပ်စားကြရတာ။ မဖြစ်တာ အကောင်း ဆုံးပေါ့။ တစ်ယောက်တည်း သဘောထားကတော့ ဘာပဲဖြစ်ဖြစ် မဖြစ်စေချင်ဘူး။

မေး - ကျွန်တော်တို့ ကြားရတာတွေ ရှိတယ်ပေါ့လေ။ AA က သူကိုယ်တိုင် ဧရာဝတီကိုမဝင်ဘဲ PDF တွေ ကို ကြားခံအနေနဲ့ထားမယ်ဆိုတာမျိုးပေါ့။ ဧရာဝတီဟာ မငြိမ်းချမ်းတဲ့ဒေသတစ်ခု ဖြစ်သွားမှာ စိုးရိမ်လား။
ဖြေ - အဲဒါတော့ မပြောတတ်ဘူး။ ကိုယ့်အလုပ်ကိုယ် လုပ်နေရတာဆိုတော့ သူတို့ကိစ္စတွေလည်း စိတ်မဝင် စားနိုင်ဘူးလေ။ တော်ရုံတန်ရုံက ကိုယ့်စီးပွားကိုယ် ရှာနေရတာ ဒေသခံတွေပေါ့နော်။ တချို့ စိတ်ဝင်စားတဲ့သူလည်းရှိမှာပေါ့။ ဒါကတော့ ပြောလို့မရဘူးပေါ့။

မေး - ကောလာဟလ သတင်းတွေပေါ့လေ။ စိုးရိမ် စရာကောင်းတဲ့ဟာတွေ ကြားရတာရှိလား။
ဖြေ - ကောလာဟလတော့မဟုတ်ဘူးပေါ့။ ဦးလေး တောင်ပေါ်မှာနေတုန်းကတော့ ဗေဒါဂိတ်နားမှာ အ မြောက်သံကြားရတာမျိုးရှိတာပေါ့။ ကောလာဟလ ကတော့ ပြောကြတာပေါ့။ တကယ်လက်တွေ့ဖြစ်တာ နဲ့ ကောလာဟလနဲ့ တခြားစီဖြစ်နေတာ။ ဘယ်သူမှ လည်း တိတိကျကျကို ပြောနိုင်မယ့်သူက မရှိဘူးလေ။

မေး - ဒေသခံတွေဆီမှာကို သတင်းအတိအကျ မရ နေတာလား။
ဖြေ - အင်းပေါ့ အမျိုးမျိုးပြောနေတာ။ ဟိုတစ် ယောက်မေးတော့လည်း ချောင်းထဲရေခပ်သွားလို့ ပစ်သလိုလို အမျိုးမျိုးတွေ။

မေး - ဆိုတော့ ကျွန်တော် အခုမေးရင်း သိလာရသလောက်မှာ တိုက်ပွဲတွေစဖြစ်တဲ့ကာလမှာ လုပ်ငန်းခွင်ကနေ ကိုယ့်အိမ်ဆီ ရှောင်လာခဲ့ရတာပေါ့။ ဆို တော့ အဲဒီတုန်းမှာကော စိုးရိမ်စိတ်ဖြစ်လား။
ဖြေ - စိုးရိမ်စိတ်ဝင်တာပေါ့။ အခုက ပြန်ဆင်းလာရ တာ လူပေါင်းကမနည်းဘူး။ တစ်ထောင်ကျော် လောက် ဒုက္ခရောက်သွားတာ။ လူပေါင်းထောင်နဲ့ ချီပြီးတော့ အလုပ်လက်မဲ့တွေ ဖြစ်သွားတာပေါ့။

မေး - အဲဒီတုန်းကအတွေ့အကြုံလေး ပြောပြပေးပါလား။
ဖြေ - ပထမ ညနေတုန်းကတော့ အနားကအဖွဲ့က တော့ ပစ္စည်းလေးတွေ သယ်ထားပါလားတဲ့။ ကိုယ်က လည်း ဒီလောက်မြန်မယ်မထင်တော့ မသယ်ခဲ့ဘူး။ နောက်နေ့ကျတော့ လှမ်းပစ်သံကြားရတယ်ပေါ့။ အနားကလူတွေ တချို့ တောသူတောင်သားတွေဆို တော့ ပြန်လာမှ ချက်ပြုတ်လုပ်ကြရတာလေ။ မစားရ မသောက်ရဘဲနဲ့ ရှောင်ရတိမ်းရတယ်။ ဒါလေးတော့ အခက်အခဲ ရှိခဲ့တယ်။

မေး - အခုကော ငါးသိုင်းချောင်းမြို့နယ်က ဂွနဲ့နီး စပ်တဲ့ရွာတွေကလူတွေ တိမ်းရှောင်နေကြပြီလား။
ဖြေ - သူတို့မှာ တချို့ ပိုက်ဆံရှိတဲ့သူတွေကတော့ ရွှေ့ကြတာပေါ့။ တချို့ကလည်း မရွှေ့ဘူးပေါ့ကွယ်။တောကြိုအုံကြား ကပ်နေမယ်ပေါ့နော်။ ပိုက်ဆံမရှိတဲ့ သူတွေကတော့ ဒုက္ခရောက်တာပေါ့။ နေနိုင်သရွေ့ ကတော့ သူတို့ကပ်နေကြမှာ။ တစ်နေရာရွှေ့ဖို့ဆိုတာ မလွယ်ဘူးလေ။ တောင်ပေါ်ကကိစ္စပဲကြည့်။ကိုယ့်လက်တွေ့ပဲ။ တချို့ဆို ခြေကျင်တွေလျှောက် ကြရတယ်။ နည်းနည်းပါးပါးပိုက်ဆံရှိရင်သာ ကားငှား နိုင်တာ။ တချို့ဆို အထုပ်အပိုးလေးတွေကောက်ကိုင် ပြီးတော့ ရှိတဲ့ဟာလေးတွေနဲ့ ခြေကျင်ပြေးကြရတာလေ။

မေး - စစ်ဟာ ဧရာဝတီတိုင်းကိုရောက်လာခဲ့ရင် ကျပ်တည်းသွားမှာကို အရင်က တွေးပူဖူးလား။
ဖြေ - အဲဒီလောက်အထိတော့ မပူပန်ဖူးဘူး။ ဒီဘက် ကို အမြန်အဆန်ကျော်လာမယ်မထင်ဘူး။ တချို့လုပ် ငန်းရှင်တွေက ဝါးခုတ်သမား၊ သစ်ခုတ်သမားတွေကို တောင်ပေါ်တင်လိုက်တာ။ ခုတ်ပြီး သိပ်မကြာဘူး ဆယ်ရက် ဆယ့်ငါးရက်လောက်ပဲကြာတော့ အခုလို ဖြစ်လာတာလေ။ ဆုံးရှုံးမှုတွေ ဖြစ်တာပေါ့။ ဖြစ်စဉ်က အရမ်းမြန်သွားတယ်ပြောရမယ်။ သူတို့တွေလည်း ဒီလိုဖြစ်မယ်မထင်လို့ လုပ်ကြတာပေါ့။ အလုပ်သမား တွေကလည်း ဟိုရွာပြန်ပြေး၊ ဒီရွာပြန်ပြေး တကွဲတ ပြားစီဆိုတော့ ဘယ်သူမှ ပိုက်ဆံ ပြန်မပေးနိုင်ဘူးလေ။ ဆုံးရှုံးမှုတွေ ရှိလာတာပေါ့။

မေး - လက်ရှိမှာ ကပ်လာတဲ့စစ်ကြောင့် ကုန်ဈေး နှုန်းတက်တာဖြစ်နေပြီလား။
ဖြေ - စီးပွားရေးကတော့ ဒီလောက်အထိ ကျပ် တည်းမှုမရှိဘူး။ ကိုင်းသမား၊ လယ်သမားတို့ကတော့ လာလည်းလာဆိုပြီးတော့ လုပ်နေကြတာ။ ကုန်ဈေးနှုန်းကလည်း မတက်သေးဘူး။ တက်လိုက်ကျလိုက် မမှန်ဘူးလို့ ပြောရမယ်။ ဒီလယ်သမားတွေကတော့ ပုံမှန်လုပ်နေတော့ စီးပွားရေးကျပ်လာတယ် မရှိဘူး။ အဓိကတော့ တောင်ပေါ်အဖွဲ့တွေက လက်လုပ်လက် စားတွေဆိုတော့ အလုပ်လည်း မရှိ၊ ပိုက်ဆံလည်း မရှိ ဖြစ်သွားတာ။

မေး - စစ်ဖြစ်ရင် ကုန်ပစ္စည်းရှားတာတို့ ရှိတယ်လို့ သိထားရတော့ ငါးသိုင်းချောင်းဘက်မှာ ကုန်ပစ္စည်း ရှားတာ ဖြစ်နေပြီလား။
ဖြေ - အဲဒါတော့ လောလောဆယ်မရှိဘူး။ သွားနေတာပဲ။ ဈေးနှုန်းလေးတွေသာ နည်းနည်းမြင့်လာတာပေါ့။

မေး - ရခိုင်ဘက်ကစစ်ရှောင်တွေကော အဝင်ပိုများလာလား။
ဖြေ - နဂိုတည်းကပဲသွားနေတာပဲ။ မနှစ်က စဖြစ် တည်းကသွားနေတာ။ သွားတော့ သွားနေကြတာပဲ။

