ရောနှောဆီစံသတ်မှတ်ချက်ထုတ်ပြန်ပြီး ဆီစားသုံးသူများ၏ အန္တရာယ်ကို ကာကွယ်မှုပေးမည်

 1055

ယွန်း (NP News) - ဇန်နဝါရီ ၃

ရောနှောဆီများကို စနစ်တကျရောနှော နိုင်ရေးဆောင်ရွက်နေပြီး ပြည်သူများအနေဖြင့် ဆီများကို ရွေးချယ်ဝယ်ယူခွင့်ရှိလာတော့မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်တစ်ဦးက NP News ကိုအသိပေးပြောကြားသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့က ရောနှောဆီ (Blended Oil) အဖြစ် အစားအသောက်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း (သို့မ ဟုတ်) ရောင်းချခြင်းနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို ပြီးခဲ့သည့် မတ်လ(၂၉) ရက်တွင်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ညွှန်ကြားချက်အရ ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil) အဖြစ် ရောစပ်ရာတွင် အမျိုးအစား(၂)မျိုးသာရောစပ်ရမည်ဖြစ်ပြီး ဟင်းသီးဟင်းရွက်ဆီတစ်မျိုးသည် အနည်းဆုံး (၄၀) ရာခိုင်နှုန်း ပါဝင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အနံ့တုများ ထည့်သွင်းခြင်းမပြုရ သည့်အပြင် တိရစ္ဆာန်အဆီနှင့် ဝါစေ့ဆီကြမ်းတို့ကို ရောနှော ဆီအဖြစ် အသုံးပြုခွင့်မပြုကြောင်း ညွှန်ကြား ထားပြီးဖြစ်သည်။ “နောက်ဆုံးလုပ်နေတာကတော့ ရောနှောဆီနဲ့ပတ်သက်ပြီး လိုက်နာရမယ့်အချက်တွေ ထုတ်ပြန်ထားတာရှိပါတယ်။ ထုတ်ပြန်ကြေညာတာတွေ၊ ဆီကို ထိန်းချုပ်စားသောက်ကုန်ထဲကို ထည့်တာတွေ အဲဒါတွေကို လုပ်နေပါတယ်။ ရောနှောဆီကိစ္စက လုပ်နေတာတော့ ကြာပါပြီ။ တိတိကျကျအမိန့် ကြေညာစာနဲ့ လုပ်တာကတော့ ပြီးခဲ့တဲ့ (၃)လပိုင်းလောက်ကမှလုပ်တာ”ဟု အထက်ပါ သတင်းရင်းမြစ်က NP News ကိုပြောသည်။

မြန်မာနိုင်ငံ၌ ဆီထွက်သီးနှံများအဖြစ် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ဆီအုန်းစသည်တို့ကို စိုက်ပျိုးကြပြီး လက်ရှိတွင် ပြည်တွင်း၌ အရည်အသွေး မပြည့်မီသည့် ရောနှောဆီရောင်းချခြင်းများလည်း ရှိနေကြောင်း သိရသည်။ ထို့ကြောင့် စားသုံးဆီများကို ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးပြည့်မီရေးနှင့် ပြည်သူလူထုစားသုံးမှုကို ကာကွယ်ရေးတို့အတွက် ပိုမိုထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ထိုသို့ ဆောင်ရွက်လိုက်ခြင်းကြောင့် ဆီအမျိုးအစားများကို တိကျစွာသိရှိလာနိုင်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း မိမိနှင့်ကိုက်ညီသည့် ဆီများကို ရွေးချယ်ဝယ်ယူခွင့်ရရှိလာနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။“ဆီတွေကို ဖြစ်သလိုရောတယ်။ ဘာဆီတွေမှန်းမသိဘူး ရောကြတယ်။ အခုလိုမျိုးရော နှောဆီနဲ့ ပတ် သက်ပြီး တိတိကျကျလိုက်လုပ်လာရင်တော့ ဆီတွေရဲ့ အရည်အသွေးပိုင်းလည်း တက်လာမယ်။ အန္တရာယ်ကင်းမှုအပိုင်းလည်း မတားဆီး ခင်ကထက်စာရင်တော့ အများကြီးတိုးတက်လာမယ်။ အရင်ထက်စာရင် စားသုံးတဲ့ဆီကဘာဆီလဲဆိုတာ တိတိကျကျသိလာမယ်။ အဲဒီမှာ ပဲဆီစားနိုင်တဲ့သူက ပဲဆီစားပေါ့။ ရောနှောဆီစားနိုင်တဲ့သူက ရောနှောဆီစားပေါ့။ စားသုံးသူကို အန္တရာယ်ရှိနိုင်တဲ့ ပစ္စည်းတွေမပါဝင်ဘူးဆိုတဲ့ တိကျတဲ့ သတင်းအချက်အလက်တွေပေးနိုင်လာမယ်။ စားသုံးသူက ကိုယ်တတ်နိုင်မှုပေါ်မူတည်ပြီးတော့ ရွေးချယ်စားသုံးတာ တွေလုပ်ရမှာပေါ့။ အရင်ထက်ပိုပြီး အန္တရာယ်ရှိတဲ့ ဟာတွေကို ထိန်းနိုင်သွားမှာပေါ့”ဟု အထက်ပါ သတင်းရင်းမြစ်ကပြောသည်။

