အပြင်(၃၇)မင်း နတ်ရုပ်များ၏ မူလဝတ်စားဆင်ယင်မှုများကို မော်ဒယ်လ်များနှင့် ဓာတ်ပုံရိုက်ကူးကာ ပထမဦးဆုံးအကြိမ် ပြန်လည်ဖော်ထုတ်နေ
10754
စော (NP News) - ဇန်နဝါရီ ၁
အပြင် (၃၇)မင်းနတ်ရုပ်များ၏ မူလဝတ်စားဆင်ယင်မှုပုံစံများကို မော်ဒယ်လ်များနှင့် ဓာတ်ပုံ ရိုက်ကူးကာ ပထမဦးဆုံးအကြိမ်အဖြစ် ပြန်လည်ဖော်ထုတ်နေကြောင်း မြတ်တော်ဝင် - ဗမာ့နန်းဓလေ့ သိုရင်း၊ ထိုင်မသိမ်းဝတ်စုံ ဝန်ဆောင်မှုလုပ်ငန်း တည်ထောင်သူ မြတ်သိင်္ခငယ်က NP News ကို ပြောသည်။
နတ်ရုပ်များ၏ ဝတ်စားဆင်ယင်မှုကို ဖော်ထုတ်ရာတွင် ရှေးကျသောပန်းချီများကို လေ့လာခဲ့ပြီး မျက်နှာသစ်မော်ဒယ်လ်များကိုအသုံးပြုကာ ဓာတ်ပုံဖြင့်ပြန်လည်ဖော်ထုတ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ “ဓာတ်ပုံပြန်ရိုက်မှာ ဟုတ်တယ်။ နဂိုရှိတာ ကျတော့ ပန်းချီအထောက်အထားပဲရှိတာ။ အဲဒီ ပန်းချီကိုမှ ပြန်အသက်သွင်းတဲ့အနေနဲ့ လုပ်မှာပါ။ စာရေး ဆရာကြီး နိုဝယ်ဆင်းဂါးက ရှေးအထောက်အထားအတိုင်း ရေးထားတာရှိတယ်။ ဆွဲထားတဲ့ အဲဒီ ပန်းချီကားကိုမှ ပြောမယ်ဆိုရင်တော့ လက်ရှိအမြင်နဲ့ လက်ရှိအဝတ်အထည်အနေနဲ့ ချုပ်ပြီးတော့မှ ပြန်အသက်သွင်းပေးမှာပါ”ဟု မြတ်သိင်္ခငယ်က ပြောသည်။
အပြင် (၃၇)မင်းနတ်များ၏ မူလဝတ်စားဆင်ယင်မှုများ ဓာတ်ပုံများရိုက်ကူးရာတွင် Setting အခမ်းအနားများဖြင့် ရိုက်ကူးသွားမည်ဖြစ်ပြီး ရှေးမူအတိုင်းပြင်ဆင်ရာတွင် ဝတ်စုံ (၆)စုံခန့်သာ ပြီးစီးသေးကြောင်း သိရသည်။
“နတ်သမိုင်းစာအုပ်တွေမှာလေ။ နတ်တွေရဲ့ အစဉ်အဆက်ပုံတွေ ရှိတယ်လေ။ ရှိတဲ့အခါမှာ ဒီပန်းချီတွေကတော့ နန်းတွင်းပန်းချီဟုတ်ချင်မှလည်း ဟုတ်မယ်။ ဒါပေမယ့်လို့ ရှေးကျတဲ့ပန်းချီတွေပေါ့။ အမရပူရခေတ်တို့ ရတနာပုံခေတ်ဦးတို့ရဲ့ ဝတ်စားဆင်ယင်မှုတွေအတိုင်း ပြန်ဝတ်ထားတာတွေလေ။ ပြောမယ်ဆိုရင် နတ်တွေကို သူတို့မင်းညီမင်းသား လိုသဘောထားတဲ့အတွက်ကြောင့်မို့လို့ အမရပူရ ခေတ် မင်းညီမင်းသားတွေရဲ့ ဟန်ပန်အမူအရာ အတိုင်း ဝတ်ထားကြတာ။ အဲဒါတွေကို ပြန်ဖော်ထုတ်မှာပေါ့။ (၃၇)မင်းစုံအောင်ပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။
