ခရီးသည်တင်လေယာဉ်ပျက်ကျမှုဖြစ်ရပ်နဲ့ပတ်သက်ပြီး ရာထူးကနေ နှုတ်ထွက်ဖို့ တောင်ကိုရီးယားသယ်ယူပို့ဆောင်ရေးဝန်ကြီး စီစဉ်နေ

 3216

Pika (NP News) - ဇန်နဝါရီ ၇

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၉)ရက်ကဖြစ်ပွားခဲ့တဲ့ လူအသအပျောက်များခဲ့တဲ့ ခရီးသည်တင်လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး တာဝန်ယူတဲ့အနေနဲ့ ရာထူးကနေ နှုတ်ထွက်ဖို့ ရည်ရွယ်ထားတယ်လို့ တောင်ကိုရီးယားသယ်ယူပို့ဆောင်ရေးဝန်ကြီး ပါ့ခ်ဆန်းဝူက ဇန်နဝါရီလ(၇)ရက်မှာ ထုတ်ဖော်ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ တောင်ကိုရီးယားနိုင်ငံကို ထွက်ခွာလာတဲ့ Jeju Air 7C2216 လေကြောင်းလိုင်းပိုင် ဘိုးရင်းလေယာဉ်ဟာ မူအန်းလေဆိပ်မှာ ဆင်းသက်ချိန်အတွင်း ဘီးကျလာခြင်းမျိုးမရှိဘဲ ပြေးလမ်းကနေအရှိန်လွန်ပြီး နံရံကိုဝင်တိုက်ကာ ပေါက်ကွဲခဲ့တာလည်းဖြစ်ပါတယ်။
ပါ့ခ်ဆန်းဝူက "ဒီဖြစ်ရပ်ဆိုးနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ကြီးကြီးမားမားတာဝန်ရှိတယ်လို့ ခံစားရပါတယ်” လို့ ပြောခဲ့ပါတယ်။
လက်ရှိအခြေအနေတွေ အားလုံးကို ဖြေရှင်းပြီးရင် ရာထူးကနေ နှုတ်ထွက်ဖို့အတွက် သင့်လျော်မယ့်အချိန်ကို ရှာဖွေဖို့ကြိုးပမ်းသွားမယ်လို့လည်း ပါ့ခ်ဆန်းဝူက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ လူပေါင်း(၁၇၉)ဦး သေဆုံးစေခဲ့တဲ့ဖြစ်ရပ်ဆိုးကြောင့် လေယာဉ်ဆင်းသက်မှုစနစ်တွေရဲ့လုံခြုံရေးကို လျင်မြန်စွာတိုးတက်စေလိမ့်မယ်လို့လည်း ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် လေဆိပ်အကာအရံ တည်ဆောက်ရာတွင် ဘေးကင်းလုံခြုံရေးအစီအစဉ်များ မလုံလောက်ခဲ့ကြောင်း မြို့ပြလေကြောင်းသယ်ယူပို့ဆောင်ရေး ဒုဝန်ကြီး ဂျိုဂျွန်းဝမ်က ဝန်ခံခဲ့ကြောင်း သိရသည်။

သို့သော်လည်း တောင်ကိုရီးယားနိုင်ငံအတွင်းတွင် တည်ဆောက်ထားသော လေဆိပ်အကာအရံများမှာ နိုင်ငံရပ်ခြားစည်းမျဉ်းများနဲ့အညီ တည်ဆောက်ခဲ့ခြင်းမျိုးဖြစ်ကြောင်း ဂျိုဂျွန်းဝမ်က ထပ်မံပြောဆိုခဲ့သည်။ ဒါ့ပြင် လေဆိပ်အကာအရံတွေကို ဘယ်လိုတည်ဆောက်ခဲ့သလဲဆိုတာကို ရဲတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ဂျိုဂျွန်းဝမ်က ပြောကြားခဲ့ပါတယ်။