မြန်မာနိုင်ငံတွင် ဆီလိုအပ်မှုမှာ နှစ်စဉ် ဆီတန်ချိန် (၁၁) သိန်းခန့်လိုအပ်လျက်ရှိရာ ပြည်တွင်းဆီ ထုတ် လုပ်မှု သာမက ပြည်ပမှဆီအမျိုးမျိုး ကို နှစ်စဉ်ဆီတန်ချိန် (၉) သိန်းခန့်တင်သွင်းနေကြောင်း သိရသည်။ ထို့ ကြောင့် ပြည်တွင်းလိုအပ်ချက်ပြည့်မီရန်အတွက် ပြည်ပမှ စားသုံးဆီအမျိုးမျိုးကို တင် သွင်းနေလျက်ရှိရာ (၉၀) ရာခိုင်နှုန်းကျော်မှာ စားအုန်းဆီဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့အနေဖြင့် အမှတ်တံဆိပ်ပါ ဘူးသွင်း သောက်ရေသန့်နှင့် အမှတ်တံဆိပ်ပါ စားသုံးဆီများကို ထိန်းချုပ်အစားအသောက်အဖြစ် ပြီးခဲ့သည့် (၂၀၂၁) ခုနှစ် နိုဝင်ဘာ(၂၇)ရက်တွင် သတ်မှတ်ထားသည်။ ထိုသို့ထိန်းချုပ်စားသောက်ကုန်အဖြစ် သတ်မှတ်လိုက်သည့်အတွက် စားသုံးဆီကို အပြည့်အဝထိန်းချုပ်နိုင်မည်ဖြစ်ပြီး စစ်ဆေးမှုများကို ယခင်ထက်ဆောင်ရွက်လာနိုင်မည့်အပြင် အရေးယူမှုများကိုလည်း ပိုမိုလုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်က ပြောသည်။

zawgyi version
ေရာေႏွာဆီစံသတ္မွတ္ခ်က္ထုတ္ျပန္ၿပီး ဆီစားသုံးသူမ်ား၏ အႏၲရာယ္ကို ကာကြယ္မႈေပးမည္
ယြန္း (NP News) - ဇန္နဝါရီ ၃

ေရာေႏွာဆီမ်ားကို စနစ္တက်ေရာေႏွာ ႏိုင္ေရးေဆာင္႐ြက္ေနၿပီး ျပည္သူမ်ားအေနျဖင့္ ဆီမ်ားကို ေ႐ြးခ်ယ္ဝယ္ယူခြင့္ရွိလာေတာ့မည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ သတင္းရင္းျမစ္တစ္ဦးက NP News ကိုအသိေပးေျပာၾကားသည္။

