စိုက်/မွေး ကော်၌ တောင်သူလယ်သမားများ၏ မြေပြင်အခြေအနေမှန်ကို တိုက်ရိုက်တင်ပြနိုင်သော အဖွဲ့မျိုး ထည့်သွင်းဖွဲ့စည်းသင့်သည်ဟုဆို

 290

ယွန်း (NP News) - ဇန်နဝါရီ ၂

တောင်သူလယ်သမားများ၏ ပကတိ မြေပြင်အခြေအနေမှန်များအား တိုက်ရိုက်တင်ပြနိုင်မည့် အဖွဲ့ကို စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၌ ထည့်သွင်းဖွဲ့စည်းရန် NP News မှတစ်ဆင့် အကြံပြုသုံးသပ်သူများရှိလာသည်။

စိုက်ပျိုးရေနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် အဖွဲ့ဝင်(၁၆)ဦးပါဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင်ကို ပြီးခဲ့သည့် ဒီဇင်ဘာ (၁၈) ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စတင်ဖွဲ့စည်းခဲ့သည်။

“နိုင်ငံတော်က နိုင်ငံ့စီးပွားမြှင့်တင်ဖို့အတွက် ကော်မရှင်ကြီး(၃)ခုဖွဲ့စည်းတယ်။ အဲဒီထဲမှာ စိုက် ပျိုးမွေးမြူရေးနဲ့ပတ်သက်တဲ့ ကော်မရှင်ကြီးလည်းပါတယ်။ နိုင်ငံ့ခေါင်းဆောင်က ဒီဟာတွေကို မြှင့်တင် ဖို့လိုအပ်တယ်၊ လက်ရှိမှာထင်သလောက် ခရီးမရောက်ဘူးဆိုတာကိုလည်း သိတယ်။ ဒါကြောင့် မလို့ ဒီလိုကော်မရှင်တွေကို ဖွဲ့တာပေါ့နော်။ ဒီလို ကော်မရှင်တွေဖွဲ့တဲ့အခါမှာ လိုအပ်ချက်က ဘာလဲဆိုတော့ ဒီကော်မရှင်သည် တကယ်အလုပ်ဖြစ်ရဲ့လား၊ မူလရည်မှန်းချက် အတိုင်းသွားနိုင်ပါ့မလားဆိုတာ မေးခွန်း ထုတ်စရာရှိတယ်” ဟု စိုက်ပျိုးရေးပညာရှင်တစ်ဦးက NP News ကို ပြောသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို မြှင့်တင်နိုင်ရေးအတွက် မြေပြင်၌တောင်သူလယ်သမား များ၏ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ ကို ကော်မရှင်မှ အမှန်အတိုင်းသိရှိရန်လိုကြောင်း ၎င်းကဆိုသည်။

ထို့‌ကြောင့် အထက်ပါကော်မရှင်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တောင်သူလယ် သမားများကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်များကို ခေါ်ယူတွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်သင့်ပြီး မြေပြင်ပကတိအခြေအနေမှန်များကို သိရှိနိုင်မည့်အဖွဲ့ကိုလည်း ဖွဲ့စည်းသင့်ကြောင်း စိုက်ပျိုးရေး ပညာရှင်များက အကြံပြုထားသည်။

