၂ဝ၂၄-၂ဝ၂၅ ပရီးမီးယားလိဂ်ပွဲစဉ်(၂ဝ) ပွဲကြိုသုံးသပ်ချက်များ

 395

ရဲထက် (NP News) - ဇန်နဝါရီ ၃

(၂၀၂၄-၂၀၂၅) ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၀)မှာတော့ လီဗာပူးလ်အသင်းကပဲ အမှတ်ပေးဇယားကိုဦးဆောင်ထားပြီး ချန်ပီယံခြေ စွမ်းတွေကိုပြသထားသလို နည်းပြသစ်လက်ထက်မှာ အကောင်းဆုံးပုံစံတွေကို ပြသနေတာတွေ့ရပါတယ်။ ချဲလ်ဆီးအသင်းကလည်း အမှတ်ပေးဇယားရဲ့ ဒုတိ ယနေရာကနေ အာဆင်နယ်အသင်းနဲ့ အပြိုင်ရမှတ် တွေလိုအပ်နေတာကြောင့် ဒီနှစ်သင်းကြားကပြိုင် ဆိုင်မှုတွေကိုလည်း စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ မန်စီးတီးအသင်းကတော့ ချန်ပီယံဆုနဲ့ အလှမ်းဝေး နေရုံသာမကပဲ ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေး ကိုတောင် ရုန်းကန်လာရလောက်တဲ့အထိ အခြေအနေဆိုးရွားလာနေတာကိုတွေ့ရပါတယ်။ ဒီတစ်ပတ်မှာ အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ မန်ယူ အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုအပြင် အခြားသော အသင်းကြီးတွေရဲ့ပွဲကောင်းတွေကလည်း စောင့်မျှော် ကြည့်ရှုချင်စရာကောင်းပါတယ်။ ဒါကြောင့် NP News ကနေ အမှတ်ပေးဇယားရဲ့ ထိပ် ဆုံးမှာရပ်တည်နေတဲ့အသင်းကြီးတွေရဲ့ ပရီးမီးယား လိဂ်ပွဲစဉ်(၂၀)အတွက် ခြေစွမ်းနဲ့ ဖြစ်နိုင်ခြေသုံး သပ်ချက်တွေကို တင်ပြသွားမှာဖြစ်ပါတယ်။

လီဗာပူးလ် Vs မန်ယူ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်ယူ ၄ - ၁ လီဗာပူးလ် (၁-၉-၂၀၂၄)
မန်ယူ ၂ - ၂ လီဗာပူးလ် (၇-၄-၂၀၂၃)
လီဗာပူးလ် ဝ - ၃ မန်ယူ (၁၇-၁၂-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၂ - ဝ မန်ယူ
လီဗာပူးလ် ၃ - ၁ မန်ယူ

ဒီနှစ်သင်းကြားက ကွာဟချက်က ဒီရာသီ မှာ အများကြီးကွာခြားနေပြီး ရမှတ်အနေ အထားအရလည်း အမှတ်ပေးဇယားမှာ(၁၇)မှတ်အထိ ဖြတ် တောက်ထားတာကြောင့် ခြေစွမ်းပိုင်းအရရော ရလဒ် ပိုင်းမှာပါ လီဗာပူးလ်အသင်းက ပိုကောင်းနေတာ သိသာပါတယ်။ လီဗာပူးလ်အသင်းကတော့ ဒီရာသီ နည်းပြသစ်လက်ထက်ဆိုပေမယ့် ပြည်တွင်းမှာရော ဥရောပချန်ပီယံလိဂ်ပွဲစဉ်တွေမှာပါ အမှတ်ပေးဇယား ကို ဦးဆောင်ထားနိုင်တာတွေ့ရပါတယ်။ ဒါ့ပြင် ပရီး မီးယားလိဂ်ရဲ့ ပြိုင်ပွဲအားလုံးမှာ(၁)ပွဲသာရှုံးနိမ့်ထားပြီး ချန်ပီယံလိဂ်မှာဆိုရင် ရာနှုန်းပြည့်နိုင်ပွဲရယူထားတာ က တကယ်ကို လက်ဖျားခါချင်လောက်စရာ ခြေစွမ်း ကောင်းတွေ၊ ရလဒ်ပိုင်းတွေပဲဖြစ်ပါတယ်။ မန်ယူအသင်းကတော့ နည်းပြသစ် အမ်မိုရင်လက်ထက်မှာ လည်း မပြောင်းလဲတဲ့ရလဒ်တွေကိုသာရရှိနေပြီး နောက်ဆုံးကန်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အ သင်းငယ်လေးတွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့်လည်း ရလဒ် ပိုင်းအရရော ခြေစွမ်းအရပါ ကျဆင်းလာတာကိုတွေ့ ရပြီး နည်းပြ အမ်မိုရင်တောင်းဆိုထားတဲ့ လူအင်အား အပြောင်းအလဲတွေလုပ်လာမလားဆိုတာကလည်း စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။ ထိပ်တိုက် တွေ့ဆုံမှုအရတော့ မန်ယူအသင်းဟာ (၂၀၂၂) ခုနှစ် ကစပြီး လီဗာပူးလ်အသင်းနဲ့ရင်ဆိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ(၇)ပွဲမှာ တစ်ပွဲသာအနိုင်ရရှိထားပြီး (၆)ပွဲဆက်တိုက် ဂိုး ပြတ်ရလဒ်တွေနဲ့သာရှုံးနိမ့်နေခဲ့တာကိုတွေ့ရပါ တယ်။ ဒါဟာ မန်ယူအသင်းရဲ့ ခြေစွမ်းပိုင်းနိမ့်ကျလာ မှုတွေကြောင့်ဆိုတာဟာ သိသာထင်ရှားနေပါတယ်။ ဒီနှစ်ရာသီမှာလည်း လီဗာပူးလ်အသင်းရဲ့ ခြေစွမ်းနဲ့ မန်ယူအသင်းရဲ့ခြေစွမ်းအရ အများကြီးကွာဟနေတာ ကြောင့် လီဗာပူးလ်အိမ်ကွင်းမှာ မန်ယူအသင်းအနိုင် ရရှိဖို့ဆိုတာဟာ ဖြစ်လာနိုင်ဖို့ ရာခိုင်နှုန်း တော်တော် နည်းပါတယ်။ ဒါကြောင့် ရလဒ်ပိုင်းကိုခန့်မှန်းရရင် မန်ယူအသင်းက လီဗာပူးလ်အိမ်ကွင်းမှာ အသာရ လေ့မရှိတဲ့အပြင် ဒီရာသီလီဗာပူးလ်အသင်းရဲ့ စွမ်း ဆောင်ရည်တွေကြောင့် လီဗာပူးလ်အသင်းကပဲ အိမ် ကွင်းမှာ အနိုင်(၃)မှတ်ရယူသွားနိုင်ပါတယ်။ သွင်းဂိုး တွေတော့ များများစားစားမြင်ရဖို့မရှိပါဘူး။

