အင်ဒိုနီးရှားနိုင်ငံက BRICS အဖွဲ့မှာ အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်ပါဝင်လာ
592
Pika (NP News) - ဇန်နဝါရီ ၈
ကမ္ဘာ့စတုတ္တမြောက် လူဦးရေအထူထပ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ BRICS အဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်ပါဝင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ အစောပိုင်းမှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နဲ့ တောင်အာဖရိကနိုင်ငံတို့ပါဝင်တဲ့ BRICS အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ချဲ့ထွင်မှုတွေကို စတင်လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ BRICS အဖွဲ့ရဲ့ အလှည့်ကျဥက္ကဠအဖြစ် ဘရာဇီးနိုင်ငံက တာဝန်ယူထားတာလည်းဖြစ်ပါတယ်။ ဘရာဇီးအစိုးရက "အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့အစည်းတွေ ပြုပြင်ပြောင်းလဲမှုအတွက် အခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်သွားမှာပါ။ ပြီးတော့ ကမ္ဘာ့တောင်ဘက်ခြမ်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေ နက်ရှိုင်းလာအောင်လုပ်ဆောင်ဖို့အတွက် အပြုဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ပေးသွားမှာပါ။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့အစည်းတွေကို ပြုပြင်ပြောင်းလဲဖို့ ကတိကဝတ်ပြုပြီး South-South ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင် အပြုသဘောဆောင်တဲ့ပံ့ပိုးကူညီမှုတွေလုပ်ဆောင်ဖို့ ကတိပြုခဲ့ပါတယ်”လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ BRICS အဖွဲ့ဟာ အီရန်၊ အီဂျစ်၊ အီသီယိုးပီးယား နဲ့ ယူအေအီးနိုင်ငံတို့ကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခဲ့ပြီး ချဲ့ထွင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဘီလာရုစ်၊ ဘိုလီးဗီးယား၊ ကာဇက်စတန်၊ ထိုင်း၊ ကျူးဘား၊ ယူဂန်ဒါ၊ မလေးရှားနဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတို့ဟာ ယခုနှစ်အတွင်း BRICS အဖွဲ့ရဲ့ တရားဝင်မိတ်ဖက်နိုင်ငံတွေအဖြစ် ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ ပြီးတော့ နိုင်ငံပေါင်း(၂)ဒါဇင်ကျော်ဟာ BRICS အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ စိတ်ဝင်စားမှုတွေကို ပြသခဲ့တယ်လို့ ရုရှားအကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
zawgyi version
အင္ဒိုနီးရွားႏိုင္ငံက BRICS အဖြဲ႕မွာ အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ တရားဝင္ပါဝင္လာ
Pika (NP News) - ဇန္နဝါရီ ၈
ကမာၻ႔စတုတၱေျမာက္ လူဦးေရအထူထပ္ဆုံးႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ အင္ဒိုနီးရွားႏိုင္ငံဟာ BRICS အဖြဲ႕ရဲ႕ အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ တရားဝင္ပါဝင္ခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။ အေစာပိုင္းမွာ ဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္ နဲ႔ ေတာင္အာဖရိကႏိုင္ငံတို႔ပါဝင္တဲ့ BRICS အဖြဲ႕ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ခ်ဲ႕ထြင္မႈေတြကို စတင္လုပ္ေဆာင္ခဲ့တာလည္း ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ BRICS အဖြဲ႕ရဲ႕ အလွည့္က်ဥကၠဠအျဖစ္ ဘရာဇီးႏိုင္ငံက တာဝန္ယူထားတာလည္းျဖစ္ပါတယ္။ ဘရာဇီးအစိုးရက "အင္ဒိုနီးရွားႏိုင္ငံဟာ ကမာၻလုံးဆိုင္ရာ အုပ္ခ်ဳပ္မႈအဖြဲ႕အစည္းေတြ ျပဳျပင္ေျပာင္းလဲမႈအတြက္ အျခားအဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔အတူ ပံ့ပိုးကူညီမႈေတြ လုပ္ေဆာင္သြားမွာပါ။ ၿပီးေတာ့ ကမာၻ႔ေတာင္ဘက္ျခမ္းမွာ ပူးေပါင္းေဆာင္႐ြက္မႈေတြ နက္ရႈိင္းလာေအာင္လုပ္ေဆာင္ဖို႔အတြက္ အျပဳေဘာေဆာင္တဲ့ ပံ့ပိုးကူညီမႈေတြ လုပ္ေဆာင္ေပးသြားမွာပါ။ အင္ဒိုနီးရွားႏိုင္ငံဟာ ကမာၻလုံးဆိုင္ရာ အုပ္ခ်ဳပ္မႈအဖြဲ႕အစည္းေတြကို ျပဳျပင္ေျပာင္းလဲဖို႔ ကတိကဝတ္ျပဳၿပီး South-South ပူးေပါင္းေဆာင္႐ြက္မႈကို နက္ရႈိင္းေအာင္ အျပဳသေဘာေဆာင္တဲ့ပံ့ပိုးကူညီမႈေတြလုပ္ေဆာင္ဖို႔ ကတိျပဳခဲ့ပါတယ္”လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္မွာ BRICS အဖြဲ႕ဟာ အီရန္၊ အီဂ်စ္၊ အီသီယိုးပီးယား နဲ႔ ယူေအအီးႏိုင္ငံတို႔ကို အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ လက္ခံခဲ့ၿပီး ခ်ဲ႕ထြင္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ဘီလာ႐ုစ္၊ ဘိုလီးဗီးယား၊ ကာဇက္စတန္၊ ထိုင္း၊ က်ဴးဘား၊ ယူဂန္ဒါ၊ မေလးရွားနဲ႔ ဥဇဘက္ကစၥတန္ႏိုင္ငံတို႔ဟာ ယခုႏွစ္အတြင္း BRICS အဖြဲ႕ရဲ႕ တရားဝင္မိတ္ဖက္ႏိုင္ငံေတြအျဖစ္ ျဖစ္လာႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။ ၿပီးေတာ့ ႏိုင္ငံေပါင္း(၂)ဒါဇင္ေက်ာ္ဟာ BRICS အဖြဲ႕နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြလုပ္ေဆာင္ဖို႔ စိတ္ဝင္စားမႈေတြကို ျပသခဲ့တယ္လို႔ ႐ုရွားအႀကီးတန္းအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။