စိုးရိမ်စိတ်များရှိနေခဲ့သော်လည်း ပြည်တွင်းခရီးသွားများ သွားလာမှုရှိနေ
496
စော (NP News) - ဇန်နဝါရီ ၈
စိုးရိမ်စိတ်များရှိနေခဲ့သော်လည်း ပြည်တွင်းခရီးသွားများ သွားလာမှုရှိနေကြောင်း မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က NP News ကိုပြောသည်။
ပြည်တွင်းခရီးသွားလာမှုသည် ယေဘုယျအားဖြင့် ယခင်နှစ်များထက် မြင့်တက်လာသော်လည်း ကိုဗစ်မတိုင်ခင်ကာလအခြေအနေကို ပြန်လည်မရောက်ရှိ နိုင်သေးကြောင်း သိရသည်။
"ခရီးသွားတွေက ကိုဗစ်မတိုင်ခင် လောက်တော့မများတော့ဘူး။ ခရီးသွားဖို့အတွက်၊ အနားယူဖို့အတွက်လိုတဲ့အတွက် လူတွေကခရီး တော့သွားနေကြတယ်။ သွားလို့ရတဲ့နေရာတွေကိုပဲ စုပြုံပြီးသွားနေကြတဲ့ သဘောဖြစ်နေတာပေါ့။ အဲဒီ လိုတော့ဖြစ်နေတာပေါ့။ ကိုဗစ်မတိုင်ခင်ကအခြေ အနေနဲ့ ပြန်ကြည့်လိုက်မယ်ဆိုရင်တော့ ကိုဗစ်မတိုင်ခင်အခြေအနေ ထက်စာရင်တော့ ပြည်တွင်း ခရီးသွားမှုက နည်းနေသေးတယ်လို့ပြောလို့ရပါ တယ်" ဟု ဦးနောင်းနောင်းဟန်က ပြောသည်။
ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် ပွင့်လင်းရာသီ ကာလအတွင်း ပုဂံ၊ မွန်ပြည်နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၊ ကော့သောင်း ဒေသရှိ ကျွန်းများ၊ ၊ ကမ်းခြေဒေသများနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ တောင်ကြီး၊ အင်းလေး၊ ကလော တို့ကို အများဆုံးလည်ပတ်ခဲ့ကြပြီး ဒေသတွင်းမတည်ငြိမ်မှုများကြောင့် အချို့ဒေသများသို့သွား ရောက်လည်ပတ်ရန် အခက်အခဲများရှိနေခဲ့သည်။
"ခရီးသွားအနေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ သွားတော့သွားနေတယ်။ ဒါပေမဲ့ ယခင်လိုတော့လွတ်လပ်ပေါ့ပါးတဲ့ဟာမျိုးတော့မဟုတ်ဘူးပေါ့။ နယ်မြေရဲ့သတင်းကို စုံစမ်းပြီးတော့ စိုးရိမ်စိတ်နဲ့သွားနေရတာ ပိုများပါတယ်"ဟု ၎င်းက ပြောသည်။
ပြည်တွင်းခရီးသွားများအနေဖြင့် ရက်ရှည်ခရီးစဉ်များထက် သုံး၊ လေး၊ ငါးရက် ရက်တို ခရီးစဉ်များကိုသာ အများဆုံးရွေးချယ်သွားရောက်နေကြကြောင်း သိရသည်။
