အမျိုးသားရေးစိတ်ဓာတ်နှင့် နိုင်ငံ၏အမျိုးသားအကျိုးစီးပွား ဆက်စပ်မှုရှိသလား ...??

 632

လင်းမြတ် (NP News) - ဇန်နဝါရီ ၃

အမျိုးသားရေးနှင့် စစ်မှန်သောနိုင်ငံချစ်စိတ်သည် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားနှင့် တိုက်ရိုက်ဆက်စပ်မှုရှိကြောင်း ထင်ရှားလှသော နိုင်ငံတကာသုတေသနများအရ လေ့လာတွေ့ရှိရသည်။ ထို သို့ဆက်စပ်မှုများတွင် အတွေးအခေါ်များစွာပါဝင်ပြီး အဓိကအချက်အချို့ကို အောက်ပါအတိုင်းဆွေးနွေးသွားပါမည်။

၁။ နိုင်ငံချစ်စိတ် (သို့) လွတ်လပ်သော အမျိုးသား ရေးစိတ်ဓာတ်(Nationalism)။
နိုင်ငံချစ်စိတ် အမျိုးသားရေးစိတ်ဓာတ် သည် အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ သမိုင်း အရ ကိုယ့်နိုင်ငံသားသာ အုပ်ချုပ်ပိုင်ခွင့်နှင့် ပထဝီ အနေအထားများအရ ကြာရှည်တည်တံ့လာသော နိုင်ငံတစ်ခုကို ထိုနိုင်ငံဖွားများက မူပိုင်အဖြစ် ဂုဏ်ပြု/ ဂုဏ်ယူခြင်း အတွေးအခေါ် (သို့မဟုတ်) နှလုံးသား ကလာသော အသိဉာဏ်တစ်ခုဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ်သည် အခြားသော နိုင်ငံအရေးအရာ များနှင့်ယှဉ်လာပါက မိမိနိုင်ငံသားများအားလုံး၏အကျိုးစီးပွားကိုသာ အမြဲမူလပထမဦးစားပေး စီမံခန့်ခွဲ တတ်ခြင်းလည်းဖြစ်သည်။

အမျိုးသားရေးနှင့် နိုင်ငံချစ်စိတ်သည် ယေဘုယျအားဖြင့် အမျိုးမျိုးသော အသွင်အပြင်များ ရှိတတ်ပြီး အတူတူနေထိုင်ကြရသော မတူညီသည့် လူမျိုးရေးအခြေခံသော နိုင်ငံချစ်ခြင်း (Ethnic Nationalism) ကို လူ့အခွင့်အရေး/နိုင်ငံသားအခွင့် အရေးနှင့်ထိန်းညှိပြီး နိုင်ငံသားတစ်ဦးချင်းစီက အ မြဲတမ်းသတိချပ် နေ့စဉ်လူနေမှုဘဝများတွင် လိုက် လျောညီထွေစွာ ပြုပြင်/လိုက်နာ စီမံခန့်ခွဲတတ်ခြင်း ဖြင့် ပြည်သူတစ်ဦးချင်းစီက တာဝန်ယူတတ်ခြင်း ဗဟိုပြုသော အမျိုးသားနိုင်ငံရေးနှင့်နိုင်ငံချစ်စိတ် (Ci­­vic Nationalism) အထိ ကြီးမားမြင့်မြတ်ပါသည်။

၂။ နိုင်ငံ့အကျိုးစီးပွား (သို့) အမျိုးသားအကျိုးစီးပွား (National Interest)။
နိုင်ငံ၏အမျိုးသား အကျိုးစီးပွားသည် နိုင် ငံတစ်နိုင်ငံ၏ လက်ရှိနှင့်အနာဂတ်အခြေပြု အပြည် ပြည်ဆိုင်ရာရည်မှန်းချက်၊ ၎င်းနှင့်စပ်ဆိုင်သောအ ကြောင်းခြင်းရာများကိုရည်òန်းသည်။ အမျိုးသားအ ကျိုးစီးပွားဟုဆိုရာတွင် နိုင်ငံ၏စီးပွားရေး၊ နိုင်ငံတော် လုံခြုံရေး၊ ယဉ်ကျေးမှု၊ နယ်နိမိတ်တည်ရှိခြင်းနှင့် တည်ငြိမ်ဖွံ့ဖြိုးခြင်း၊ နိုင်ငံကို ကိုယ်စားပြုသော အယူ အဆများနှင့် မူဝါဒများကိုအခြေပြုပြီး အပြည်ပြည် ဆိုင်ရာသို့ ထိုးဖောက်ဆက်ဆံခြင်း၊ အခွင့်အရေးများ ရယူခြင်းနှင့် ဩဇာတည်ဆောက်ခြင်းများ ပါဝင်သည်။ အမျိုးသားအကျိုးစီးပွားသည် နိုင်ငံတော်နှင့် နိုင်ငံ သားများ၏အတွင်းရေးနှင့် မျှော်မှန်းချက်၊ ရည်မှန်း ချက်များကို နိုင်ငံတကာအဆင့် ရည်မှန်းချက်အထိတက် လှမ်းနိုင်ရန်ကို အဓိကစွမ်းပကားလည်းဖြစ်သည်။

အမျိုးသားရေးစိတ်ဓာတ်နှင့် နိုင်ငံ၏အမျိုးသားအကျိုး စီးပွားဆက်စပ်မှုအချို့(Correlation Between Nationalism and National Interest)...
နိုင်ငံတကာဆိုင်ရာ အကျိုးစီးပွားနှင့် အုပ်ချုပ်မှုများတွင် ညီညွတ်စွာထိန်းသိမ်းတတ်မှု (Shared Focus on National Identity and Sovereignty) ။ အမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုး သားအကျိုးစီးပွားတို့သည် အများအားဖြင့် နိုင်ငံတစ် နိုင်ငံ၏အဓိကဖြစ်သော လုံခြံရေး/ကာကွယ်ရေး တောင့်တင်းမှု၊ စီးပွားရေးနှင့် မိမိနိုင်ငံအား အခြားနိုင် ငံများက အစဉ်အမြဲအလေးထား အသိအမှတ်ပြု တန်ဖိုးထားနေရန်နှင့် ထိုအခြေအနေကို အစဉ်အမြဲ ထိန်းသိမ်းရန်လုပ်ဆောင်ရာ ညီòတ်မှုနှင့် စောင့် ထိန်းနှုတ်လုံမှုများပါဝင်သည်။ နိုင်ငံချစ်စိတ်ကိုအရင်း တည်ပြီး အခါအားလျော်စွာ ပြင်ဆင်ထိန်းသိမ်းရ သော နိုင်ငံတကာဆိုင်ရာအုပ်ချုပ်မှုပေါ်လစီများကို ချက်ချင်းမိမိစိတ်နှင့်မတွေ့သည့်တိုင် နိုင်ငံ့အကျိုးစီးပွားအတွက်ထောက်ခံပြီး တစ်ကိုယ်တော် လိုက်နာ ရန်လိုအပ်သည်။

နိုင်ငံတကာဆိုင်ရာမူဝါဒများအပေါ်အကျိုးသက်ရောက် စေခြင်(Influence on Foreign Policy)...
အမျိုးသားရေးစိတ်ဓာတ်သည် အခြားနိုင်ငံ များနှင့် ရေရှည်စီမံကိန်းများဆောင်ရွက်ရာတွင် နိုင်ငံ တကာမူဝါဒများကိုဆုံးဖြတ်ရာတွင် အရေးပါသော အုတ်မြစ်ဖြစ်သည်။ အခြားအရေးပါသော နိုင်ငံ့အမျိုး သား အကျိုးစီးပွားများတွင် နိုင်ငံခြားသို့ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ စစ်ရေး၊ ထောက် လှမ်းရေး၊ အပြည်ပြည်ဆိုင်ရာ နိုင်ငံဖြတ်ကျော် ရဲလုပ် ငန်းများစွာပါဝင်သည်။