“မြေပြင်ရဲ့ပကတိအခြေအနေမှန်ကို သိစေနိုင်သောအဖွဲ့လေးတွေပေါ့။ ကော်မရှင်ဆိုရင်လည်း မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်ကလူ တွေ ဘာမှမသိလိုက်ဘဲနဲ့ကို အောက်ခြေမှာဘာဖြစ် နေလဲဆိုတာ သတင်းရယူတဲ့အဖွဲ့တစ်ဖွဲ့ ထည့်သွင်း ဖွဲ့စည်းဖို့လိုတယ်။ ကော်မရှင်အနေနဲ့ဆိုရင်တော့ ကော်မရှင်ရဲ့ Intelligence Crew အဖြစ် ထည့်သွင်းဖွဲ့စည်းဖို့လိုတယ်။ Commission Intelligence Crew(CIC) ဖွဲ့ကိုဖွဲ့ရမယ်။ ကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးနဲ့ ဒုဥက္ကဋ္ဌဆီကို ကြားထဲက မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်နယ် ဘယ်သူမှ ကြားမခံဘဲ နဲ့ မြေပြင်ကသတင်းအမှန်တွေကို ရဖို့လိုတယ်” ဟု အထက်ပါ စိုက်ပျိုးရေးပညာရှင်က ဆက်လက်ပြော သည်။

ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးကို အမှန်တကယ်လုပ်ကိုင်နေသည့် တောင်သူလယ်သမားများ နှင့် စဉ်ဆက်မပြတ်ထိတွေ့ကာ ၎င်းတို့၏လိုအပ်ချက်များကို မေးမြန်းဖြည့်စွက်ပေးရန်လိုအပ်ကြောင်းလည်း သိရသည်။

“စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုတကယ်လုပ်နေတာက အဲကွန်းခန်းထဲက လူတွေမဟုတ်ဘူးလေ။ တကယ်လုပ်နေတာက လယ်ကွင်းထဲက၊ ယာခင်းထဲကလူတွေနဲ့ မွေးမြူရေးကိုတကယ် လုပ်နေတာက မွေးမြူရေးခြံထဲကလူတွေ။ အဲဒီလူတွေနဲ့ Real Time အမြဲတမ်းစဉ်ဆက်မပြတ် ထိတွေ့ပြီး သူတို့အနေ အထားနဲ့ သူတို့အသံတွေ ကိုသိမှသာ လုပ်လို့ရမှာမဟုတ်ဘူးလား။ နေပြည် တော်မှာရှိနေတဲ့ လယ်သမား တစ်ယောက်ရဲ့ လိုအပ်ချက်၊ လုပ်ဆောင်ချက်နဲ့ စစ်ဖြစ်ပွားနေတဲ့ အခြားဒေသတွေက လယ်သမားတစ် ယောက်ရဲ့ လုပ်ဆောင်ချက်နဲ့ကတူပါ့မလား။ နေပြည်တော်မှာရှိတဲ့ လယ်သမားတစ်ယောက်ကိုပဲ မင်းတို့ လယ်သမားတွေ ဘာတွေလိုလဲ၊ ဘာတွေလုပ်နေလဲမေးရုံလောက်နဲ့ ပြီးပြည့်စုံတဲ့ဖြစ်ပျက်နေတဲ့ အခြေ အနေတွေကို သိနိုင်ပါ့မလား” ဟု ၎င်းကဆက်လက်ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်မှူးသက်တမ်း(၄)နှစ် ကြာမြင့်လာသည့် အချိန်၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေး ကော်မရှင်အပါအဝင် စက်မှုဖွံ့ဖြိုးရေးကော်မရှင်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်တို့ကို ပထမဆုံးအကြိမ်စတင်ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင်ဖြစ်သော ဗိုလ်ချုပ်ကြီးညိုစောက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တွဲဖက်အတွင်း ရေးမှူးအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်တို့က တာဝန်ယူရမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
စိုက္/ေမြး ေကာ္၌ ေတာင္သူလယ္သမားမ်ား၏ ေျမျပင္အေျခအေနမွန္ကို တိုက္႐ိုက္တင္ျပႏိုင္ေသာ အဖြဲ႕မ်ိဳး ထည့္သြင္းဖြဲ႕စည္းသင့္သည္ဟုဆို
ယြန္း (NP News) - ဇန္နဝါရီ ၂