ပဲလေ့စ် Vs ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၁ - ၁ ပဲလေ့စ် (၁-၉-၂၀၂၄)
ပဲလေ့စ် ၂ - ၁ ချဲလ်ဆီး (၁၃-၂-၂၀၂၃)
ချဲလ်ဆီး ၂ - ၁ ပဲလေ့စ် (၂၈-၁၂-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ပဲလေ့စ် ဝ - ၃ ချဲလ်ဆီး
ပဲလေ့စ် ဝ - ၂ ချဲလ်ဆီး

ချဲလ်ဆီးအသင်းက လီဗာပူးလ်အသင်းကို အနီးကပ်ဖိအားပေးထားနိုင်ဖို့ ဒီပွဲစဉ်ရဲ့အခွင့်အရေး ကို အကောင်းဆုံးအသုံချသွားနိုင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ လီဗာပူးလ်အသင်းက မန်ယူအသင်းကို ရင်ဆိုင်ကစားရချိန်မှာ အနိုင်မရခဲ့ရင် ချဲလ်ဆီးအ သင်းက ဒီပွဲစဉ်ကိုသာအနိုင်ရထားရင် နှစ်သင်းကြား က ရမှတ်ကွာဟမှုကို လျှော့ချထားနိုင်မှာဖြစ်ပါတယ်။ ဒါ့ပြင် အာဆင်နယ်အသင်းကို ရမှတ်ပိုဖြတ်ထားနိုင် မှာဖြစ်တာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ အကောင်း ဆုံးပြင်ဆင်ကစားလာဖို့ရှိနေပါတယ်။ ချဲလ်ဆီးအသင်းဟာ ခြေစွမ်းပိုင်းမှာပိုကောင်းလာတာကို လက်ခံ လို့ရပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ကစားသမားတွေ ရဲ့ နိုင်ပွဲရယူလိုစိတ်တွေ ပြန်လည်ကျဆင်းလာတာကိုမြင်တွေ့ရပြီး ဒီအချက်ကပဲ ပရီးမီးယားလိဂ်ကို စိန် ခေါ်နိုင်ဖို့ လိုအပ်ချက်တွေဖြစ်လာနိုင်ပါတယ်။ ဒါ့ပြင် နည်းပြ မာရက်စကားရဲ့ လူထုတ်ပုံအရကြည့်ရင် အရန်ကစားသမားတွေကို ပိုပြီးနေရာပေးချင်တာ ကြောင့် ချဲလ်ဆီးအသင်းရဲ့နိုင်ပွဲတွေမှာ အခက်အခဲ တွေဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီပွဲစဉ်ကတော့ ချဲလ် ဆီးအသင်းရဲ့ ငယ်နိုင်အသင်း လို့တောင်ပြောလို့ရနေ တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်ဖြစ်တာကြောင့် နိုင်ပွဲရဖို့ဆိုတာ မခက်ခဲနိုင်ပါဘူး။ ချဲလ်ဆီးက ခရစ္စ တယ်ပဲလေ့စ်အသင်းကို (၂၀၁၈) ခုနှစ်ကစပြီး (၁၅)ပွဲဆက်တိုက် အိမ်ကွင်းရောအဝေးကွင်းမှာပါ နိုင်ပွဲရထားပြီး (၁)ပွဲသာသရေကျခဲ့တာကြောင့် ဒီပွဲစဉ်က ချဲလ်ဆီးအသင်းက အဝေးကွင်းဖြစ်ပေမယ့် သေချာ ပေါက် (၂)ဂိုးပြတ်လောက်နဲ့ နိုင်ပွဲရယူသွားပါမယ်။

မန်စီးတီး Vs ဝက်စ်ဟမ်း
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဝက်စ်ဟမ်း ၁ - ၃ မန်စီးတီး (၃၁-၈-၂၀၂၄)
မန်စီးတီး ၃ - ၁ ဝက်စ်ဟမ်း (၁၉-၅-၂၀၂၃)
ဝက်စ်ဟမ်း ၁ - ၃ မန်စီးတီး (၁၆-၉-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၃ -၂ ဝက်စ်ဟမ်း
မန်စီးတီး ၂ - ၁ ဝက်စ်ဟမ်း

မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေနဲ့အတူ မန်စီးတီးရဲ့ကျရှုံးခန်းတွေဟာ ဘယ်အထိခရီး ဆက်သွားမလဲဆိုတာဟာ တကယ်ကိုစိတ်ဝင်စားစရာ ပါ။ နည်းပြ ဂွာဒီယိုလာလက်ထက်မှာ ဒီလိုရလဒ်မျိုး တစ်ကြိမ်တစ်ခါမှမရှိခဲ့တာဖြစ်ပြီး မန်စီးတီးအသင်း ဟာ ဒီရာသီရဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ နိုင်ပွဲမရှိသ လောက်ကိုဖြစ်နေခဲ့တာပါ။ ပရိသတ်တွေအနေနဲ့ ကတော့ မန်စီးတီးအသင်းဟာ အချိန်တန်ရင် ရလဒ် ကောင်းတွေနဲ့ပြန်လာမှာပဲလို့ ထင်ကြေးပေးနေပေ မယ့် လက်ရှိခြေစွမ်းနဲ့ရလဒ်ပိုင်းတွေအရ မန်စီးတီး အသင်းဟာ ပြန်လာဖို့ထက် အသင်းကရှုံးပွဲတွေနဲ့ ဆက်တိုက်ရင်ဆိုင်လာရချိန်မှာတော့ ယုံကြည်မှုပိုင်းတွေမှာပါ ပျောက်ဆုံးသွားခဲ့ပြီလားဆိုတဲ့ မေးခွန်းက လည်းရှိနေပါတယ်။ ဒါဟာ မန်စီးတီးအသင်းရဲ့ ကွင်း လယ်ကစားသမား ရိုဒရီ မပါဝင်လာနိုင်မှုကြောင့်လို့ပြောလို့ရပေမယ့် သေချာတဲ့အချက်က မန်စီးတီးအ သင်းရဲ့ကစားသမားတွေအကုန်လုံးဟာ ပုံမှန်ခြေစွမ်း အောက်ရောက်နေတဲ့ကစားသမား အများစုကြောင့် သာ ဒီလောက်အထိဆိုရွားတဲ့ရာသီတစ်ခုကို ဖြတ် သန်းနေတာလို့ပြောနိုင်ပါတယ်။ အခုဆိုရင် အမှတ် ပေးဇယားမှာ ဥရောပဝင်ခွင့်ရရှိရေးအတွက်ကိုပါ ရုန်း ကန်လာရနိုင်တဲ့အထိ အခြေအနေဆိုးနေခဲ့ပါပြီ။ ဒါ ကြောင့် ဒီပွဲစဉ်က မန်စီးတီးအသင်းအတွက် နိုင်ပွဲပြန် ရှာဖို့လိုအပ်တဲ့ပွဲစဉ်ဖြစ်လာဖို့ရှိနေပြီး ထိပ်တိုက်တွေ့ ဆုံမှုတွေအရ ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ ဆက်တိုက်နိုင်ပွဲတွေရယူထားတဲ့ မန်စီးတီးအသင်း အတွက် အိမ်ကွင်းမှာ အနိုင်(၃)မှတ်ကို ခက်ခက်ခဲခဲနဲ့ ရယူသွားနိုင်ပါတယ်။ ဒါပေမဲ့ သွင်းဂိုးအနေနဲ့ကတော့ ဂိုးမပြတ်ပါဘူး။

ဘရိုက်တန် Vs အာဆင်နယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၁ - ၁ ဘရိုက်တန်(၃၁-၈-၂၀၂၄)
အာဆင်နယ် ၂ - ဝ ဘရိုက်တန်(၁၇-၁၂-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘရိုက်တန် ၂ - ၃ အာဆင်နယ်
ဘရိုက်တန် ဝ - ၂ အာဆင်နယ်

အာဆင်နယ်အသင်းဟာ အိမ်ကွင်းပွဲစဉ် တွေမှာ ရမှတ်တွေကိုအလုံအလောက်စုဆောင်းနိုင် မှုမရှိဘဲ ဆုံးရှုံးမှုပိုများနေတာကိုတွေ့ရပါတယ်။ အဝေးကွင်းစွမ်းဆောင်ရည်ကပိုကောင်းနေတာဟာ ချန်ပီယံဆုကိုစိန်ခေါ်ဖို့ရှိနေတဲ့အသင်းအတွက် ကောင်း မွန်တဲ့ရလဒ်မဟုတ်တာကတော့ သေချာနေပါတယ်။ အာဆင်နယ်အသင်းမှာ ပိုကောင်းလာတဲ့အချက်က တိုက်စစ်ပိုင်း ဂါဘရီရယ်ဂျေဆုရဲ့ခြေစွမ်းပြမှုနဲ့ အနိုင် ရလဒ်သွင်းဂိုးတွေက အာဆင်နယ်အသင်းကို နောက် ထပ် ရလဒ်ကောင်းတွေဆီကိုခေါ်ဆောင်သွားဖို့ရှိနေပါတယ်။ ဒါပေမဲ့ စိုးရိမ်စရာအချက်က တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြပြီး အဆုံးအဖြတ်ဂိုးတွေသွင်းယူပေးနေတဲ့ ဆာကာဒဏ်ရာရရှိတာဟာ အာဆင်နယ်အသင်းအ တွက် ထိုးနှက်ချက်တစ်ခုဖြစ်လာမလားဆိုတဲ့ အချက် ပဲဖြစ်ပါတယ်။ အစောပိုင်းပွဲစဉ်တွေမှာ အိုဒီဂတ် ဒဏ်ရာရတဲ့အချိန် အာဆင်နယ်အသင်းရဲ့ ရလဒ်ပိုင်း ဆိုးရွားခဲ့သလို နောက်တန်းက ဆလီဗာဒဏ်ရာရချိန် မှာ လည်း အမှတ်ပေးဖလားကို လက်လွှတ်လိုက်ရတဲ့ သာဓကတွေရှိခဲ့တာကြောင့် ဆာကာ ရဲ့ဒဏ်ရာရရှိမှု က အာဆင်နယ်အသင်းအတွက် ထိခိုက်မှုတွေရှိလာ နိုင်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာလည်း နှစ်သင်းကြားကွာဟမှု အများကြီးမရှိတာကြောင့် ဒီပွဲ စဉ်ကလည်း အာဆင်နယ်အသင်းအတွက် ခက်ခဲနိုင် တဲ့ပွဲစဉ်ဖြစ်ပြီး ဘရိုက်တန်လိုအသင်းကို အဝေးကွင်း မှာရင်ဆိုင်ရမှာဖြစ်တာကြောင့် ဒီပွဲစဉ်က သရေကျဖို့ များပါတယ်။
စပါးစ် Vs နယူးကာဆယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
နယူးကာဆယ် ၂ - ၁ စပါးစ် (၁-၉-၂၀၂၄)
နယူးကာဆယ် ၄ - ဝ စပါးစ် (၁၃-၄-၂၀ ၂၃)
စပါးစ် ၄ - ၁ နယူးကာဆယ် (၁၀-၁၂-၂၀ ၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
စပါးစ် ၂ - ၁ နယူးကာဆယ်
စပါးစ် ၂ - ၂ နယူးကာဆယ်

