ဩစတြေးလျကမ်းလွန်မှာ လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ပြီး လူ(၃)ဦးသေဆုံး
192
Pika (NP News) - ဇန်နဝါရီ ၈
ဩစတြေးလျနိုင်ငံ အနောက်ဘက်ကမ်းလွန်ပင်လယ်ပြင်မှာ ဥရောပခရီးသွားတွေလိုက်ပါလာတဲ့ လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ပြီး လူ(၃)ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဇန်နဝါရီလ(၈)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီလေယာဉ်ငယ်လေးဟာ ခရီးသွားတွေကြားမှာ နာမည်ကျော်ကြားတဲ့ ရော့နက်ကျွန်းကနေ ထွက်ခွာလာစဉ်အချိန်အတွင်း ဇန်နဝါရီလ(၇)ရက် ညနေပိုင်းမှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ လောယာဉ်ငယ်လေးရဲ့ အပျက်အစီးတွေကို ဆယ်ယူနိုင်ခဲ့ပြီး လူ(၃)ဦးသေဆုံးကာ အခြားလူ(၄)ဦး အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ရော်ဂျာကွတ်က အတည်ပြုခဲ့ပါတယ်။ သေဆုံးသူတွေဟာ ဆွစ်ဇာလန်နိုင်ငံက အသက်(၆၅)နှစ်အရွယ် အမျိုးသမီး၊ ဒိန်းမတ်နိုင်ငံက အသက်(၆၀)နှစ်အရွယ် အမျိုးသားနဲ့ အသက်(၃၄)နှစ်အရွယ် ဒေသခံလေယာဉ်မှူးတို့ဖြစ်တယ်လို့လည်း သိရပါတယ်။ အသက်(၆၃)နှစ်အရွယ် ဆွစ်ဇာလန်အမျိုးသား၊ အသက်(၅၈)နှစ်အရွယ် ဒိန်းမတ်အမျိုးသမီးနဲ့ အသက်(၆၀)နှစ်အရွယ် ဩစတြေးလျစုံတွဲတစ်တွဲတို့ကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ပြောကြားခဲ့ပါတယ်။
ရော်ဂျာကွတ်က "ဩစတြေးလျကမ်းလွန်ပင်လယ်ပြင်မှာ လေယာဉ်ငယ်လေးပျက်ကျမှုအတွင်း လူ(၃)ဦးသေဆုံးခဲ့ပါတယ်။ နွေရာသီအားလပ်ရက်မှာ အပန်းဖြေနေကြတဲ့ ကျွန်းပေါ်က မိသားစုဝင်တွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေရှေ့မှာ ကြေကွဲစရာဖြစ်ရပ်ကြီးတစ်ခုပေါ်ပေါက်ခဲ့ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းတွေကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့ ရော်ဂျာကွတ်က ထပ်မံပြောကြားခဲ့ပါတယ်။
zawgyi version
ဩစေၾတးလ်ကမ္းလြန္မွာ ေလယာဥ္ငယ္တစ္စင္း ပ်က္က်ခဲ့ၿပီး လူ(၃)ဦးေသဆုံး
Pika (NP News) - ဇန္နဝါရီ ၈
ဩစေၾတးလ်ႏိုင္ငံ အေနာက္ဘက္ကမ္းလြန္ပင္လယ္ျပင္မွာ ဥေရာပခရီးသြားေတြလိုက္ပါလာတဲ့ ေလယာဥ္ငယ္တစ္စင္း ပ်က္က်ခဲ့ၿပီး လူ(၃)ဦး ေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ဇန္နဝါရီလ(၈)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီေလယာဥ္ငယ္ေလးဟာ ခရီးသြားေတြၾကားမွာ နာမည္ေက်ာ္ၾကားတဲ့ ေရာ့နက္ကြၽန္းကေန ထြက္ခြာလာစဥ္အခ်ိန္အတြင္း ဇန္နဝါရီလ(၇)ရက္ ညေနပိုင္းမွာ ပ်က္က်ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြဟာ ေလာယာဥ္ငယ္ေလးရဲ႕ အပ်က္အစီးေတြကို ဆယ္ယူႏိုင္ခဲ့ၿပီး လူ(၃)ဦးေသဆုံးကာ အျခားလူ(၄)ဦး အသက္ရွင္လြတ္ေျမာက္ခဲ့တယ္လို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေရာ္ဂ်ာကြတ္က အတည္ျပဳခဲ့ပါတယ္။ ေသဆုံးသူေတြဟာ ဆြစ္ဇာလန္ႏိုင္ငံက အသက္(၆၅)ႏွစ္အ႐ြယ္ အမ်ိဳးသမီး၊ ဒိန္းမတ္ႏိုင္ငံက အသက္(၆၀)ႏွစ္အ႐ြယ္ အမ်ိဳးသားနဲ႔ အသက္(၃၄)ႏွစ္အ႐ြယ္ ေဒသခံေလယာဥ္မႉးတို႔ျဖစ္တယ္လို႔လည္း သိရပါတယ္။ အသက္(၆၃)ႏွစ္အ႐ြယ္ ဆြစ္ဇာလန္အမ်ိဳးသား၊ အသက္(၅၈)ႏွစ္အ႐ြယ္ ဒိန္းမတ္အမ်ိဳးသမီးနဲ႔ အသက္(၆၀)ႏွစ္အ႐ြယ္ ဩစေၾတးလ်စုံတြဲတစ္တြဲတို႔ကို အသက္ရွင္လ်က္ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြက ေျပာၾကားခဲ့ပါတယ္။
ေရာ္ဂ်ာကြတ္က "ဩစေၾတးလ်ကမ္းလြန္ပင္လယ္ျပင္မွာ ေလယာဥ္ငယ္ေလးပ်က္က်မႈအတြင္း လူ(၃)ဦးေသဆုံးခဲ့ပါတယ္။ ေႏြရာသီအားလပ္ရက္မွာ အပန္းေျဖေနၾကတဲ့ ကြၽန္းေပၚက မိသားစုဝင္ေတြနဲ႔ ကမာၻလွည့္ခရီးသြားေတြေရွ႕မွာ ေၾကကြဲစရာျဖစ္ရပ္ႀကီးတစ္ခုေပၚေပါက္ခဲ့ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ေလယာဥ္ပ်က္က်ရတဲ့ အေၾကာင္းအရင္းေတြကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔ ေရာ္ဂ်ာကြတ္က ထပ္မံေျပာၾကားခဲ့ပါတယ္။