အိမ်တွင်းမင်းမဟာဂီရိနတ်၏ ဝတ်စားဆင်ယင်မှုပုံစံကို ရိုက်ကူးပြီးသွားပါက တောင်ပြုံးမင်း ညီနောင် ၏ ဝတ်စားဆင်ယင်မှုများကို ပြန်လည်ဖော်ထုတ်သွားရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။ “အခုဆိုရင် သုံးပါးရိုက်ပြီးသွားပြီ။ သုံးပန် လှသခင်မရိုက်ပြီးသွားပြီ။ တောင်ကြီးရှင်သခင်မရိုက် ပြီးသွားပြီ။ မင်း မဟာဂီရိရိုက်ပြီးပြီ အခုဆိုရင်တော့ သုံးပါးရှိပြီ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် အပြင်(၃၇)မင်းနတ်များအားလုံး၏ ဝတ်စားဆင်ယင်မှုများကို မှတ်တမ်းအနေဖြင့် ဓာတ်ပုံရိုက်ကူးပြီးသွားပါက စာအုပ်ထုတ်ဝေခြင်း၊ ပြပွဲနှင့် ရှိုးပွဲများကို ပြုလုပ်သွားရန် အစီအစဉ်ရှိနေကြောင်း သိရသည်။
zawgyi version
အျပင္(၃၇)မင္း နတ္႐ုပ္မ်ား၏ မူလဝတ္စားဆင္ယင္မႈမ်ားကို ေမာ္ဒယ္လ္မ်ားႏွင့္ ဓာတ္ပုံ႐ိုက္ကူးကာ ပထမဦးဆုံးအႀကိမ္ ျပန္လည္ေဖာ္ထုတ္ေန
ေစာ (NP News) - ဇန္နဝါရီ ၁
အျပင္ (၃၇)မင္းနတ္႐ုပ္မ်ား၏ မူလဝတ္စားဆင္ယင္မႈပုံစံမ်ားကို ေမာ္ဒယ္လ္မ်ားႏွင့္ ဓာတ္ပုံ ႐ိုက္ကူးကာ ပထမဦးဆုံးအႀကိမ္အျဖစ္ ျပန္လည္ေဖာ္ထုတ္ေနေၾကာင္း ျမတ္ေတာ္ဝင္ - ဗမာ့နန္းဓေလ့ သိုရင္း၊ ထိုင္မသိမ္းဝတ္စုံ ဝန္ေဆာင္မႈလုပ္ငန္း တည္ေထာင္သူ ျမတ္သိခၤငယ္က NP News ကို ေျပာသည္။
နတ္႐ုပ္မ်ား၏ ဝတ္စားဆင္ယင္မႈကို ေဖာ္ထုတ္ရာတြင္ ေရွးက်ေသာပန္းခ်ီမ်ားကို ေလ့လာခဲ့ၿပီး မ်က္ႏွာသစ္ေမာ္ဒယ္လ္မ်ားကိုအသုံးျပဳကာ ဓာတ္ပုံျဖင့္ျပန္လည္ေဖာ္ထုတ္ျခင္း ျဖစ္ေၾကာင္းလည္း သိရသည္။ “ဓာတ္ပုံျပန္႐ိုက္မွာ ဟုတ္တယ္။ နဂိုရွိတာ က်ေတာ့ ပန္းခ်ီအေထာက္အထားပဲရွိတာ။ အဲဒီ ပန္းခ်ီကိုမွ ျပန္အသက္သြင္းတဲ့အေနနဲ႔ လုပ္မွာပါ။ စာေရး ဆရာႀကီး ႏိုဝယ္ဆင္းဂါးက ေရွးအေထာက္အထားအတိုင္း ေရးထားတာရွိတယ္။ ဆြဲထားတဲ့ အဲဒီ ပန္းခ်ီကားကိုမွ ေျပာမယ္ဆိုရင္ေတာ့ လက္ရွိအျမင္နဲ႔ လက္ရွိအဝတ္အထည္အေနနဲ႔ ခ်ဳပ္ၿပီးေတာ့မွ ျပန္အသက္သြင္းေပးမွာပါ”ဟု ျမတ္သိခၤငယ္က ေျပာသည္။
အျပင္ (၃၇)မင္းနတ္မ်ား၏ မူလဝတ္စားဆင္ယင္မႈမ်ား ဓာတ္ပုံမ်ား႐ိုက္ကူးရာတြင္ Setting အခမ္းအနားမ်ားျဖင့္ ႐ိုက္ကူးသြားမည္ျဖစ္ၿပီး ေရွးမူအတိုင္းျပင္ဆင္ရာတြင္ ဝတ္စုံ (၆)စုံခန႔္သာ ၿပီးစီးေသးေၾကာင္း သိရသည္။
“နတ္သမိုင္းစာအုပ္ေတြမွာေလ။ နတ္ေတြရဲ႕ အစဥ္အဆက္ပုံေတြ ရွိတယ္ေလ။ ရွိတဲ့အခါမွာ ဒီပန္းခ်ီေတြကေတာ့ နန္းတြင္းပန္းခ်ီဟုတ္ခ်င္မွလည္း ဟုတ္မယ္။ ဒါေပမယ့္လို႔ ေရွးက်တဲ့ပန္းခ်ီေတြေပါ့။ အမရပူရေခတ္တို႔ ရတနာပုံေခတ္ဦးတို႔ရဲ႕ ဝတ္စားဆင္ယင္မႈေတြအတိုင္း ျပန္ဝတ္ထားတာေတြေလ။ ေျပာမယ္ဆိုရင္ နတ္ေတြကို သူတို႔မင္းညီမင္းသား လိုသေဘာထားတဲ့အတြက္ေၾကာင့္မို႔လို႔ အမရပူရ ေခတ္ မင္းညီမင္းသားေတြရဲ႕ ဟန္ပန္အမူအရာ အတိုင္း ဝတ္ထားၾကတာ။ အဲဒါေတြကို ျပန္ေဖာ္ထုတ္မွာေပါ့။ (၃၇)မင္းစုံေအာင္ေပါ့”ဟု ၎က ဆက္လက္ေျပာသည္။
အိမ္တြင္းမင္းမဟာဂီရိနတ္၏ ဝတ္စားဆင္ယင္မႈပုံစံကို ႐ိုက္ကူးၿပီးသြားပါက ေတာင္ၿပဳံးမင္း ညီေနာင္ ၏ ဝတ္စားဆင္ယင္မႈမ်ားကို ျပန္လည္ေဖာ္ထုတ္သြားရန္ ရည္႐ြယ္ထားေၾကာင္းလည္း သိရသည္။ “အခုဆိုရင္ သုံးပါး႐ိုက္ၿပီးသြားၿပီ။ သုံးပန္ လွသခင္မ႐ိုက္ၿပီးသြားၿပီ။ ေတာင္ႀကီးရွင္သခင္မ႐ိုက္ ၿပီးသြားၿပီ။ မင္း မဟာဂီရိ႐ိုက္ၿပီးၿပီ အခုဆိုရင္ေတာ့ သုံးပါးရွိၿပီ”ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ျပင္ အျပင္(၃၇)မင္းနတ္မ်ားအားလုံး၏ ဝတ္စားဆင္ယင္မႈမ်ားကို မွတ္တမ္းအေနျဖင့္ ဓာတ္ပုံ႐ိုက္ကူးၿပီးသြားပါက စာအုပ္ထုတ္ေဝျခင္း၊ ျပပြဲႏွင့္ ရႈိးပြဲမ်ားကို ျပဳလုပ္သြားရန္ အစီအစဥ္ရွိေနေၾကာင္း သိရသည္။