နိုင်ငံ့စီပွားရေးဆိုင်ရာ အကျိုးစီးပွားများ (Economic Interests)...
အမျိုးသားအကျိုးစီးပွားအတွက် စီးပွား ရေးသက်သက်သာမက ထိုစီးပွားရေးလုပ်ငန်းများ၏ အမျိုးသားရေးဆိုင်ရာစံတန်ဖိုးများကို စိတ်ဓာတ်၊ ခံယူချက်များအားဖြင့် ဂုဏ်ယူကာကွယ်ကြရုံမျှမက ရှေးအနာဂတ်တွင် တိုးတက်စေမည့် အကျိုးသက် ရောက်မှုခံယူချက်များစွာကိုလည်း ဆင့်ကဲမွေးဖွား ပေးရုံမျှမက နိုင်ငံနှင့်လူမျိုး၏ယုံကြည်မှုကို စဉ်ဆက် မပြတ်ခိုင်မာစေသည်။

ယဉ်ကျေးမှုနှင့် လူမှုဆက်ဆံရေးဆိုင်ရာ အကျိုးစီပွားများ(Cultural and Social Interests)...
နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်သည် ပြည်တွင်း ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာနှင့် အထွတ်အမြတ် ထားရာအမွေအနှစ်များ ပိုမိုခိုင်မာပြီး အနာဂတ်နိုင်ငံ ဆက်လက်တည်ဆောက်ရေးတွင် အရေးပါလှသည်။ အခြားသော ယဉ်ကျေးမှုများ မသိမသာတစ်မျိုး သိသိ သာသာတစ်ဖုံ ကူးစက်ရောနှောမလာစေရန် အမျိုး သားယဉ်ကျေးမှု လုံခြုံရေးအတွက် အမျိုးသားရေး သင်္ကေတမျိုးစုံကို စဉ်ဆက်မပြတ် စုစည်းလက်ဆင့် ကမ်းရာတွင်လည်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ်သည် အခြေခံအုတ်မြစ်ပင်ဖြစ်သည်။

ဖြစ်နိုင်ခြေများသော ပဋိပက္ခများ(Why This Correlation Exists?)...
နိုင်ငံတိုင်း မလွဲမသွေ နေ့စဉ်နီးပါး ရင်ဆိုင် နေရသည့် ပြည်တွင်းရေးပဋိပက္ခများ၊ နိုင်ငံတစ်နိုင်ငံ နှင့်တစ်နိုင်ငံအကြား အကျိုးစီပွားဆိုင်ရာ အငြင်းပွား မှုများတွင် အမျိုးသားရေးစိတ်ဓာတ်နှင့် ကင်းကွာ အားနည်းနေပါက ဆင်ခြင်ဆုံးဖြတ်မှုများသည် နိုင်ငံ့ အကျိုးစီးပွားကို အခက်အခဲများစွာကြုံစေပြီး ထိခိုက် ဆုံးရှုံးသည်အထိ အကျိုးယုတ်စေသည်။

ဘာကြောင့် ဆက်စပ်မှုရှိနေဆဲဖြစ်တာလဲ (Why This Correlation Exists?)...
စိတ်ပိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာဖြစ်တည်မှုများ (Ps­y­chological and Cultural Foun­dations)
ယနေ့ မျက်မှောက်ခေတ်တွင် နိုင်ငံချစ် စိတ်၊ မျိုးချစ်စိတ်သည် နိုင်ငံသားတစ်မျိုး လူမျိုးတစ် ခု၏ ဂုဏ်၊ လက္ခဏာ၊ ယဉ်ကျေးမှု၊ အမှတ်အသား၊ လက်ခံထားသောတရားတို့ကို ထင်ဟပ်ပေါ်လွင်မြင် သာစေသော အတွေးအခေါ်တစ်ခုဖြစ်လာခြင်း။