ေတာင္သူလယ္သမားမ်ား၏ ပကတိ ေျမျပင္အေျခအေနမွန္မ်ားအား တိုက္႐ိုက္တင္ျပႏိုင္မည့္ အဖြဲ႕ကို စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးဖြံ႕ၿဖိဳးေရးေကာ္မရွင္၌ ထည့္သြင္းဖြဲ႕စည္းရန္ NP News မွတစ္ဆင့္ အႀကံျပဳသုံးသပ္သူမ်ားရွိလာသည္။

စိုက္ပ်ိဳးေရႏွင့္ ေမြးျမဴေရးက႑ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္ႏိုင္ရန္ အဖြဲ႕ဝင္(၁၆)ဦးပါဝင္ေသာ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရး ဖြံ႕ၿဖိဳးေရးေကာ္မရွင္ကို ၿပီးခဲ့သည့္ ဒီဇင္ဘာ (၁၈) ရက္တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ စတင္ဖြဲ႕စည္းခဲ့သည္။

“ႏိုင္ငံေတာ္က ႏိုင္ငံ့စီးပြားျမႇင့္တင္ဖို႔အတြက္ ေကာ္မရွင္ႀကီး(၃)ခုဖြဲ႕စည္းတယ္။ အဲဒီထဲမွာ စိုက္ ပ်ိဳးေမြးျမဴေရးနဲ႔ပတ္သက္တဲ့ ေကာ္မရွင္ႀကီးလည္းပါတယ္။ ႏိုင္ငံ့ေခါင္းေဆာင္က ဒီဟာေတြကို ျမႇင့္တင္ ဖို႔လိုအပ္တယ္၊ လက္ရွိမွာထင္သေလာက္ ခရီးမေရာက္ဘူးဆိုတာကိုလည္း သိတယ္။ ဒါေၾကာင့္ မလို႔ ဒီလိုေကာ္မရွင္ေတြကို ဖြဲ႕တာေပါ့ေနာ္။ ဒီလို ေကာ္မရွင္ေတြဖြဲ႕တဲ့အခါမွာ လိုအပ္ခ်က္က ဘာလဲဆိုေတာ့ ဒီေကာ္မရွင္သည္ တကယ္အလုပ္ျဖစ္ရဲ႕လား၊ မူလရည္မွန္းခ်က္ အတိုင္းသြားႏိုင္ပါ့မလားဆိုတာ ေမးခြန္း ထုတ္စရာရွိတယ္” ဟု စိုက္ပ်ိဳးေရးပညာရွင္တစ္ဦးက NP News ကို ေျပာသည္။

စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးလုပ္ငန္းကို ျမႇင့္တင္ႏိုင္ေရးအတြက္ ေျမျပင္၌ေတာင္သူလယ္သမား မ်ား၏ လက္ရွိျဖစ္ေပၚေနသည့္ အေျခအေနမ်ား ကို ေကာ္မရွင္မွ အမွန္အတိုင္းသိရွိရန္လိုေၾကာင္း ၎ကဆိုသည္။

ထို႔‌ေၾကာင့္ အထက္ပါေကာ္မရွင္၌ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးရွိ ေတာင္သူလယ္ သမားမ်ားကို ကိုယ္စားျပဳမည့္ ကိုယ္စားလွယ္မ်ားကို ေခၚယူေတြ႕ဆုံကာ ေဆြးေႏြးမႈမ်ားျပဳလုပ္သင့္ၿပီး ေျမျပင္ပကတိအေျခအေနမွန္မ်ားကို သိရွိႏိုင္မည့္အဖြဲ႕ကိုလည္း ဖြဲ႕စည္းသင့္ေၾကာင္း စိုက္ပ်ိဳးေရး ပညာရွင္မ်ားက အႀကံျပဳထားသည္။

