နာမည်ကျော် တရုတ်မင်းသမီး ကျန်းလူစီ စိတ်ကျရောဂါ ခံစားနေရကြောင်း ထုတ်ဖော်ပြောကြားလာ
696
ရောင်နီ (NP News) - ဇန်နဝါရီ ၈
နာမည်ကျော် တရုတ်မင်းသမီးကျန်းလူစီဟာ ကျန်းမာရေးမကောင်းတာကြောင့် ဆေးရုံတက်နေရတယ်ဆိုတဲ့ သတင်း တွေ ထွက်လာပြီးတဲ့နောက် ဇန်ဝါရီလ ၁ ရက်မှာတော့ သူမဟာ စိတ်ကျဝေဒနာခံစားနေရကြောင်း သူမကိုယ်တိုင် Weibo ပို့စ်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် ကျန်းလူစီဟာ ဒရာမာအသစ် ရိုက်ကူးနေရင်း နေမကောင်းဖြစ်ကာ ဆေးရုံတက်ခဲ့ရပါတယ်။ ဘီးတပ်ကုလားထိုင်ပေါ်မှာ ဆေးရုံဝတ်စုံနဲ့ အားလျော့စွာ ထိုင်နေတဲ့ သူမရဲ့ပုံရိပ်ကြောင့် ဆိုရှယ်မီဒီယာမှာ ပရိသတ်တွေ ထင်ကြေးအမျိုးမျိုး ပြောနေချိန်မှာ သူမရဲ့ထုတ်ဖော်ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၁ ရက်) က ထုတ်ဖော်ပြောဆိုလာတဲ့ သူမရဲ့ Weibo ပိုစ့်မှာ သူမက "၂၀၁၉ ခုနှစ်ကစ ကျွန်မ စိတ်ကျရောဂါကို စတင်ခံစားခဲ့ရတယ်။ စိတ်ကျရောဂါ ဝင်ရောက်လာပုံက သိမ်မွေ့လွန်းတာကြောင့် စိတ်ကျန်းမာရေးကို အလေးအနက်မထားမိပါဘူး" "နှစ်တွေကြာလာတော့ အဆုတ်အအေးမိတာ၊ အကြားအာရုံ ချို့တဲ့တာ၊ အင်ပျဉ်ထတာ၊ ပျို့အန်တာနဲ့ လည်ပင်းနာတာတို့ အပါအဝင် ဝေဒနာတွေ စတင်ခံစားခဲ့ရတယ်" လို့ သူမက ပြောကြားခဲ့ပါတယ်။ ဒါအပြင် "ကျွန်မရဲ့မိသားစုထဲမှာ ကင်ဆာရောဂါရှာဖွေမှုတွေ့ရှိမှုတွေ ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရပြီး ချစ်ရတဲ့သူတွေ ကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်တွေနဲ့ ခံစားချက်က ကျွန်မရဲ့ကိုယ်ပိုင်ပြဿနာတွေကို လျစ်လျူ ရှုထားသလို ဖြစ်စေခဲ့တယ်။ ကျွန်မ ငယ်ငယ်တုန်းက လူတွေက ကျွန်မကို အသုံးမဝင်တဲ့ ပန်းအိုးကြီးလို့ ခေါ်ကြပါတယ်။ ကျောင်းချိန်ပြီးလို့ ကျူရှင်မှာလည်း ဆရာမရိုက်တာ ခံရတယ်။ အသက်ကြီးလာချိန်မှာလည်း Audition မှာ ကျရှုံးလို့ ထပ်ပြီးအရိုက်ခံရတယ်" လို့ သူမက ဆိုပါတယ်။
သူမကတော့ ဒီစိတ်ကျဝေဒနာကို လူသိရှင်ကြား စတန့်တစ်ခုအနေနဲ့ မသုံးချင်ကြောင်း၊ စိတ်ကျရောဂါဟာ ရောဂါတစ်ခု အနေနဲ့ ဖျားနာခြင်းဖြစ်ပြီး ဂရုစိုက်ပေးသူတိုင်းကို ကျေးဇူးတင်ကြောင်းနဲ့ သူမရဲ့ပရိသတ်တွေအတွက် နှစ်သစ်ဆုမွန် ကောင်းတောင်းပြီးနောက် သူမရဲ့ပို့စ်ကို အဆုံးသတ်ခဲ့ပါတယ်။
ဒီရက်ပိုင်းထဲ ကျန်းလူစီဟာ နလန်ထူဖို့ ကြိုးစားနေပြီး ဆိုရှင်မီဒီယာမှာ မြင်တွေ့ရတဲ့ သူမရဲ့လမ်းလျှောက်နေပုံ၊ အစာစားနေပုံ စတဲ့ နေ့စဉ်လုပ်ငန်းဆောင်ရွက်စရာတွေ လုပ်ဆောင်ဖို့အတွက် ခက်ခဲနေတုန်းပဲဖြစ်ပါတယ်။
Zawgyi Version;