နိုင်ငံတော်အစိုးရများ၏ အာဏာလွှမ်းမိုးမှုနှင့် တရားဝင်မှု (Political Power and Legitimacy)...
အစိုးရနှင့် နိုင်ငံရေးခေါင်းဆောင်များ အတွက် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အရင်းခံသော မူဝါဒချမှတ်ခြင်းများ၊ ဥပဒေဆိုင်ရာ ညှိနှိုင်းခြင်းများ သည် အမှားနည်းတတ်ပြီး ထိုစိတ်ဓာတ်သည် နိုင်ငံ ရေးဆိုင်ရာ အားကောင်းမှု၊ ပြည်သူ့အခြေပြု ဂုဏ်ယူ လက်ခံနိုင်သော စုစည်းဆုံးဖြတ်မှုဖြစ်စေသည်။ ထို့ ပြင် အားနည်းချက်များကိုကာကွယ်ရာ၌ ပြည်သူ့ ထောက်ခံမှု အရနိုင်ဆုံး စိတ်ဓာတ်လည်းဖြစ်သည်။

သမိုင်းကြောင်းအခြေခံခြင်းများ (Historical Context)...
နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်သည် သမိုင်း အကြောင်းတရားများအပေါ် များစွာအခြေခံသည်။ ဥပမာ- အမျိုးသားစည်းလုံးညီညွတ်ရန်နှင့် ပြည်ပ နိုင်ငံတကာရေးရာများစဉ်းစားရာတွင် ရှေးယခင်က အကျူးကျော် အစွက်ဖက်ခံရခြင်းများ၊ ကိုလိုနီပြုခံရ ခြင်းများကို တိကျသောသမိုင်းများကို တွေးဆကိုးကား ဆုံးဖြတ်တတ်စေခြင်း အကျိုးတရားများစွာရရှိတတ်သည်။

အမျိုးသားရေးစိတ်ဓာတ်သည် တစ်မျိုး သားလုံးနှင့်ဆိုင်သော အကျိုးစီးပွား၊ နိုင်ငံ့လွတ် လပ်ရေးတို့အတွက် အနာဂတ် အင်အားကောင်းများ စဉ်ဆက်မပြတ် ပေါက်ဖွားအားကောင်းစေသည်အထိ တန်ဖိုးကြီးလှသည်။ အမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားအကျိုးစီးပွားနှစ်ခုစလုံးသည် နိုင်ငံတစ် နိုင်ငံ၏ လုံခြုံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုထုံးတမ်း စဉ်လာ၊ သင်္ကေတလက္ခဏာ တို့ကို အထွတ်အမြတ် ထားကာကွယ်ရန် ခွဲမရအောင် ဆက်စပ်မှုများစွာရှိပြီး မရှိမဖြစ် အဓိကကျလှပါကြောင်း သုတေသနပြု စုစည်းတင်ပြ တိုက်တွန်းအပ်သည်။

zawgyi version
အမ်ိဳးသားေရးစိတ္ဓာတ္ႏွင့္ ႏိုင္ငံ၏ အမ်ိဳးသားအက်ိဳးစီးပြား ဆက္စပ္မႈရွိသလား ...??
လင္းျမတ္ (NP News) - ဇန္နဝါရီ ၃

အမ်ိဳးသားေရးႏွင့္ စစ္မွန္ေသာႏိုင္ငံခ်စ္ စိတ္သည္ ႏိုင္ငံ၏ အမ်ိဳးသားအက်ိဳးစီးပြားႏွင့္ တိုက္ ႐ိုက္ဆက္စပ္မႈရွိေၾကာင္း ထင္ရွားလွေသာ ႏိုင္ငံတ ကာသုေတသနမ်ားအရ ေလ့လာေတြ႕ရွိရသည္။ ထို သို႔ဆက္စပ္မႈမ်ားတြင္ အေတြးအေခၚမ်ားစြာပါဝင္ၿပီး အဓိကအခ်က္အခ်ိဳ႕ကို ေအာက္ပါအတိုင္း ေဆြးေႏြးသြားပါမည္။

