အမေရိကန်လက်နက်ကုမ္ပဏီ(၁၀) ခုကို ပစ်မှတ်ထားပိတ်ဆို့ခြင်းကြောင့် အမေရိကန်နှင့်တရုတ်ကြား တင်းမာမှုပိုမိုဖြစ်လာဖွယ်ရှိနေ

 2567

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၈

တရုတ်အစိုးရသည် ထိုင်ဝမ်ကိုလက်နက် ရောင်းချမှုနှင့်ပတ်သက်ပြီး ဆက်နွှယ်သည့် အမေရိ ကန်ကုမ္ပဏီ (၁၀)ခုကို ပစ်မှတ်ထားပိတ်ဆို့မှုချမှတ် ခဲ့ရာ တရုတ်နှင့်အမေရိကန်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာဖွယ်ရှိနေကြောင်း သိရသည်။ တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ခဲ့သော အမေရိကန်ကုမ္ပဏီများတွင် ကမ္ဘာကျော် လက်နက်ကုမ္ပဏီများဖြစ်သော Lockheed Martin ကုမ္ပဏီ၊ Boeing Defense ကုမ္ပဏီ၊ Raytheonကုမ္ပဏီတို့ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပိတ်ဆို့မှုချမှတ်ခံထားရသော ကုမ္ပဏီများသည် တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီများ နှင့် သွင်းကုန်ထုတ်ကုန်ပေးပို့ခြင်းများ လုပ်ဆောင်ခွင့် ရှိမည်မဟုတ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ ပစ်မှတ်ထားပိတ်ဆို့မှုခံရသောကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံ လုပ်ဆောင်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။ တရုတ်အစိုးရသည် ပိတ်ဆို့ချမှတ်ခဲ့သောအမေရိ ကန်ကုမ္ပဏီ(၁၀)ခု၏ အကြီးအကဲများကိုလည်း တ ရုတ်နိုင်ငံသို့ လာရောက်ခွင့်ပေးမည်မဟုတ်ကြောင်း သိရသည်။

အမေရိကန်ကုမ္ပဏီများ၏ ဆောင်ရွက်မှု များက တရုတ်နိုင်ငံအချုပ်အခြာအာဏာ၊ ပိုင်နက်များ ကိုထိခိုက်နစ်နာစေခဲ့ကြောင်း၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်အစိုးရ က သတင်းထုတ်ပြန်ထားသည်။ တရုတ်နှင့်အမေ ရိကန်နိုင်ငံတို့သည် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်လက်ထက်တွင်အပြန်အလှန် ပိတ်ဆို့မှုများချမှတ်ခဲ့ပြီး အမေရိကန်အစိုးရက စစ်လက်နက်ပစ္စည်းများနှင့် ပတ်သက်ပြီး တရုတ်ကုမ္ပဏီ အနည်းဆုံး (၁၄၀)ကို ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ထားကြောင်း သိရသည်။အမေရိကန်အစိုးရသည် တရုတ်နိုင်ငံတစ်နိုင်ငံတည်း မူဝါဒကို လိုက်နာမည်ဟုပြောဆိုထားသော်လည်း အခြားတစ်ဖက်တွင် ထိုင်ဝမ် နှင့် ဆက်ဆံရေးရှိနေဆဲ ဖြစ်ပြီး ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများ ကူညီ ထောက်ပံ့ပေးခြင်းများလုပ်ဆောင်နေသည်။

အမေရိ ကန်နှင့် တရုတ်နိုင်ငံကြား တင်းမာမှုများဖြစ်ပွားနေရ သော အဓိကအကြောင်းရင်းများထဲတွင် ထိုင်ဝမ် အရေးလည်း ပါဝင်နေကြောင်း သိရသည်။ တရုတ် အစိုးရက ထိုင်ဝမ်သည် ၎င်းတို့ပိုင်နက်ဖြစ်ကာ ပြန် လည်ပေါင်းစည်းရန်ကြိုးပမ်းမည်ဖြစ်သော်လည်း လိုအပ်မည်ဆိုလျှင် အင်အားသုံးမည်ဟု သတင်း ထုတ်ပြန်ထားသည်။ ထိုင်ဝမ်က တရုတ်နိုင်ငံလက် အောက်မှခွဲထွက်ရန် လိုလားနေပြီး ထိုင်ဝမ်သမ္မတ အသစ်လက်ထက်တွင် တရုတ်နှင့်ထိုင်ဝမ်ကြား တင်း မာမှုပိုမိုမြင့်တက်လာခဲ့ကြောင်းသိရသည်။

zawgyi version
အေမရိကန္လက္နက္ကုမၸဏီ(၁၀) ခုကို ပစ္မွတ္ထားပိတ္ဆို႔ ျခင္းေၾကာင့္ အေမရိကန္ႏွင့္တ႐ုတ္ၾကား တင္းမာမႈပိုမိုျဖစ္လာဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၈

