ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပေါ်ခဲ့သော KPay ဖြစ်စဉ်များအတွက် ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ စုံစမ်းဖော်ထုတ်သွားမည်ဟု KPay မှ ထုတ်ပြန်

 14626

စော (NP News) - ဇန်နဝါရီ ၁

ပြီးခဲ့သည့် ရက်ပိုင်းကဖြစ်ပေါ်ခဲ့သော KPay ဖြစ်စဉ်များအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှု နှင့်အတူ စုံစမ်းဖော်ထုတ်သွားမည် ဖြစ်ကြောင်း KBZ Pay က ယမန်နေ့ (ဒီဇင်ဘာ ၃၁ ရက်)ညပိုင်းအချိန်တွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် အသုံးပြုသူအချို့၏ အကောင့်များသို့ OTP ကို ရယူ၍ PIN နံပါတ်ကို ခန့် မှန်းကာ ဝင်ရောက်သည့်ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကမ္ဘောဇဘဏ်မှ သတိပြုမိကြောင်းနှင့် အသုံးပြုသူများငွေကြေးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်မှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် အကောင်းဆုံး ဝန်ဆောင်မှုပေးလျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

ထို့ကြောင့် ယခုဖြစ်စဉ်များကိုလည်း အမြန်ဆုံး စိစစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှု နှင့်အတူ စုံစမ်းထုတ်ဖော်သွားမည် ဖြစ်ကြောင်း KBZ Pay က ထုတ်ပြန်ထားသည်။

KBZPay မိုဘိုင်းပိုက်ဆံအိတ် အသုံးပြုသူများအနေဖြင့် မိမိတို့၏ မိုဘိုင်းပိုက်ဆံအိတ် လုံခြုံရေးအတွက် OTP နှင့် PIN နံပါတ်များနှင့်ပတ်သက်၍ သတိထားသင့်သည့် အချက်များကို (https://www.kbzpay.com/.../important-digital-security.../)တွင် ဝင်ရောက်ဖတ်ရှုနိုင်ကြောင်း တိုက်တွန်းထားသည်။ ထို့ပြင် အကောင့်လုံခြုံရေး ပတ်သက်သော၊ တိုးမြှင့်ဆောင်ရွက်မှုများကို လာမည့် ရက်သတ္တပတ်များတွင် ဆက်လက်၍ ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှလည်း ယမန်နေ့(ဒီဇင်ဘာ ၃၁ ရက်)တွင် မိုဘိုင်းငွေကြေး ဝန် ဆောင်မှုလုပ်ငန်းများအသုံးပြု၍ လိမ်လည်မှု ဖြစ်စဉ်များအား ကာကွယ်တားဆီးနိုင်ရေး အများပြည်သူသို့ အသိပေးကြေညာချက်ကို ထုတ်ပြန်ထားသည်။

zawgyi version
ၿပီးခဲ့သည့္ရက္ပိုင္းက ျဖစ္ေပၚခဲ့ေသာ KPay ျဖစ္စဥ္မ်ားအတြက္ ဗဟိုဘဏ္၏ ႀကီးၾကပ္လမ္းၫႊန္မႈႏွင့္အတူ စုံစမ္းေဖာ္ထုတ္သြားမည္ဟု KPay မွ ထုတ္ျပန္
ေစာ (NP News) - ဇန္နဝါရီ ၁

ၿပီးခဲ့သည့္ ရက္ပိုင္းကျဖစ္ေပၚခဲ့ေသာ KPay ျဖစ္စဥ္မ်ားအတြက္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ ႀကီးၾကပ္လမ္းၫႊန္မႈ ႏွင့္အတူ စုံစမ္းေဖာ္ထုတ္သြားမည္ ျဖစ္ေၾကာင္း KBZ Pay က ယမန္ေန႔ (ဒီဇင္ဘာ ၃၁ ရက္)ညပိုင္းအခ်ိန္တြင္ အသိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

လတ္တေလာတြင္ အသုံးျပဳသူအခ်ိဳ႕၏ အေကာင့္မ်ားသို႔ OTP ကို ရယူ၍ PIN နံပါတ္ကို ခန႔္ မွန္းကာ ဝင္ေရာက္သည့္ျဖစ္စဥ္မ်ားႏွင့္ပတ္သက္ၿပီး ကေမာၻဇဘဏ္မွ သတိျပဳမိေၾကာင္းႏွင့္ အသုံးျပဳသူမ်ားေငြေၾကးဆုံးရႈံးမႈ မျဖစ္ေပၚေစေရးအတြက္ ကေမာၻဇဘဏ္မွ တာဝန္ယူမႈ၊ တာဝန္ခံမႈ အျပည့္ျဖင့္ အေကာင္းဆုံး ဝန္ေဆာင္မႈေပးလ်က္ရွိေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ ယခုျဖစ္စဥ္မ်ားကိုလည္း အျမန္ဆုံး စိစစ္ေဆာင္႐ြက္ေနၿပီး ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္၏ ႀကီးၾကပ္လမ္းၫႊန္မႈ ႏွင့္အတူ စုံစမ္းထုတ္ေဖာ္သြားမည္ ျဖစ္ေၾကာင္း KBZ Pay က ထုတ္ျပန္ထားသည္။

KBZPay မိုဘိုင္းပိုက္ဆံအိတ္ အသုံးျပဳသူမ်ားအေနျဖင့္ မိမိတို႔၏ မိုဘိုင္းပိုက္ဆံအိတ္ လုံၿခဳံေရးအတြက္ OTP ႏွင့္ PIN နံပါတ္မ်ားႏွင့္ပတ္သက္၍ သတိထားသင့္သည့္ အခ်က္မ်ားကို (https://www.kbzpay.com/.../important-digital-security.../)တြင္ ဝင္ေရာက္ဖတ္ရႈႏိုင္ေၾကာင္း တိုက္တြန္းထားသည္။ ထို႔ျပင္ အေကာင့္လုံၿခဳံေရး ပတ္သက္ေသာ၊ တိုးျမႇင့္ေဆာင္႐ြက္မႈမ်ားကို လာမည့္ ရက္သတၱပတ္မ်ားတြင္ ဆက္လက္၍ ထုတ္ျပန္ေၾကညာသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွလည္း ယမန္ေန႔(ဒီဇင္ဘာ ၃၁ ရက္)တြင္ မိုဘိုင္းေငြေၾကး ဝန္ ေဆာင္မႈလုပ္ငန္းမ်ားအသုံးျပဳ၍ လိမ္လည္မႈ ျဖစ္စဥ္မ်ားအား ကာကြယ္တားဆီးႏိုင္ေရး အမ်ားျပည္သူသို႔ အသိေပးေၾကညာခ်က္ကို ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.