၁။ ႏိုင္ငံခ်စ္စိတ္ (သို႔) လြတ္လပ္ေသာ အမ်ိဳးသား ေရးစိတ္ဓာတ္(Nationalism)။
ႏိုင္ငံခ်စ္စိတ္ အမ်ိဳးသားေရးစိတ္ဓာတ္ သည္ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ယဥ္ေက်းမႈ၊ သမိုင္း အရ ကိုယ့္ႏိုင္ငံသားသာ အုပ္ခ်ဳပ္ပိုင္ခြင့္ႏွင့္ ပထဝီ အေနအထားမ်ားအရ ၾကာရွည္တည္တံ့လာေသာ ႏိုင္ငံတစ္ခုကို ထိုႏိုင္ငံဖြားမ်ားက မူပိုင္အျဖစ္ ဂုဏ္ျပဳ/ ဂုဏ္ယူျခင္း အေတြးအေခၚ (သို႔မဟုတ္) ႏွလုံးသား ကလာေသာ အသိဉာဏ္တစ္ခုျဖစ္သည္။ အမ်ိဳးသားေရးစိတ္ဓာတ္သည္ အျခားေသာ ႏိုင္ငံအေရးအရာ မ်ားႏွင့္ယွဥ္လာပါက မိမိႏိုင္ငံသားမ်ားအားလုံး၏အက်ိဳးစီးပြားကိုသာ အၿမဲမူလပထမဦးစားေပး စီမံခန႔္ခြဲ တတ္ျခင္းလည္းျဖစ္သည္။

အမ်ိဳးသားေရးႏွင့္ ႏိုင္ငံခ်စ္စိတ္သည္ ေယဘုယ်အားျဖင့္ အမ်ိဳးမ်ိဳးေသာ အသြင္အျပင္မ်ား ရွိတတ္ၿပီး အတူတူေနထိုင္ၾကရေသာ မတူညီသည့္ လူမ်ိဳးေရးအေျခခံေသာ ႏိုင္ငံခ်စ္ျခင္း (Ethnic Nationalism) ကို လူ႔အခြင့္အေရး/ႏိုင္ငံသားအခြင့္ အေရးႏွင့္ထိန္းညႇိၿပီး ႏိုင္ငံသားတစ္ဦးခ်င္းစီက အ ၿမဲတမ္းသတိခ်ပ္ ေန႔စဥ္လူေနမႈဘဝမ်ားတြင္ လိုက္ ေလ်ာညီေထြစြာ ျပဳျပင္/လိုက္နာ စီမံခန႔္ခြဲတတ္ျခင္း ျဖင့္ ျပည္သူတစ္ဦးခ်င္းစီက တာဝန္ယူတတ္ျခင္း ဗဟိုျပဳေသာ အမ်ိဳးသားႏိုင္ငံေရးႏွင့္ႏိုင္ငံခ်စ္စိတ္ (Ci­­vic Nationalism) အထိ ႀကီးမားျမင့္ျမတ္ပါသည္။

၂။ ႏိုင္ငံ့အက်ိဳးစီးပြား (သို႔) အမ်ိဳးသားအက်ိဳးစီးပြား (National Interest)။
ႏိုင္ငံ၏အမ်ိဳးသား အက်ိဳးစီးပြားသည္ ႏိုင္ ငံတစ္ႏိုင္ငံ၏ လက္ရွိႏွင့္အနာဂတ္အေျချပဳ အျပည္ ျပည္ဆိုင္ရာရည္မွန္းခ်က္၊ ၎ႏွင့္စပ္ဆိုင္ေသာအ ေၾကာင္းျခင္းရာမ်ားကိုရည္òန္းသည္။ အမ်ိဳးသားအ က်ိဳးစီးပြားဟုဆိုရာတြင္ ႏိုင္ငံ၏စီးပြားေရး၊ ႏိုင္ငံေတာ္ လုံၿခဳံေရး၊ ယဥ္ေက်းမႈ၊ နယ္နိမိတ္တည္ရွိျခင္းႏွင့္ တည္ၿငိမ္ဖြံ႕ၿဖိဳးျခင္း၊ ႏိုင္ငံကို ကိုယ္စားျပဳေသာ အယူ အဆမ်ားႏွင့္ မူဝါဒမ်ားကိုအေျချပဳၿပီး အျပည္ျပည္ ဆိုင္ရာသို႔ ထိုးေဖာက္ဆက္ဆံျခင္း၊ အခြင့္အေရးမ်ား ရယူျခင္းႏွင့္ ဩဇာတည္ေဆာက္ျခင္းမ်ား ပါဝင္သည္။ အမ်ိဳးသားအက်ိဳးစီးပြားသည္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံ သားမ်ား၏အတြင္းေရးႏွင့္ ေမွ်ာ္မွန္းခ်က္၊ ရည္မွန္း ခ်က္မ်ားကို ႏိုင္ငံတကာအဆင့္ ရည္မွန္းခ်က္အထိတက္ လွမ္းႏိုင္ရန္ကို အဓိကစြမ္းပကားလည္းျဖစ္သည္။