တ႐ုတ္အစိုးရသည္ ထိုင္ဝမ္ကိုလက္နက္ ေရာင္းခ်မႈႏွင့္ပတ္သက္ၿပီး ဆက္ႏႊယ္သည့္ အေမရိ ကန္ကုမၸဏီ (၁၀)ခုကို ပစ္မွတ္ထားပိတ္ဆို႔မႈခ်မွတ္ ခဲ့ရာ တ႐ုတ္ႏွင့္အေမရိကန္ႏိုင္ငံၾကား တင္းမာမႈမ်ား ျမင့္တက္လာဖြယ္ရွိေနေၾကာင္း သိရသည္။ တ႐ုတ္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ပစ္မွတ္ထား ပိတ္ဆို႔မႈခ်မွတ္ခဲ့ေသာ အေမရိကန္ကုမၸဏီမ်ားတြင္ ကမာၻေက်ာ္ လက္နက္ကုမၸဏီမ်ားျဖစ္ေသာ Lockheed Martin ကုမၸဏီ၊ Boeing Defense ကုမၸဏီ၊ Raytheonကုမၸဏီတို႔ပါဝင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ပိတ္ဆို႔မႈခ်မွတ္ခံထားရေသာ ကုမၸဏီမ်ားသည္ တ႐ုတ္ႏိုင္ငံအေျခစိုက္ ကုမၸဏီမ်ား ႏွင့္ သြင္းကုန္ထုတ္ကုန္ေပးပို႔ျခင္းမ်ား လုပ္ေဆာင္ခြင့္ ရွိမည္မဟုတ္ေၾကာင္း သိရသည္။ ထို႔ျပင္ အဆိုပါ ပစ္မွတ္ထားပိတ္ဆို႔မႈခံရေသာကုမၸဏီမ်ားသည္ တ႐ုတ္ႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈအသစ္မ်ား ထပ္မံ လုပ္ေဆာင္ခြင့္ရမည္မဟုတ္ေၾကာင္း သိရသည္။ တ႐ုတ္အစိုးရသည္ ပိတ္ဆို႔ခ်မွတ္ခဲ့ေသာအေမရိ ကန္ကုမၸဏီ(၁၀)ခု၏ အႀကီးအကဲမ်ားကိုလည္း တ ႐ုတ္ႏိုင္ငံသို႔ လာေရာက္ခြင့္ေပးမည္မဟုတ္ေၾကာင္း သိရသည္။

အေမရိကန္ကုမၸဏီမ်ား၏ ေဆာင္႐ြက္မႈ မ်ားက တ႐ုတ္ႏိုင္ငံအခ်ဳပ္အျခာအာဏာ၊ ပိုင္နက္မ်ား ကိုထိခိုက္နစ္နာေစခဲ့ေၾကာင္း၊ တ႐ုတ္တစ္ႏိုင္ငံတည္း မူဝါဒကိုခ်ိဳးေဖာက္ခဲ့ျခင္းျဖစ္ေၾကာင္း တ႐ုတ္အစိုးရ က သတင္းထုတ္ျပန္ထားသည္။ တ႐ုတ္ႏွင့္အေမ ရိကန္ႏိုင္ငံတို႔သည္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္လက္ထက္တြင္အျပန္အလွန္ ပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့ၿပီး အေမရိကန္အစိုးရက စစ္လက္နက္ပစၥည္းမ်ားႏွင့္ ပတ္သက္ၿပီး တ႐ုတ္ကုမၸဏီ အနည္းဆုံး (၁၄၀)ကို ပစ္မွတ္ထားပိတ္ဆို႔မႈခ်မွတ္ထားေၾကာင္း သိရသည္။အေမရိကန္အစိုးရသည္ တ႐ုတ္ႏိုင္ငံတစ္ႏိုင္ငံတည္း မူဝါဒကို လိုက္နာမည္ဟုေျပာဆိုထားေသာ္လည္း အျခားတစ္ဖက္တြင္ ထိုင္ဝမ္ ႏွင့္ ဆက္ဆံေရးရွိေနဆဲ ျဖစ္ၿပီး ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းမ်ား ကူညီ ေထာက္ပံ့ေပးျခင္းမ်ားလုပ္ေဆာင္ေနသည္။

အေမရိ ကန္ႏွင့္ တ႐ုတ္ႏိုင္ငံၾကား တင္းမာမႈမ်ားျဖစ္ပြားေနရ ေသာ အဓိကအေၾကာင္းရင္းမ်ားထဲတြင္ ထိုင္ဝမ္ အေရးလည္း ပါဝင္ေနေၾကာင္း သိရသည္။ တ႐ုတ္ အစိုးရက ထိုင္ဝမ္သည္ ၎တို႔ပိုင္နက္ျဖစ္ကာ ျပန္ လည္ေပါင္းစည္းရန္ႀကိဳးပမ္းမည္ျဖစ္ေသာ္လည္း လိုအပ္မည္ဆိုလွ်င္ အင္အားသုံးမည္ဟု သတင္း ထုတ္ျပန္ထားသည္။ ထိုင္ဝမ္က တ႐ုတ္ႏိုင္ငံလက္ ေအာက္မွခြဲထြက္ရန္ လိုလားေနၿပီး ထိုင္ဝမ္သမၼတ အသစ္လက္ထက္တြင္ တ႐ုတ္ႏွင့္ထိုင္ဝမ္ၾကား တင္း မာမႈပိုမိုျမင့္တက္လာခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.