ဘန်ကောက်မြို့မှာ ကမ္ဘောဒီးယား အတိုက်အခံလွှတ်တော်အမတ်ဟောင်းတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ
379
Pika (NP News) - ဇန်နဝါရီ ၈
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇန်နဝါရီလ(၇)ရက်က ကမ္ဘောဒီးယား အတိုက်အခံလွှတ်တော်အမတ်ဟောင်းတစ်ဦးကို သေနတ်သမားတစ်ဦးက ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။
Bangkok Post သတင်းဌာနက 'ကမ္ဘောဒီးယား အတိုက်အခံ လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ လင်ကင်ရာဟာ အခင်းဖြစ်ပွါးရာနေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ လင်ကင်ရာကို လုပ်ကြံသတ်ဖြတ်သူကို စုံစမ်းရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။သေဆုံးသွားသူဟာ ကမ္ဘောဒီးယား-ပြင်သစ်နိုင်ငံသားတစ်ဦး ဖြစ်ပါတယ်”လို့ ရေးသားဖော်ပြခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ သေဆုံးသူက ကမ္ဘောဒီးယားနိုင်ငံသားဖြစ်တယ်ဆိုတာကို အတည် ပြုခဲ့ပေမယ့်လည်း လင်ကင်ရာဖြစ်တယ်ဆိုတာကိုတော့ ဖော်ပြပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့က "လောလောဆယ်တော့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေအားလုံးကို ကျွန်တော် စုံစမ်းစစ်ဆေးနေပါတယ်။ နောက်ပိုင်းကြမှ နောက်ထပ်သတင်းအချက်အလက်တွေကို ထပ်မံထုတ်ပြန်သွားပါမယ်”လို့ ပြောဆိုခဲ့ပါတယ်။ လင်ကင်ရာဟာ ၎င်းရဲ့ပြင်သစ်မိန်းမနဲ့အတူ ဘန်ကောက်မြို့ကိုရောက်ရှိလာစဉ်အချိန်မှာပဲ သေနတ်သမားတစ်ဦးက ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ပစ်သတ်သွားခဲ့တာဖြစ်တယ်လို့ ထိုင်းမီဒီယာအများအပြားက ရေးသားဖော်ပြထားပါတယ်။ လင်ကင်ရာဟာ (၂၀၁၃)ခုနှစ်မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲအပြီး ကမ္ဘောဒီးယားလွှတ်တော်ရဲ့ အတိုက်အခံအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
zawgyi version
ဘန္ေကာက္ၿမိဳ႕မွာ ကေမာၻဒီးယား အတိုက္အခံလႊတ္ေတာ္အမတ္ေဟာင္းတစ္ဦး ေသနတ္နဲ႔ပစ္သတ္ခံရ
Pika (NP News) - ဇန္နဝါရီ ၈
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ဇန္နဝါရီလ(၇)ရက္က ကေမာၻဒီးယား အတိုက္အခံလႊတ္ေတာ္အမတ္ေဟာင္းတစ္ဦးကို ေသနတ္သမားတစ္ဦးက ဆိုင္ကယ္ေပၚကေန ေသနတ္နဲ႔ပစ္သတ္ခဲ့တယ္လို႔ ထိုင္းမီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။
Bangkok Post သတင္းဌာနက 'ကေမာၻဒီးယား အတိုက္အခံ လႊတ္ေတာ္အမတ္ေဟာင္းတစ္ဦးျဖစ္တဲ့ လင္ကင္ရာဟာ အခင္းျဖစ္ပြါးရာေနရာမွာပဲ ေသဆုံးသြားခဲ့ပါတယ္။ ထိုင္းရဲတပ္ဖြဲ႕ဟာ လင္ကင္ရာကို လုပ္ႀကံသတ္ျဖတ္သူကို စုံစမ္းရွာေဖြမႈေတြ ဆက္လက္လုပ္ေဆာင္ေနပါတယ္။ေသဆုံးသြားသူဟာ ကေမာၻဒီးယား-ျပင္သစ္ႏိုင္ငံသားတစ္ဦး ျဖစ္ပါတယ္”လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။ ထိုင္းရဲတပ္ဖြဲ႕ဟာ ေသဆုံးသူက ကေမာၻဒီးယားႏိုင္ငံသားျဖစ္တယ္ဆိုတာကို အတည္ ျပဳခဲ့ေပမယ့္လည္း လင္ကင္ရာျဖစ္တယ္ဆိုတာကိုေတာ့ ေဖာ္ျပေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။
ထိုင္းရဲတပ္ဖြဲ႕က "ေလာေလာဆယ္ေတာ့ ျဖစ္ပ်က္ခဲ့တဲ့ အေၾကာင္းအရာေတြအားလုံးကို ကြၽန္ေတာ္ စုံစမ္းစစ္ေဆးေနပါတယ္။ ေနာက္ပိုင္းၾကမွ ေနာက္ထပ္သတင္းအခ်က္အလက္ေတြကို ထပ္မံထုတ္ျပန္သြားပါမယ္”လို႔ ေျပာဆိုခဲ့ပါတယ္။ လင္ကင္ရာဟာ ၎ရဲ႕ျပင္သစ္မိန္းမနဲ႔အတူ ဘန္ေကာက္ၿမိဳ႕ကိုေရာက္ရွိလာစဥ္အခ်ိန္မွာပဲ ေသနတ္သမားတစ္ဦးက ဆိုင္ကယ္ေပၚကေန ေသနတ္နဲ႔ပစ္သတ္သြားခဲ့တာျဖစ္တယ္လို႔ ထိုင္းမီဒီယာအမ်ားအျပားက ေရးသားေဖာ္ျပထားပါတယ္။ လင္ကင္ရာဟာ (၂၀၁၃)ခုႏွစ္မွာ က်င္းပခဲ့တဲ့ အေထြေထြေ႐ြးေကာက္ပြဲအၿပီး ကေမာၻဒီးယားလႊတ္ေတာ္ရဲ႕ အတိုက္အခံအဖြဲ႕ဝင္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္တယ္လို႔လည္း သိရပါတယ္။