"(၂၀၂၄) ခုနှစ်အတွင်း အနုပညာသတင်းပေါင်းချုပ်"
718
အိဖြူ (NP News) - ဇန်နဝါရီ ၈
“NP News” ရဲ့အပတ်စဉ် ဖော်ပြနေတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ အနုပညာသတင်းတွေကို ဖော်ပြပေးပါမယ်။ ဒီတစ်ပတ်အတွက် " (၄)နှစ်အတွင်း ခြိမ်းခြောက် တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရတဲ့ အနုပညာရှင်များ၊ အနုပညာရှင်တွေရဲ့ တစ်နှစ်တာလှုပ်ရှားမှုများ" အစရှိတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးပါမယ်။
(၄)နှစ်အတွင်း ခြိမ်းခြောက်တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရသည့် အနုပညာရှင်များ
(၂၀၂၁)ခုနှစ် နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲကြား အနုပညာ သမားတွေရဲ့ဝင်ရောက်ခြေရှုပ်မှုကြောင့် ပိုမိုဆိုးရွားစေခဲ့ပြီး နောက် ဆက်တွဲဆိုးကျိုးအဖြစ် အနုပညာသမားတွကိုပါ လက်နက်ကိုင်သမား တွေက ခြိမ်းခြောက်သတ်ဖြတ်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ အကြမ်း ဖက်သမားတွေရဲ့ ခြိမ်းခြောက်တိုက်ခိုက်မှုတွေကြောင့် အကယ်ဒမီ ရန်အောင်၊ ခန့်စည်သူ၊ စိုးသူ၊ ဒါရိုက်တာ စင်ရော်မောင်မောင်၊ မိုးယံ ဇွန်၊ ယုန်လေး၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ စိုးမြတ်နန္ဒာ၊ ယဉ်လတ်၊ ဂျင်းနီ၊ L ဆိုင်းဇီ စတဲ့ အနုပညာသမားတွေက ကျီးလန့် စာစား နေထိုင်နေကြရပြီး၊ တည်ငြိမ်အေးချမ်းစွာနေထိုင်ကြတဲ့ အနု ပညာသမားတွေလည်း အပြစ်ရှိနေသယောင်၊ ပြည်တွင်းနေလူထုလည်း အပြစ်မလွတ်ကင်းသယောင် ပြောဆိုမှုတွေ ရှိနေဆဲပင်ဖြစ်ပါတယ်။
အကြမ်းဖက်သတ်ဖြတ်မှုလုပ်ရပ်တွေကြောင့် ရဟန်းသံဃာ တွေ၊ အစိုးရဝန်ထမ်းတွေ၊ ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရသလို အနု ပညာသမားတချို့လည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ အနုပညာလော ကသားတွေအပေါ် တုန်လှုပ်သွားစေခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံ ရမှုဖြစ်စဉ်တွေမှာ တေးသံရှင် လီလီနိုင်ကျော် သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခံရမှုနဲ့ တေးသံရှင်အောင်လွှမ်းနိုင် လုပ်ကြံခံရမှုတို့က ၎င်းတို့ရဲ့စိုးရိမ်မှုကို မြင့်တက်စေခဲ့ပါတယ်။