မေး - AA က ငါးသိုင်းချောင်းဘက်ဝင်လာမယ်ဆို ဒေသခံအနေနဲ့ လက်ခံနိုင်လား။
ဖြေ - အေးပေါ့။ လက်မခံလည်း ပြေးရမှာပေါ့ (ရယ်လျက်)။ အခုတောင် လက်ရှိ တောင်ပေါ်ကနေ ပြေး လာရတာပဲလေ။

မေး - တောင်ပေါ်ကနေဆင်းလာတဲ့လမ်းမှာကော ဘာအခက်ခဲတွေ ရှိခဲ့လဲ။
ဖြေ - အခက်အခဲတော့မရှိပါဘူး။ စစ်ဆင်ရေးနေရာက ဆင်းလာတာဆိုတော့ ကိုယ့်ဧရာဝတီ တိုင်းသားတွေပဲ လေ နေရာကတော့။ ဒါကြောင့် အခက်အခဲမရှိပါဘူး။ အမြောက်တွေ ကိုယ့်အပေါ်ကနေ ကျော်ပစ်တာတော့ တွေ့ဖူးတယ်။ သေနတ်နဲ့ပစ်တာတို့ ဘာတို့တော့မကြုံဖူးဘူး။

မေး - တောင်ပေါ်မှာ ပေတေပြီးကျန်ခဲ့တဲ့သူတွေကော ရှိလား။
ဖြေ - ပထမတော့ ပေတေပြီးကျန်ခဲ့တဲ့သူတွေရှိတယ်။ ထွက်ပေးရမယ်ဆိုတော့ အကုန်ထွက်ပေး လိုက်တယ် လို့ပြောတယ်။ တပ်ဘက်ကလည်း ပြည်သူလူထုထိမှာ စိုးလို့ ရှောင်တိမ်းပေးပါလို့ပြောတာ။

မေး - မိတ်ဆွေတွေထဲမှာကော ပြေးမယ်လို့ ပြင်ဆင် ကြတာ ရှိနေပြီလား။
ဖြေ - မပြင်ကြသေးဘူး။ အခြေအနေကြည့်နေတာပေါ့။ ရောက်လာလိမ့်မယ်လို့လည်း မထင်ကြဘူးပေါ့။

မေး - သတင်းတု သတင်းမှားတွေက ဒေသခံတွေကို ဘယ်လောက်အထိ ခြောက်လှန့်နေလဲ။
ဖြေ - တစ်ယောက်စကားတစ်ယောက်ကြားပေါ့။ သို့လော သို့လောတွေ။ တချို့တွေကျတော့လည်း စကားတွေကို ကားပြောတာလည်းရှိတယ်။ လက်တွေ့ ကိုး။ ဒီလောက်လည်း မဆိုးဘူး။

မေး - တစ်ခုလောက် ဖြည့်စွက်ပြောပေးလို့ရမလား။
ဖြေ - တချို့ကလည်း ဗေဒါဂိတ်ကိုသိမ်းပြီပြော တယ်။ တကယ်က ဗေဒါလည်း မရောက်သေးဘူးလေ။ တချို့ကျတော့လည်း ငါးသိုင်းချောင်းရောက်နေပြီ ဆိုပြီးပြောနေကြတာ။ တကယ်လည်း မဟုတ်ဘူး။ အဲဒီလို သတင်းတွေပေါ့။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

zawgyi version
ဂြတိုက္ပြဲနဲ႔ငါးသိုင္းေခ်ာင္းေဒသခံျပည္သူတို႔ရဲ႕စိုးရိမ္သံ (အင္တာဗ်ဴး)
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁

ျမန္မာႏိုင္ငံ၏ စပါးက်ီဟုတင္စားရာ ဧရာဝတီတိုင္းေဒသႀကီးတြင္ ယခုရက္ပိုင္းအတြင္း စစ္ပြဲႏွင့္ပတ္သက္၍ ပူပန္မႈမ်ား ႐ုတ္ ခ်ည္းျမင့္တက္လာသည္။ ရခိုင္ျပည္နယ္ ဂြၿမိဳ႕ကို ဗဗ က တိုက္ခိုက္လာျခင္းႏွင့္အတူ ဂြတစ္ဖက္တြင္ ဧရာဝတီတိုင္းေဒသႀကီးရွိေနရာ ငါးသိုင္းေခ်ာင္း၊ ေရၾကည္၊ အသုတ္စသည့္ၿမိဳ႕နယ္မ်ားမွ ေဒသခံမ်ား၏စိုးရိမ္စိတ္ အျမင့္ဆုံးေရာက္ေနျခင္းျဖစ္သည္။ တိုက္ပြဲသည္ ဧရာဝတီတိုင္းေဒသႀကီးတြင္ေနထိုင္သူမ်ားကို အိပ္မက္ဆိုးမက္ေစသည္။ မႀကဳံဖူးေသာစစ္သည္ ဧရာဝတီမွျပည္သူမ်ားကိုၿခိမ္းေျခာက္ေနရာ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ငါးသိုင္းေခ်ာင္းၿမိဳ႕ခံတစ္ဦးကို NP News မွေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - အရင္ဆုံး ငါးသိုင္းေခ်ာင္းၿမိဳ႕ရဲ႕ စီးပြားေရးအ ေျခအေနကို သိပါရေစလားခင္ဗ်ာ။
ေျဖ - ဟိုးအရင္တုန္းတည္းက အခုခ်ိန္ထိလည္း ငါးသိုင္းေခ်ာင္း စီးပြားေရးအေျခအေနကေတာ့ ေကာင္းတယ္ေလ ေဒသထြက္ ဝါး၊ ဆန္စပါး၊ ပဲ အကုန္ထြက္တာကိုး။

ေမး - အရင္တုန္းက ငါးသိုင္းေခ်ာင္းမွာ တိုက္ပြဲသ တင္းေတြဘာေတြ ၾကားရတာမ်ိဳးရွိဖူးလား။ သမိုင္း တစ္ေလွ်ာက္မွာ ေအးခ်မ္းခဲ့တဲ့ၿမိဳ႕လား။
ေျဖ - ငါးသိုင္းေခ်ာင္းကေတာ့ သမိုင္းတစ္ေလွ်ာက္ ေအးခ်မ္းခဲ့တယ္ေတာ့မဟုတ္ဘူး။ (၁၉၆၆) ခုႏွစ္ ေလာက္က ငါးသိုင္းေခ်ာင္းတစ္ဖက္ကမ္းဆို အမည္း ေရာင္နယ္ေျမေလ။ (၁၉၇၀) ေက်ာ္ေက်ာ္ေလာက္မွ အျဖဴေရာင္နယ္ေျမျပန္ျဖစ္သြားတာ။ ဦးတို႔ ငါးႏွစ္ သား ေျခာက္ႏွစ္သားတုန္းကေတာ့ ေသနတ္သံေတြ ၾကားခဲ့ရဖူးတာေပါ့။ အဲဒါၿပီးေတာ့ ေသနတ္သံေတြ မၾကားရေတာ့ပဲ ငါးသိုင္းေခ်ာင္းက တအားဖြံ႕ၿဖိဳး သြားတာေလ။

ေမး - အခု လက္ရွိကာလေပါ့။ ငါးသိုင္းေခ်ာင္းနား တိုက္ပြဲကပ္လာၿပီး ဘယ္ေတာ့ေလာက္မွာ စၿပီး စိုးရိမ္ လာၾကပါသလဲ။
ေျဖ - စိုးရိမ္တာကေတာ့ ဒီေလာက္ႀကီး စိုးရိမ္စိတ္ မရွိေသးဘူး။ ငါးသိုင္းေခ်ာင္းနဲ႔ (၇)မိုင္ေလာက္မွာ သီတာကုန္းျပင္ဆိုတဲ့ ႐ြာရွိေသးတယ္။ (၈)မိုင္ ေလာက္မွာ ေျမာက္စမ္းဆိုတဲ့႐ြာရွိတယ္။ ဟိုဘက္ က်ေတာ့ အေျမာက္တပ္ရွိတယ္ေလ။ အေျမာက္တပ္ခံ ေနေပမယ့္ ဒီဘက္က သိပ္မစိုးရိမ္ရဘူး။ ဒါေပမဲ့ ေျပာ လို႔ေတာ့မတတ္ေသးဘူး။ ဘယ္လိုမွန္းကို မသိဘူး ျဖစ္ေနတာ။ ေနရတဲ့လူေတြက က်ီးလန႔္စာစားေနရသ လိုေပါ့ေနာ္။ လုပ္ေတာ့လုပ္ေနတာပဲ။ ရခိုင္ေဒသက စစ္ေရွာင္လာတဲ့လူေတြကလည္း မ်ားေနေတာ့ ဘာ မွန္းကို မသိဘူးျဖစ္ေနတာ။

