အလေးချိန် (၃၀ဝ ဒသမ ၁၂) ကီလိုဂရမ်ရှိသည့်ကမ္ဘာ့အကြီးဆုံး ရွှေချောင်း
5727
Pika (NP News) - ဇန်နဝါရီ ၃
ရွှေမြို့တော် The Jewel of the Desert နှင့် အရှေ့အလယ်ပိုင်း၏ပုလဲဟု အမည်ပြောင်ပေး ခံထားရသော ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့သည် ၎င်း၏အမည်ပြောင်များမှာ အကြောင်းပြချက်တစ်ခုကြောင့် ပေးထားသည်ဆိုသည့်အချက်ကို ထပ်မံသက်သေပြခဲ့ကြောင်းသိရသည်။
Emirates Minting Factory LLC ကုမ္ပဏီက ရရှိခဲ့သော စံချိန်တင်ရွှေချောင်းသည် အလေးချိန်(၃၀ဝ ဒသမ ၁၂)ကီလိုဂရမ်ရှိပြီး ပုံမှန်ရွှေချောင်းထက် အဆ(၂၀)ပိုလေးကြောင်းသိရသည်။ အဖိုးတန်သတ္တုလုပ်ငန်းနယ်ပယ်နှင့်ပတ်သက်လျှင် ဒေသတွင်းတွင် ထိပ်တန်းအဖွဲ့အစည်းတစ်ခုဖြစ် သည့် Emirates Minting Factory LLC ကုမ္ပဏီ သည် ဒူဘိုင်းကိုဂုဏ်ပြုရန်နှင့် နိုင်ငံ၏ပံ့ပိုးကူညီမှု များကို ကျေးဇူးတင်ကြောင်းပြသရန်အတွက် အဆိုပါရွှေချောင်းကို ဖန်တီးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကမ္ဘာ့အကြီးဆုံးရွှေချောင်းစံချိန်ကို ယခင်ကိုင်ဆောင်ထားသူမှာ Mitsubishi Materials ကော်ပို ရေးရှင်းဖြစ်ပြီး (၂၀ဝ၅)ခုနှစ်တွင် စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သို့သော်လည်း ဒူဘိုင်း အခြေ စိုက်ကုမ္ပဏီတစ်ခုက အလေးချိန်(၅၀)ကီလိုဂရမ်ရှိသော ရွှေချောင်းနှင့်အတူ ကမ္ဘာ့အကြီးဆုံးရွှေ ချောင်း ဂင်းနစ်စံချိန်ကို ချိုးဖျက်ခဲ့ပြီးနောက် ယခုကဲ့သို့အလေးချိန်(၃၀ဝ)ကီလိုဂရမ်ကျော်ရှိသည့် ရွှေချောင်းဖြင့် စံချိန်သစ်တစ်ခုကို ထပ်မံတင်ခဲ့ခြင်းဖြစ်သည်။
နောက်ထပ်အထင်ကြီးစရာကောင်းသည့် အချက်တစ်ခုမှာ အဆိုပါရွှေချောင်းသည် (၉၉၉ ဒသ မ ၉) ရာခိုင်နှုန်း သန့်စင်မှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတစ်ခုကို ပြန်လည်သတ်မှတ်ခဲ့ကြောင်း လည်း သိရသည်။ Emirates Minting Factory ကုမ္ပဏီ၏ ဥက္ကဋ္ဌ Essa Al Falasi က “ယူအေအီး နိုင်ငံဟာ ကမ္ဘာ့အဖိုးတန်သတ္တု ဈေးကွက်ကို ပုံဖော်ရာမှာ ကြီးမားတဲ့အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေပြီး ဒီမှတ် တမ်းဟာ နိုင်ငံရဲ့ ပံ့ပိုးကူညီမှုတွေ အတွက် ကျေးဇူးတင်ကြောင်းပြသတဲ့ ကျွန်တော်တို့ရဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ရွှေချောင်းဟာ စံချိန်တစ်ခုတင်မဟုတ်ဘဲ ယူအေအီးအတွက် လက်ဆောင်တစ်ခုလည်းဖြစ်ပါတယ်”ဟုပြောဆိုခဲ့သည်။