“ေျမျပင္ရဲ႕ပကတိအေျခအေနမွန္ကို သိေစႏိုင္ေသာအဖြဲ႕ေလးေတြေပါ့။ ေကာ္မရွင္ဆိုရင္လည္း ၿမိဳ႕နယ္အဆင့္၊ ခ႐ိုင္အဆင့္၊ တိုင္းအဆင့္ကလူ ေတြ ဘာမွမသိလိုက္ဘဲနဲ႔ကို ေအာက္ေျခမွာဘာျဖစ္ ေနလဲဆိုတာ သတင္းရယူတဲ့အဖြဲ႕တစ္ဖြဲ႕ ထည့္သြင္း ဖြဲ႕စည္းဖို႔လိုတယ္။ ေကာ္မရွင္အေနနဲ႔ဆိုရင္ေတာ့ ေကာ္မရွင္ရဲ႕ Intelligence Crew အျဖစ္ ထည့္သြင္းဖြဲ႕စည္းဖို႔လိုတယ္။ Commission Intelligence Crew(CIC) ဖြဲ႕ကိုဖြဲ႕ရမယ္။ ေကာ္မရွင္ဥကၠ႒နဲ႔ အတြင္းေရးမႉးနဲ႔ ဒုဥကၠ႒ဆီကို ၾကားထဲက ၿမိဳ႕နယ္၊ ခ႐ိုင္၊ တိုင္း၊ ျပည္နယ္ ဘယ္သူမွ ၾကားမခံဘဲ နဲ႔ ေျမျပင္ကသတင္းအမွန္ေတြကို ရဖို႔လိုတယ္” ဟု အထက္ပါ စိုက္ပ်ိဳးေရးပညာရွင္က ဆက္လက္ေျပာ သည္။

ထို႔ျပင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးကို အမွန္တကယ္လုပ္ကိုင္ေနသည့္ ေတာင္သူလယ္သမားမ်ား ႏွင့္ စဥ္ဆက္မျပတ္ထိေတြ႕ကာ ၎တို႔၏လိုအပ္ခ်က္မ်ားကို ေမးျမန္းျဖည့္စြက္ေပးရန္လိုအပ္ေၾကာင္းလည္း သိရသည္။

“စိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရးကိုတကယ္လုပ္ေနတာက အဲကြန္းခန္းထဲက လူေတြမဟုတ္ဘူးေလ။ တကယ္လုပ္ေနတာက လယ္ကြင္းထဲက၊ ယာခင္းထဲကလူေတြနဲ႔ ေမြးျမဴေရးကိုတကယ္ လုပ္ေနတာက ေမြးျမဴေရးၿခံထဲကလူေတြ။ အဲဒီလူေတြနဲ႔ Real Time အၿမဲတမ္းစဥ္ဆက္မျပတ္ ထိေတြ႕ၿပီး သူတို႔အေန အထားနဲ႔ သူတို႔အသံေတြ ကိုသိမွသာ လုပ္လို႔ရမွာမဟုတ္ဘူးလား။ ေနျပည္ ေတာ္မွာရွိေနတဲ့ လယ္သမား တစ္ေယာက္ရဲ႕ လိုအပ္ခ်က္၊ လုပ္ေဆာင္ခ်က္နဲ႔ စစ္ျဖစ္ပြားေနတဲ့ အျခားေဒသေတြက လယ္သမားတစ္ ေယာက္ရဲ႕ လုပ္ေဆာင္ခ်က္နဲ႔ကတူပါ့မလား။ ေနျပည္ေတာ္မွာရွိတဲ့ လယ္သမားတစ္ေယာက္ကိုပဲ မင္းတို႔ လယ္သမားေတြ ဘာေတြလိုလဲ၊ ဘာေတြလုပ္ေနလဲေမး႐ုံေလာက္နဲ႔ ၿပီးျပည့္စုံတဲ့ျဖစ္ပ်က္ေနတဲ့ အေျခ အေနေတြကို သိႏိုင္ပါ့မလား” ဟု ၎ကဆက္လက္ေျပာသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ အုပ္ခ်ဳပ္မႉးသက္တမ္း(၄)ႏွစ္ ၾကာျမင့္လာသည့္ အခ်ိန္၌ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးဖြံ႕ၿဖိဳးေရး ေကာ္မရွင္အပါအဝင္ စက္မႈဖြံ႕ၿဖိဳးေရးေကာ္မရွင္ႏွင့္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဖြံ႕ၿဖိဳးေရးေကာ္မရွင္တို႔ကို ပထမဆုံးအႀကိမ္စတင္ဖြဲ႕စည္းခဲ့ျခင္းလည္း ျဖစ္သည္။

စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးဖြံ႕ၿဖိဳးေရးေကာ္မရွင္တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ ဝင္ျဖစ္ေသာ ဗိုလ္ခ်ဳပ္ႀကီးညိဳေစာက ဥကၠ႒အျဖစ္ ဦးေဆာင္မည္ျဖစ္ၿပီး အတြင္းေရးမႉးအျဖစ္ စိုက္ပ်ိဳး ေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ေဒါက္တာေအာင္ႀကီးႏွင့္ တြဲဖက္အတြင္း ေရးမႉးအျဖစ္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ေဒါက္တာ တင္ထြဋ္တို႔က တာဝန္ယူရမည္ျဖစ္ေၾကာင္း သိရသည္။

Picture

Pyoe Khinn

02/01/2025 13:24

မြေပြင်မှာတကယ်လုပ်နေတဲ့တောင်သူမျိုးဆက်သစ်တွေကို ပညာရှင်မျိုးဆက်သစ်တွေနဲ့တွေ့ဆုံပေးပြီး စာတွေ့လက်တွေ့ပူးပေါင်းဆောင်ရွက်ဖို့တိုက်တွန်းပေးပါ။လူငယ်စိုက်ပျိုးမွေးမြူရေးသမားတွေကိုပံ့ပိုးပေးပါ။မြေခံ၊ရေခံကောင်းတွေရှိ့တဲ့တိုင်းပြည်မှာ တကယ်လုပ်နေသူတွေကို လှို့ဝှက်လေ့လာပြီး ထောက်ပံ့ပေးကြပါ။သွင်းအားစုကုန်သည်ကြီးများအား အမြတ်အသင့်အတင့်ယူ၍ရောင်းပေးရန်တိုက်တွန်းပေးပါ။အညာမှာတမာများများစိုက်၍ ကုန်ချောကိုထုတ်ပါ။တမာပိုးသတ်ဆေး500cc ကို 12000 တစ်သောင်းနှစ်ထောင်ဝယ်သုံးနေရပါတယ်။ပိုးသတ်ဆေးကိုမြန်မာတောင်သူအများစု ဆေးဖျန်းသူက သူ့အသိနဲ့သူသုံးလို့ဘေးထွက်ဆိုးကျိုးတွေလဲတွေ့နေကြရတယ်။စိုက်ပျိုးမွေးမြူရေးတိုးတက်လာဖို့ အားလုံးကျန်းမာရေးအရေးကြီးပါတယ်။

Picture

Pyoe Khinn

02/01/2025 13:31

မီဒီယာတွေမှာ သဘာဝမြေဆွေးပြုလုပ်သုံးစွဲဖို့ သဘာဝပိုးသတ်ဆေးသုံးဖို့ တောတွေမှာမြန်မာနွားမတွေမွေးဖို့ ပညာပေးပါ။ကုက္ကိုပင်တွေစိုက်ပါ။ဘိုကာရှိမြေဆွေး၊အီးအမ်နဲ့ငါးအမိုင်နိုကို နိုင်ငံ့တော်ကကူညီပြီးကျေးလက်တွေမှာသုံးဖြစ်အောင်လုပ်ဆောင်ပေးပါ။ နှစ်လုံး၊သုံးလုံးမထိုးအောင်လဲလုပ်ပါ။မြန်မာ့ရိုးရာမုန့်ပွဲတော်များကျင်းပပေးပါ။

Related news

© 2021. All rights reserved.