စပါးစ်အသင်းက နောက်ပိုင်းပွဲစဉ်တွေမှာ နိုင်ပွဲတွေပျောက်ခဲ့တဲ့အသင်းဖြစ်ပြီး ချဲလ်ဆီးအ သင်းနဲ့ လီဗာပူးလ်အသင်းတို့ကိုရင်ဆိုင်ခဲ့ရတာက စပါးစ်အသင်းကို ဖိအားတွေအောက်ကိုပိုမိုရောက်ရှိ စေခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် စပါးစ်အသင်းက ဥ ရောပဝင်ခွင့်အတွက်ပါရုန်းကန်နေရပြီဖြစ်ပြီး ရမှတ် အနေအထားအရလည်းကွာဟနေခဲ့ပြီဖြစ်ပြီး ဆက် တိုက်ခြေစွမ်းပိုင်းမှာ ကျဆင်းလာတဲ့အနေအထားကို တွေ့ရပါတယ်။ နယူးကာဆယ်အသင်းကလည်း ဒီရာသီမှာ စပါးစ်အသင်းထက်ရလဒ်ပိုင်းအရ ပို ကောင်းပေမယ့် ခြေစွမ်းပိုင်းမှာတော့ မနှစ်ကရာသီ ထက် အနည်းငယ်ခြေစွမ်းကျဆင်းသွားတယ်လို့ ပြောလို့ရနေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုမှာလည်း အပြန်အလှန်သွင်းဂိုးတွေတွေ့မြင်လာရတာကြောင့် ဒီပွဲစဉ်က နှစ်သင်းလုံးအတွက်ခက်ခဲနိုင်ပြီး အပြန်အ လှန်သွင်းဂိုးတွေနဲ့အတူ သရေလည်းကျသွားနိုင်သလို နိုင်ပွဲအနေနဲ့ကတော့ အိမ်ကွင်းအားသာချက်ရှိတဲ့ စပါးစ်အသင်းဘက်ကနေချင်ပါတယ်။

၄ - ၁ -၂၀၂၅ (စနေနေ့ ညပိုင်း)
ည(၇ းဝဝ) စပါးစ် Vs နယူးကာဆယ်
ည(၉ း ၃၀) ပဲလေ့စ် Vs ချဲလ်ဆီး
ည(၉ း ၃၀) မန်စီးတီး Vs ဝက်စ်ဟမ်း
ည(၉ း ၃၀) ဘရိုက်တန် Vs အာဆင်နယ်
၅-၁-၂၀၂၅ (တနင်္ဂနွေနေ့ညပိုင်း)
ည(၁၁ း ဝဝ) လီဗာပူးလ် Vs မန်ယူ

zawgyi version
၂ဝ၂၄-၂ဝ၂၅ ပရီးမီးယားလိဂ္ပြဲစဥ္(၂ဝ) ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ဇန္နဝါရီ ၃