zawgyi version
အေလးခ်ိန္ (၃၀ဝ ဒသမ ၁၂) ကီလိုဂရမ္ရွိသည့္ကမာၻ႔အႀကီးဆုံး ေ႐ႊေခ်ာင္း
Pika (NP News) - ဇန္နဝါရီ ၃
ေ႐ႊၿမိဳ႕ေတာ္ The Jewel of the Desert ႏွင့္ အေရွ႕အလယ္ပိုင္း၏ပုလဲဟု အမည္ေျပာင္ေပး ခံထားရေသာ ယူေအအီးႏိုင္ငံ ဒူဘိုင္းၿမိဳ႕သည္ ၎၏အမည္ေျပာင္မ်ားမွာ အေၾကာင္းျပခ်က္တစ္ခုေၾကာင့္ ေပးထားသည္ဆိုသည့္အခ်က္ကို ထပ္မံသက္ေသျပခဲ့ေၾကာင္းသိရသည္။
Emirates Minting Factory LLC ကုမၸဏီက ရရွိခဲ့ေသာ စံခ်ိန္တင္ေ႐ႊေခ်ာင္းသည္ အေလးခ်ိန္(၃၀ဝ ဒသမ ၁၂)ကီလိုဂရမ္ရွိၿပီး ပုံမွန္ေ႐ႊေခ်ာင္းထက္ အဆ(၂၀)ပိုေလးေၾကာင္းသိရသည္။ အဖိုးတန္သတၱဳလုပ္ငန္းနယ္ပယ္ႏွင့္ပတ္သက္လွ်င္ ေဒသတြင္းတြင္ ထိပ္တန္းအဖြဲ႕အစည္းတစ္ခုျဖစ္ သည့္ Emirates Minting Factory LLC ကုမၸဏီ သည္ ဒူဘိုင္းကိုဂုဏ္ျပဳရန္ႏွင့္ ႏိုင္ငံ၏ပံ့ပိုးကူညီမႈ မ်ားကို ေက်းဇူးတင္ေၾကာင္းျပသရန္အတြက္ အဆိုပါေ႐ႊေခ်ာင္းကို ဖန္တီးရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ကမာၻ႔အႀကီးဆုံးေ႐ႊေခ်ာင္းစံခ်ိန္ကို ယခင္ကိုင္ေဆာင္ထားသူမွာ Mitsubishi Materials ေကာ္ပို ေရးရွင္းျဖစ္ၿပီး (၂၀ဝ၅)ခုႏွစ္တြင္ စံခ်ိန္တင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ဒူဘိုင္း အေျခ စိုက္ကုမၸဏီတစ္ခုက အေလးခ်ိန္(၅၀)ကီလိုဂရမ္ရွိေသာ ေ႐ႊေခ်ာင္းႏွင့္အတူ ကမာၻ႔အႀကီးဆုံးေ႐ႊ ေခ်ာင္း ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔အေလးခ်ိန္(၃၀ဝ)ကီလိုဂရမ္ေက်ာ္ရွိသည့္ ေ႐ႊေခ်ာင္းျဖင့္ စံခ်ိန္သစ္တစ္ခုကို ထပ္မံတင္ခဲ့ျခင္းျဖစ္သည္။
ေနာက္ထပ္အထင္ႀကီးစရာေကာင္းသည့္ အခ်က္တစ္ခုမွာ အဆိုပါေ႐ႊေခ်ာင္းသည္ (၉၉၉ ဒသ မ ၉) ရာခိုင္ႏႈန္း သန႔္စင္မႈႏွင့္အတူ ကမာၻလုံးဆိုင္ရာ စံႏႈန္းတစ္ခုကို ျပန္လည္သတ္မွတ္ခဲ့ေၾကာင္း လည္း သိရသည္။ Emirates Minting Factory ကုမၸဏီ၏ ဥကၠ႒ Essa Al Falasi က “ယူေအအီး ႏိုင္ငံဟာ ကမာၻ႔အဖိုးတန္သတၱဳ ေဈးကြက္ကို ပုံေဖာ္ရာမွာ ႀကီးမားတဲ့အခန္းက႑တစ္ခုကေန ပါဝင္ေနၿပီး ဒီမွတ္ တမ္းဟာ ႏိုင္ငံရဲ႕ ပံ့ပိုးကူညီမႈေတြ အတြက္ ေက်းဇူးတင္ေၾကာင္းျပသတဲ့ ကြၽန္ေတာ္တို႔ရဲ႕ နည္းလမ္းပဲ ျဖစ္ပါတယ္။ ကမာၻ႔အႀကီးဆုံး ေ႐ႊေခ်ာင္းဟာ စံခ်ိန္တစ္ခုတင္မဟုတ္ဘဲ ယူေအအီးအတြက္ လက္ေဆာင္တစ္ခုလည္းျဖစ္ပါတယ္”ဟုေျပာဆိုခဲ့သည္။