ေမး - ကိုယ့္ေဒသမွာ တိုက္ပြဲျဖစ္လာမယ္ဆိုတဲ့ စိုးရိမ္စိတ္ရွိလားခင္ဗ်။
ေျဖ - စိုးရိမ္တာေပါ့။ အညာဘက္ေဒသေတြမွာ တစ္႐ြာလုံးကုန္တာတို႔ ဘာတို႔ရွိေတာ့ တခ်ိဳ႕ ေျပးႏိုင္ တဲ့သူေတြရွိတယ္။ တခ်ိဳ႕ကလည္း ပိုက္ဆံမရွိဘူး။ ပိုက္ဆံရွိတဲ့သူကေတာ့ ကားနဲ႔ေျပးတာေပါ့။ ပိုက္ဆံ မရွိတဲ့လူက်ေတာ့ ေျခက်င္ေျပးရရင္ ဒုကၡအမ်ားႀကီး ရွိတာေပါ့။

ေမး - ေဒသဆီ တိုက္ပြဲေရာက္လာခဲ့ရင္ ဘယ္လို အခက္အခဲ ျဖစ္ႏိုင္မလဲ။
ေျဖ - တိုက္ပြဲေရာက္လာခဲ့ရင္ေတာ့ တအားႀကီး ခက္ ခဲမယ္။ စစ္ေရွာင္ေတြကေတာ့ ေျပးရမွာပဲေလ။ ကိုယ္ မွအေသမခံႏိုင္ဘဲေလ။ ပူပန္တာေပါ့။ ကိုယ္ေတြက လက္လုပ္လက္စားေတြဆိုေတာ့လည္း ပူတာေပါ့။

ေမး - စစ္ျဖစ္မယ္ဆိုရင္ ငါးသိုင္းေခ်ာင္းၿမိဳ႕နယ္က လူေတြဟာ ဘယ္ေတြကို ေရွာင္လို႔ရႏိုင္မလဲ။
ေျဖ - တကယ္လို႔ တိုက္ပြဲျဖစ္ေတာ့လည္း ေတာင္ေပၚ ဘက္ျခမ္းေရွာင္ရမွာေပါ့။ က်န္တဲ့ေနရာေတြသြားရင္ လည္း ေနဖို႔ထိုင္ဖို႔က အခက္အခဲေတြ အမ်ားႀကီးရွိတယ္ေလ။ စားေရးရိကၡာရွိရင္ေတာင္ ေနဖို႔ထိုင္ဖို႔က တအားခက္ခဲတယ္။ ေရၾကည္ရွိမယ္၊ က်ဳံေပ်ာ္ရွိမယ္၊ ေလးမ်က္ႏွာဘက္ရွိမယ္။ သူတို႔က စစ္ေရွာင္ေတြက အိမ္ေတြငွားထားလို႔ ဦးတို႔ဘက္ကေန ေျပးဖို႔ဆိုတာ ေတာ္႐ုံမလြယ္ေတာ့ဘူးေလ။

ေမး - ကိုယ္တိုင္ေကာ စစ္ျဖစ္ရင္ ဘယ္ကိုေျပးမယ္ လို႔ ေတြးထားလဲ။
ေျဖ - အဲဒီလိုမ်ိဳးေတာင္မစဥ္းစားမိပါဘူးကြယ္။ ကိုယ္ကလည္း ေတာင္ေပၚကေနဆင္းလာတာဆို ေတာ့ အိမ္ေရာက္ၿပီး ဘာေတြလုပ္လို႔လုပ္ရမွန္းမသိ ျဖစ္ေနၾကတာ။ အကုန္ကေတာ့ စိုးရိမ္တာေပါ့ ဘယ္ ေရွာင္ရမွန္းမသိျဖစ္ေနၾကတာ။

ေမး - မိတ္ေဆြေတြ၊ အသိ၊ သူငယ္ခ်င္းေတြက ေကာ အဲဒီလိုပဲ စဥ္းစားရခက္ေနၾကတာလား။
ေျဖ - အင္းေပါ့။ သူတို႔လည္း အဲဒီလိုပဲ လက္လုပ္ လက္စားလည္း လက္လုပ္လက္စားအေလ်ာက္ ဘယ္ လိုေရွာင္မလဲေၾကာက္ေနတာ။ ေတာင္ေပၚကလူေတြ အလုပ္လက္မဲ့ျဖစ္တာေတာ့ လက္ေတြ႕ေပါ့။ ဝါးခုတ္၊ ထင္းခုတ္သူေတြကလည္း သူတို႔အေလ်ာက္ ေတာင္ ေျပးေျမာက္ေျပးျဖစ္ၾကေတာ့ စိတ္ညစ္ၾကတယ္။

ေမး - ဧရာဝတီသားတစ္ေယာက္အေနနဲ႔ သေဘာထားေပါ့ေလ။ စစ္ကိုဘယ္လိုျမင္လဲ။ စစ္ကိုလိုခ်င္လား။
ေျဖ - စစ္ကိုေတာ့ ဘယ္လိုခ်င္မလဲကြယ္။ ကိုယ့္စီး ပြားေရး ကိုယ္လုပ္စားၾကရတာ။ မျဖစ္တာ အေကာင္း ဆုံးေပါ့။ တစ္ေယာက္တည္း သေဘာထားကေတာ့ ဘာပဲျဖစ္ျဖစ္ မျဖစ္ေစခ်င္ဘူး။