(၂၀၂၄-၂၀၂၅) ေဘာလုံးရာသီရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္(၂၀)မွာေတာ့ လီဗာပူးလ္အသင္းကပဲ အမွတ္ေပးဇယားကိုဦးေဆာင္ထားၿပီး ခ်န္ပီယံေျခ စြမ္းေတြကိုျပသထားသလို နည္းျပသစ္လက္ထက္မွာ အေကာင္းဆုံးပုံစံေတြကို ျပသေနတာေတြ႕ရပါတယ္။ ခ်ဲလ္ဆီးအသင္းကလည္း အမွတ္ေပးဇယားရဲ႕ ဒုတိ ယေနရာကေန အာဆင္နယ္အသင္းနဲ႔ အၿပိဳင္ရမွတ္ ေတြလိုအပ္ေနတာေၾကာင့္ ဒီႏွစ္သင္းၾကားကၿပိဳင္ ဆိုင္မႈေတြကိုလည္း ေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။ မန္စီးတီးအသင္းကေတာ့ ခ်န္ပီယံဆုနဲ႔ အလွမ္းေဝး ေန႐ုံသာမကပဲ ဥေရာပခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရး ကိုေတာင္ ႐ုန္းကန္လာရေလာက္တဲ့အထိ အေျခအေနဆိုး႐ြားလာေနတာကိုေတြ႕ရပါတယ္။ ဒီတစ္ပတ္မွာ အေကာင္းဆုံးပြဲစဥ္ျဖစ္တဲ့ လီဗာပူးလ္အသင္းနဲ႔ မန္ယူ အသင္းတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈအျပင္ အျခားေသာ အသင္းႀကီးေတြရဲ႕ပြဲေကာင္းေတြကလည္း ေစာင့္ေမွ်ာ္ ၾကည့္ရႈခ်င္စရာေကာင္းပါတယ္။ ဒါေၾကာင့္ NP News ကေန အမွတ္ေပးဇယားရဲ႕ ထိပ္ ဆုံးမွာရပ္တည္ေနတဲ့အသင္းႀကီးေတြရဲ႕ ပရီးမီးယား လိဂ္ပြဲစဥ္(၂၀)အတြက္ ေျခစြမ္းနဲ႔ ျဖစ္ႏိုင္ေျခသုံး သပ္ခ်က္ေတြကို တင္ျပသြားမွာျဖစ္ပါတယ္။

လီဗာပူးလ္ Vs မန္ယူ
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္ယူ ၄ - ၁ လီဗာပူးလ္ (၁-၉-၂၀၂၄)
မန္ယူ ၂ - ၂ လီဗာပူးလ္ (၇-၄-၂၀၂၃)
လီဗာပူးလ္ ဝ - ၃ မန္ယူ (၁၇-၁၂-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လီဗာပူးလ္ ၂ - ဝ မန္ယူ
လီဗာပူးလ္ ၃ - ၁ မန္ယူ

ဒီႏွစ္သင္းၾကားက ကြာဟခ်က္က ဒီရာသီ မွာ အမ်ားႀကီးကြာျခားေနၿပီး ရမွတ္အေန အထားအရလည္း အမွတ္ေပးဇယားမွာ(၁၇)မွတ္အထိ ျဖတ္ ေတာက္ထားတာေၾကာင့္ ေျခစြမ္းပိုင္းအရေရာ ရလဒ္ ပိုင္းမွာပါ လီဗာပူးလ္အသင္းက ပိုေကာင္းေနတာ သိသာပါတယ္။ လီဗာပူးလ္အသင္းကေတာ့ ဒီရာသီ နည္းျပသစ္လက္ထက္ဆိုေပမယ့္ ျပည္တြင္းမွာေရာ ဥေရာပခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာပါ အမွတ္ေပးဇယား ကို ဦးေဆာင္ထားႏိုင္တာေတြ႕ရပါတယ္။ ဒါ့ျပင္ ပရီး မီးယားလိဂ္ရဲ႕ ၿပိဳင္ပြဲအားလုံးမွာ(၁)ပြဲသာရႈံးနိမ့္ထားၿပီး ခ်န္ပီယံလိဂ္မွာဆိုရင္ ရာႏႈန္းျပည့္ႏိုင္ပြဲရယူထားတာ က တကယ္ကို လက္ဖ်ားခါခ်င္ေလာက္စရာ ေျခစြမ္း ေကာင္းေတြ၊ ရလဒ္ပိုင္းေတြပဲျဖစ္ပါတယ္။ မန္ယူအသင္းကေတာ့ နည္းျပသစ္ အမ္မိုရင္လက္ထက္မွာ လည္း မေျပာင္းလဲတဲ့ရလဒ္ေတြကိုသာရရွိေနၿပီး ေနာက္ဆုံးကန္ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ အ သင္းငယ္ေလးေတြနဲ႔ရင္ဆိုင္ခဲ့ရေပမယ့္လည္း ရလဒ္ ပိုင္းအရေရာ ေျခစြမ္းအရပါ က်ဆင္းလာတာကိုေတြ႕ ရၿပီး နည္းျပ အမ္မိုရင္ေတာင္းဆိုထားတဲ့ လူအင္အား အေျပာင္းအလဲေတြလုပ္လာမလားဆိုတာကလည္း ေစာင့္ၾကည့္ခ်င္စရာေကာင္းေနပါတယ္။ ထိပ္တိုက္ ေတြ႕ဆုံမႈအရေတာ့ မန္ယူအသင္းဟာ (၂၀၂၂) ခုႏွစ္ ကစၿပီး လီဗာပူးလ္အသင္းနဲ႔ရင္ဆိုင္ခဲ့တဲ့ ၿပိဳင္ပြဲစုံ(၇)ပြဲမွာ တစ္ပြဲသာအႏိုင္ရရွိထားၿပီး (၆)ပြဲဆက္တိုက္ ဂိုး ျပတ္ရလဒ္ေတြနဲ႔သာရႈံးနိမ့္ေနခဲ့တာကိုေတြ႕ရပါ တယ္။ ဒါဟာ မန္ယူအသင္းရဲ႕ ေျခစြမ္းပိုင္းနိမ့္က်လာ မႈေတြေၾကာင့္ဆိုတာဟာ သိသာထင္ရွားေနပါတယ္။ ဒီႏွစ္ရာသီမွာလည္း လီဗာပူးလ္အသင္းရဲ႕ ေျခစြမ္းနဲ႔ မန္ယူအသင္းရဲ႕ေျခစြမ္းအရ အမ်ားႀကီးကြာဟေနတာ ေၾကာင့္ လီဗာပူးလ္အိမ္ကြင္းမွာ မန္ယူအသင္းအႏိုင္ ရရွိဖို႔ဆိုတာဟာ ျဖစ္လာႏိုင္ဖို႔ ရာခိုင္ႏႈန္း ေတာ္ေတာ္ နည္းပါတယ္။ ဒါေၾကာင့္ ရလဒ္ပိုင္းကိုခန႔္မွန္းရရင္ မန္ယူအသင္းက လီဗာပူးလ္အိမ္ကြင္းမွာ အသာရ ေလ့မရွိတဲ့အျပင္ ဒီရာသီလီဗာပူးလ္အသင္းရဲ႕ စြမ္း ေဆာင္ရည္ေတြေၾကာင့္ လီဗာပူးလ္အသင္းကပဲ အိမ္ ကြင္းမွာ အႏိုင္(၃)မွတ္ရယူသြားႏိုင္ပါတယ္။ သြင္းဂိုး ေတြေတာ့ မ်ားမ်ားစားစားျမင္ရဖို႔မရွိပါဘူး။

