ဆိုက်ဘာအလွဲသုံးစားပြုခြင်း အပါအဝင် ခွင့်ပြုချက်မရှိ VPN ထူထောင်ခြင်း နှင့် အွန်လိုင်းလောင်း ကစားလုပ်ဆောင်ပါက ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်ခံရမည့် ဆိုက်ဘာလုံခြုံရေးဥပဒေပြဋ္ဌာန်း

4127

သန့်ဇင် (NP News) - ဇန်နဝါရီ ၂
ဆိုက်ဘာအလွဲသုံးစားပြုခြင်း အပါအဝင် ခွင့်ပြုချက်မရှိ VPN ထူထောင်ခြင်း နှင့် အွန်လိုင်းလောင်းကစားလုပ်ဆောင်ပါက ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်ခံရမည့် ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။
အဆိုပါဆိုက်ဘာလုံခြုံရေးဥပဒေကို ယမန်နေ့ (ဇန်နဝါရီလ ၁ ရက်) မှ စတင်ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်မည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ ဖြစ်စေ နိုင်ငံတော်၏ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မှတ်ပုံတင်ထားသည့် ရေယာဉ် သိုမဟုတ် လေယာဉ်တစ်ခုခုပေါ်တွင်ဖြစ်စေ၊ အမျိုးသားဆိုက်ဘာနယ်ပယ်အတွင်းဖြစ်စေ ကျူးလွတ်သည့်ပြစ်မှုများ အပါအဝင် အမျိုးသား ဆိုက်ဘာနယ်ပယ်နှင့် ချိတ်ဆက်ထားသည့် အခြားဆိုက်ဘာနယ်ပယ်တစ်ခုခုတွင်ဖြစ်စေ ပြည်ပရောက်မြန်မာ မြန်မာနိုင်ငံသားက ကျူးလွန်ပါက အဆိုပါ ဥပဒေအရ စီရင်ပိုင်ခွင့် ရှိစေရသည်ဟု ပြဋ္ဌာန်းထားသည်။
ယင်းဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဒုတိယသမ္မတတစ်ဦးအား ဥက္ကဋ္ဌ၊ ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးကို ဒုတိယဥက္ကဋ္ဌ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့် ဆက်စပ်ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများကို အဖွဲ့ဝင်အဖြစ် ပါဝင်သော ဆိုက်ဘာလုံခြုံရေးဆိုင်ရာဗဟိုကော်မတီကို ဖွဲ့စည်းရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
အဆိုပါ ဥပဒေအား ပြဋ္ဌာန်းရခြင်းရည်ရွယ်ချက်များမှာ (က) ဆိုက်ဘာအရင်းအမြစ်၊ အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံများနှင့် အီလက်ထရောနစ်သတင်းအချက်အလက်များအား လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန်၊(ခ) အီလက်ထရောနစ် နည်းပညာများအသုံးပြု၍ ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း (သို့မဟုတ်) ဆိုက်ဘာအလွဲအသုံးပြုခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေခြင်းမှ ကာကွယ် စောင့်ရှောက်နိုင်ရန်၊(ဂ) ဆိုက်ဘာလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ (ဃ)ဆိုက်ဘာမှုခင်းများကို ထိရောက်စွာ စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန်၊(င) ဆိုက်ဘာအရင်းအမြစ်ကို အခြေခံသော ဒီဂျစ်တယ်စီးပွားရေးစနစ်ကို အထောက်အကူပြုနိုင်စေရန်ဟူ၍ အချက်(၅)ချက် ပါဝင်ကြောင်း သိရသည်။