ခရီးသည္တင္ေလယာဥ္ပ်က္က်မႈျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ရာထူးကေန ႏႈတ္ထြက္ဖို႔ ေတာင္ကိုရီးယားသယ္ယူပို႔ေဆာင္ေရးဝန္ႀကီး စီစဥ္ေန
Pika (NP News) - ဇန္နဝါရီ ၇

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ(၂၉)ရက္ကျဖစ္ပြားခဲ့တဲ့ လူအသအေပ်ာက္မ်ားခဲ့တဲ့ ခရီးသည္တင္ေလယာဥ္ပ်က္က်မႈနဲ႔ပတ္သက္ၿပီး တာဝန္ယူတဲ့အေနနဲ႔ ရာထူးကေန ႏႈတ္ထြက္ဖို႔ ရည္႐ြယ္ထားတယ္လို႔ ေတာင္ကိုရီးယားသယ္ယူပို႔ေဆာင္ေရးဝန္ႀကီး ပါ့ခ္ဆန္းဝူက ဇန္နဝါရီလ(၇)ရက္မွာ ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ကေန ေတာင္ကိုရီးယားႏိုင္ငံကို ထြက္ခြာလာတဲ့ Jeju Air 7C2216 ေလေၾကာင္းလိုင္းပိုင္ ဘိုးရင္းေလယာဥ္ဟာ မူအန္းေလဆိပ္မွာ ဆင္းသက္ခ်ိန္အတြင္း ဘီးက်လာျခင္းမ်ိဳးမရွိဘဲ ေျပးလမ္းကေနအရွိန္လြန္ၿပီး နံရံကိုဝင္တိုက္ကာ ေပါက္ကြဲခဲ့တာလည္းျဖစ္ပါတယ္။
ပါ့ခ္ဆန္းဝူက "ဒီျဖစ္ရပ္ဆိုးနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ့္မွာ ႀကီးႀကီးမားမားတာဝန္ရွိတယ္လို႔ ခံစားရပါတယ္” လို႔ ေျပာခဲ့ပါတယ္။
လက္ရွိအေျခအေနေတြ အားလုံးကို ေျဖရွင္းၿပီးရင္ ရာထူးကေန ႏႈတ္ထြက္ဖို႔အတြက္ သင့္ေလ်ာ္မယ့္အခ်ိန္ကို ရွာေဖြဖို႔ႀကိဳးပမ္းသြားမယ္လို႔လည္း ပါ့ခ္ဆန္းဝူက ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက ျဖစ္ပြားခဲ့တဲ့ လူေပါင္း(၁၇၉)ဦး ေသဆုံးေစခဲ့တဲ့ျဖစ္ရပ္ဆိုးေၾကာင့္ ေလယာဥ္ဆင္းသက္မႈစနစ္ေတြရဲ႕လုံၿခဳံေရးကို လ်င္ျမန္စြာတိုးတက္ေစလိမ့္မယ္လို႔လည္း ကြၽမ္းက်င္သူေတြက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေလဆိပ္အကာအရံ တည္ေဆာက္ရာတြင္ ေဘးကင္းလုံၿခဳံေရးအစီအစဥ္မ်ား မလုံေလာက္ခဲ့ေၾကာင္း ၿမိဳ႕ျပေလေၾကာင္းသယ္ယူပို႔ေဆာင္ေရး ဒုဝန္ႀကီး ဂ်ိဳဂြၽန္းဝမ္က ဝန္ခံခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္လည္း ေတာင္ကိုရီးယားႏိုင္ငံအတြင္းတြင္ တည္ေဆာက္ထားေသာ ေလဆိပ္အကာအရံမ်ားမွာ ႏိုင္ငံရပ္ျခားစည္းမ်ဥ္းမ်ားနဲ႔အညီ တည္ေဆာက္ခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း ဂ်ိဳဂြၽန္းဝမ္က ထပ္မံေျပာဆိုခဲ့သည္။ ဒါ့ျပင္ ေလဆိပ္အကာအရံေတြကို ဘယ္လိုတည္ေဆာက္ခဲ့သလဲဆိုတာကို ရဲတပ္ဖြဲ႕ေတြက စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း ဂ်ိဳဂြၽန္းဝမ္က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.