ပဲေလ့စ္ Vs ခ်ဲလ္ဆီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခ်ဲလ္ဆီး ၁ - ၁ ပဲေလ့စ္ (၁-၉-၂၀၂၄)
ပဲေလ့စ္ ၂ - ၁ ခ်ဲလ္ဆီး (၁၃-၂-၂၀၂၃)
ခ်ဲလ္ဆီး ၂ - ၁ ပဲေလ့စ္ (၂၈-၁၂-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ပဲေလ့စ္ ဝ - ၃ ခ်ဲလ္ဆီး
ပဲေလ့စ္ ဝ - ၂ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းက လီဗာပူးလ္အသင္းကို အနီးကပ္ဖိအားေပးထားႏိုင္ဖို႔ ဒီပြဲစဥ္ရဲ႕အခြင့္အေရး ကို အေကာင္းဆုံးအသုံခ်သြားႏိုင္ပါတယ္။ ဘာျဖစ္လို႔ လဲဆိုေတာ့ လီဗာပူးလ္အသင္းက မန္ယူအသင္းကို ရင္ဆိုင္ကစားရခ်ိန္မွာ အႏိုင္မရခဲ့ရင္ ခ်ဲလ္ဆီးအ သင္းက ဒီပြဲစဥ္ကိုသာအႏိုင္ရထားရင္ ႏွစ္သင္းၾကား က ရမွတ္ကြာဟမႈကို ေလွ်ာ့ခ်ထားႏိုင္မွာျဖစ္ပါတယ္။ ဒါ့ျပင္ အာဆင္နယ္အသင္းကို ရမွတ္ပိုျဖတ္ထားႏိုင္ မွာျဖစ္တာေၾကာင့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ အေကာင္း ဆုံးျပင္ဆင္ကစားလာဖို႔ရွိေနပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ေျခစြမ္းပိုင္းမွာပိုေကာင္းလာတာကို လက္ခံ လို႔ရေပမယ့္ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ကစားသမားေတြ ရဲ႕ ႏိုင္ပြဲရယူလိုစိတ္ေတြ ျပန္လည္က်ဆင္းလာတာကိုျမင္ေတြ႕ရၿပီး ဒီအခ်က္ကပဲ ပရီးမီးယားလိဂ္ကို စိန္ ေခၚႏိုင္ဖို႔ လိုအပ္ခ်က္ေတြျဖစ္လာႏိုင္ပါတယ္။ ဒါ့ျပင္ နည္းျပ မာရက္စကားရဲ႕ လူထုတ္ပုံအရၾကည့္ရင္ အရန္ကစားသမားေတြကို ပိုၿပီးေနရာေပးခ်င္တာ ေၾကာင့္ ခ်ဲလ္ဆီးအသင္းရဲ႕ႏိုင္ပြဲေတြမွာ အခက္အခဲ ေတြျဖစ္လာႏိုင္ပါတယ္။ ဒါေပမဲ့ ဒီပြဲစဥ္ကေတာ့ ခ်ဲလ္ ဆီးအသင္းရဲ႕ ငယ္ႏိုင္အသင္း လို႔ေတာင္ေျပာလို႔ရေန တဲ့ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ ပြဲစဥ္ျဖစ္တာေၾကာင့္ ႏိုင္ပြဲရဖို႔ဆိုတာ မခက္ခဲႏိုင္ပါဘူး။ ခ်ဲလ္ဆီးက ခရစၥ တယ္ပဲေလ့စ္အသင္းကို (၂၀၁၈) ခုႏွစ္ကစၿပီး (၁၅)ပြဲဆက္တိုက္ အိမ္ကြင္းေရာအေဝးကြင္းမွာပါ ႏိုင္ပြဲရထားၿပီး (၁)ပြဲသာသေရက်ခဲ့တာေၾကာင့္ ဒီပြဲစဥ္က ခ်ဲလ္ဆီးအသင္းက အေဝးကြင္းျဖစ္ေပမယ့္ ေသခ်ာ ေပါက္ (၂)ဂိုးျပတ္ေလာက္နဲ႔ ႏိုင္ပြဲရယူသြားပါမယ္။

မန္စီးတီး Vs ဝက္စ္ဟမ္း
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဝက္စ္ဟမ္း ၁ - ၃ မန္စီးတီး (၃၁-၈-၂၀၂၄)
မန္စီးတီး ၃ - ၁ ဝက္စ္ဟမ္း (၁၉-၅-၂၀၂၃)
ဝက္စ္ဟမ္း ၁ - ၃ မန္စီးတီး (၁၆-၉-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး ၃ -၂ ဝက္စ္ဟမ္း
မန္စီးတီး ၂ - ၁ ဝက္စ္ဟမ္း