ပြစ်မှု၊ပြစ်ဒဏ်များအဖြစ် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့်အရေးကြီးသတင်းအချက်အလက်၊ အခြေခံ အဆောက်အအုံ စီမံထိန်းသိမ်းရန် တာဝန်ရှိသူက အဆိုပါ ဥပဒေပုဒ်မ (၁၇) ၊ ပုဒ်မခွဲ (က) ဒါမှမဟုတ် (ခ) ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက အနည်ဆုံး တစ်လ မှ အများဆုံး (၆)လထိ ထောင်ဒဏ်၊ ကျပ် (၁၀) သိန်း မှ ကျပ်သိန်း (၁၀၀)ထက် မပိုသည့် ငွေဒဏ်ဟူ၍ ပြစ်ဒဏ်နှဏ်ရပ်စလုံး ချမှတ်ခံရ နိုင်သည်ဟု သိရသည်။
ထို့ပြင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်မရှိပဲ ဆောင်ရွက်ပါက ထိုသူကို အနည်ဆုံး တစ်လ မှ အများဆုံး (၆)လထိ ထောင်ဒဏ်၊ ကျပ် (၁၀)သိန်း မှ ကျပ်သိန်း (၁၀၀)ထက် မပိုသော ငွေဒဏ်ဟူ၍ ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်ခံရမည်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူအနေဖြင့် ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းဖြစ်ပါက ကျပ်သိန်း(၁၀၀)အောက် မနည်းသည့် ငွေဒဏ်ချမှတ်ခံရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကိုလည်း နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ရယူခြင်းမရှိပဲ ဗီပီအန်(VPN) ထူထောင်ခြင်း သို့ဟုတ် ဗီပီအန်(VPN) ဝန်ဆောင်မှုပေးခြင်းမျး လုပ်ဆောင်ပါက ထိုသူကို အနည်းဆုံး တစ်လ မှ အများဆုံး (၆)လထိ ထောင်ဒဏ်၊ ကျပ် (၁၀) သိန်း မှ ကျပ်သိန်း(၁၀၀)ထက်မပိုသည့် ငွေဒဏ်နှင့် ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။
အများပြည်သူ ကြည့်ရှုရန် မသင့်တော်သည့်သတင်းအချက်အလက်များအား အီလက်ထရောနစ် နည်းပညာဖြင့် ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူခြင်း၊ ရောင်းချခြင်းပြုလုပ်ပါက ထောင်ဒဏ် အနည်းဆုံး တစ်လ မှ (၆)လ၊ ကျပ်(၁၀)သိန်းမှ ကျပ်သိန်း(၁၀၀)ထက်မပိုသည့် ငွေဒဏ်နှင့် ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။
ခွင့်ပြုချက်မရှိပဲ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်း ပြုလုပ်ပါက ထိုသူကို အနည်းဆုံး (၆)လ မှ အများဆုံး တစ်နှစ်ထိ ထောင်ဒဏ်၊ ကျပ်သိန်း (၅၀)မှ ကျပ်သိန်း(၂၀၀)ရာ ထက်မပိုသည်နှင့် ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်
