ကိုးကန့် MNDAA ဘက်မှ ပူးပေါင်းတိုက်ခိုက်ခဲ့သော PDF နှင့် အခြားလက်နက်ကိုင်များ လောက်ကိုင်မြို့၌ အိမ်ရာမဲ့များကဲ့သို့ ရှင်သန်နေရ
2373
မြူနစ် (NP News) - ဇန်နဝါရီ ၂
ရှမ်းမြောက်ဒေသတွင် MNDAA ဘက်မှ ပူးပေါင်းတိုက်ခိုက်ခဲ့သော PDF နှင့်အခြားလက်နက်ကိုင်များသည် လောက်ကိုင် မြို့၌ အိမ်ခြေရာမဲ့များကဲ့သို့ ရှင်သန်နေရကြောင်း မြို့ခံများထံမှ သိရသည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအာင်း လက်နက်ကိုင်အဖွဲ့ TNLA ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့်အတူ PDF ၊ KNDA လက်နက်ကိုင်အဖွဲ့များသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖော်ဆောင်သည့် တိုက်ပွဲများ၌ ပူးပေါင်းပါဝင်မှုများ ရှိခဲ့သည်။
လက်ရှိတွင် KNDF အပါအဝင် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သော လက်နက်ကိုင်အဖွဲ့ဝင်များသည် ထိခိုက်ဒဏ်ရာများနှင့် အတူ လောက်ကိုင်မြို့၌ သောင်တင်နေလျက်ရှိပြီး အိမ်ခြေရာမဲ့များကဲ့သို့ နေထိုင်ရပ်တည်နေရလျက်ရှိကြောင်း မြို့ခံများက NP News ကို ပြောသည်။
“KNDF ကလို့တော့ ပြောတယ်။ သူများကို တိုက်ကူပြီးတော့ အခု ဒုက္ခတွေရောက်နေတာလေ။ ထမင်းစားဖို့တောင် ခက်ခဲနေတာ။ ဟိုနေရာမှာ ကပ်စားလိုက်၊ ဒီနေရာမှာ ကပ်စားလိုက်ဖြစ်နေတာ။ နေစရာလည်း မရှိဘူးဖြစ်နေကြတာ။ သူတို့ တိုက်ခိုက်ကူခဲ့တဲ့ MNDAA ကလည်း ဘာနေရာမှ မပေး တဲ့သဘောဖြစ်နေတာ။ အရင်တုန်းကတော့ ဟိုတယ် တွေမှာ လာတည်းတာရှိတယ်။ အခုတော့ မတည်းနိုင်ကြတော့ဘူးလေ။ သူတို့က တပ်ရင်းလိုက် လာပြီး တော့ကူတိုက် ပေးတာ။ ကျသွားတာလည်း တော်တော်များတယ်ပြောတယ်။ တပ်ရင်းလုံးကိုမှ (၉)ယောက် လောက်ပဲ ကျန်တော့တာ လို့ပြောတယ်။ ပြီးတော့ ဒဏ်ရာရလို့ လာကုတော့လည်း MNDAA က နေထိုင်ခွင့်ကတ်ရှိလား၊ ဘာညာနဲ့တောင် ဖမ်းသေး တယ်။ သူတို့မှာ နေစရာတောင် မရှိတော့ဘူး။ စားစရာလည်း မရှိဘူး။ အဲဒါကြောင့် ဟိုပြေးကပ်လိုက်၊ ဒီပြေးကပ်လိုက် ဖြစ်နေတာ။ MNDAA က သူတို့ ကြွက်တွင်းကို ပေးမခိုတဲ့အပြင် အဖီတောင် ဆွဲမချပေးဘူး။ အဲဒီလိုဖြစ်နေတာ” ဟု လောက်ကိုင်မြို့ခံက ပြောသည်။
