ရွှေစင်အကယ်ဒမီရွှေဆိုင်မှ ငွေကျပ်သိန်း(၃၀၀၀၀)ခန့်ရှိ ရွှေထည်များကို သေနတ်ပြခြိမ်းခြောက်လုယက်သူ (၄)ဦး အနက် (၂)ဦး ဖမ်းမိထား

 1350

ချယ်ရီ (NP News) - ဇန်နဝါရီလ ၂

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်မှ ငွေကျပ်သိန်း(၃၀၀၀၀)ခန့်ရှိ ရွှေထည်များ ကို သေနတ်ပြခြိမ်းခြောက်လုယက်သူ (၄)ဦး အနက် (၂)ဦးဖမ်းမိထားကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့်(ဒီဇင်ဘာလ ၁၈ ရက်)၊ ညနေ ၅ နာရီခွဲ အချိန်ခန့်က မဟာအောင်မြေမြို့နယ်၊ ဟေမမာလာ မြောက်ရပ်ကွက်၊ ၇၇ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေစင်အကယ်ဒမီရွှေဆိုင်၏ ရွှေဆိုင်ပိုင်ရှင်ဖြစ်သော အသက်(၅၂)နှစ်ရှိ ဒေါ်ဝင်းဝင်းအေးသည် ဆိုင်ပိတ်၍ ဆိုင်အတွင်း အရောင်းဝန်ထမ်းများနှင့်အတူ ရှိနေစဉ် နံပါတ်ပြားမပါသော Click အနက်ရောင်ဆိုင်ကယ်(၁)စီးဖြင့် Mask များ တပ်ဆင်ထားသည့် အမျိုးသား (၃) ဦး ရောက်ရှိလာပြီး (၁) ဦးမှာ ဆိုင်ပေါက်ဝ၌ စောင့်ပေး၍ ပစ္စတိုသေနတ်ကိုယ်စီ ကိုင်ဆောင်ထားသော အမျိုးသား(၂) ဦးမှာ ဆိုင်အတွင်းသို့ ဝင်ရောက်၍ သေနတ်ပြခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကောင်တာဘေးစားပွဲပေါ်တွင် တင်ထားသော ရွှေထည်အတုံး၊ ဆွဲကြိုးနှင့် လက်ကောက်ထည့်ထားသော ပလတ်စတစ်ပုံး (၃) ပုံး အတွင်းမှ အလေးချိန်( ၃ ပိဿာ ၅၅ ကျပ်သား)ခန့်ရှိသော ရွှေထည်ပစ္စည်းမျိုးစုံကို လုယက် ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး မဟာအောင်မြေမြို့မ ရဲစခန်းတွင် (ပ) ၃၃၀/၂၀၂၄၊ ရာဇသတ် ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုရေးဖွင့်စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ကြရာ လုယက်မှု ကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ဆိုင်ကယ် (၂) စီးအနက် Honda CBR 150 အမျိုးအစားဆိုင်ကယ်ကို ချမ်းအေးသာစံ မြို့နယ်ရှိ အလင်းရောင် ဆိုင်ကယ်ပြုပြင်ရေးဆိုင်၌ အမျိုးသားတစ်ဦးမှ ပြန်လည်ရောင်းချပေးရန် လာရောက်အပ်နှံထား ကြောင်းသိရ၍ စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ ပုသိမ်ကြီးမြို့နယ်၊ ဂွေ့ကြီးကုန်းကျေးရွာတွင်နေထိုင်သည့် လုယက်မှုကျူးလွန်ခဲ့ သူ အသက်(၂၅)နှစ်အရွယ်ရှိ ဖြိုးသက်အောင် (ခ) ဖြိုးလေးကို ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၃) ရက်၊ ညနေ ၄ နာရီ ၂၀ မိနစ် တွင် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ K- Mandalay" လက်ဖက်ရည် ဆိုင်အနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ လုယက်မှုကျူးလွန်ရာမှ ဝေစုအဖြစ်ရရှိခဲ့သော ရွှေထည်ပစ္စည်းများကို ၎င်း၏နေအိမ်၌ သိမ်းဆည်းထားကြောင်း ထွက်ဆိုခဲ့သဖြင့် သွားရောက်ရှာဖွေခဲ့ရာတွင် နေအိမ်ရှိ Air Cooler အတွင်းမှ (၆၂) ကျပ်သား၊ (၄)ပဲ၊ (၂) ရွေးရှိ ရွှေထည်ပစ္စည်းမျိုးစုံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ထွက်ဆိုချက်အရ လုယက်မှုကျူးလွန်ရာ၌ ပါဝင်ကျူးလွန်သူ တစ်ဦးဖြစ်သည့် ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ် ကွက်တွင် နေထိုင်သော အသက်(၂၉)နှစ်အရွယ်ရှိ ဇင်မျိုးထိုက် (ခ)ဇင်မျိုးကို ဒီဇင်ဘာလ(၂၄)ရက်၊ နံနက်(၂) နာရီခွဲအချိန်တွင် ၎င်း၏ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး လုယက်စဉ်က အသုံးပြုခဲ့သည့် Honda Click ဆိုင်ကယ် ၁ စီး၊ နေအိမ်အပေါ်ထပ်ရှိ Air Con အပေါ်မှ ဝေစုအဖြစ်ရရှိထားသော ရွှေထည်ပစ္စည်း (၂၄) ကျပ်သား ခန့်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရန်ကျန်ရှိသည့်ကျုးလွန်သူ အောင်မျိုးသူ၏ နေအိမ်ကို ဒီဇင်ဘာလ ၂၅ ရက်၊ ည ၁၀ နာရီခွဲတွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်တွင် ၎င်းနေထိုင်သောနေအိမ်သို့သွားရောက် ဆက်လက်ရှာဖွေခဲ့ရာ တရားခံ အောင်မျိုးသူအား တွေ့ရှိရခြင်းမရှိဘဲ ၎င်းအသုံးပြုနေသော Honda Fitကား၏ လေထိုးစက်အံဝှက်ခန်းအတွင်းမှ လုယက်မှုကျူးလွန်ရာတွင်ရရှိခဲ့သည့် ရွှေထည်ပစ္စည်း(၇၈) ကျပ် (၅)မူးသားကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ဖြိုးသက်အောင်(ခ)ဖြိုးလေးနှင့် ဇင်မျိုးထိုက်(ခ)ဇင်မျိုးတို့၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၁၀ ရက်တွင် ၎င်းတို့နှင့် ခင်မင်ရင်းနှီးသည့် မြဝတီမြို့တွင်နေထိုင်သူ အောင်မျိုးသူနှင့် ဝင်းမြတ်သူတို့( ၂ )ဦးမှာ မန္တလေးမြို့သို့ ရောက်ရှိနေကြောင်း သိရှိရသဖြင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့နောက် အောင်မျိုးသူထံမှ ပစ္စတိုသေနတ်(၂) လက်ရှိကြောင်းနှင့် ၎င်းပစ္စတိုသေနတ်များကို အသုံးပြု၍ အောင်မျိုးသူမှ ခေါင်း ဆောင်ကာ ၎င်းတို့ (၄) ဦးက ရွှေစင်အကယ်ဒမီရွှေဆိုင်ကို ဝင်ရောက်လုယက်ရန် တိုင်ပင်ခဲ့ကြပြီး ရွှေဆိုင်အနီးပတ်ဝန်းကျင်သို့ (၇ )ရက်ခန့် သွားရောက်ကာ တစ်ဦးချင်းအလှည့်ကျ အခြေအနေစောင့်ကြည့်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ (၁၈) ရက်၊ ညနေ (၅ )နာရီအချိန်ခန့်တွင် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းပြန်သွားခြင်းကို တွေ့ရှိပြီးနောက် ဖြိုးသက်အောင် (ခ)ဖြိုးလေး၊ ဝင်းမြတ်သူ၊ အောင်မျိုးသူ တို့က Click ဆိုင်ကယ်ဖြင့်လည်းကောင်း၊ ဇင်မျိုးထိုက် (ခ) ဇင်မျိုးမှ CBR ဆိုင်ကယ်ဖြင့် လည်းကောင်း သွားရောက်ခဲ့ကြပြီး ဇင်မျိုးထိုက် (ခ) ဇင်မျိုးမှ ရွှေဆိုင်အနီး၌ CBR ဆိုင်ကယ်အား ကျယ်လောင်ဆူညံစွာ မောင်းနှင်ကာ ပတ်ဝန်းကျင်အား အာရုံလွှဲကာ အောင်မျိုးသူနှင့် ဝင်းမြတ်သူတို့မှ ပစ္စတိုသေနတ်များကိုယ်စီကိုင်ဆောင်၍ ဖြိုးသက်အောင် (ခ) ဖြိုးလေး နှင့်အတူ ရွှေဆိုင်အတွင်းဝင်၍ ဆိုင်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်မှု ကျူးလွန်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများကို အဖွဲ့ခေါင်းဆောင်ဖြစ်သူ အောင်မျိုးသူနှင့် ဝင်းမြတ်သူတို့က (၁) ပုံ၊ ဖြိုးသက် အောင် (ခ) ဖြိုးလေးနှင့် ဇင်မျိုးထိုက် (ခ) ဇင်မျိုးတို့က (၁) ပုံကျ အသီးသီးခွဲဝေယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လုယက်မှု ကျူးလွန် စဉ်က အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်( ၂) လက်သည် အောင်မျိုးသူက မြဝတီမြို့၌ နေထိုင်စဉ် အမျိုးသား တစ်ဦးထံမှ ဝယ်ယူခဲ့ခြင်းမျိုးလည်း ဖြစ်ကြောင်း စစ်ဆေးချက်အရ သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိထားသည့် ဖြိုးသက်အောင် (ခ) ဖြိုးလေးနှင့် ဇင်မျိုးထိုက် (ခ) ဇင်မျိုးတို့ကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန်ရှိနေသော အောင်မျိုးသူနှင့် ဝင်းမြတ်သူ တို့ကို ဖမ်းဆီးရမိနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ေ႐ႊစင္အကယ္ဒမီေ႐ႊဆိုင္မွ ေငြက်ပ္သိန္း(၃၀၀၀၀)ခန႔္ရွိ ေ႐ႊထည္မ်ားကို ေသနတ္ျပၿခိမ္းေျခာက္လုယက္သူ (၄)ဦး အနက္ (၂)ဦး ဖမ္းမိထား