နာမည္ေက်ာ္ တ႐ုတ္မင္းသမီး က်န္းလူစီ စိတ္က်ေရာဂါ ခံစားေနရေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာ
ေရာင္နီ (NP News) - ဇန္နဝါရီ ၈
နာမည္ေက်ာ္ တ႐ုတ္မင္းသမီးက်န္းလူစီဟာ က်န္းမာေရးမေကာင္းတာေၾကာင့္ ေဆး႐ုံတက္ေနရတယ္ဆိုတဲ့ သတင္း ေတြ ထြက္လာၿပီးတဲ့ေနာက္ ဇန္ဝါရီလ ၁ ရက္မွာေတာ့ သူမဟာ စိတ္က်ေဝဒနာခံစားေနရေၾကာင္း သူမကိုယ္တိုင္ Weibo ပို႔စ္မွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
အသက္ ၂၆ ႏွစ္အ႐ြယ္ က်န္းလူစီဟာ ဒရာမာအသစ္ ႐ိုက္ကူးေနရင္း ေနမေကာင္းျဖစ္ကာ ေဆး႐ုံတက္ခဲ့ရပါတယ္။ ဘီးတပ္ကုလားထိုင္ေပၚမွာ ေဆး႐ုံဝတ္စုံနဲ႔ အားေလ်ာ့စြာ ထိုင္ေနတဲ့ သူမရဲ႕ပုံရိပ္ေၾကာင့္ ဆိုရွယ္မီဒီယာမွာ ပရိသတ္ေတြ ထင္ေၾကးအမ်ိဳးမ်ိဳး ေျပာေနခ်ိန္မွာ သူမရဲ႕ထုတ္ေဖာ္ေျပာဆိုခ်က္ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။
ဗုဒၶဟူးေန႔ (ဇန္နဝါရီ ၁ ရက္) က ထုတ္ေဖာ္ေျပာဆိုလာတဲ့ သူမရဲ႕ Weibo ပိုစ့္မွာ သူမက "၂၀၁၉ ခုႏွစ္ကစ ကြၽန္မ စိတ္က်ေရာဂါကို စတင္ခံစားခဲ့ရတယ္။ စိတ္က်ေရာဂါ ဝင္ေရာက္လာပုံက သိမ္ေမြ႕လြန္းတာေၾကာင့္ စိတ္က်န္းမာေရးကို အေလးအနက္မထားမိပါဘူး" "ႏွစ္ေတြၾကာလာေတာ့ အဆုတ္အေအးမိတာ၊ အၾကားအာ႐ုံ ခ်ိဳ႕တဲ့တာ၊ အင္ပ်ဥ္ထတာ၊ ပ်ိဳ႕အန္တာနဲ႔ လည္ပင္းနာတာတို႔ အပါအဝင္ ေဝဒနာေတြ စတင္ခံစားခဲ့ရတယ္" လို႔ သူမက ေျပာၾကားခဲ့ပါတယ္။ ဒါအျပင္ "ကြၽန္မရဲ႕မိသားစုထဲမွာ ကင္ဆာေရာဂါရွာေဖြမႈေတြ႕ရွိမႈေတြ ဆက္တိုက္ဆိုသလို ႀကဳံေတြ႕ခဲ့ရၿပီး ခ်စ္ရတဲ့သူေတြ ကိုလည္း ဆုံးရႈံးခဲ့ရပါတယ္။ ဒါေပမယ့္ ဒီအျဖစ္အပ်က္ေတြနဲ႔ ခံစားခ်က္က ကြၽန္မရဲ႕ကိုယ္ပိုင္ျပႆနာေတြကို လ်စ္လ်ဴ ရႈထားသလို ျဖစ္ေစခဲ့တယ္။ ကြၽန္မ ငယ္ငယ္တုန္းက လူေတြက ကြၽန္မကို အသုံးမဝင္တဲ့ ပန္းအိုးႀကီးလို႔ ေခၚၾကပါတယ္။ ေက်ာင္းခ်ိန္ၿပီးလို႔ က်ဴရွင္မွာလည္း ဆရာမ႐ိုက္တာ ခံရတယ္။ အသက္ႀကီးလာခ်ိန္မွာလည္း Audition မွာ က်ရႈံးလို႔ ထပ္ၿပီးအ႐ိုက္ခံရတယ္" လို႔ သူမက ဆိုပါတယ္။
သူမကေတာ့ ဒီစိတ္က်ေဝဒနာကို လူသိရွင္ၾကား စတန႔္တစ္ခုအေနနဲ႔ မသုံးခ်င္ေၾကာင္း၊ စိတ္က်ေရာဂါဟာ ေရာဂါတစ္ခု အေနနဲ႔ ဖ်ားနာျခင္းျဖစ္ၿပီး ဂ႐ုစိုက္ေပးသူတိုင္းကို ေက်းဇူးတင္ေၾကာင္းနဲ႔ သူမရဲ႕ပရိသတ္ေတြအတြက္ ႏွစ္သစ္ဆုမြန္ ေကာင္းေတာင္းၿပီးေနာက္ သူမရဲ႕ပို႔စ္ကို အဆုံးသတ္ခဲ့ပါတယ္။
ဒီရက္ပိုင္းထဲ က်န္းလူစီဟာ နလန္ထူဖို႔ ႀကိဳးစားေနၿပီး ဆိုရွင္မီဒီယာမွာ ျမင္ေတြ႕ရတဲ့ သူမရဲ႕လမ္းေလွ်ာက္ေနပုံ၊ အစာစားေနပုံ စတဲ့ ေန႔စဥ္လုပ္ငန္းေဆာင္႐ြက္စရာေတြ လုပ္ေဆာင္ဖို႔အတြက္ ခက္ခဲေနတုန္းပဲျဖစ္ပါတယ္။