ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ ကမ္ဘာ့အညစ်ညမ်းဆုံးမြို့ဖြစ်လာ

 657

ရောင်နီ (NP News) - ဇန်နဝါရီ ၈

ဗီယက်နမ်နိုင်ငံရဲ့မြို့တော် ဟနွိုင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း မီးခိုးမြူထူထပ်စွာ ဖုံးလွှမ်းနေပြီး ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတယ်လို့ အစိုးရက ပြောကြားပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ လျှပ်စစ်ကား (EVs) တွေ ပိုအသုံးပြုကြဖို့လည်း တိုက်တွန်းထားတယ်လို့ သိရပါတယ်။

ဟနွိုင်းမြို့ရဲ့လေထုညစ်ညမ်းမှုနှုန်းဟာ ၂၆၆ မိုက်ခရိုဂရမ်ထိ ရှိနေပြီး များသောအားဖြင့် ယာဉ်ကြောပိတ်ဆို့မှု များ၊ အမှိုက်မီးရှို့ခြင်းနဲ့ စက်မှုလုပ်ငန်းများကြောင့် မြူခိုးတွေ ဖြစ်လာတယ်လို့ သိရပါတယ်။ “အစတုန်းကတော့ မြူမှိုင်းလို့ ထင်ခဲ့တာ၊ ဒါပေမယ့် နောက်ပိုင်း အဲဒီဖုန်မှုန့်တွေကြောင့် ကောင်းကောင်းမမြင်ရတော့သလို အသက်ရှုမဝသလိုလည်း ခံစားရစေပါတယ်” လို့ အသက် ၂၁ နှစ်အရွယ် ကျောင်းသား တစ်ဦးက ဆိုပါတယ်။
ဇန်နဝါရီ ၂ ရက်က ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ဒုတိယဝန်ကြီးချုပ် ထရန်ဟောင် တွေ့ဆုံချိန်မှာ ဝန်ကြီးချုပ် ထရန်ဟောင်က ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် EV ကားတွေ ပြောင်းလဲအသုံးပြုရေးကို အရှိန်မြှင့်ဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံထုတ်သတင်းစာက ဆိုပါတယ်။ အစိုးရက ၂၀၃၀ မှာ ဟနွိုင်းရဲ့ ဘတ်စ်ကား ဘတ်စ်ကား ၅၀ ရာခိုင်နှုန်းနဲ့ တက္ကစီ ၁၀၀ ရာခိုင်နှုန်းကို EV ကားတွေ ဖြစ်လာစေဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

Zawgyi Version;
ဗီယက္နမ္ႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕ ကမာၻ႔အညစ္ညမ္းဆုံးၿမိဳ႕ျဖစ္လာ
ေရာင္နီ (NP News) - ဇန္နဝါရီ ၈

ဗီယက္နမ္ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ ဟႏြိဳင္းဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြအတြင္း မီးခိုးျမဴထူထပ္စြာ ဖုံးလႊမ္းေနၿပီး ကမာၻ႔ေလထု အညစ္ညမ္းဆုံးၿမိဳ႕စာရင္းမွာ ထိပ္ဆုံးက ရပ္တည္ေနတယ္လို႔ အစိုးရက ေျပာၾကားပါတယ္။ ဒီျပႆနာကို ေျဖရွင္းဖို႔ လွ်ပ္စစ္ကား (EVs) ေတြ ပိုအသုံးျပဳၾကဖို႔လည္း တိုက္တြန္းထားတယ္လို႔ သိရပါတယ္။

ဟႏြိဳင္းၿမိဳ႕ရဲ႕ေလထုညစ္ညမ္းမႈႏႈန္းဟာ ၂၆၆ မိုက္ခ႐ိုဂရမ္ထိ ရွိေနၿပီး မ်ားေသာအားျဖင့္ ယာဥ္ေၾကာပိတ္ဆို႔မႈ မ်ား၊ အမႈိက္မီးရႈိ႕ျခင္းနဲ႔ စက္မႈလုပ္ငန္းမ်ားေၾကာင့္ ျမဴခိုးေတြ ျဖစ္လာတယ္လို႔ သိရပါတယ္။ “အစတုန္းကေတာ့ ျမဴမႈိင္းလို႔ ထင္ခဲ့တာ၊ ဒါေပမယ့္ ေနာက္ပိုင္း အဲဒီဖုန္မႈန႔္ေတြေၾကာင့္ ေကာင္းေကာင္းမျမင္ရေတာ့သလို အသက္ရႈမဝသလိုလည္း ခံစားရေစပါတယ္” လို႔ အသက္ ၂၁ ႏွစ္အ႐ြယ္ ေက်ာင္းသား တစ္ဦးက ဆိုပါတယ္။
ဇန္နဝါရီ ၂ ရက္က ပို႔ေဆာင္ေရးဝန္ႀကီးဌာနနဲ႔ ဒုတိယဝန္ႀကီးခ်ဳပ္ ထရန္ေဟာင္ ေတြ႕ဆုံခ်ိန္မွာ ဝန္ႀကီးခ်ဳပ္ ထရန္ေဟာင္က ဒီျပႆနာကို ေျဖရွင္းဖို႔ ႀကိဳးပမ္းမႈ တစ္စိတ္တစ္ပိုင္းအျဖစ္ EV ကားေတြ ေျပာင္းလဲအသုံးျပဳေရးကို အရွိန္ျမႇင့္ဖို႔ ေတာင္းဆိုခဲ့တယ္လို႔ ႏိုင္ငံထုတ္သတင္းစာက ဆိုပါတယ္။ အစိုးရက ၂၀၃၀ မွာ ဟႏြိဳင္းရဲ႕ ဘတ္စ္ကား ဘတ္စ္ကား ၅၀ ရာခိုင္ႏႈန္းနဲ႔ တကၠစီ ၁၀၀ ရာခိုင္ႏႈန္းကို EV ကားေတြ ျဖစ္လာေစဖို႔ ရည္မွန္းထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.