မြန်မာ-ထိုင်းနယ်စပ်တွင် အဆက်အသွယ်ပြတ်တောက်ခဲ့သော တရုတ်သရုပ်ဆောင်ကို မြန်မာဘက်ခြမ်းတွင် ပြန်လည်တွေ့ရှိပြီး ထိုင်းဘက်ပြန်ခေါ်

 4282

သုတကျော် (NP News) - ဇန်နဝါရီ ၇

မြန်မာ - ထိုင်းနယ်စပ်တွင် အဆက်အသွယ်ပြတ်တောက်ခဲ့သော တရုတ်သရုပ်ဆောင်ကို မြန်မာဘက်ခြမ်းတွင် ပြန်လည်တွေ့ရှိကာ ထိုင်းဘက်ခြမ်းသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် Paetongtarn Shinawatra ၏ ယနေ့ (ဇန်နဝါရီလ ၇ ရက်) တွင် ပြောကြားချက်ကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းဌာန၏ သတင်းတွင် ဖော်ပြထားသည်။

တရုတ်သရုပ်ဆောင် Wang Xing သည် ပြီးခဲ့သည့် ရက်သတ္တပတ်က မြန်မာနိုင်ငံနှင့် နယ်နိ မိတ်ချင်းထိစပ်နေပြီး လူကုန်ကူးမှုများ၊ ရာဇဝတ်မှုများဖြင့် အမည်ထွက်နေသည့် တက်ခ်ခရိုင် အတွင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အစောပိုင်းသတင်းများအရ အသက်(၃၁)နှစ်အရွယ် အထက်ပါ သရုပ်ဆောင်သည် သုဝဏ္ဏဘူမိလေဆိပ်သို့ ပြီးခဲ့သည့် သောကြာနေ့ (ဇန်နဝါရီလ ၃ ရက်) နံနက်အစောပိုင်းက ရောက်ရှိပြီးနောက် တက်ခ်ခရိုင်သို့ ဦးတည်ထွက်ခွာသွားကာ အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

တော်ဝင်ထိုင်းရဲတပ်ဖွဲ့မှ အမှုစစ်အရာရှိချုပ်ဖြစ်သော ရဲချုပ် Thatchai Peetaneelabut က အဆိုပါ သရုပ်ဆောင်ကို လေဆိပ်မှ မဲဆောက်မြို့အထိ ယာဉ်မောင်းတစ်ဦးက ခေါ်သွားကာ အခြားတစ်ဦးက သဘာဝနယ်စပ်ဖြတ်လမ်းမှတဆင့် မြန်မာဘက်ခေါ်သွားသည်ဟု ပြောခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် Xinxing ဟုလည်းဆိုသည့် Wang Xing သည် မြန်မာနိုင်ငံဘက်မှ မဲဆောက်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်ကာ ရဲတပ်ဖွဲ့တာဝန်ရှိသူများ နှင့် တွေ့ဆုံနေကြောင်း ထိုင်း ဝန်ကြီး ချုပ်က ပြောသည်ဟု အဆိုပါသတင်းတွင် ရေးသားထားသည်။ ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ ခရီးသွားနှင့် အားကစားဝန်ကြီး Sorawong က တရုတ်သရုပ်ဆောင်သည် တနင်္လာနေ့က မြန်မာဘက်တွင်ရှိခဲ့ပြီး အင်္ဂါနေ့တွင် ထိုင်းနိုင်ငံဘက်သို့ ပြန်ခေါ်လာခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ထိုင်းအစိုးရအဖွဲ့ဘက်က ဖြစ်စဉ် အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်းမျိုး မရှိသေးပေ။

zawgyi version
ျမန္မာ-ထိုင္းနယ္စပ္တြင္ အဆက္အသြယ္ျပတ္ေတာက္ခဲ့ေသာ တ႐ုတ္သ႐ုပ္ေဆာင္ကို ျမန္မာဘက္ျခမ္းတြင္ ျပန္လည္ေတြ႕ရွိၿပီး ထိုင္းဘက္ျပန္ေခၚ
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၇

