ယူကရိန်းစစ်ပွဲအတွက် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို ဒေါ်နယ်ထရမ့်ဝေဖန်
615
Pika (NP News) - ဇန်နဝါရီ ၈
ရုရှား၊ယူကရိန်းနဲ့နေတိုးအဖွဲ့တို့ကြား တင်းမာမှုတွေကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ ကောင်းမွန်စွာကိုင်တွယ်မဖြေရှင်းမှုတွေဟာ ရုရှား-ယူကရိန်းစစ်ပွဲကို ဦးတည်သွားစေတယ်လို့ အမေရိကန် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က ဝေဖန်ပြောဆိုလိုက်ပါတယ်။
ဒါ့ပြင် ယူကရိန်းကို အမေရိကန်ဦးဆောင်တဲ့နေတိုးအဖွဲ့မှာ ပါဝင်ဖို့အလားအလာတွေကို အမေရိကန်က မကမ်းလှမ်းခဲ့ဘူးဆိုရင် စစ်ပွဲကိုရှောင်ရှားနိုင်လိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က ယုံကြည်နေတာ ဖြစ်ပါတယ်။ ရုရှားဘက်ကတရားဝင်စိုးရိမ်ပူပန်မှုတွေ ရှိနေပေမယ့်လည်း ယူကရိန်းကို နေတိုးအဖွဲ့မှာ မြင်လိုနေတဲ့အမေရိကန်ရဲ့ဆန္ဒတွေဟာ ရုရှား-ယူကရိန်းပဋိပက္ခကို ဖြစ်ပေါ်လာစေတယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ဂျိုးဘိုင်ဒန်ဟာ နေတိုးအဖွဲ့က ဘယ်လောက်အထိချဲ့ထွင်နိုင်တယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ရုရှားနဲ့အမေရိကန်တို့ကြားရရှိထားတဲ့ သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ ယုံကြည်ကြောင်း ဒေါ်နယ်ထရမ့်ကပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က "နေတိုးအဖွဲ့မှာ ယူကရိန်းကို မမြင်ချင်ဘူးလို့ ရုရှားသမ္မတပူတင် အာဏာမရလာခင်အချိန်တည်းက ရုရှားဘက်က အကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဂျိုးဘိုင်ဒန်က ယူကရိန်းဟာ နေတိုးအဖွဲ့ထဲမှာ ပါဝင်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲမတိုင်မီ ကာလအတွင်း အမေရိကန်နဲ့ရုရှားတို့ကြား ဆွေးနွေးပွဲတွေမှာ အမှားအယွင်းတွေများစွာကိုပြုလုပ်ခဲ့တယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။
zawgyi version
ယူကရိန္းစစ္ပြဲအတြက္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ကို ေဒၚနယ္ထရမ့္ေဝဖန္
Pika (NP News) - ဇန္နဝါရီ ၈
႐ုရွား၊ယူကရိန္းနဲ႔ေနတိုးအဖြဲ႕တို႔ၾကား တင္းမာမႈေတြကို အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕ ေကာင္းမြန္စြာကိုင္တြယ္မေျဖရွင္းမႈေတြဟာ ႐ုရွား-ယူကရိန္းစစ္ပြဲကို ဦးတည္သြားေစတယ္လို႔ အေမရိကန္ ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္က ေဝဖန္ေျပာဆိုလိုက္ပါတယ္။
ဒါ့ျပင္ ယူကရိန္းကို အေမရိကန္ဦးေဆာင္တဲ့ေနတိုးအဖြဲ႕မွာ ပါဝင္ဖို႔အလားအလာေတြကို အေမရိကန္က မကမ္းလွမ္းခဲ့ဘူးဆိုရင္ စစ္ပြဲကိုေရွာင္ရွားႏိုင္လိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္က ယုံၾကည္ေနတာ ျဖစ္ပါတယ္။ ႐ုရွားဘက္ကတရားဝင္စိုးရိမ္ပူပန္မႈေတြ ရွိေနေပမယ့္လည္း ယူကရိန္းကို ေနတိုးအဖြဲ႕မွာ ျမင္လိုေနတဲ့အေမရိကန္ရဲ႕ဆႏၵေတြဟာ ႐ုရွား-ယူကရိန္းပဋိပကၡကို ျဖစ္ေပၚလာေစတယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ဂ်ိဳးဘိုင္ဒန္ဟာ ေနတိုးအဖြဲ႕က ဘယ္ေလာက္အထိခ်ဲ႕ထြင္ႏိုင္တယ္ဆိုတဲ့အခ်က္နဲ႔ပတ္သက္ၿပီး ႐ုရွားနဲ႔အေမရိကန္တို႔ၾကားရရွိထားတဲ့ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ ယုံၾကည္ေၾကာင္း ေဒၚနယ္ထရမ့္ကေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က "ေနတိုးအဖြဲ႕မွာ ယူကရိန္းကို မျမင္ခ်င္ဘူးလို႔ ႐ုရွားသမၼတပူတင္ အာဏာမရလာခင္အခ်ိန္တည္းက ႐ုရွားဘက္က အႀကိမ္ႀကိမ္ေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့ ဂ်ိဳးဘိုင္ဒန္က ယူကရိန္းဟာ ေနတိုးအဖြဲ႕ထဲမွာ ပါဝင္သင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲမတိုင္မီ ကာလအတြင္း အေမရိကန္နဲ႔႐ုရွားတို႔ၾကား ေဆြးေႏြးပြဲေတြမွာ အမွားအယြင္းေတြမ်ားစြာကိုျပဳလုပ္ခဲ့တယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။