တောင်ကိုရီးယား Jeju Air လေယာဉ်ပျက်ကျမှုမှာ မိသားစုဝင်(သခင်) ကိုးဦး ဆုံးရှုံးခဲ့ရတဲ့ ခွေးလေးအတွက် သခင်သစ် ရှာနေ

 426

ရောင်နီ (NP News) - ဇန်နဝါရီ ၈

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်က တောင်ကိုရီးယားနိုင်ငံ၊ Jeju Air လေယာဉ် ပျက်ကျမှုမှာ မိသားစုဝင်(သခင်) ကိုးဦးကို တပြိုင်နက်တည်း ဆုံးရှုံးလိုက်ရတဲ့ အိမ်မွေးခွေးလေးတစ်ကောင်ကို တောင်ကိုရီးယားတိရစ္ဆာန်အခွင့်အရေးအဖွဲ့က ကယ်ဆယ်ခဲ့ပြီး ပြန်လည်နေရာချထားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ခွေးလေးရဲ့အမည်ကတော့ ပူတင်းဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၊ ယုံးဝမ် ကောင်တီက ရွာတစ်ရွာမှာ နေ ပါတယ်။ သူ့ရဲ့ မိသားစုဟာ သူ့ကို တစ်ကောင်တည်းထားခဲ့ပြီး ထိုင်းနိုင်ငံကို ခရီးထွက်သွားခဲ့ရာမှ အခုလိုအဖြစ်ဆိုးနဲ့ကြုံတွေ့ခဲ့တာ ဖြစ်တယ်လို့ တိရစ္ဆာန်အခွင့်အရေးအဖွဲ့ Coexistence of Animal Rights on Earth (Care) က ဇန်နဝါရီ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။ မိသားစုထဲမှာ အသက် ၇၉ နှစ်အရွယ် အမျိုးသားဟာ မိသားစုရဲ့အသက်အကြီးဆုံး မိသားစုဝင် ဖြစ်ပြီး ဇနီး၊ သမီးနှစ်ယောက်၊ သားမက်၊ မြေး၊ မြေးသုံးယောက်တို့နဲ့အတူ အပျော်ခရီးထွက်ခဲ့ကြတာဖြစ်ပါတယ်။

Care ရဲ့အဆိုအရ ပူတင်းဟာ လေယာဉ်ပျက်ကျတဲ့ဖြစ်ရပ်ပြီးတဲ့နောက် သူ့ရဲ့မိသားစုကို အိမ်၊ ရွာလယ်လမ်းနဲ့ ဖြတ်သန်း သွားလာနေတဲ့ ကား၊ ဘတ်စ်ကားတွေမှာ ရှာဖွေနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Care ကတော့ ပူတင်း က အိမ်စောင့် မရှိရင် ရွာမှာ နေထိုင်လို့ မလုံခြုံနိုင်ဘူးလို့ ဆုံးဖြတ်ထားတာကြောင့် သင့်တော်တဲ့မိသားစုအသစ်ကို ရှာမတွေ့မချင်း စောင့်ရှောက်ထားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယား Jeju Air ေလယာဥ္ပ်က္က်မႈမွာ မိသားစုဝင္(သခင္) ကိုးဦး ဆုံးရႈံးခဲ့ရတဲ့ ေခြးေလးအတြက္ သခင္သစ္ ရွာေန
ေရာင္နီ (NP News) - ဇန္နဝါရီ ၈

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂၉ ရက္က ေတာင္ကိုရီးယားႏိုင္ငံ၊ Jeju Air ေလယာဥ္ ပ်က္က်မႈမွာ မိသားစုဝင္(သခင္) ကိုးဦးကို တၿပိဳင္နက္တည္း ဆုံးရႈံးလိုက္ရတဲ့ အိမ္ေမြးေခြးေလးတစ္ေကာင္ကို ေတာင္ကိုရီးယားတိရစာၦန္အခြင့္အေရးအဖြဲ႕က ကယ္ဆယ္ခဲ့ၿပီး ျပန္လည္ေနရာခ်ထားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။
ေခြးေလးရဲ႕အမည္ကေတာ့ ပူတင္းျဖစ္ၿပီး ေတာင္ကိုရီးယားႏိုင္ငံ၊ ယုံးဝမ္ ေကာင္တီက ႐ြာတစ္႐ြာမွာ ေန ပါတယ္။ သူ႔ရဲ႕ မိသားစုဟာ သူ႔ကို တစ္ေကာင္တည္းထားခဲ့ၿပီး ထိုင္းႏိုင္ငံကို ခရီးထြက္သြားခဲ့ရာမွ အခုလိုအျဖစ္ဆိုးနဲ႔ႀကဳံေတြ႕ခဲ့တာ ျဖစ္တယ္လို႔ တိရစာၦန္အခြင့္အေရးအဖြဲ႕ Coexistence of Animal Rights on Earth (Care) က ဇန္နဝါရီ ၁ ရက္မွာ ေျပာၾကားခဲ့ပါတယ္။ မိသားစုထဲမွာ အသက္ ၇၉ ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ မိသားစုရဲ႕အသက္အႀကီးဆုံး မိသားစုဝင္ ျဖစ္ၿပီး ဇနီး၊ သမီးႏွစ္ေယာက္၊ သားမက္၊ ေျမး၊ ေျမးသုံးေယာက္တို႔နဲ႔အတူ အေပ်ာ္ခရီးထြက္ခဲ့ၾကတာျဖစ္ပါတယ္။

Care ရဲ႕အဆိုအရ ပူတင္းဟာ ေလယာဥ္ပ်က္က်တဲ့ျဖစ္ရပ္ၿပီးတဲ့ေနာက္ သူ႔ရဲ႕မိသားစုကို အိမ္၊ ႐ြာလယ္လမ္းနဲ႔ ျဖတ္သန္း သြားလာေနတဲ့ ကား၊ ဘတ္စ္ကားေတြမွာ ရွာေဖြေနခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ Care ကေတာ့ ပူတင္း က အိမ္ေစာင့္ မရွိရင္ ႐ြာမွာ ေနထိုင္လို႔ မလုံၿခဳံႏိုင္ဘူးလို႔ ဆုံးျဖတ္ထားတာေၾကာင့္ သင့္ေတာ္တဲ့မိသားစုအသစ္ကို ရွာမေတြ႕မခ်င္း ေစာင့္ေရွာက္ထားဖို႔ ဆုံးျဖတ္ထားတယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.