မထင္မွတ္ထားတဲ့ အခ်ိဳးအေကြ႕ေတြနဲ႔အတူ မန္စီးတီးရဲ႕က်ရႈံးခန္းေတြဟာ ဘယ္အထိခရီး ဆက္သြားမလဲဆိုတာဟာ တကယ္ကိုစိတ္ဝင္စားစရာ ပါ။ နည္းျပ ဂြာဒီယိုလာလက္ထက္မွာ ဒီလိုရလဒ္မ်ိဳး တစ္ႀကိမ္တစ္ခါမွမရွိခဲ့တာျဖစ္ၿပီး မန္စီးတီးအသင္း ဟာ ဒီရာသီရဲ႕ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ႏိုင္ပြဲမရွိသ ေလာက္ကိုျဖစ္ေနခဲ့တာပါ။ ပရိသတ္ေတြအေနနဲ႔ ကေတာ့ မန္စီးတီးအသင္းဟာ အခ်ိန္တန္ရင္ ရလဒ္ ေကာင္းေတြနဲ႔ျပန္လာမွာပဲလို႔ ထင္ေၾကးေပးေနေပ မယ့္ လက္ရွိေျခစြမ္းနဲ႔ရလဒ္ပိုင္းေတြအရ မန္စီးတီး အသင္းဟာ ျပန္လာဖို႔ထက္ အသင္းကရႈံးပြဲေတြနဲ႔ ဆက္တိုက္ရင္ဆိုင္လာရခ်ိန္မွာေတာ့ ယုံၾကည္မႈပိုင္းေတြမွာပါ ေပ်ာက္ဆုံးသြားခဲ့ၿပီလားဆိုတဲ့ ေမးခြန္းက လည္းရွိေနပါတယ္။ ဒါဟာ မန္စီးတီးအသင္းရဲ႕ ကြင္း လယ္ကစားသမား ႐ိုဒရီ မပါဝင္လာႏိုင္မႈေၾကာင့္လို႔ေျပာလို႔ရေပမယ့္ ေသခ်ာတဲ့အခ်က္က မန္စီးတီးအ သင္းရဲ႕ကစားသမားေတြအကုန္လုံးဟာ ပုံမွန္ေျခစြမ္း ေအာက္ေရာက္ေနတဲ့ကစားသမား အမ်ားစုေၾကာင့္ သာ ဒီေလာက္အထိဆို႐ြားတဲ့ရာသီတစ္ခုကို ျဖတ္ သန္းေနတာလို႔ေျပာႏိုင္ပါတယ္။ အခုဆိုရင္ အမွတ္ ေပးဇယားမွာ ဥေရာပဝင္ခြင့္ရရွိေရးအတြက္ကိုပါ ႐ုန္း ကန္လာရႏိုင္တဲ့အထိ အေျခအေနဆိုးေနခဲ့ပါၿပီ။ ဒါ ေၾကာင့္ ဒီပြဲစဥ္က မန္စီးတီးအသင္းအတြက္ ႏိုင္ပြဲျပန္ ရွာဖို႔လိုအပ္တဲ့ပြဲစဥ္ျဖစ္လာဖို႔ရွိေနၿပီး ထိပ္တိုက္ေတြ႕ ဆုံမႈေတြအရ ဝက္စ္ဟမ္းအသင္းကို အိမ္ကြင္းမွာ ဆက္တိုက္ႏိုင္ပြဲေတြရယူထားတဲ့ မန္စီးတီးအသင္း အတြက္ အိမ္ကြင္းမွာ အႏိုင္(၃)မွတ္ကို ခက္ခက္ခဲခဲနဲ႔ ရယူသြားႏိုင္ပါတယ္။ ဒါေပမဲ့ သြင္းဂိုးအေနနဲ႔ကေတာ့ ဂိုးမျပတ္ပါဘူး။

ဘ႐ိုက္တန္ Vs အာဆင္နယ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အာဆင္နယ္ ၁ - ၁ ဘ႐ိုက္တန္(၃၁-၈-၂၀၂၄)
အာဆင္နယ္ ၂ - ဝ ဘ႐ိုက္တန္(၁၇-၁၂-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဘ႐ိုက္တန္ ၂ - ၃ အာဆင္နယ္
ဘ႐ိုက္တန္ ဝ - ၂ အာဆင္နယ္