အမ်ိဳးသားေရးစိတ္ဓာတ္ႏွင့္ ႏိုင္ငံ၏အမ်ိဳးသားအက်ိဳး စီးပြားဆက္စပ္မႈအခ်ိဳ႕(Correlation Between Nationalism and National Interest)...
ႏိုင္ငံတကာဆိုင္ရာ အက်ိဳးစီးပြားႏွင့္ အုပ္ခ်ဳပ္မႈမ်ားတြင္ ညီၫြတ္စြာထိန္းသိမ္းတတ္မႈ (Shared Focus on National Identity and Sovereignty) ။ အမ်ိဳးသားေရးစိတ္ဓာတ္ႏွင့္ အမ်ိဳး သားအက်ိဳးစီးပြားတို႔သည္ အမ်ားအားျဖင့္ ႏိုင္ငံတစ္ ႏိုင္ငံ၏အဓိကျဖစ္ေသာ လုံၿခံေရး/ကာကြယ္ေရး ေတာင့္တင္းမႈ၊ စီးပြားေရးႏွင့္ မိမိႏိုင္ငံအား အျခားႏိုင္ ငံမ်ားက အစဥ္အၿမဲအေလးထား အသိအမွတ္ျပဳ တန္ဖိုးထားေနရန္ႏွင့္ ထိုအေျခအေနကို အစဥ္အၿမဲ ထိန္းသိမ္းရန္လုပ္ေဆာင္ရာ ညီòတ္မႈႏွင့္ ေစာင့္ ထိန္းႏႈတ္လုံမႈမ်ားပါဝင္သည္။ ႏိုင္ငံခ်စ္စိတ္ကိုအရင္း တည္ၿပီး အခါအားေလ်ာ္စြာ ျပင္ဆင္ထိန္းသိမ္းရ ေသာ ႏိုင္ငံတကာဆိုင္ရာအုပ္ခ်ဳပ္မႈေပၚလစီမ်ားကို ခ်က္ခ်င္းမိမိစိတ္ႏွင့္မေတြ႕သည့္တိုင္ ႏိုင္ငံ့အက်ိဳးစီးပြားအတြက္ေထာက္ခံၿပီး တစ္ကိုယ္ေတာ္ လိုက္နာ ရန္လိုအပ္သည္။

ႏိုင္ငံတကာဆိုင္ရာမူဝါဒမ်ားအေပၚအက်ိဳးသက္ေရာက္ ေစျခင္(Influence on Foreign Policy)...
အမ်ိဳးသားေရးစိတ္ဓာတ္သည္ အျခားႏိုင္ငံ မ်ားႏွင့္ ေရရွည္စီမံကိန္းမ်ားေဆာင္႐ြက္ရာတြင္ ႏိုင္ငံ တကာမူဝါဒမ်ားကိုဆုံးျဖတ္ရာတြင္ အေရးပါေသာ အုတ္ျမစ္ျဖစ္သည္။ အျခားအေရးပါေသာ ႏိုင္ငံ့အမ်ိဳး သား အက်ိဳးစီးပြားမ်ားတြင္ ႏိုင္ငံျခားသို႔ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈမ်ား၊ စစ္ေရး၊ ေထာက္ လွမ္းေရး၊ အျပည္ျပည္ဆိုင္ရာ ႏိုင္ငံျဖတ္ေက်ာ္ ရဲလုပ္ ငန္းမ်ားစြာပါဝင္သည္။