ျမန္မာ - ထိုင္းနယ္စပ္တြင္ အဆက္အသြယ္ျပတ္ေတာက္ခဲ့ေသာ တ႐ုတ္သ႐ုပ္ေဆာင္ကို ျမန္မာဘက္ျခမ္းတြင္ ျပန္လည္ေတြ႕ရွိကာ ထိုင္းဘက္ျခမ္းသို႔ ျပန္လည္ေခၚေဆာင္ခဲ့ၿပီ ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္ Paetongtarn Shinawatra ၏ ယေန႔ (ဇန္နဝါရီလ ၇ ရက္) တြင္ ေျပာၾကားခ်က္ကို ကိုးကား၍ ဘန္ေကာက္ပို႔စ္ သတင္းဌာန၏ သတင္းတြင္ ေဖာ္ျပထားသည္။

တ႐ုတ္သ႐ုပ္ေဆာင္ Wang Xing သည္ ၿပီးခဲ့သည့္ ရက္သတၱပတ္က ျမန္မာႏိုင္ငံႏွင့္ နယ္နိ မိတ္ခ်င္းထိစပ္ေနၿပီး လူကုန္ကူးမႈမ်ား၊ ရာဇဝတ္မႈမ်ားျဖင့္ အမည္ထြက္ေနသည့္ တက္ခ္ခ႐ိုင္ အတြင္း ေပ်ာက္ဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အေစာပိုင္းသတင္းမ်ားအရ အသက္(၃၁)ႏွစ္အ႐ြယ္ အထက္ပါ သ႐ုပ္ေဆာင္သည္ သုဝဏၰဘူမိေလဆိပ္သို႔ ၿပီးခဲ့သည့္ ေသာၾကာေန႔ (ဇန္နဝါရီလ ၃ ရက္) နံနက္အေစာပိုင္းက ေရာက္ရွိၿပီးေနာက္ တက္ခ္ခ႐ိုင္သို႔ ဦးတည္ထြက္ခြာသြားကာ အဆက္အသြယ္ ျပတ္ေတာက္ခဲ့ျခင္းျဖစ္သည္။

ေတာ္ဝင္ထိုင္းရဲတပ္ဖြဲ႕မွ အမႈစစ္အရာရွိခ်ဳပ္ျဖစ္ေသာ ရဲခ်ဳပ္ Thatchai Peetaneelabut က အဆိုပါ သ႐ုပ္ေဆာင္ကို ေလဆိပ္မွ မဲေဆာက္ၿမိဳ႕အထိ ယာဥ္ေမာင္းတစ္ဦးက ေခၚသြားကာ အျခားတစ္ဦးက သဘာဝနယ္စပ္ျဖတ္လမ္းမွတဆင့္ ျမန္မာဘက္ေခၚသြားသည္ဟု ေျပာခဲ့ေၾကာင္း ဘန္ေကာက္ပို႔စ္ သတင္းတြင္ ေဖာ္ျပထားသည္။

လက္ရွိတြင္ Xinxing ဟုလည္းဆိုသည့္ Wang Xing သည္ ျမန္မာႏိုင္ငံဘက္မွ မဲေဆာက္သို႔ ျပန္လည္ ေရာက္ရွိလာခဲ့ၿပီျဖစ္ကာ ရဲတပ္ဖြဲ႕တာဝန္ရွိသူမ်ား ႏွင့္ ေတြ႕ဆုံေနေၾကာင္း ထိုင္း ဝန္ႀကီး ခ်ဳပ္က ေျပာသည္ဟု အဆိုပါသတင္းတြင္ ေရးသားထားသည္။ ထိုင္းႏိုင္ငံအစိုးရအဖြဲ႕၏ ခရီးသြားႏွင့္ အားကစားဝန္ႀကီး Sorawong က တ႐ုတ္သ႐ုပ္ေဆာင္သည္ တနလၤာေန႔က ျမန္မာဘက္တြင္ရွိခဲ့ၿပီး အဂၤါေန႔တြင္ ထိုင္းႏိုင္ငံဘက္သို႔ ျပန္ေခၚလာခဲ့ၿပီျဖစ္ေၾကာင္း ေျပာၾကားခဲ့ေသာ္လည္း ထိုင္းအစိုးရအဖြဲ႕ဘက္က ျဖစ္စဥ္ အေသးစိတ္ကို ထုတ္ေဖာ္ေျပာၾကားျခင္းမ်ိဳး မရွိေသးေပ။

Related news

© 2021. All rights reserved.