အာဆင္နယ္အသင္းဟာ အိမ္ကြင္းပြဲစဥ္ ေတြမွာ ရမွတ္ေတြကိုအလုံအေလာက္စုေဆာင္းႏိုင္ မႈမရွိဘဲ ဆုံးရႈံးမႈပိုမ်ားေနတာကိုေတြ႕ရပါတယ္။ အေဝးကြင္းစြမ္းေဆာင္ရည္ကပိုေကာင္းေနတာဟာ ခ်န္ပီယံဆုကိုစိန္ေခၚဖို႔ရွိေနတဲ့အသင္းအတြက္ ေကာင္း မြန္တဲ့ရလဒ္မဟုတ္တာကေတာ့ ေသခ်ာေနပါတယ္။ အာဆင္နယ္အသင္းမွာ ပိုေကာင္းလာတဲ့အခ်က္က တိုက္စစ္ပိုင္း ဂါဘရီရယ္ေဂ်ဆုရဲ႕ေျခစြမ္းျပမႈနဲ႔ အႏိုင္ ရလဒ္သြင္းဂိုးေတြက အာဆင္နယ္အသင္းကို ေနာက္ ထပ္ ရလဒ္ေကာင္းေတြဆီကိုေခၚေဆာင္သြားဖို႔ရွိေနပါတယ္။ ဒါေပမဲ့ စိုးရိမ္စရာအခ်က္က တိုက္စစ္ပိုင္းမွာ ေျခစြမ္းျပၿပီး အဆုံးအျဖတ္ဂိုးေတြသြင္းယူေပးေနတဲ့ ဆာကာဒဏ္ရာရရွိတာဟာ အာဆင္နယ္အသင္းအ တြက္ ထိုးႏွက္ခ်က္တစ္ခုျဖစ္လာမလားဆိုတဲ့ အခ်က္ ပဲျဖစ္ပါတယ္။ အေစာပိုင္းပြဲစဥ္ေတြမွာ အိုဒီဂတ္ ဒဏ္ရာရတဲ့အခ်ိန္ အာဆင္နယ္အသင္းရဲ႕ ရလဒ္ပိုင္း ဆိုး႐ြားခဲ့သလို ေနာက္တန္းက ဆလီဗာဒဏ္ရာရခ်ိန္ မွာ လည္း အမွတ္ေပးဖလားကို လက္လႊတ္လိုက္ရတဲ့ သာဓကေတြရွိခဲ့တာေၾကာင့္ ဆာကာ ရဲ႕ဒဏ္ရာရရွိမႈ က အာဆင္နယ္အသင္းအတြက္ ထိခိုက္မႈေတြရွိလာ ႏိုင္ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈတိုင္းမွာလည္း ႏွစ္သင္းၾကားကြာဟမႈ အမ်ားႀကီးမရွိတာေၾကာင့္ ဒီပြဲ စဥ္ကလည္း အာဆင္နယ္အသင္းအတြက္ ခက္ခဲႏိုင္ တဲ့ပြဲစဥ္ျဖစ္ၿပီး ဘ႐ိုက္တန္လိုအသင္းကို အေဝးကြင္း မွာရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ ဒီပြဲစဥ္က သေရက်ဖို႔ မ်ားပါတယ္။
စပါးစ္ Vs နယူးကာဆယ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
နယူးကာဆယ္ ၂ - ၁ စပါးစ္ (၁-၉-၂၀၂၄)
နယူးကာဆယ္ ၄ - ဝ စပါးစ္ (၁၃-၄-၂၀ ၂၃)
စပါးစ္ ၄ - ၁ နယူးကာဆယ္ (၁၀-၁၂-၂၀ ၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
စပါးစ္ ၂ - ၁ နယူးကာဆယ္
စပါးစ္ ၂ - ၂ နယူးကာဆယ္

စပါးစ္အသင္းက ေနာက္ပိုင္းပြဲစဥ္ေတြမွာ ႏိုင္ပြဲေတြေပ်ာက္ခဲ့တဲ့အသင္းျဖစ္ၿပီး ခ်ဲလ္ဆီးအ သင္းနဲ႔ လီဗာပူးလ္အသင္းတို႔ကိုရင္ဆိုင္ခဲ့ရတာက စပါးစ္အသင္းကို ဖိအားေတြေအာက္ကိုပိုမိုေရာက္ရွိ ေစခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ စပါးစ္အသင္းက ဥ ေရာပဝင္ခြင့္အတြက္ပါ႐ုန္းကန္ေနရၿပီျဖစ္ၿပီး ရမွတ္ အေနအထားအရလည္းကြာဟေနခဲ့ၿပီျဖစ္ၿပီး ဆက္ တိုက္ေျခစြမ္းပိုင္းမွာ က်ဆင္းလာတဲ့အေနအထားကို ေတြ႕ရပါတယ္။ နယူးကာဆယ္အသင္းကလည္း ဒီရာသီမွာ စပါးစ္အသင္းထက္ရလဒ္ပိုင္းအရ ပို ေကာင္းေပမယ့္ ေျခစြမ္းပိုင္းမွာေတာ့ မႏွစ္ကရာသီ ထက္ အနည္းငယ္ေျခစြမ္းက်ဆင္းသြားတယ္လို႔ ေျပာလို႔ရေနပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈမွာလည္း အျပန္အလွန္သြင္းဂိုးေတြေတြ႕ျမင္လာရတာေၾကာင့္ ဒီပြဲစဥ္က ႏွစ္သင္းလုံးအတြက္ခက္ခဲႏိုင္ၿပီး အျပန္အ လွန္သြင္းဂိုးေတြနဲ႔အတူ သေရလည္းက်သြားႏိုင္သလို ႏိုင္ပြဲအေနနဲ႔ကေတာ့ အိမ္ကြင္းအားသာခ်က္ရွိတဲ့ စပါးစ္အသင္းဘက္ကေနခ်င္ပါတယ္။

၄ - ၁ -၂၀၂၅ (စေနေန႔ ညပိုင္း)
ည(၇ းဝဝ) စပါးစ္ Vs နယူးကာဆယ္
ည(၉ း ၃၀) ပဲေလ့စ္ Vs ခ်ဲလ္ဆီး
ည(၉ း ၃၀) မန္စီးတီး Vs ဝက္စ္ဟမ္း
ည(၉ း ၃၀) ဘ႐ိုက္တန္ Vs အာဆင္နယ္
၅-၁-၂၀၂၅ (တနဂၤေႏြေန႔ညပိုင္း)
ည(၁၁ း ဝဝ) လီဗာပူးလ္ Vs မန္ယူ

Related news

© 2021. All rights reserved.