လီဗာပူးလ်အသင်းကို ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးကြီးအီလွန်မတ်ဝယ်ယူရန်လိုလားနေဟု ဖခင်ဖြစ်သူအတည်ပြု
553
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၈
ကမ္ဘာအချမ်းသာဆုံးသူဋ္ဌေးကြီးတစ်ဦးဖြစ်သော အီလွန်မတ်၏ ဖခင်ဖြစ်သူ အာရိုးလ်က ၎င်း၏သားဖြစ်သူသည် လီဗာပူးလ်အသင်းကို ဝယ်ယူရန်လိုလားနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ အီလွန်မတ်သည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ရွေးကောက်ခံပွဲတွင်အနိုင်ရရန် အဓိကထား ပံ့ပိုးကူညီပေးခဲ့သူဖြစ်ပြီး အမေရိကန်အစိုးရအဖွဲ့တွင်တစ်ထောင့်တစ်နေ့ရာမှပါဝင်ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။
အီလွန်မတ်၏ဖခင်ဖြစ်သူက "လက်ရှိအချိန်မှာ အသေးစိတ်တော့မပြောတော့ဘူး၊ ဘာဖြစ်လိုလဲဆိုရင် ဈေးနှုန်းတွေမြင့်တက်လာမှာစိုးလို့ပါ၊ ဒါပေမဲ့ အီလွန်မတ်ဟာ လီဗာပူးလ်အသင်းကို ဝယ်ယူလိုနေတာတော့ မှန်ပါတယ်"ဟု ပြောသည်။ အီလွန်မတ်၏ အဘွားဖြစ်သူသည် လီဗာပူးလ် မြို့တွင်မွေးဖွားခဲ့ပြီး လီဗာပူးလ်မြို့တွင်လည်း ဆွေမျိုးများရှိနေကြောင်းသိရသည်။ အီလွန်မတ်၏ ဖခင်ဖြစ်သူက " အီလွန်မတ်ရဲ့ဆွေမျိုးတွေက လီဗာပူးလ်မြို့မှာရှိနေတယ်။ အီလွန်မတ်ဟာ လီဗာပူးနဲ့ ဆက်နွှယ်မှုရှိတယ်။ လီဗာပူးမြို့မှာနေထိုင်တဲ့ ဆွေမျိုးတွေနဲ့အတူအီလွန်မတ်ဟာ ကြီးပြင်းခဲ့ရတာမျိုးတွေရှိနေတယ်"ဟု ပြောသည်။
လက်ရှိအချိန်တွင် လီဗာပူးလ်အသင်းပိုင်ရှင်ဖြစ်သော Fenway Sports Group (FSG)သည် လီဗာပူးလ်အသင်းကိုရောင်းချလိုခြင်းရှိ မရှိဆိုသောအချက်ကို အတိအကျမသိသေးကြောင်းသိရသည်။ အဆိုပါစီးပွားရေးလုပ်ငန်းစုသည် ၂၀၂၃ ခုနှစ်တွင် အသင်းရှယ်ယာအချို့ကို အမေရိကန်စီးပွားရေးလုပ်ငန်းစုထံ ရောင်းချခဲ့သော်လည်း အသင်းကို ရောင်းချဖွယ်ရှိနေသည်ဆိုသောသတင်းများကို ငြင်းဆန်ပယ်ချခဲ့ဖူးကြောင်း သိရသည်။ အီလွန်မတ်သည် ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ သူဋ္ဌေးကြီးတစ်ဦးဖြစ်ပြီး ကမ္ဘာကျော်လူမှုကွန်ရက် X (formerly known as Twitter), အပြင် Tesla နှင့် SpaceX အမည်ရှိ စီးပွားရေးလုပ်ငန်းများကို ပိုင်ဆိုင်ထားသူဖြစ်သည်။