ထို့ပြင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA သည် ၎င်းတို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ပေးခဲ့သော မဟာမိတ်လက်နက် ကိုင်အဖွဲ့ဝင်များကို လောက်ကိုင်မြို့၌ နေထိုင်ခွင့်ကဒ်မရှိပါက ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းများကိုလည်း ပြုလုပ်နေ လျက်ရှိကြောင်း မြို့ခံများက ဆိုသည်။ အလားတူ NUG ၏ PDF အဖွဲ့ဝင်များကိုလည်း MNDAA အဖွဲ့က လောက်ကိုင်မြို့တွင် တစ်ယောက်မကျန် နှင်ထုတ်နေလျက်ရှိကြောင်း မြို့ခံများက ဆက်လက်ပြောသည်။
“သူတို့လာတိုက်ပေးလို့ ဒဏ်ရာရလို့ ဆေးကုတာ။ ဆေးကုပြီးတော့ လောက်ကိုင်မှာလည်း နေထိုင်လို့မရဘူး။ နေထိုင် ခွင့် မရှိဘူးဆိုပြီး အချုပ်ထဲကို ဖမ်းပြီးတော့ထည့်တယ်။ အဲဒီလိုပြောတာပဲ။ အခု သူတို့က ထိုင်းဘက်ကို သွားချင်နေတာ။ သူတို့ အဖွဲ့အစည်း တွေကလည်း မှတ်ပုံတင်တွေ သိမ်းထားတော့ ဘယ်မှမသွားနိုင်ဘူးဖြစ်နေတာ လို့ပြောတယ်။ ဒါပေမဲ့ အခု လောက်ကိုင်မှာ NUG ရဲ့ PDF တွေက သိပ်မရှိတော့ဘူး။ အရင်တုန်းကရှိတယ်။ အခု သူတို့ကိုမတွေ့ရတာ (၁၀)ရက် ကျော်လောက်တောင်ရှိနေပြီ။ MNDAA က မောင်းထုတ်ထားတာနဲ့တူတယ်။ တစ်ယောက်ဆိုရင် ခြေတောက်ပြတ်နေလို့ အတုဆက် ထားတယ်။ အခုတော့ တစ်ယောက်မှကို မတွေ့ရဘူး။ NUG ဘက်ကလူတွေကို နှင်ထုတ်ထားတာဖြစ် လောက်တယ်။ NUG ကိုလက်မခံဘူးဆိုတဲ့သဘော” ဟု လောက်ကိုင်မြို့ခံက ပြောသည်။
ရှမ်းမြောက်ဒေသတိုက်ပွဲများတွင် ကိုးကန့်အဖွဲ့ MNDAA ဘက်မှ NUG လက်အောက်ခံ PDF အဖွဲ့ဝင်များ၊ ကယား လက်နက်ကိုင်အဖွဲ့ KNDF အဖွဲ့ဝင်များ ရှေ့ဆုံးမှပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူအများအပြားရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သောကာလများတွင် ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA သည် NUG နှင့် ပူးပေါင်းမည်မ ဟုတ်ကြောင်း တရားဝင်အသိပေးထုတ်ပြန်ခဲ့သကဲ့သို့ နစက အစိုးရနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်းကိုလည်း မကြာခဏ ဆိုသကဲ့သို့ ထုတ်ပြန်လေ့ရှိခဲ့သည် ကို တွေ့ရသည်။