တော်လှန်ရေးအမည်ခံ မြို့ပြပြောက်ကျားအဖွဲ့က တေးသံရှင် လီလီနိုင်ကျော်ကို (၂၀၂၃) ခုနှစ် မေလ (၃၀) ရက် ညပိုင်းမှာ သူ အိမ်အပြန် ကားပါကင်မှာ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းမျိုးဖြစ်ပြီး အကြောင်းပြချက်မှာ "အမျိုးသားရေးဝါဒနဲ့ တပ်မတော်ထောက်ခံသူတစ် ဦးဖြစ်တာကြောင့်"ဆိုတဲ့စွပ်စွဲချက်နဲ့လုပ်ကြံခဲ့ကြခြင်းဖြစ်ပါတယ်။
အလားတူ အဆိုတော်အောင်လွှမ်းနိုင်ကိုလည်း မြို့ပြ PDF အဖွဲ့က တပ်မတော်ထောက်ခံသူအဖြစ်စွပ်စွဲကာ လုပ်ကြံခဲ့ကြပြီး၊ အကြောင်းရင်းမှာ " အောင်လွှမ်းနိုင်က ရပ်ကွက်ကျေးရွာအတွင်း လျှပ်စစ်မီတာဘေလ် ပေးဆောင်ကြဖို့နှိုးဆော်တာကြောင့်" အခုလိုသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာပါ။ အောင်လွှမ်းနိုင်ဟာ နစကအစိုးရမတိုင်ခင်ကတည်းက ရပ်ရွာအကျိုးကိုထမ်းဆောင်သူတစ်ဦးဖြစ်ပေမယ့် (၂၀၂၁) ခုနှစ် နောက်ပိုင်းမှာ အဆိုပါ ပရဟိတစိတ်က တပ်မတော်ထောက်ခံသူအဖြစ်စွပ်စွဲခံခဲ့ရပြီး အကြမ်းဖက်သမားတွေရဲ့သတ်ဖြတ်မှုကိုခံရတဲ့အထိ အပြစ်ကြီးမားစေခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်တွေအပြင် ရုပ်ရှင်သရုပ်ဆောင် ယဉ်လတ်ရဲ့နေအိမ် ဗုံးပစ်ခံရမှု၊ ထပ်ဆင့်အကယ်ဒမီ ရန်အောင်နေအိမ်ရှေ့မှာ ဗုံးဖောက်ခွဲခံရမှု၊ ခန့်စည်သူ၊ စိုးမြတ်သူဇာတို့ ဖုန်းကတစ်ဆင့် အသက်အန္တရာယ်အထိ ခြိမ်းခြောက်ခံရမှုတွေအပါအဝင် (၂၀၂၄) ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်ကဖြစ်ပွားခဲ့တဲ့ အဆိုတော် ဒါရိုက်တာ ယုန်လေးရဲ့ကားကို ဗုံးထောင်ဖောက်ခွဲမှုတို့စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တော်လှန်ရေးအမည်ခံလက်နက်ကိုင်သမားတွေက ကျူးလွန်ခဲ့ကြတာပါ။
ရန်အောင်ကိုတိုက်ခိုက်မှုမှာ Dark Shadow အမည်ရှိ မြို့ပြပြောက်ကျားအဖွဲ့ရဲ့စွပ်စွဲချက်က " ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ (၂၀၂၄)ခုနှစ် နိုဝင်ဘာလ (၁၀)ရက်က တရုတ်ပြည်အပြန်ခရီးစဉ်ကို သွား ရောက်ကြိုဆိုတာကြောင့် သတိပေးခြင်းဖြစ်တယ်" လို့ဆိုခဲ့ပြီး၊ ကျန်တဲ့အနုပညာသမားတွေကိုလည်း အွန်လိုင်းမှတစ်ဆင့်သော်လည်းကောင်း၊ စာတို