ေမး - ကြၽန္ေတာ္တို႔ ၾကားရတာေတြ ရွိတယ္ေပါ့ေလ။ AA က သူကိုယ္တိုင္ ဧရာဝတီကိုမဝင္ဘဲ PDF ေတြ ကို ၾကားခံအေနနဲ႔ထားမယ္ဆိုတာမ်ိဳးေပါ့။ ဧရာဝတီဟာ မၿငိမ္းခ်မ္းတဲ့ေဒသတစ္ခု ျဖစ္သြားမွာ စိုးရိမ္လား။
ေျဖ - အဲဒါေတာ့ မေျပာတတ္ဘူး။ ကိုယ့္အလုပ္ကိုယ္ လုပ္ေနရတာဆိုေတာ့ သူတို႔ကိစၥေတြလည္း စိတ္မဝင္ စားႏိုင္ဘူးေလ။ ေတာ္႐ုံတန္႐ုံက ကိုယ့္စီးပြားကိုယ္ ရွာေနရတာ ေဒသခံေတြေပါ့ေနာ္။ တခ်ိဳ႕ စိတ္ဝင္စားတဲ့သူလည္းရွိမွာေပါ့။ ဒါကေတာ့ ေျပာလို႔မရဘူးေပါ့။

ေမး - ေကာလာဟလ သတင္းေတြေပါ့ေလ။ စိုးရိမ္ စရာေကာင္းတဲ့ဟာေတြ ၾကားရတာရွိလား။
ေျဖ - ေကာလာဟလေတာ့မဟုတ္ဘူးေပါ့။ ဦးေလး ေတာင္ေပၚမွာေနတုန္းကေတာ့ ေဗဒါဂိတ္နားမွာ အ ေျမာက္သံၾကားရတာမ်ိဳးရွိတာေပါ့။ ေကာလာဟလ ကေတာ့ ေျပာၾကတာေပါ့။ တကယ္လက္ေတြ႕ျဖစ္တာ နဲ႔ ေကာလာဟလနဲ႔ တျခားစီျဖစ္ေနတာ။ ဘယ္သူမွ လည္း တိတိက်က်ကို ေျပာႏိုင္မယ့္သူက မရွိဘူးေလ။

ေမး - ေဒသခံေတြဆီမွာကို သတင္းအတိအက် မရ ေနတာလား။
ေျဖ - အင္းေပါ့ အမ်ိဳးမ်ိဳးေျပာေနတာ။ ဟိုတစ္ ေယာက္ေမးေတာ့လည္း ေခ်ာင္းထဲေရခပ္သြားလို႔ ပစ္သလိုလို အမ်ိဳးမ်ိဳးေတြ။

ေမး - ဆိုေတာ့ ကြၽန္ေတာ္ အခုေမးရင္း သိလာရသေလာက္မွာ တိုက္ပြဲေတြစျဖစ္တဲ့ကာလမွာ လုပ္ငန္းခြင္ကေန ကိုယ့္အိမ္ဆီ ေရွာင္လာခဲ့ရတာေပါ့။ ဆို ေတာ့ အဲဒီတုန္းမွာေကာ စိုးရိမ္စိတ္ျဖစ္လား။
ေျဖ - စိုးရိမ္စိတ္ဝင္တာေပါ့။ အခုက ျပန္ဆင္းလာရ တာ လူေပါင္းကမနည္းဘူး။ တစ္ေထာင္ေက်ာ္ ေလာက္ ဒုကၡေရာက္သြားတာ။ လူေပါင္းေထာင္နဲ႔ ခ်ီၿပီးေတာ့ အလုပ္လက္မဲ့ေတြ ျဖစ္သြားတာေပါ့။

ေမး - အဲဒီတုန္းကအေတြ႕အႀကဳံေလး ေျပာျပေပးပါလား။
ေျဖ - ပထမ ညေနတုန္းကေတာ့ အနားကအဖြဲ႕က ေတာ့ ပစၥည္းေလးေတြ သယ္ထားပါလားတဲ့။ ကိုယ္က လည္း ဒီေလာက္ျမန္မယ္မထင္ေတာ့ မသယ္ခဲ့ဘူး။ ေနာက္ေန႔က်ေတာ့ လွမ္းပစ္သံၾကားရတယ္ေပါ့။ အနားကလူေတြ တခ်ိဳ႕ ေတာသူေတာင္သားေတြဆို ေတာ့ ျပန္လာမွ ခ်က္ျပဳတ္လုပ္ၾကရတာေလ။ မစားရ မေသာက္ရဘဲနဲ႔ ေရွာင္ရတိမ္းရတယ္။ ဒါေလးေတာ့ အခက္အခဲ ရွိခဲ့တယ္။