ျမန္မာႏိုင္ငံ အစားအေသာက္ႏွင့္ေဆးဝါးအာဏာပိုင္အဖြဲ႕က ေရာေႏွာဆီ (Blended Oil) အျဖစ္ အစားအေသာက္ထုတ္လုပ္ျခင္း၊ သိုေလွာင္ျခင္း၊ သယ္ယူပို႔ေဆာင္ျခင္း၊ ျဖန႔္ျဖဴးျခင္း (သို႔မ ဟုတ္) ေရာင္းခ်ျခင္းႏွင့္စပ္လ်ဥ္း၍ လိုက္နာရမည့္အခ်က္မ်ားကို ၿပီးခဲ့သည့္ မတ္လ(၂၉) ရက္တြင္ထုတ္ျပန္ခဲ့သည္။ အဆိုပါ ၫႊန္ၾကားခ်က္အရ ဟင္းသီးဟင္း႐ြက္ဆီမ်ားကို ေရာေႏွာဆီ (Blended Oil) အျဖစ္ ေရာစပ္ရာတြင္ အမ်ိဳးအစား(၂)မ်ိဳးသာေရာစပ္ရမည္ျဖစ္ၿပီး ဟင္းသီးဟင္း႐ြက္ဆီတစ္မ်ိဳးသည္ အနည္းဆုံး (၄၀) ရာခိုင္ႏႈန္း ပါဝင္ရမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ထို႔ျပင္ အနံ႔တုမ်ား ထည့္သြင္းျခင္းမျပဳရ သည့္အျပင္ တိရစာၦန္အဆီႏွင့္ ဝါေစ့ဆီၾကမ္းတို႔ကို ေရာေႏွာ ဆီအျဖစ္ အသုံးျပဳခြင့္မျပဳေၾကာင္း ၫႊန္ၾကား ထားၿပီးျဖစ္သည္။ “ေနာက္ဆုံးလုပ္ေနတာကေတာ့ ေရာေႏွာဆီနဲ႔ပတ္သက္ၿပီး လိုက္နာရမယ့္အခ်က္ေတြ ထုတ္ျပန္ထားတာရွိပါတယ္။ ထုတ္ျပန္ေၾကညာတာေတြ၊ ဆီကို ထိန္းခ်ဳပ္စားေသာက္ကုန္ထဲကို ထည့္တာေတြ အဲဒါေတြကို လုပ္ေနပါတယ္။ ေရာေႏွာဆီကိစၥက လုပ္ေနတာေတာ့ ၾကာပါၿပီ။ တိတိက်က်အမိန႔္ ေၾကညာစာနဲ႔ လုပ္တာကေတာ့ ၿပီးခဲ့တဲ့ (၃)လပိုင္းေလာက္ကမွလုပ္တာ”ဟု အထက္ပါ သတင္းရင္းျမစ္က NP News ကိုေျပာသည္။