သတင်းစကားပေးပို့မှုတွေနဲ့ခြိမ်းခြောက်တိုက်ခိုက်မှုများစွာ လုပ်ဆောင်ခဲ့ကြတာပါ။ ရန်အောင်ဘက်က " အကြမ်းဖက်သမားများက အိမ်ရှေ့အထိ လက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်ရပြီး အကြမ်းဖက်လုပ်ရပ်တွေအပေါ် စိတ်ပျက်ခြင်းအပြင် လုံခြုံရေပိုင်းအရအားငယ်မိကြောင်း" NP News ကို ရင်ဖွင့်ပြောပြခဲ့ပါတယ်။
အဆိုတော်ယုန်လေးအပေါ် လုပ်ကြံတိုက်ခိုက်မှုမှာ ဗုံးပေါက်ကွဲမှုအရှိန်က ပြင်းထန်ခဲ့ကာ အသက်အန္တရာယ် သေဆုံးစေဖို့အထိ ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းမျိုးဖြစ်ပေမယ့် ယုန်လေးရဲ့သေကံမကျရောက်တာကြောင့် ကံကောင်းထောက်မစွာနဲ့ သူရဲ့ယာဉ်သာ ထိခိုက်ပျက်စီးခဲ့ခြင်းမျိုးဖြစ်ပါတယ်။ အဆိုတော်ယုန်လေးအနေနဲ့ လက်ရှိမှာ သွားသတိ၊ လာသတိ၊ စားသတိနဲ့နေထိုင်နေရပြီး ယုန်လေးကို လုပ်ကြံသတ်ဖြတ်နိုင်ပါက ငွေကြေးဘယ်လောက်ပေးမှာဖြစ်ကြောင်း သွေးထိုးလှုံ့ဆော်မှုတွေ ရှိခဲ့ဖူးတာဖြစ်ပါတယ်။
(၂၀၂၁)ခုနှစ်နောက်ပိုင်း တပ်မတော်အာဏာထိန်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေမှာ လူမင်း၊ ဇင်ဝိုင်း၊ ကျော်သူ၊ ပြေတီဦး၊ နေတိုး၊ နေဝင်း၊ ကိုပေါက်၊ မင်းမော်ကွန်း၊ ခင်လှိုင်၊ နေရဲ၊ အလင်းရောင်၊ ပိုင်တံခွန်၊ ဒါရိုက်တာဝိုင်း၊ ဒေါင်း၊ လင်းလင်း၊ ကျားပေါက်၊Rဇာနည်၊ နိုဗန်ထူး၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ ဖွေးဖွေး၊ မြနှင်းရည်လွင်၊ အေးဝတ်ရည်သောင်း၊ ချစ်သုဝေ၊ ထားထက်ထက်၊ မြတ်နိုးအေး၊ ခင်ဝင့်ဝါ၊ မေ၊ မေမြင့်မိုရ်၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော် အစရှိတဲ့ အနုပညာသမားတွေက ထိပ်ဆုံးကပါဝင်ခဲ့ကြပြီး၊ ၎င်းတို့အနက် တချို့က နိုင်ငံတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်လုပ်ဆောင်သူများအဖြစ် တံဆိပ်ကပ်ခံခဲ့ရကာ တည်ဆဲအစိုးရကချမှတ်တဲ့ ပြစ်ဒဏ်ခံယူခဲ့ကြပြီး၊ တချို့က ပြည်ပြေးဘဝအဖြစ် ဒီနေ့ထိတိုင် ထွက်ပြေးနေကြရဆဲဖြစ်ပါတယ်။