ေမး - အခုေကာ ငါးသိုင္းေခ်ာင္းၿမိဳ႕နယ္က ဂြနဲ႔နီး စပ္တဲ့႐ြာေတြကလူေတြ တိမ္းေရွာင္ေနၾကၿပီလား။
ေျဖ - သူတို႔မွာ တခ်ိဳ႕ ပိုက္ဆံရွိတဲ့သူေတြကေတာ့ ေ႐ႊ႕ၾကတာေပါ့။ တခ်ိဳ႕ကလည္း မေ႐ႊ႕ဘူးေပါ့ကြယ္။ေတာႀကိဳအုံၾကား ကပ္ေနမယ္ေပါ့ေနာ္။ ပိုက္ဆံမရွိတဲ့ သူေတြကေတာ့ ဒုကၡေရာက္တာေပါ့။ ေနႏိုင္သေ႐ြ႕ ကေတာ့ သူတို႔ကပ္ေနၾကမွာ။ တစ္ေနရာေ႐ႊ႕ဖို႔ဆိုတာ မလြယ္ဘူးေလ။ ေတာင္ေပၚကကိစၥပဲၾကည့္။ကိုယ့္လက္ေတြ႕ပဲ။ တခ်ိဳ႕ဆို ေျခက်င္ေတြေလွ်ာက္ ၾကရတယ္။ နည္းနည္းပါးပါးပိုက္ဆံရွိရင္သာ ကားငွား ႏိုင္တာ။ တခ်ိဳ႕ဆို အထုပ္အပိုးေလးေတြေကာက္ကိုင္ ၿပီးေတာ့ ရွိတဲ့ဟာေလးေတြနဲ႔ ေျခက်င္ေျပးၾကရတာေလ။

ေမး - စစ္ဟာ ဧရာဝတီတိုင္းကိုေရာက္လာခဲ့ရင္ က်ပ္တည္းသြားမွာကို အရင္က ေတြးပူဖူးလား။
ေျဖ - အဲဒီေလာက္အထိေတာ့ မပူပန္ဖူးဘူး။ ဒီဘက္ ကို အျမန္အဆန္ေက်ာ္လာမယ္မထင္ဘူး။ တခ်ိဳ႕လုပ္ ငန္းရွင္ေတြက ဝါးခုတ္သမား၊ သစ္ခုတ္သမားေတြကို ေတာင္ေပၚတင္လိုက္တာ။ ခုတ္ၿပီး သိပ္မၾကာဘူး ဆယ္ရက္ ဆယ့္ငါးရက္ေလာက္ပဲၾကာေတာ့ အခုလို ျဖစ္လာတာေလ။ ဆုံးရႈံးမႈေတြ ျဖစ္တာေပါ့။ ျဖစ္စဥ္က အရမ္းျမန္သြားတယ္ေျပာရမယ္။ သူတို႔ေတြလည္း ဒီလိုျဖစ္မယ္မထင္လို႔ လုပ္ၾကတာေပါ့။ အလုပ္သမား ေတြကလည္း ဟို႐ြာျပန္ေျပး၊ ဒီ႐ြာျပန္ေျပး တကြဲတ ျပားစီဆိုေတာ့ ဘယ္သူမွ ပိုက္ဆံ ျပန္မေပးႏိုင္ဘူးေလ။ ဆုံးရႈံးမႈေတြ ရွိလာတာေပါ့။

ေမး - လက္ရွိမွာ ကပ္လာတဲ့စစ္ေၾကာင့္ ကုန္ေဈး ႏႈန္းတက္တာျဖစ္ေနၿပီလား။
ေျဖ - စီးပြားေရးကေတာ့ ဒီေလာက္အထိ က်ပ္ တည္းမႈမရွိဘူး။ ကိုင္းသမား၊ လယ္သမားတို႔ကေတာ့ လာလည္းလာဆိုၿပီးေတာ့ လုပ္ေနၾကတာ။ ကုန္ေဈးႏႈန္းကလည္း မတက္ေသးဘူး။ တက္လိုက္က်လိုက္ မမွန္ဘူးလို႔ ေျပာရမယ္။ ဒီလယ္သမားေတြကေတာ့ ပုံမွန္လုပ္ေနေတာ့ စီးပြားေရးက်ပ္လာတယ္ မရွိဘူး။ အဓိကေတာ့ ေတာင္ေပၚအဖြဲ႕ေတြက လက္လုပ္လက္ စားေတြဆိုေတာ့ အလုပ္လည္း မရွိ၊ ပိုက္ဆံလည္း မရွိ ျဖစ္သြားတာ။