Zawgyi Version;
ကိုးကန႔္ MNDAA ဘက္မွ ပူးေပါင္းတိုက္ခိုက္ခဲ့ေသာ PDF ႏွင့္ အျခားလက္နက္ကိုင္မ်ား ေလာက္ကိုင္ၿမိဳ႕၌ အိမ္ရာမဲ့မ်ားကဲ့သို႔ ရွင္သန္ေနရ
ျမဴနစ္ (NP News) - ဇန္နဝါရီ ၂
ရွမ္းေျမာက္ေဒသတြင္ MNDAA ဘက္မွ ပူးေပါင္းတိုက္ခိုက္ခဲ့ေသာ PDF ႏွင့္အျခားလက္နက္ကိုင္မ်ားသည္ ေလာက္ကိုင္ ၿမိဳ႕၌ အိမ္ေျခရာမဲ့မ်ားကဲ့သို႔ ရွင္သန္ေနရေၾကာင္း ၿမိဳ႕ခံမ်ားထံမွ သိရသည္။
ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA၊ တအာင္း လက္နက္ကိုင္အဖြဲ႕ TNLA ၊ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ႏွင့္အတူ PDF ၊ KNDA လက္နက္ကိုင္အဖြဲ႕မ်ားသည္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေဖာ္ေဆာင္သည့္ တိုက္ပြဲမ်ား၌ ပူးေပါင္းပါဝင္မႈမ်ား ရွိခဲ့သည္။
လက္ရွိတြင္ KNDF အပါအဝင္ ပူးေပါင္းပါဝင္တိုက္ခိုက္ခဲ့ေသာ လက္နက္ကိုင္အဖြဲ႕ဝင္မ်ားသည္ ထိခိုက္ဒဏ္ရာမ်ားႏွင့္ အတူ ေလာက္ကိုင္ၿမိဳ႕၌ ေသာင္တင္ေနလ်က္ရွိၿပီး အိမ္ေျခရာမဲ့မ်ားကဲ့သို႔ ေနထိုင္ရပ္တည္ေနရလ်က္ရွိေၾကာင္း ၿမိဳ႕ခံမ်ားက NP News ကို ေျပာသည္။
“KNDF ကလို႔ေတာ့ ေျပာတယ္။ သူမ်ားကို တိုက္ကူၿပီးေတာ့ အခု ဒုကၡေတြေရာက္ေနတာေလ။ ထမင္းစားဖို႔ေတာင္ ခက္ခဲေနတာ။ ဟိုေနရာမွာ ကပ္စားလိုက္၊ ဒီေနရာမွာ ကပ္စားလိုက္ျဖစ္ေနတာ။ ေနစရာလည္း မရွိဘူးျဖစ္ေနၾကတာ။ သူတို႔ တိုက္ခိုက္ကူခဲ့တဲ့ MNDAA ကလည္း ဘာေနရာမွ မေပး တဲ့သေဘာျဖစ္ေနတာ။ အရင္တုန္းကေတာ့ ဟိုတယ္ ေတြမွာ လာတည္းတာရွိတယ္။ အခုေတာ့ မတည္းႏိုင္ၾကေတာ့ဘူးေလ။ သူတို႔က တပ္ရင္းလိုက္ လာၿပီး ေတာ့ကူတိုက္ ေပးတာ။ က်သြားတာလည္း ေတာ္ေတာ္မ်ားတယ္ေျပာတယ္။ တပ္ရင္းလုံးကိုမွ (၉)ေယာက္ ေလာက္ပဲ က်န္ေတာ့တာ လို႔ေျပာတယ္။ ၿပီးေတာ့ ဒဏ္ရာရလို႔ လာကုေတာ့လည္း MNDAA က ေနထိုင္ခြင့္ကတ္ရွိလား၊ ဘာညာနဲ႔ေတာင္ ဖမ္းေသး တယ္။ သူတို႔မွာ ေနစရာေတာင္ မရွိေတာ့ဘူး။ စားစရာလည္း မရွိဘူး။ အဲဒါေၾကာင့္ ဟိုေျပးကပ္လိုက္၊ ဒီေျပးကပ္လိုက္ ျဖစ္ေနတာ။ MNDAA က သူတို႔ ႂကြက္တြင္းကို ေပးမခိုတဲ့အျပင္ အဖီေတာင္ ဆြဲမခ်ေပးဘူး။ အဲဒီလိုျဖစ္ေနတာ” ဟု ေလာက္ကိုင္ၿမိဳ႕ခံက ေျပာသည္။