အခုဆိုရင် လူမင်း၊ ဝိုင်း၊ ဇင်ဝိုင်း၊ ပြေတီဦး၊ နေတိုး၊ နေဝင်း၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ ဖွေးဖွေး၊ ခင်ဝင့်ဝါ၊ မေ၊ နီနီခင်ဇော်၊ မေမြင့်မိုရ် စတဲ့ အနုပညာသမားတွေက တည်ဆဲအစိုးရထံ ဝန်ခံကတိပြုကာ ၎င်းတို့ရဲ့ပရော်ဖက်ရှင်နယ် အနုပညာအလုပ်ကိုသာ လုပ်ကိုင်နေကြတာကို တွေ့မြင်ရပါတယ်။ ပြည်တွင်းနေ အနုပညာရှင်တွေရဲ့အနုပညာလှုပ်ရှားမှုတွေ ပိုမိုများပြားလေလေ ပြည်ပြေး မင်းမော်ကွန်း၊ ကိုပေါက်၊ ချစ်သူဝေ၊ လင်းလင်း၊ ဟားငါးကောင်၊ စိန်သီးတို့ရဲ့ မနာလိုဖြစ်ပွားမှုတွေက ပိုမိုကြီးထွားလာတာကိုလည်းတွေ့မြင်နေရပြီး လေလှိုင်းပေါ်က ဆဲဆိုဝေဖန်မှုတွေက မြင့်တက်လျက်ရှိပါတယ်။
လက်ရှိအချိန်ထိ ပြည်တွင်းမှာနေထိုင်ပြီး အကြမ်းဖက်လုပ်ရပ်တွေအပေါ် အားပေးအားမြှောက်ပြုလုပ်နေတဲ့ အနုပညာသမားတွေလည်း ရှိနေဆဲဖြစ်ပေမယ့် အများစုက အကြမ်းဖက်သမားတွေရဲ့ ဖောက်ခွဲတိုက်ခိုက်မှု နဲ့ လုပ်ကြံသတ်ဖြတ်မှုခေါင်းစဉ်တွေကို စက်ဆုပ်ရွံရှာနေပြီး မြို့ပြကြီးတွေရဲ့လုံခြုံရေးအခြေအနေကို ပိုမိုတင်းကြပ်စေလိုသူ များပြားလျက်ရှိလာကြပါပြီ။
အနုပညာရှင်တွေရဲ့တစ်နှစ်တာ လှုပ်ရှားမှုများ
အနုပညာလောကသားတွေအတွက် (၂၀၂၄)ခုနှစ်က ပြန်လည်အခြေတကျဖြစ်လာစေတဲ့နှစ်တစ်နှစ်လို့ ဆိုနိုင်ပါတယ်။ (၂၀၂၁)ခုနှစ် နိုင်ငံရေး အပြောင်းအလဲနောက်ပိုင်း (၂) နှစ်ကျော်ကာလအတွင်းမှာ အနုပညာရှင်တွေရဲ့ အနုပညာလှုပ်ရှားမှုတွေ၊ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေ၊ ရုပ်ရှင်ထုတ်လုပ်/ ပြသမှုလုပ်ငန်းတွေ ခေတ္တရပ်တန့်ရလုနီးပါးဖြစ်ခဲ့ရကာ အနုပညာလောကသားအချင်းချင်းကြား စိတ်ဝမ်းကွဲမှု၊ အစည်းအရုံးအသင်းအဖွဲ့အတွင်း ပြိုကွဲမှု တွေဖြစ်ပွားခဲ့ရပါတယ်။ (၂၀၂၃)ခုနှစ်ကုန် (၂၀၂၄)ခုနှစ်မှာ အနုပညာလောကအတွင်း ပြန်လည်တည်ငြိမ်ခဲ့ပြီး အသိပညာÓဏ်မြင့်မားပြီး အတွေး အမြင်ကျယ်ပြန့်လာသူတိုင်းက နိုင်ငံရေးနဲ့အနုပညာကို ခွဲခြားသိမြင်လာကြကာ မိမိတို့ရဲ့ပရော်ဖက်ရှင်နယ်အလုပ်ကိုသာ အာရုံစိုက်လုပ်ကိုင်လာကြပါတယ်။
(၂၀၂၄)ခုနှစ်မှာ မြန်မာ့ရုပ်ရှင်ဇာတ်ကား (၅၀)ထက်မနည်း ရုံတင်ပြသနိုင်ခဲ့ပြီး အနုပညာရှင်တွေနဲ့ပရိသတ်ကြား ရင်းနှီးထိတွေ့မှု ပြန်လည်ရရှိခဲ့ကြသလို (၂၀၂၄)ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအတွက် အပြိုင်အဆိုင်ငြင်းခုံရင်း သူတို့ချစ်တဲ့အနုပညာရှင်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားနေကြပြီဖြစ်ပါတယ်။
