ငွေကြေးဆုံးရှုံးခဲ့ရသော အသုံးပြုသူ (၃၁)ဦး၏ ငွေကြေးများကို စိုက်ထုတ်ပေးရန် ဆောင်ရွက်နေကြောင်း KBZPay ဆို
7667
ချယ်ရီ (NP News)- ဇန်နဝါရီ ၃
ငွေကြေးဆုံးရှုံးခဲ့ရသော အသုံးပြုသူ(၃၁)ဦး၏ ငွေကြေးများဆုံးရှုံးမှု မရှိစေရေးအတွက် စိုက်ထုတ်ပေးမှုများဆောင်ရွက်ပေးနေကြောင်း KBZPay က ယနေ့ (ဇန်နဝါရီလ ၃ ရက်) နံနက်ပိုင်းက ထုတ်ပြန်ထားသည်။
လတ်တလောဖြစ်ပွားနေသော KBZPay ၏ ကိစ္စများနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဗဟိုဘဏ်၏ထုတ်ပြန်ချက်အတွင်း ဘဏ်နှင့်မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်ရသော မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူများ (Mobile Network Operator) မှတစ်ဆင့် ၎င်းတို့၏တစ်ဆင့်ခံဝန်ဆောင်မှုပေးသူများ၏စနစ်ကို နည်းပညာဖြင့် ဖောက်ထွင်းယူခြင်းများဆောင်ရွက်ပြီး သုံးစွဲသူများ၏ မိုဘိုင်းငွေကြေးများကို ဖောက်ထွင်းရယူ၍လိမ်လည်ခြင်းများ ဆောင်ရွက်လာကြသည်ကို တွေ့ရှိရသည်ဟု ဖော်ပြထားကြောင်း KBZPay ၏စာတွင် ဖော်ပြထားသည်။
ထို့ကြောင့် အဆိုပါလိမ်လည်မှုဖြစ်စဉ်များကို KBZPay က ဆက်လက်စုံစမ်းစစ်ဆေးခဲ့ရာ ဖုန်းဟန်းဆက်ပြောင်းလဲသည့်လုပ်ငန်းစဉ်ကိုသာ သက်ရောက်မှုရှိပြီး အဆိုပါဖြစ်စဉ် (၃၁)ခုကို တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယခုအချိန်တွင် System Maintenance ပြုလုပ်နေသောကြောင့် အချို့ Operator များ၏ ဖုန်းဟန်းဆက်ပြောင်းလဲမှုများကို ခေတ္တရပ်တန့်ထားပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်တွင် ဖုန်းဟန်းဆက်ပြောင်းလဲမှုလုပ်ငန်းစဉ်ကို ပြန်လည် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း၌ ငွေကြေးဆုံးရှုံးခဲ့ရသော အသုံးပြုသူ (၃၁) ဦး၏ ငွေကြေးများ ဆုံးရှုံးမှုမရှိစေရေးအတွက် KBZPay မှ ကြိုတင်အစားထိုးစိုက်ထုတ်ပေးမှုများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်မှစတင်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရ သည်။
zawgyi version
ေငြေၾကးဆုံးရႈံးခဲ့ရေသာ အသုံးျပဳသူ (၃၁)ဦး၏ ေငြေၾကးမ်ားကို စိုက္ထုတ္ေပးရန္ ေဆာင္႐ြက္ေနေၾကာင္း KBZPay ဆို
ခ်ယ္ရီ (NP News)- ဇန္နဝါရီ ၃
ေငြေၾကးဆုံးရႈံးခဲ့ရေသာ အသုံးျပဳသူ(၃၁)ဦး၏ ေငြေၾကးမ်ားဆုံးရႈံးမႈ မရွိေစေရးအတြက္ စိုက္ထုတ္ေပးမႈမ်ားေဆာင္႐ြက္ေပးေနေၾကာင္း KBZPay က ယေန႔ (ဇန္နဝါရီလ ၃ ရက္) နံနက္ပိုင္းက ထုတ္ျပန္ထားသည္။
လတ္တေလာျဖစ္ပြားေနေသာ KBZPay ၏ ကိစၥမ်ားႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ ႀကီးၾကပ္လမ္းၫႊန္မႈႏွင့္အတူ ေဆာင္႐ြက္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။ ထိုသို႔ ေဆာင္႐ြက္ရာတြင္ ဗဟိုဘဏ္၏ထုတ္ျပန္ခ်က္အတြင္း ဘဏ္ႏွင့္မိုဘိုင္းေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းမ်ားႏွင့္ ဆက္စပ္ေဆာင္႐ြက္ရေသာ မိုဘိုင္းကြန္ရက္ဝန္ေဆာင္မႈေပးသူမ်ား (Mobile Network Operator) မွတစ္ဆင့္ ၎တို႔၏တစ္ဆင့္ခံဝန္ေဆာင္မႈေပးသူမ်ား၏စနစ္ကို နည္းပညာျဖင့္ ေဖာက္ထြင္းယူျခင္းမ်ားေဆာင္႐ြက္ၿပီး သုံးစြဲသူမ်ား၏ မိုဘိုင္းေငြေၾကးမ်ားကို ေဖာက္ထြင္းရယူ၍လိမ္လည္ျခင္းမ်ား ေဆာင္႐ြက္လာၾကသည္ကို ေတြ႕ရွိရသည္ဟု ေဖာ္ျပထားေၾကာင္း KBZPay ၏စာတြင္ ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ အဆိုပါလိမ္လည္မႈျဖစ္စဥ္မ်ားကို KBZPay က ဆက္လက္စုံစမ္းစစ္ေဆးခဲ့ရာ ဖုန္းဟန္းဆက္ေျပာင္းလဲသည့္လုပ္ငန္းစဥ္ကိုသာ သက္ေရာက္မႈရွိၿပီး အဆိုပါျဖစ္စဥ္ (၃၁)ခုကို ေတြ႕ရွိခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။ ယခုအခ်ိန္တြင္ System Maintenance ျပဳလုပ္ေနေသာေၾကာင့္ အခ်ိဳ႕ Operator မ်ား၏ ဖုန္းဟန္းဆက္ေျပာင္းလဲမႈမ်ားကို ေခတၱရပ္တန႔္ထားၿပီး ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလ ၇ ရက္တြင္ ဖုန္းဟန္းဆက္ေျပာင္းလဲမႈလုပ္ငန္းစဥ္ကို ျပန္လည္ စတင္အသုံးျပဳႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ စုံစမ္းစစ္ေဆးေနစဥ္ကာလအတြင္း၌ ေငြေၾကးဆုံးရႈံးခဲ့ရေသာ အသုံးျပဳသူ (၃၁) ဦး၏ ေငြေၾကးမ်ား ဆုံးရႈံးမႈမရွိေစေရးအတြက္ KBZPay မွ ႀကိဳတင္အစားထိုးစိုက္ထုတ္ေပးမႈမ်ားကို ၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာလ (၃၁)ရက္မွစတင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရ သည္။