Zawgyi Version;
ဆိုက္ဘာအလြဲသုံးစားျပဳျခင္း အပါအဝင္ ခြင့္ျပဳခ်က္မရွိ VPN ထူေထာင္ျခင္း ႏွင့္ အြန္လိုင္းေလာင္း ကစားလုပ္ေဆာင္ပါက ေထာင္ဒဏ္ႏွင့္ ေငြဒဏ္ခ်မွတ္ခံရမည့္ ဆိုက္ဘာလုံၿခဳံေရးဥပေဒျပ႒ာန္း
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂
ဆိုက္ဘာအလြဲသုံးစားျပဳျခင္း အပါအဝင္ ခြင့္ျပဳခ်က္မရွိ VPN ထူေထာင္ျခင္း ႏွင့္ အြန္လိုင္းေလာင္းကစားလုပ္ေဆာင္ပါက ေထာင္ဒဏ္ႏွင့္ ေငြဒဏ္ခ်မွတ္ခံရမည့္ ဆိုက္ဘာလုံၿခဳံေရးဥပေဒ ျပ႒ာန္းလိုက္ေၾကာင္း သိရသည္။
အဆိုပါဆိုက္ဘာလုံၿခဳံေရးဥပေဒကို ယမန္ေန႔ (ဇန္နဝါရီလ ၁ ရက္) မွ စတင္ျပ႒ာန္းလိုက္ျခင္းျဖစ္ၿပီး ႏိုင္ငံေတာ္သမၼတက အမိန႔္ေၾကာ္ျငာစာျဖင့္ သတ္မွတ္သည့္ေန႔ရက္တြင္ စတင္အာဏာတည္မည္ျဖစ္ေၾကာင္း သိရသည္။
ျပည္တြင္း၌ ျဖစ္ေစ ႏိုင္ငံေတာ္၏ တည္ဆဲဥပေဒ တစ္ရပ္ရပ္အရ မွတ္ပုံတင္ထားသည့္ ေရယာဥ္ သိုမဟုတ္ ေလယာဥ္တစ္ခုခုေပၚတြင္ျဖစ္ေစ၊ အမ်ိဳးသားဆိုက္ဘာနယ္ပယ္အတြင္းျဖစ္ေစ က်ဴးလြတ္သည့္ျပစ္မႈမ်ား အပါအဝင္ အမ်ိဳးသား ဆိုက္ဘာနယ္ပယ္ႏွင့္ ခ်ိတ္ဆက္ထားသည့္ အျခားဆိုက္ဘာနယ္ပယ္တစ္ခုခုတြင္ျဖစ္ေစ ျပည္ပေရာက္ျမန္မာ ျမန္မာႏိုင္ငံသားက က်ဴးလြန္ပါက အဆိုပါ ဥပေဒအရ စီရင္ပိုင္ခြင့္ ရွိေစရသည္ဟု ျပ႒ာန္းထားသည္။
ယင္းဥပေဒပါ ရည္႐ြယ္ခ်က္မ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ရန္ ဒုတိယသမၼတတစ္ဦးအား ဥကၠ႒၊ ဝန္ႀကီးဌာန၏ ျပည္ေထာင္စုဝန္ႀကီးကို ဒုတိယဥကၠ႒၊ ဆက္စပ္ဝန္ႀကီးဌာနမ်ားမွ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ ဆက္စပ္ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းမ်ားမွ ဥကၠ႒မ်ားကို အဖြဲ႕ဝင္အျဖစ္ ပါဝင္ေသာ ဆိုက္ဘာလုံၿခဳံေရးဆိုင္ရာဗဟိုေကာ္မတီကို ဖြဲ႕စည္းရမည္ ျဖစ္ေၾကာင္း ျပ႒ာန္းထားသည္။
အဆိုပါ ဥပေဒအား ျပ႒ာန္းရျခင္းရည္႐ြယ္ခ်က္မ်ားမွာ (က) ဆိုက္ဘာအရင္းအျမစ္၊ အေရးႀကီးသတင္းအခ်က္အလက္ အေျခခံအေဆာက္အအုံမ်ားႏွင့္ အီလက္ထေရာနစ္သတင္းအခ်က္အလက္မ်ားအား လုံၿခဳံစိတ္ခ်စြာ အသုံးျပဳႏိုင္ရန္၊(ခ) အီလက္ထေရာနစ္ နည္းပညာမ်ားအသုံးျပဳ၍ ဆိုက္ဘာလုံၿခဳံေရးၿခိမ္းေျခာက္ျခင္း၊ ဆိုက္ဘာတိုက္ခိုက္ျခင္း (သို႔မဟုတ္) ဆိုက္ဘာအလြဲအသုံးျပဳျခင္းျဖင့္ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာႏွင့္ တည္ၿငိမ္ေအးခ်မ္းမႈကို ထိခိုက္ေစျခင္းမွ ကာကြယ္ ေစာင့္ေရွာက္ႏိုင္ရန္၊(ဂ) ဆိုက္ဘာလုံၿခဳံေရးဆိုင္ရာဝန္ေဆာင္မႈလုပ္ငန္းမ်ား စနစ္တက် ဖြံ႕ၿဖိဳးတိုးတက္လာေစရန္၊ (ဃ)ဆိုက္ဘာမႈခင္းမ်ားကို ထိေရာက္စြာ စုံစမ္းေဖာ္ထုတ္အေရးယူႏိုင္ရန္၊(င) ဆိုက္ဘာအရင္းအျမစ္ကို အေျခခံေသာ ဒီဂ်စ္တယ္စီးပြားေရးစနစ္ကို အေထာက္အကူျပဳႏိုင္ေစရန္ဟူ၍ အခ်က္(၅)ခ်က္ ပါဝင္ေၾကာင္း သိရသည္။