ခ်ယ္ရီ (NP News) - ဇန္နဝါရီလ ၂

မႏၲေလးတိုင္းေဒသႀကီး မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ေ႐ႊစင္အကယ္ဒမီေ႐ႊဆိုင္မွ ေငြက်ပ္သိန္း(၃၀၀၀၀)ခန႔္ရွိ ေ႐ႊထည္မ်ား ကို ေသနတ္ျပၿခိမ္းေျခာက္လုယက္သူ (၄)ဦး အနက္ (၂)ဦးဖမ္းမိထားေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္(ဒီဇင္ဘာလ ၁၈ ရက္)၊ ညေန ၅ နာရီခြဲ အခ်ိန္ခန႔္က မဟာေအာင္ေျမၿမိဳ႕နယ္၊ ေဟမမာလာ ေျမာက္ရပ္ကြက္၊ ၇၇ လမ္း၊ ၃၆ လမ္းႏွင့္ ၃၇ လမ္းၾကားရွိ ေ႐ႊစင္အကယ္ဒမီေ႐ႊဆိုင္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေ႐ႊစင္အကယ္ဒမီေ႐ႊဆိုင္၏ ေ႐ႊဆိုင္ပိုင္ရွင္ျဖစ္ေသာ အသက္(၅၂)ႏွစ္ရွိ ေဒၚဝင္းဝင္းေအးသည္ ဆိုင္ပိတ္၍ ဆိုင္အတြင္း အေရာင္းဝန္ထမ္းမ်ားႏွင့္အတူ ရွိေနစဥ္ နံပါတ္ျပားမပါေသာ Click အနက္ေရာင္ဆိုင္ကယ္(၁)စီးျဖင့္ Mask မ်ား တပ္ဆင္ထားသည့္ အမ်ိဳးသား (၃) ဦး ေရာက္ရွိလာၿပီး (၁) ဦးမွာ ဆိုင္ေပါက္ဝ၌ ေစာင့္ေပး၍ ပစၥတိုေသနတ္ကိုယ္စီ ကိုင္ေဆာင္ထားေသာ အမ်ိဳးသား(၂) ဦးမွာ ဆိုင္အတြင္းသို႔ ဝင္ေရာက္၍ ေသနတ္ျပၿခိမ္းေျခာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ေကာင္တာေဘးစားပြဲေပၚတြင္ တင္ထားေသာ ေ႐ႊထည္အတုံး၊ ဆြဲႀကိဳးႏွင့္ လက္ေကာက္ထည့္ထားေသာ ပလတ္စတစ္ပုံး (၃) ပုံး အတြင္းမွ အေလးခ်ိန္( ၃ ပိႆာ ၅၅ က်ပ္သား)ခန႔္ရွိေသာ ေ႐ႊထည္ပစၥည္းမ်ိဳးစုံကို လုယက္ ယူေဆာင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိႏိုင္ေရး မဟာေအာင္ေျမၿမိဳ႕မ ရဲစခန္းတြင္ (ပ) ၃၃၀/၂၀၂၄၊ ရာဇသတ္ ႀကီးပုဒ္မ ၃၉၂ ျဖင့္ အမႈေရးဖြင့္စုံစမ္းေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက နယ္ေျမအတြင္း သတင္းရယူစုံစမ္းျခင္းမ်ား ေဆာင္႐ြက္ခဲ့ၾကရာ လုယက္မႈ က်ဴးလြန္စဥ္က အသုံးျပဳခဲ့သည့္ ဆိုင္ကယ္ (၂) စီးအနက္ Honda CBR 150 အမ်ိဳးအစားဆိုင္ကယ္ကို ခ်မ္းေအးသာစံ ၿမိဳ႕နယ္ရွိ အလင္းေရာင္ ဆိုင္ကယ္ျပဳျပင္ေရးဆိုင္၌ အမ်ိဳးသားတစ္ဦးမွ ျပန္လည္ေရာင္းခ်ေပးရန္ လာေရာက္အပ္ႏွံထား ေၾကာင္းသိရ၍ ေစာင့္ဆိုင္းဖမ္းဆီးခဲ့ရာ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေဂြ႕ႀကီးကုန္းေက်း႐ြာတြင္ေနထိုင္သည့္ လုယက္မႈက်ဴးလြန္ခဲ့ သူ အသက္(၂၅)ႏွစ္အ႐ြယ္ရွိ ၿဖိဳးသက္ေအာင္ (ခ) ၿဖိဳးေလးကို ၿပီးခဲ့သည့္ ဒီဇင္ဘာလ (၂၃) ရက္၊ ညေန ၄ နာရီ ၂၀ မိနစ္ တြင္ မဟာေအာင္ေျမၿမိဳ႕နယ္၊ ရဲမြန္ေတာင္ရပ္ကြက္ရွိ K- Mandalay" လက္ဖက္ရည္ ဆိုင္အနီး၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

စစ္ေဆးခ်က္အရ လုယက္မႈက်ဴးလြန္ရာမွ ေဝစုအျဖစ္ရရွိခဲ့ေသာ ေ႐ႊထည္ပစၥည္းမ်ားကို ၎၏ေနအိမ္၌ သိမ္းဆည္းထားေၾကာင္း ထြက္ဆိုခဲ့သျဖင့္ သြားေရာက္ရွာေဖြခဲ့ရာတြင္ ေနအိမ္ရွိ Air Cooler အတြင္းမွ (၆၂) က်ပ္သား၊ (၄)ပဲ၊ (၂) ေ႐ြးရွိ ေ႐ႊထည္ပစၥည္းမ်ိဳးစုံ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ ထြက္ဆိုခ်က္အရ လုယက္မႈက်ဴးလြန္ရာ၌ ပါဝင္က်ဴးလြန္သူ တစ္ဦးျဖစ္သည့္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ေမာရဂီဝါရပ္ ကြက္တြင္ ေနထိုင္ေသာ အသက္(၂၉)ႏွစ္အ႐ြယ္ရွိ ဇင္မ်ိဳးထိုက္ (ခ)ဇင္မ်ိဳးကို ဒီဇင္ဘာလ(၂၄)ရက္၊ နံနက္(၂) နာရီခြဲအခ်ိန္တြင္ ၎၏ ေနအိမ္၌ ထပ္မံဖမ္းဆီးရမိခဲ့ၿပီး လုယက္စဥ္က အသုံးျပဳခဲ့သည့္ Honda Click ဆိုင္ကယ္ ၁ စီး၊ ေနအိမ္အေပၚထပ္ရွိ Air Con အေပၚမွ ေဝစုအျဖစ္ရရွိထားေသာ ေ႐ႊထည္ပစၥည္း (၂၄) က်ပ္သား ခန႔္တို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရန္က်န္ရွိသည့္က်ဳးလြန္သူ ေအာင္မ်ိဳးသူ၏ ေနအိမ္ကို ဒီဇင္ဘာလ ၂၅ ရက္၊ ည ၁၀ နာရီခြဲတြင္ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕၊ အမွတ္ (၄) ရပ္ကြက္တြင္ ၎ေနထိုင္ေသာေနအိမ္သို႔သြားေရာက္ ဆက္လက္ရွာေဖြခဲ့ရာ တရားခံ ေအာင္မ်ိဳးသူအား ေတြ႕ရွိရျခင္းမရွိဘဲ ၎အသုံးျပဳေနေသာ Honda Fitကား၏ ေလထိုးစက္အံဝွက္ခန္းအတြင္းမွ လုယက္မႈက်ဴးလြန္ရာတြင္ရရွိခဲ့သည့္ ေ႐ႊထည္ပစၥည္း(၇၈) က်ပ္ (၅)မူးသားကိုလည္း ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသည့္ ၿဖိဳးသက္ေအာင္(ခ)ၿဖိဳးေလးႏွင့္ ဇင္မ်ိဳးထိုက္(ခ)ဇင္မ်ိဳးတို႔၏ ထြက္ဆိုခ်က္အရ ဒီဇင္ဘာလ ၁၀ ရက္တြင္ ၎တို႔ႏွင့္ ခင္မင္ရင္းႏွီးသည့္ ျမဝတီၿမိဳ႕တြင္ေနထိုင္သူ ေအာင္မ်ိဳးသူႏွင့္ ဝင္းျမတ္သူတို႔( ၂ )ဦးမွာ မႏၲေလးၿမိဳ႕သို႔ ေရာက္ရွိေနေၾကာင္း သိရွိရသျဖင့္ သြားေရာက္ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ေအာင္မ်ိဳးသူထံမွ ပစၥတိုေသနတ္(၂) လက္ရွိေၾကာင္းႏွင့္ ၎ပစၥတိုေသနတ္မ်ားကို အသုံးျပဳ၍ ေအာင္မ်ိဳးသူမွ ေခါင္း ေဆာင္ကာ ၎တို႔ (၄) ဦးက ေ႐ႊစင္အကယ္ဒမီေ႐ႊဆိုင္ကို ဝင္ေရာက္လုယက္ရန္ တိုင္ပင္ခဲ့ၾကၿပီး ေ႐ႊဆိုင္အနီးပတ္ဝန္းက်င္သို႔ (၇ )ရက္ခန႔္ သြားေရာက္ကာ တစ္ဦးခ်င္းအလွည့္က် အေျခအေနေစာင့္ၾကည့္ခဲ့ေၾကာင္း သိရသည္။
ဒီဇင္ဘာလ (၁၈) ရက္၊ ညေန (၅ )နာရီအခ်ိန္ခန႔္တြင္ ေ႐ႊဆိုင္လုံၿခဳံေရးဝန္ထမ္းျပန္သြားျခင္းကို ေတြ႕ရွိၿပီးေနာက္ ၿဖိဳးသက္ေအာင္ (ခ)ၿဖိဳးေလး၊ ဝင္းျမတ္သူ၊ ေအာင္မ်ိဳးသူ တို႔က Click ဆိုင္ကယ္ျဖင့္လည္းေကာင္း၊ ဇင္မ်ိဳးထိုက္ (ခ) ဇင္မ်ိဳးမွ CBR ဆိုင္ကယ္ျဖင့္ လည္းေကာင္း သြားေရာက္ခဲ့ၾကၿပီး ဇင္မ်ိဳးထိုက္ (ခ) ဇင္မ်ိဳးမွ ေ႐ႊဆိုင္အနီး၌ CBR ဆိုင္ကယ္အား က်ယ္ေလာင္ဆူညံစြာ ေမာင္းႏွင္ကာ ပတ္ဝန္းက်င္အား အာ႐ုံလႊဲကာ ေအာင္မ်ိဳးသူႏွင့္ ဝင္းျမတ္သူတို႔မွ ပစၥတိုေသနတ္မ်ားကိုယ္စီကိုင္ေဆာင္၍ ၿဖိဳးသက္ေအာင္ (ခ) ၿဖိဳးေလး ႏွင့္အတူ ေ႐ႊဆိုင္အတြင္းဝင္၍ ဆိုင္ဝန္ထမ္းမ်ားအား ေသနတ္ျပၿခိမ္းေျခာက္၍ ေ႐ႊထည္ပစၥည္းမ်ားအား လုယက္မႈ က်ဴးလြန္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။
လုယက္မႈက်ဴးလြန္ရာမွ ရရွိခဲ့သည့္ ေ႐ႊထည္ပစၥည္းမ်ားကို အဖြဲ႕ေခါင္းေဆာင္ျဖစ္သူ ေအာင္မ်ိဳးသူႏွင့္ ဝင္းျမတ္သူတို႔က (၁) ပုံ၊ ၿဖိဳးသက္ ေအာင္ (ခ) ၿဖိဳးေလးႏွင့္ ဇင္မ်ိဳးထိုက္ (ခ) ဇင္မ်ိဳးတို႔က (၁) ပုံက် အသီးသီးခြဲေဝယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လုယက္မႈ က်ဴးလြန္ စဥ္က အသုံးျပဳခဲ့သည့္ ပစၥတိုေသနတ္( ၂) လက္သည္ ေအာင္မ်ိဳးသူက ျမဝတီၿမိဳ႕၌ ေနထိုင္စဥ္ အမ်ိဳးသား တစ္ဦးထံမွ ဝယ္ယူခဲ့ျခင္းမ်ိဳးလည္း ျဖစ္ေၾကာင္း စစ္ေဆးခ်က္အရ သိရသည္။
ထို႔ေၾကာင့္ ဖမ္းဆီးရမိထားသည့္ ၿဖိဳးသက္ေအာင္ (ခ) ၿဖိဳးေလးႏွင့္ ဇင္မ်ိဳးထိုက္ (ခ) ဇင္မ်ိဳးတို႔ကို ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ေရးအတြက္ ေဆာင္႐ြက္လ်က္ရွိၿပီး ဖမ္းဆီးရန္က်န္ရွိေနေသာ ေအာင္မ်ိဳးသူႏွင့္ ဝင္းျမတ္သူ တို႔ကို ဖမ္းဆီးရမိႏိုင္ေရးအတြက္ ဆက္လက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.