ျမန္မာႏိုင္ငံ၌ ဆီထြက္သီးႏွံမ်ားအျဖစ္ ေျမပဲ၊ ႏွမ္း၊ ေနၾကာ၊ ပန္းႏွမ္း၊ ဆီအုန္းစသည္တို႔ကို စိုက္ပ်ိဳးၾကၿပီး လက္ရွိတြင္ ျပည္တြင္း၌ အရည္အေသြး မျပည့္မီသည့္ ေရာေႏွာဆီေရာင္းခ်ျခင္းမ်ားလည္း ရွိေနေၾကာင္း သိရသည္။ ထို႔ေၾကာင့္ စားသုံးဆီမ်ားကို ေဘးအႏၲရာယ္ကင္းရွင္းေရး၊ အရည္အေသြးျပည့္မီေရးႏွင့္ ျပည္သူလူထုစားသုံးမႈကို ကာကြယ္ေရးတို႔အတြက္ ပိုမိုထိေရာက္စြာ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ထိုသို႔ ေဆာင္႐ြက္လိုက္ျခင္းေၾကာင့္ ဆီအမ်ိဳးအစားမ်ားကို တိက်စြာသိရွိလာႏိုင္မည္ျဖစ္ၿပီး ျပည္သူမ်ားအေနျဖင့္လည္း မိမိႏွင့္ကိုက္ညီသည့္ ဆီမ်ားကို ေ႐ြးခ်ယ္ဝယ္ယူခြင့္ရရွိလာႏိုင္မည္ျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာသည္။“ဆီေတြကို ျဖစ္သလိုေရာတယ္။ ဘာဆီေတြမွန္းမသိဘူး ေရာၾကတယ္။ အခုလိုမ်ိဳးေရာ ေႏွာဆီနဲ႔ ပတ္ သက္ၿပီး တိတိက်က်လိုက္လုပ္လာရင္ေတာ့ ဆီေတြရဲ႕ အရည္အေသြးပိုင္းလည္း တက္လာမယ္။ အႏၲရာယ္ကင္းမႈအပိုင္းလည္း မတားဆီး ခင္ကထက္စာရင္ေတာ့ အမ်ားႀကီးတိုးတက္လာမယ္။ အရင္ထက္စာရင္ စားသုံးတဲ့ဆီကဘာဆီလဲဆိုတာ တိတိက်က်သိလာမယ္။ အဲဒီမွာ ပဲဆီစားႏိုင္တဲ့သူက ပဲဆီစားေပါ့။ ေရာေႏွာဆီစားႏိုင္တဲ့သူက ေရာေႏွာဆီစားေပါ့။ စားသုံးသူကို အႏၲရာယ္ရွိႏိုင္တဲ့ ပစၥည္းေတြမပါဝင္ဘူးဆိုတဲ့ တိက်တဲ့ သတင္းအခ်က္အလက္ေတြေပးႏိုင္လာမယ္။ စားသုံးသူက ကိုယ္တတ္ႏိုင္မႈေပၚမူတည္ၿပီးေတာ့ ေ႐ြးခ်ယ္စားသုံးတာ ေတြလုပ္ရမွာေပါ့။ အရင္ထက္ပိုၿပီး အႏၲရာယ္ရွိတဲ့ ဟာေတြကို ထိန္းႏိုင္သြားမွာေပါ့”ဟု အထက္ပါ သတင္းရင္းျမစ္ကေျပာသည္။

ျမန္မာႏိုင္ငံတြင္ ဆီလိုအပ္မႈမွာ ႏွစ္စဥ္ ဆီတန္ခ်ိန္ (၁၁) သိန္းခန႔္လိုအပ္လ်က္ရွိရာ ျပည္တြင္းဆီ ထုတ္ လုပ္မႈ သာမက ျပည္ပမွဆီအမ်ိဳးမ်ိဳး ကို ႏွစ္စဥ္ဆီတန္ခ်ိန္ (၉) သိန္းခန႔္တင္သြင္းေနေၾကာင္း သိရသည္။ ထို႔ ေၾကာင့္ ျပည္တြင္းလိုအပ္ခ်က္ျပည့္မီရန္အတြက္ ျပည္ပမွ စားသုံးဆီအမ်ိဳးမ်ိဳးကို တင္ သြင္းေနလ်က္ရွိရာ (၉၀) ရာခိုင္ႏႈန္းေက်ာ္မွာ စားအုန္းဆီျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံအစားအေသာက္ႏွင့္ ေဆးဝါးအာဏာပိုင္အဖြဲ႕အေနျဖင့္ အမွတ္တံဆိပ္ပါ ဘူးသြင္း ေသာက္ေရသန႔္ႏွင့္ အမွတ္တံဆိပ္ပါ စားသုံးဆီမ်ားကို ထိန္းခ်ဳပ္အစားအေသာက္အျဖစ္ ၿပီးခဲ့သည့္ (၂၀၂၁) ခုႏွစ္ ႏိုဝင္ဘာ(၂၇)ရက္တြင္ သတ္မွတ္ထားသည္။ ထိုသို႔ထိန္းခ်ဳပ္စားေသာက္ကုန္အျဖစ္ သတ္မွတ္လိုက္သည့္အတြက္ စားသုံးဆီကို အျပည့္အဝထိန္းခ်ဳပ္ႏိုင္မည္ျဖစ္ၿပီး စစ္ေဆးမႈမ်ားကို ယခင္ထက္ေဆာင္႐ြက္လာႏိုင္မည့္အျပင္ အေရးယူမႈမ်ားကိုလည္း ပိုမိုလုပ္ေဆာင္လာႏိုင္မည္ျဖစ္ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ေျပာသည္။

Related news

© 2021. All rights reserved.