zawgyi version
လီဗာပူးလ္အသင္းကို ကမာၻ႔အခ်မ္းသာဆုံးသူေ႒းႀကီးအီလြန္မတ္ဝယ္ယူရန္လိုလားေနဟု ဖခင္ျဖစ္သူအတည္ျပဳ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၈
ကမာၻအခ်မ္းသာဆုံးသူေ႒းႀကီးတစ္ဦးျဖစ္ေသာ အီလြန္မတ္၏ ဖခင္ျဖစ္သူ အာ႐ိုးလ္က ၎၏သားျဖစ္သူသည္ လီဗာပူးလ္အသင္းကို ဝယ္ယူရန္လိုလားေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ အီလြန္မတ္သည္ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ကို ေ႐ြးေကာက္ခံပြဲတြင္အႏိုင္ရရန္ အဓိကထား ပံ့ပိုးကူညီေပးခဲ့သူျဖစ္ၿပီး အေမရိကန္အစိုးရအဖြဲ႕တြင္တစ္ေထာင့္တစ္ေန႔ရာမွပါဝင္ဖြယ္ရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။
အီလြန္မတ္၏ဖခင္ျဖစ္သူက "လက္ရွိအခ်ိန္မွာ အေသးစိတ္ေတာ့မေျပာေတာ့ဘူး၊ ဘာျဖစ္လိုလဲဆိုရင္ ေဈးႏႈန္းေတြျမင့္တက္လာမွာစိုးလို႔ပါ၊ ဒါေပမဲ့ အီလြန္မတ္ဟာ လီဗာပူးလ္အသင္းကို ဝယ္ယူလိုေနတာေတာ့ မွန္ပါတယ္"ဟု ေျပာသည္။ အီလြန္မတ္၏ အဘြားျဖစ္သူသည္ လီဗာပူးလ္ ၿမိဳ႕တြင္ေမြးဖြားခဲ့ၿပီး လီဗာပူးလ္ၿမိဳ႕တြင္လည္း ေဆြမ်ိဳးမ်ားရွိေနေၾကာင္းသိရသည္။ အီလြန္မတ္၏ ဖခင္ျဖစ္သူက " အီလြန္မတ္ရဲ႕ေဆြမ်ိဳးေတြက လီဗာပူးလ္ၿမိဳ႕မွာရွိေနတယ္။ အီလြန္မတ္ဟာ လီဗာပူးနဲ႔ ဆက္ႏႊယ္မႈရွိတယ္။ လီဗာပူးၿမိဳ႕မွာေနထိုင္တဲ့ ေဆြမ်ိဳးေတြနဲ႔အတူအီလြန္မတ္ဟာ ႀကီးျပင္းခဲ့ရတာမ်ိဳးေတြရွိေနတယ္"ဟု ေျပာသည္။
လက္ရွိအခ်ိန္တြင္ လီဗာပူးလ္အသင္းပိုင္ရွင္ျဖစ္ေသာ Fenway Sports Group (FSG)သည္ လီဗာပူးလ္အသင္းကိုေရာင္းခ်လိုျခင္းရွိ မရွိဆိုေသာအခ်က္ကို အတိအက်မသိေသးေၾကာင္းသိရသည္။ အဆိုပါစီးပြားေရးလုပ္ငန္းစုသည္ ၂၀၂၃ ခုႏွစ္တြင္ အသင္းရွယ္ယာအခ်ိဳ႕ကို အေမရိကန္စီးပြားေရးလုပ္ငန္းစုထံ ေရာင္းခ်ခဲ့ေသာ္လည္း အသင္းကို ေရာင္းခ်ဖြယ္ရွိေနသည္ဆိုေသာသတင္းမ်ားကို ျငင္းဆန္ပယ္ခ်ခဲ့ဖူးေၾကာင္း သိရသည္။ အီလြန္မတ္သည္ ကမာၻ႔အခ်မ္းသာဆုံး ဘီလ်ံနာ သူေ႒းႀကီးတစ္ဦးျဖစ္ၿပီး ကမာၻေက်ာ္လူမႈကြန္ရက္ X (formerly known as Twitter), အျပင္ Tesla ႏွင့္ SpaceX အမည္ရွိ စီးပြားေရးလုပ္ငန္းမ်ားကို ပိုင္ဆိုင္ထားသူျဖစ္သည္။