ေမး - စစ္ျဖစ္ရင္ ကုန္ပစၥည္းရွားတာတို႔ ရွိတယ္လို႔ သိထားရေတာ့ ငါးသိုင္းေခ်ာင္းဘက္မွာ ကုန္ပစၥည္း ရွားတာ ျဖစ္ေနၿပီလား။
ေျဖ - အဲဒါေတာ့ ေလာေလာဆယ္မရွိဘူး။ သြားေနတာပဲ။ ေဈးႏႈန္းေလးေတြသာ နည္းနည္းျမင့္လာတာေပါ့။

ေမး - ရခိုင္ဘက္ကစစ္ေရွာင္ေတြေကာ အဝင္ပိုမ်ားလာလား။
ေျဖ - နဂိုတည္းကပဲသြားေနတာပဲ။ မႏွစ္က စျဖစ္ တည္းကသြားေနတာ။ သြားေတာ့ သြားေနၾကတာပဲ။

ေမး - AA က ငါးသိုင္းေခ်ာင္းဘက္ဝင္လာမယ္ဆို ေဒသခံအေနနဲ႔ လက္ခံႏိုင္လား။
ေျဖ - ေအးေပါ့။ လက္မခံလည္း ေျပးရမွာေပါ့ (ရယ္လ်က္)။ အခုေတာင္ လက္ရွိ ေတာင္ေပၚကေန ေျပး လာရတာပဲေလ။

ေမး - ေတာင္ေပၚကေနဆင္းလာတဲ့လမ္းမွာေကာ ဘာအခက္ခဲေတြ ရွိခဲ့လဲ။
ေျဖ - အခက္အခဲေတာ့မရွိပါဘူး။ စစ္ဆင္ေရးေနရာက ဆင္းလာတာဆိုေတာ့ ကိုယ့္ဧရာဝတီ တိုင္းသားေတြပဲ ေလ ေနရာကေတာ့။ ဒါေၾကာင့္ အခက္အခဲမရွိပါဘူး။ အေျမာက္ေတြ ကိုယ့္အေပၚကေန ေက်ာ္ပစ္တာေတာ့ ေတြ႕ဖူးတယ္။ ေသနတ္နဲ႔ပစ္တာတို႔ ဘာတို႔ေတာ့မႀကဳံဖူးဘူး။

ေမး - ေတာင္ေပၚမွာ ေပေတၿပီးက်န္ခဲ့တဲ့သူေတြေကာ ရွိလား။
ေျဖ - ပထမေတာ့ ေပေတၿပီးက်န္ခဲ့တဲ့သူေတြရွိတယ္။ ထြက္ေပးရမယ္ဆိုေတာ့ အကုန္ထြက္ေပး လိုက္တယ္ လို႔ေျပာတယ္။ တပ္ဘက္ကလည္း ျပည္သူလူထုထိမွာ စိုးလို႔ ေရွာင္တိမ္းေပးပါလို႔ေျပာတာ။

ေမး - မိတ္ေဆြေတြထဲမွာေကာ ေျပးမယ္လို႔ ျပင္ဆင္ ၾကတာ ရွိေနၿပီလား။
ေျဖ - မျပင္ၾကေသးဘူး။ အေျခအေနၾကည့္ေနတာေပါ့။ ေရာက္လာလိမ့္မယ္လို႔လည္း မထင္ၾကဘူးေပါ့။

ေမး - သတင္းတု သတင္းမွားေတြက ေဒသခံေတြကို ဘယ္ေလာက္အထိ ေျခာက္လွန႔္ေနလဲ။
ေျဖ - တစ္ေယာက္စကားတစ္ေယာက္ၾကားေပါ့။ သို႔ေလာ သို႔ေလာေတြ။ တခ်ိဳ႕ေတြက်ေတာ့လည္း စကားေတြကို ကားေျပာတာလည္းရွိတယ္။ လက္ေတြ႕ ကိုး။ ဒီေလာက္လည္း မဆိုးဘူး။

ေမး - တစ္ခုေလာက္ ျဖည့္စြက္ေျပာေပးလို႔ရမလား။
ေျဖ - တခ်ိဳ႕ကလည္း ေဗဒါဂိတ္ကိုသိမ္းၿပီေျပာ တယ္။ တကယ္က ေဗဒါလည္း မေရာက္ေသးဘူးေလ။ တခ်ိဳ႕က်ေတာ့လည္း ငါးသိုင္းေခ်ာင္းေရာက္ေနၿပီ ဆိုၿပီးေျပာေနၾကတာ။ တကယ္လည္း မဟုတ္ဘူး။ အဲဒီလို သတင္းေတြေပါ့။

ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.