နေတိုး၊ မြင့်မြတ်၊ ပိုင်တံခွန်၊ ဖွေးဖွေး၊ ဝတ်မှုံရွှေရည်တို့ကလည်း ၎င်းတို့ရဲ့ Comeback အဖြစ် ပြန်လည်ဝင်ရောက်ခဲ့ကြပြီး အနုပညာလှုပ်ရှားမှုတွေ ဆက် တိုက်တွေ့မြင်နေရပါတယ်။ အိန္ဒြာကျော်ဇင်နဲ့ပြေတီဦးဆိုရင်လည်း ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ ပြင်ဆင်လျက်ရှိကြောင်း သတင်းစကားသဲ့သဲ့ ထွက်ပေါ်လျက်ရှိပေမယ့် အတိအကျ ထုတ်ဖော်မကြေညာသေးရုံသာ ရှိ လို့နေပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ပိုင်တံခွန်ကတော့ (၂၀၂၄) ခုနှစ်အတွင်းမှာ သူရဲ့ချစ်သူ မလင်းမြဖြူကို ကိုရီးယားနိုင်ငံ ဟန်မြစ်ဘေးမှာ လက်ထပ်ခွင့်တောင်းခဲ့ပြီး မြန်မာနိုင်ငံသားတွေရဲ့ မိရိုးဖလာဓလေ့ထုံးစံအတိုင်း မိန်းကလေးရဲ့နေအိမ်အထိ လူကြီးစုံရာရှေ့ လက်ထပ်ခွင့်တောင်းခဲ့ရာ သူတို့ရဲ့စေ့စပ်တောင်းရမ်းလက်ထပ်ပွဲက ဆိုရှယ်ပလက်ဖောင်းထက်မှာ နေရာယူခဲ့ပြီး ကြည့်မိသူတိုင်းကို ကြည်းနူးစေခဲ့ပါတယ်။ အလားတူ Blogger ၊ သရုပ်ဆောင် နေခြည်ဦးရဲ့ မင်္ဂလာပွဲအခမ်းအနားတွေကလည်း စိတ်ဝင်တစားစောင့်ကြည့်ရတဲ့ ပွဲအခမ်းအနားတစ်ခုဖြစ်ခဲ့ပါတယ်။ ချစ်သူနှစ်ဦးရဲ့ လက်ထပ်ပေါင်းဖက်မှုသတင်းတွေလည်းရှိခဲ့သလို အနုပညာရှင်တွေရဲ့ အိမ်ထောင်ရေးပြိုကွဲမှုသတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။ ရုပ်ရှင်အဝန်းအဝိုင်းမှာလည်း ဖြစ်ပျက်ပြောင်းလဲမှုမျိုးစုံနဲ့ကြုံတွေ့ခဲ့ကြသလို ဂီတလောကအတွက်လည်းကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ မြန်မာ့ဂီတအတွက် ဂန္ထဝင်အဆိုရှင် မာမာအေး (အသက် ၈၂ နှစ်)ဟာ (၂၀၂၄)ခုနှစ် ဇန်နဝါရီလ(၉) ရက်နံနက် (၆) နာရီအချိန်က အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့ရှိနေအိမ်မှာ ကွယ်လွန်ဆုံးပါးခဲ့ပြီး၊ တေးသံရှင်ကြီးစိုင်းဆိုင်မော့ဝ် (အသက် ၇၅ နှစ်)က (၂၀၂၄)ခုနှစ် ဇူလိုင်လ (၁၇) ရက် ည (၇) နာရီ (၁၅) မိနစ်မှာ အင်းစိန်မြို့နယ် ကောင်းအထူးကုဆေးရုံမှာ (၉၆)ပါးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ]]အနုပညာ}}ဆိုတဲ့စကားလုံးအတိုင်း အနုပညာလောကမှာလည်း နေ့စဉ် ရသမျိုးစုံနဲ့ပြည့်နှက်နေကာ ငိုတစ်လှည့် ရယ်တစ်လှည့် ပြည်သူလူထုနဲ့နည်းတူ ရှေ့ဆက်နေကြဆဲပင်ဖြစ်ပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီမှာတင်ရပ်နားခွင့်ပြုပါ။