ႏိုင္ငံ့စီပြားေရးဆိုင္ရာ အက်ိဳးစီးပြားမ်ား (Economic Interests)...
အမ်ိဳးသားအက်ိဳးစီးပြားအတြက္ စီးပြား ေရးသက္သက္သာမက ထိုစီးပြားေရးလုပ္ငန္းမ်ား၏ အမ်ိဳးသားေရးဆိုင္ရာစံတန္ဖိုးမ်ားကို စိတ္ဓာတ္၊ ခံယူခ်က္မ်ားအားျဖင့္ ဂုဏ္ယူကာကြယ္ၾက႐ုံမွ်မက ေရွးအနာဂတ္တြင္ တိုးတက္ေစမည့္ အက်ိဳးသက္ ေရာက္မႈခံယူခ်က္မ်ားစြာကိုလည္း ဆင့္ကဲေမြးဖြား ေပး႐ုံမွ်မက ႏိုင္ငံႏွင့္လူမ်ိဳး၏ယုံၾကည္မႈကို စဥ္ဆက္ မျပတ္ခိုင္မာေစသည္။

ယဥ္ေက်းမႈႏွင့္ လူမႈဆက္ဆံေရးဆိုင္ရာ အက်ိဳးစီပြားမ်ား(Cultural and Social Interests)...
ႏိုင္ငံခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္သည္ ျပည္တြင္း ယဥ္ေက်းမႈ ထုံးတမ္းအစဥ္အလာႏွင့္ အထြတ္အျမတ္ ထားရာအေမြအႏွစ္မ်ား ပိုမိုခိုင္မာၿပီး အနာဂတ္ႏိုင္ငံ ဆက္လက္တည္ေဆာက္ေရးတြင္ အေရးပါလွသည္။ အျခားေသာ ယဥ္ေက်းမႈမ်ား မသိမသာတစ္မ်ိဳး သိသိ သာသာတစ္ဖုံ ကူးစက္ေရာေႏွာမလာေစရန္ အမ်ိဳး သားယဥ္ေက်းမႈ လုံၿခဳံေရးအတြက္ အမ်ိဳးသားေရး သေကၤတမ်ိဳးစုံကို စဥ္ဆက္မျပတ္ စုစည္းလက္ဆင့္ ကမ္းရာတြင္လည္း ႏိုင္ငံခ်စ္စိတ္ မ်ိဳးခ်စ္စိတ္သည္ အေျခခံအုတ္ျမစ္ပင္ျဖစ္သည္။

ျဖစ္ႏိုင္ေျခမ်ားေသာ ပဋိပကၡမ်ား(Why This Correlation Exists?)...
ႏိုင္ငံတိုင္း မလြဲမေသြ ေန႔စဥ္နီးပါး ရင္ဆိုင္ ေနရသည့္ ျပည္တြင္းေရးပဋိပကၡမ်ား၊ ႏိုင္ငံတစ္ႏိုင္ငံ ႏွင့္တစ္ႏိုင္ငံအၾကား အက်ိဳးစီပြားဆိုင္ရာ အျငင္းပြား မႈမ်ားတြင္ အမ်ိဳးသားေရးစိတ္ဓာတ္ႏွင့္ ကင္းကြာ အားနည္းေနပါက ဆင္ျခင္ဆုံးျဖတ္မႈမ်ားသည္ ႏိုင္ငံ့ အက်ိဳးစီးပြားကို အခက္အခဲမ်ားစြာႀကဳံေစၿပီး ထိခိုက္ ဆုံးရႈံးသည္အထိ အက်ိဳးယုတ္ေစသည္။

ဘာေၾကာင့္ ဆက္စပ္မႈရွိေနဆဲျဖစ္တာလဲ (Why This Correlation Exists?)...
စိတ္ပိုင္းႏွင့္ ယဥ္ေက်းမႈဆိုင္ရာျဖစ္တည္မႈမ်ား (Ps­y­chological and Cultural Foun­dations)
ယေန႔ မ်က္ေမွာက္ေခတ္တြင္ ႏိုင္ငံခ်စ္ စိတ္၊ မ်ိဳးခ်စ္စိတ္သည္ ႏိုင္ငံသားတစ္မ်ိဳး လူမ်ိဳးတစ္ ခု၏ ဂုဏ္၊ လကၡဏာ၊ ယဥ္ေက်းမႈ၊ အမွတ္အသား၊ လက္ခံထားေသာတရားတို႔ကို ထင္ဟပ္ေပၚလြင္ျမင္ သာေစေသာ အေတြးအေခၚတစ္ခုျဖစ္လာျခင္း။