"ထိုင်းနိုင်ငံခရီးသွားတွေ ပြန်ပြီးဝင် ရောက်လာဖို့အတွက် ကျွန်တော်တို့က မျှော်လင့် လို့ရပါတယ်။ နောက်တစ်ခါ အနောက်နိုင်ငံကလည်း အခုဆိုရင် လာဖို့အတွက်လည်း ပြင်ဆင်နေကြတာ ရှိတယ်။ ကျွန်တော်တို့မိတ်ဆွေ ခရီးသွားကုမ္ပဏီတွေမှာ တချို့ခရီးစဉ်နဲ့ပတ်သက်တဲ့စုံစမ်းမှုတွေ ပြန် ဝင်လာတာမျိုးတွေ တွေ့ရပါတယ်။ ခရီးစဉ်နဲ့ပတ်သက်တဲ့စုံစမ်းမှုတွေကို လွန်ခဲ့တဲ့သုံး၊ လေးလကမ ရပေမယ့် အခုဒီရက်ပိုင်းတွေမှာ ရလာပြီးတော့ လာမယ့်တစ်လပိုင်း၊ နှစ်လပိုင်းလောက်မှာ ဧည့်သည်တွေ ပိုဝင်လာဖို့ရှိပါတယ်။ တကယ်တမ်းကတော့ နိုင်ငံတည်ငြိမ်းအေးချမ်းတယ်ဆိုရင်တော့ ဒီထက်မက ခရီးသွားတွေက သုံးလပိုင်း၊ လေးလပိုင်းထိအောင် တိုးမြင့်ပြီး ဝင်လာဖို့ရှိပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ပြည်ပခရီးသွားများအတွက် တရုတ်နှင့် ရုရှားအပါအဝင် အိန္ဒိယ၊ ဟောင်ကောင်၊ ကိုရီးယားနှင့် ဂျပန်တို့ကို Visa on Arrival (ဆိုက်ရောက်ဗီဇာ )ခွင့်ပြုပေးထားပြီး မလေးရှားနိုင်ငံမပါ အာဆီယံနိုင်ငံ (၈)နိုင်ငံကိုလည်း ဗီဇာကင်းလွတ်ခွင့်ပေးထားကြောင်း သိရသည်။
zawgyi version
စိုးရိမ္စိတ္မ်ားရွိေနခဲ့ေသာ္လည္း ျပည္တြင္းခရီးသြားမ်ား သြားလာမႈရွိေန
ေစာ (NP News) - ဇန္နဝါရီ ၈
စိုးရိမ္စိတ္မ်ားရွိေနခဲ့ေသာ္လည္း ျပည္တြင္းခရီးသြားမ်ား သြားလာမႈရွိေနေၾကာင္း ျမန္မာ ႏိုင္ငံခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ ဒုဥကၠ႒ ဦးေနာင္းေနာင္းဟန္က NP News ကိုေျပာသည္။
ျပည္တြင္းခရီးသြားလာမႈသည္ ေယဘုယ်အားျဖင့္ ယခင္ႏွစ္မ်ားထက္ ျမင့္တက္လာေသာ္လည္း ကိုဗစ္မတိုင္ခင္ကာလအေျခအေနကို ျပန္လည္မေရာက္ရွိ ႏိုင္ေသးေၾကာင္း သိရသည္။
"ခရီးသြားေတြက ကိုဗစ္မတိုင္ခင္ ေလာက္ေတာ့မမ်ားေတာ့ဘူး။ ခရီးသြားဖို႔အတြက္၊ အနားယူဖို႔အတြက္လိုတဲ့အတြက္ လူေတြကခရီး ေတာ့သြားေနၾကတယ္။ သြားလို႔ရတဲ့ေနရာေတြကိုပဲ စုၿပဳံၿပီးသြားေနၾကတဲ့ သေဘာျဖစ္ေနတာေပါ့။ အဲဒီ လိုေတာ့ျဖစ္ေနတာေပါ့။ ကိုဗစ္မတိုင္ခင္ကအေျခ အေနနဲ႔ ျပန္ၾကည့္လိုက္မယ္ဆိုရင္ေတာ့ ကိုဗစ္မတိုင္ခင္အေျခအေန ထက္စာရင္ေတာ့ ျပည္တြင္း ခရီးသြားမႈက နည္းေနေသးတယ္လို႔ေျပာလို႔ရပါ တယ္" ဟု ဦးေနာင္းေနာင္းဟန္က ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္ ပြင့္လင္းရာသီ ကာလအတြင္း ပုဂံ၊ မြန္ျပည္နယ္ရွိ ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုးေစတီေတာ္ျမတ္ႀကီး၊ ေကာ့ေသာင္း ေဒသရွိ ကြၽန္းမ်ား၊ ၊ ကမ္းေျခေဒသမ်ားႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)ရွိ ေတာင္ႀကီး၊ အင္းေလး၊ ကေလာ တို႔ကို အမ်ားဆုံးလည္ပတ္ခဲ့ၾကၿပီး ေဒသတြင္းမတည္ၿငိမ္မႈမ်ားေၾကာင့္ အခ်ိဳ႕ေဒသမ်ားသို႔သြား ေရာက္လည္ပတ္ရန္ အခက္အခဲမ်ားရွိေနခဲ့သည္။
"ခရီးသြားအေနနဲ႔ျပန္ၾကည့္မယ္ဆိုရင္ေတာ့ သြားေတာ့သြားေနတယ္။ ဒါေပမဲ့ ယခင္လိုေတာ့လြတ္လပ္ေပါ့ပါးတဲ့ဟာမ်ိဳးေတာ့မဟုတ္ဘူးေပါ့။ နယ္ေျမရဲ႕သတင္းကို စုံစမ္းၿပီးေတာ့ စိုးရိမ္စိတ္နဲ႔သြားေနရတာ ပိုမ်ားပါတယ္"ဟု ၎က ေျပာသည္။
ျပည္တြင္းခရီးသြားမ်ားအေနျဖင့္ ရက္ရွည္ခရီးစဥ္မ်ားထက္ သုံး၊ ေလး၊ ငါးရက္ ရက္တို ခရီးစဥ္မ်ားကိုသာ အမ်ားဆုံးေ႐ြးခ်ယ္သြားေရာက္ေနၾကေၾကာင္း သိရသည္။
"ထိုင္းႏိုင္ငံခရီးသြားေတြ ျပန္ၿပီးဝင္ ေရာက္လာဖို႔အတြက္ ကြၽန္ေတာ္တို႔က ေမွ်ာ္လင့္ လို႔ရပါတယ္။ ေနာက္တစ္ခါ အေနာက္ႏိုင္ငံကလည္း အခုဆိုရင္ လာဖို႔အတြက္လည္း ျပင္ဆင္ေနၾကတာ ရွိတယ္။ ကြၽန္ေတာ္တို႔မိတ္ေဆြ ခရီးသြားကုမၸဏီေတြမွာ တခ်ိဳ႕ခရီးစဥ္နဲ႔ပတ္သက္တဲ့စုံစမ္းမႈေတြ ျပန္ ဝင္လာတာမ်ိဳးေတြ ေတြ႕ရပါတယ္။ ခရီးစဥ္နဲ႔ပတ္သက္တဲ့စုံစမ္းမႈေတြကို လြန္ခဲ့တဲ့သုံး၊ ေလးလကမ ရေပမယ့္ အခုဒီရက္ပိုင္းေတြမွာ ရလာၿပီးေတာ့ လာမယ့္တစ္လပိုင္း၊ ႏွစ္လပိုင္းေလာက္မွာ ဧည့္သည္ေတြ ပိုဝင္လာဖို႔ရွိပါတယ္။ တကယ္တမ္းကေတာ့ ႏိုင္ငံတည္ၿငိမ္းေအးခ်မ္းတယ္ဆိုရင္ေတာ့ ဒီထက္မက ခရီးသြားေတြက သုံးလပိုင္း၊ ေလးလပိုင္းထိေအာင္ တိုးျမင့္ၿပီး ဝင္လာဖို႔ရွိပါတယ္"ဟု ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ ျပည္ပခရီးသြားမ်ားအတြက္ တ႐ုတ္ႏွင့္ ႐ုရွားအပါအဝင္ အိႏၵိယ၊ ေဟာင္ေကာင္၊ ကိုရီးယားႏွင့္ ဂ်ပန္တို႔ကို Visa on Arrival (ဆိုက္ေရာက္ဗီဇာ )ခြင့္ျပဳေပးထားၿပီး မေလးရွားႏိုင္ငံမပါ အာဆီယံႏိုင္ငံ (၈)ႏိုင္ငံကိုလည္း ဗီဇာကင္းလြတ္ခြင့္ေပးထားေၾကာင္း သိရသည္။