ထို႔ျပင္ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA သည္ ၎တို႔ႏွင့္အတူ ပူးေပါင္းတိုက္ခိုက္ေပးခဲ့ေသာ မဟာမိတ္လက္နက္ ကိုင္အဖြဲ႕ဝင္မ်ားကို ေလာက္ကိုင္ၿမိဳ႕၌ ေနထိုင္ခြင့္ကဒ္မရွိပါက ဖမ္းဆီးျခင္း၊ ခ်ဳပ္ေႏွာင္ျခင္းမ်ားကိုလည္း ျပဳလုပ္ေန လ်က္ရွိေၾကာင္း ၿမိဳ႕ခံမ်ားက ဆိုသည္။ အလားတူ NUG ၏ PDF အဖြဲ႕ဝင္မ်ားကိုလည္း MNDAA အဖြဲ႕က ေလာက္ကိုင္ၿမိဳ႕တြင္ တစ္ေယာက္မက်န္ ႏွင္ထုတ္ေနလ်က္ရွိေၾကာင္း ၿမိဳ႕ခံမ်ားက ဆက္လက္ေျပာသည္။
“သူတို႔လာတိုက္ေပးလို႔ ဒဏ္ရာရလို႔ ေဆးကုတာ။ ေဆးကုၿပီးေတာ့ ေလာက္ကိုင္မွာလည္း ေနထိုင္လို႔မရဘူး။ ေနထိုင္ ခြင့္ မရွိဘူးဆိုၿပီး အခ်ဳပ္ထဲကို ဖမ္းၿပီးေတာ့ထည့္တယ္။ အဲဒီလိုေျပာတာပဲ။ အခု သူတို႔က ထိုင္းဘက္ကို သြားခ်င္ေနတာ။ သူတို႔ အဖြဲ႕အစည္း ေတြကလည္း မွတ္ပုံတင္ေတြ သိမ္းထားေတာ့ ဘယ္မွမသြားႏိုင္ဘူးျဖစ္ေနတာ လို႔ေျပာတယ္။ ဒါေပမဲ့ အခု ေလာက္ကိုင္မွာ NUG ရဲ႕ PDF ေတြက သိပ္မရွိေတာ့ဘူး။ အရင္တုန္းကရွိတယ္။ အခု သူတို႔ကိုမေတြ႕ရတာ (၁၀)ရက္ ေက်ာ္ေလာက္ေတာင္ရွိေနၿပီ။ MNDAA က ေမာင္းထုတ္ထားတာနဲ႔တူတယ္။ တစ္ေယာက္ဆိုရင္ ေျခေတာက္ျပတ္ေနလို႔ အတုဆက္ ထားတယ္။ အခုေတာ့ တစ္ေယာက္မွကို မေတြ႕ရဘူး။ NUG ဘက္ကလူေတြကို ႏွင္ထုတ္ထားတာျဖစ္ ေလာက္တယ္။ NUG ကိုလက္မခံဘူးဆိုတဲ့သေဘာ” ဟု ေလာက္ကိုင္ၿမိဳ႕ခံက ေျပာသည္။
ရွမ္းေျမာက္ေဒသတိုက္ပြဲမ်ားတြင္ ကိုးကန႔္အဖြဲ႕ MNDAA ဘက္မွ NUG လက္ေအာက္ခံ PDF အဖြဲ႕ဝင္မ်ား၊ ကယား လက္နက္ကိုင္အဖြဲ႕ KNDF အဖြဲ႕ဝင္မ်ား ေရွ႕ဆုံးမွပူးေပါင္းပါဝင္တိုက္ခိုက္ခဲ့ရာ ထိခိုက္ေသဆုံးသူအမ်ားအျပားရွိခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့ေသာကာလမ်ားတြင္ ကိုးကန႔္လက္နက္ကိုင္ အဖြဲ႕ MNDAA သည္ NUG ႏွင့္ ပူးေပါင္းမည္မ ဟုတ္ေၾကာင္း တရားဝင္အသိေပးထုတ္ျပန္ခဲ့သကဲ့သို႔ နစက အစိုးရႏွင့္ ေတြ႕ဆုံေဆြးေႏြးလိုေၾကာင္းကိုလည္း မၾကာခဏ ဆိုသကဲ့သို႔ ထုတ္ျပန္ေလ့ရွိခဲ့သည္ ကို ေတြ႕ရသည္။