ျပစ္မႈ၊ျပစ္ဒဏ္မ်ားအျဖစ္ ႏိုင္ငံ့ဝန္ထမ္းမဟုတ္သည့္အေရးႀကီးသတင္းအခ်က္အလက္၊ အေျခခံ အေဆာက္အအုံ စီမံထိန္းသိမ္းရန္ တာဝန္ရွိသူက အဆိုပါ ဥပေဒပုဒ္မ (၁၇) ၊ ပုဒ္မခြဲ (က) ဒါမွမဟုတ္ (ခ) ကို လိုက္နာေဆာင္႐ြက္ရန္ ပ်က္ကြက္ပါက အနည္ဆုံး တစ္လ မွ အမ်ားဆုံး (၆)လထိ ေထာင္ဒဏ္၊ က်ပ္ (၁၀) သိန္း မွ က်ပ္သိန္း (၁၀၀)ထက္ မပိုသည့္ ေငြဒဏ္ဟူ၍ ျပစ္ဒဏ္ႏွဏ္ရပ္စလုံး ခ်မွတ္ခံရ ႏိုင္သည္ဟု သိရသည္။
ထို႔ျပင္ ဆိုက္ဘာလုံၿခဳံေရးဆိုင္ရာ ဝန္ေဆာင္မႈလုပ္ငန္း လိုင္စင္မရွိပဲ ေဆာင္႐ြက္ပါက ထိုသူကို အနည္ဆုံး တစ္လ မွ အမ်ားဆုံး (၆)လထိ ေထာင္ဒဏ္၊ က်ပ္ (၁၀)သိန္း မွ က်ပ္သိန္း (၁၀၀)ထက္ မပိုေသာ ေငြဒဏ္ဟူ၍ ျပစ္ဒဏ္ႏွစ္ရပ္စလုံး ခ်မွတ္ခံရမည္ေၾကာင္း သိရသည္။
ျပစ္မႈက်ဴးလြန္သူအေနျဖင့္ ကုမၸဏီ (သို႔မဟုတ္) အဖြဲ႕အစည္းျဖစ္ပါက က်ပ္သိန္း(၁၀၀)ေအာက္ မနည္းသည့္ ေငြဒဏ္ခ်မွတ္ခံရမည့္အျပင္ အမႈႏွင့္သက္ဆိုင္ေသာ သက္ေသခံပစၥည္းမ်ားကိုလည္း ႏိုင္ငံ့ဘ႑ာအျဖစ္ သိမ္းဆည္းခံရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္ကို ရယူျခင္းမရွိပဲ ဗီပီအန္(VPN) ထူေထာင္ျခင္း သို႔ဟုတ္ ဗီပီအန္(VPN) ဝန္ေဆာင္မႈေပးျခင္းမ်း လုပ္ေဆာင္ပါက ထိုသူကို အနည္းဆုံး တစ္လ မွ အမ်ားဆုံး (၆)လထိ ေထာင္ဒဏ္၊ က်ပ္ (၁၀) သိန္း မွ က်ပ္သိန္း(၁၀၀)ထက္မပိုသည့္ ေငြဒဏ္ႏွင့္ ျပစ္ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ခံရမည္ျဖစ္ေၾကာင္း သိရသည္။
အမ်ားျပည္သူ ၾကည့္ရႈရန္ မသင့္ေတာ္သည့္သတင္းအခ်က္အလက္မ်ားအား အီလက္ထေရာနစ္ နည္းပညာျဖင့္ ျဖန႔္ေဝျခင္း၊ ေပးပို႔ျခင္း၊ ကူးယူျခင္း၊ ေရာင္းခ်ျခင္းျပဳလုပ္ပါက ေထာင္ဒဏ္ အနည္းဆုံး တစ္လ မွ (၆)လ၊ က်ပ္(၁၀)သိန္းမွ က်ပ္သိန္း(၁၀၀)ထက္မပိုသည့္ ေငြဒဏ္ႏွင့္ ျပစ္ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ခံရမည္ျဖစ္ေၾကာင္း သိရသည္။
ခြင့္ျပဳခ်က္မရွိပဲ အြန္လိုင္းေလာင္းကစားစနစ္ တည္ေဆာက္ျခင္း ျပဳလုပ္ပါက ထိုသူကို အနည္းဆုံး (၆)လ မွ အမ်ားဆုံး တစ္ႏွစ္ထိ ေထာင္ဒဏ္၊ က်ပ္သိန္း (၅၀)မွ က်ပ္သိန္း(၂၀၀)ရာ ထက္မပိုသည္ႏွင့္ ျပစ္ဒဏ္ႏွစ္ရပ္စလုံးျဖစ္ေစ ခ်မွတ္ခံရမည္ျဖစ္ေၾကာင္း သိရသည္