zawgyi version
"(၂၀၂၄) ခုႏွစ္အတြင္း အႏုပညာသတင္းေပါင္းခ်ဳပ္"
အိျဖဴ (NP News) - ဇန္နဝါရီ ၈
“NP News” ရဲ႕အပတ္စဥ္ ေဖာ္ျပေနတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန အႏုပညာသတင္းေတြကို ေဖာ္ျပေပးပါမယ္။ ဒီတစ္ပတ္အတြက္ " (၄)ႏွစ္အတြင္း ၿခိမ္းေျခာက္ တိုက္ခိုက္သတ္ျဖတ္ခံခဲ့ရတဲ့ အႏုပညာရွင္မ်ား၊ အႏုပညာရွင္ေတြရဲ႕ တစ္ႏွစ္တာလႈပ္ရွားမႈမ်ား" အစရွိတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးပါမယ္။
(၄)ႏွစ္အတြင္း ၿခိမ္းေျခာက္တိုက္ခိုက္သတ္ျဖတ္ခံခဲ့ရသည့္ အႏုပညာရွင္မ်ား
(၂၀၂၁)ခုႏွစ္ ႏိုင္ငံေရးျဖစ္စဥ္အေျပာင္းအလဲၾကား အႏုပညာ သမားေတြရဲ႕ဝင္ေရာက္ေျခရႈပ္မႈေၾကာင့္ ပိုမိုဆိုး႐ြားေစခဲ့ၿပီး ေနာက္ ဆက္တြဲဆိုးက်ိဳးအျဖစ္ အႏုပညာသမားတြကိုပါ လက္နက္ကိုင္သမား ေတြက ၿခိမ္းေျခာက္သတ္ျဖတ္တဲ့အထိ ျဖစ္လာခဲ့ပါတယ္။ အၾကမ္း ဖက္သမားေတြရဲ႕ ၿခိမ္းေျခာက္တိုက္ခိုက္မႈေတြေၾကာင့္ အကယ္ဒမီ ရန္ေအာင္၊ ခန႔္စည္သူ၊ စိုးသူ၊ ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္၊ မိုးယံ ဇြန္၊ ယုန္ေလး၊ ေမသန္းႏု၊ စိုးျမတ္သူဇာ၊ ေမသၪၨာဦး၊ စိုးျမတ္နႏၵာ၊ ယဥ္လတ္၊ ဂ်င္းနီ၊ L ဆိုင္းဇီ စတဲ့ အႏုပညာသမားေတြက က်ီးလန႔္ စာစား ေနထိုင္ေနၾကရၿပီး၊ တည္ၿငိမ္ေအးခ်မ္းစြာေနထိုင္ၾကတဲ့ အႏု ပညာသမားေတြလည္း အျပစ္ရွိေနသေယာင္၊ ျပည္တြင္းေနလူထုလည္း အျပစ္မလြတ္ကင္းသေယာင္ ေျပာဆိုမႈေတြ ရွိေနဆဲပင္ျဖစ္ပါတယ္။
အၾကမ္းဖက္သတ္ျဖတ္မႈလုပ္ရပ္ေတြေၾကာင့္ ရဟန္းသံဃာ ေတြ၊ အစိုးရဝန္ထမ္းေတြ၊ ျပည္သူေတြ အသက္ဆုံးရႈံးခဲ့ရသလို အႏု ပညာသမားတခ်ိဳ႕လည္း အသက္ဆုံးရႈံးခဲ့ရပါတယ္။ အႏုပညာေလာ ကသားေတြအေပၚ တုန္လႈပ္သြားေစခဲ့တဲ့ အၾကမ္းဖက္တိုက္ခိုက္ခံ ရမႈျဖစ္စဥ္ေတြမွာ ေတးသံရွင္ လီလီႏိုင္ေက်ာ္ ေသနတ္နဲ႔ ပစ္ခတ္ သတ္ျဖတ္ခံရမႈနဲ႔ ေတးသံရွင္ေအာင္လႊမ္းႏိုင္ လုပ္ႀကံခံရမႈတို႔က ၎တို႔ရဲ႕စိုးရိမ္မႈကို ျမင့္တက္ေစခဲ့ပါတယ္။