ႏိုင္ငံေတာ္အစိုးရမ်ား၏ အာဏာလႊမ္းမိုးမႈႏွင့္ တရားဝင္မႈ (Political Power and Legitimacy)...
အစိုးရႏွင့္ ႏိုင္ငံေရးေခါင္းေဆာင္မ်ား အတြက္ ႏိုင္ငံခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္အရင္းခံေသာ မူဝါဒခ်မွတ္ျခင္းမ်ား၊ ဥပေဒဆိုင္ရာ ညႇိႏႈိင္းျခင္းမ်ား သည္ အမွားနည္းတတ္ၿပီး ထိုစိတ္ဓာတ္သည္ ႏိုင္ငံ ေရးဆိုင္ရာ အားေကာင္းမႈ၊ ျပည္သူ႔အေျချပဳ ဂုဏ္ယူ လက္ခံႏိုင္ေသာ စုစည္းဆုံးျဖတ္မႈျဖစ္ေစသည္။ ထို႔ ျပင္ အားနည္းခ်က္မ်ားကိုကာကြယ္ရာ၌ ျပည္သူ႔ ေထာက္ခံမႈ အရႏိုင္ဆုံး စိတ္ဓာတ္လည္းျဖစ္သည္။

သမိုင္းေၾကာင္းအေျခခံျခင္းမ်ား (Historical Context)...
ႏိုင္ငံခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္သည္ သမိုင္း အေၾကာင္းတရားမ်ားအေပၚ မ်ားစြာအေျခခံသည္။ ဥပမာ- အမ်ိဳးသားစည္းလုံးညီၫြတ္ရန္ႏွင့္ ျပည္ပ ႏိုင္ငံတကာေရးရာမ်ားစဥ္းစားရာတြင္ ေရွးယခင္က အက်ဴးေက်ာ္ အစြက္ဖက္ခံရျခင္းမ်ား၊ ကိုလိုနီျပဳခံရ ျခင္းမ်ားကို တိက်ေသာသမိုင္းမ်ားကို ေတြးဆကိုးကား ဆုံးျဖတ္တတ္ေစျခင္း အက်ိဳးတရားမ်ားစြာရရွိတတ္သည္။

အမ်ိဳးသားေရးစိတ္ဓာတ္သည္ တစ္မ်ိဳး သားလုံးႏွင့္ဆိုင္ေသာ အက်ိဳးစီးပြား၊ ႏိုင္ငံ့လြတ္ လပ္ေရးတို႔အတြက္ အနာဂတ္ အင္အားေကာင္းမ်ား စဥ္ဆက္မျပတ္ ေပါက္ဖြားအားေကာင္းေစသည္အထိ တန္ဖိုးႀကီးလွသည္။ အမ်ိဳးသားေရးစိတ္ဓာတ္ႏွင့္ အမ်ိဳးသားအက်ိဳးစီးပြားႏွစ္ခုစလုံးသည္ ႏိုင္ငံတစ္ ႏိုင္ငံ၏ လုံၿခဳံေရး၊ စီးပြားေရး၊ ယဥ္ေက်းမႈထုံးတမ္း စဥ္လာ၊ သေကၤတလကၡဏာ တို႔ကို အထြတ္အျမတ္ ထားကာကြယ္ရန္ ခြဲမရေအာင္ ဆက္စပ္မႈမ်ားစြာရွိၿပီး မရွိမျဖစ္ အဓိကက်လွပါေၾကာင္း သုေတသနျပဳ စုစည္းတင္ျပ တိုက္တြန္းအပ္သည္။

Related news

© 2021. All rights reserved.