ေတာ္လွန္ေရးအမည္ခံ ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕က ေတးသံရွင္ လီလီႏိုင္ေက်ာ္ကို (၂၀၂၃) ခုႏွစ္ ေမလ (၃၀) ရက္ ညပိုင္းမွာ သူ အိမ္အျပန္ ကားပါကင္မွာ ေသနတ္နဲ႔ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္းမ်ိဳးျဖစ္ၿပီး အေၾကာင္းျပခ်က္မွာ "အမ်ိဳးသားေရးဝါဒနဲ႔ တပ္မေတာ္ေထာက္ခံသူတစ္ ဦးျဖစ္တာေၾကာင့္"ဆိုတဲ့စြပ္စြဲခ်က္နဲ႔လုပ္ႀကံခဲ့ၾကျခင္းျဖစ္ပါတယ္။
အလားတူ အဆိုေတာ္ေအာင္လႊမ္းႏိုင္ကိုလည္း ၿမိဳ႕ျပ PDF အဖြဲ႕က တပ္မေတာ္ေထာက္ခံသူအျဖစ္စြပ္စြဲကာ လုပ္ႀကံခဲ့ၾကၿပီး၊ အေၾကာင္းရင္းမွာ " ေအာင္လႊမ္းႏိုင္က ရပ္ကြက္ေက်း႐ြာအတြင္း လွ်ပ္စစ္မီတာေဘလ္ ေပးေဆာင္ၾကဖို႔ႏႈိးေဆာ္တာေၾကာင့္" အခုလိုသတ္ျဖတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့တာပါ။ ေအာင္လႊမ္းႏိုင္ဟာ နစကအစိုးရမတိုင္ခင္ကတည္းက ရပ္႐ြာအက်ိဳးကိုထမ္းေဆာင္သူတစ္ဦးျဖစ္ေပမယ့္ (၂၀၂၁) ခုႏွစ္ ေနာက္ပိုင္းမွာ အဆိုပါ ပရဟိတစိတ္က တပ္မေတာ္ေထာက္ခံသူအျဖစ္စြပ္စြဲခံခဲ့ရၿပီး အၾကမ္းဖက္သမားေတြရဲ႕သတ္ျဖတ္မႈကိုခံရတဲ့အထိ အျပစ္ႀကီးမားေစခဲ့ပါတယ္။ ဒီလိုျဖစ္စဥ္ေတြအျပင္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ယဥ္လတ္ရဲ႕ေနအိမ္ ဗုံးပစ္ခံရမႈ၊ ထပ္ဆင့္အကယ္ဒမီ ရန္ေအာင္ေနအိမ္ေရွ႕မွာ ဗုံးေဖာက္ခြဲခံရမႈ၊ ခန႔္စည္သူ၊ စိုးျမတ္သူဇာတို႔ ဖုန္းကတစ္ဆင့္ အသက္အႏၲရာယ္အထိ ၿခိမ္းေျခာက္ခံရမႈေတြအပါအဝင္ (၂၀၂၄) ခုႏွစ္ ဒီဇင္ဘာလ (၃၀)ရက္ကျဖစ္ပြားခဲ့တဲ့ အဆိုေတာ္ ဒါ႐ိုက္တာ ယုန္ေလးရဲ႕ကားကို ဗုံးေထာင္ေဖာက္ခြဲမႈတို႔စတဲ့ အၾကမ္းဖက္လုပ္ရပ္ေတြကို ေတာ္လွန္ေရးအမည္ခံလက္နက္ကိုင္သမားေတြက က်ဴးလြန္ခဲ့ၾကတာပါ။
ရန္ေအာင္ကိုတိုက္ခိုက္မႈမွာ Dark Shadow အမည္ရွိ ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ရဲ႕စြပ္စြဲခ်က္က " ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ရဲ႕ (၂၀၂၄)ခုႏွစ္ ႏိုဝင္ဘာလ (၁၀)ရက္က တ႐ုတ္ျပည္အျပန္ခရီးစဥ္ကို သြား ေရာက္ႀကိဳဆိုတာေၾကာင့္ သတိေပးျခင္းျဖစ္တယ္" လို႔ဆိုခဲ့ၿပီး၊ က်န္တဲ့အႏုပညာသမားေတြကိုလည္း အြန္လိုင္းမွတစ္ဆင့္ေသာ္လည္းေကာင္း၊ စာတို သတင္းစကားေပးပို႔မႈေတြနဲ႔ၿခိမ္းေျခာက္တိုက္ခိုက္မႈမ်ားစြာ လုပ္ေဆာင္ခဲ့ၾကတာပါ။ ရန္ေအာင္ဘက္က " အၾကမ္းဖက္သမားမ်ားက အိမ္ေရွ႕အထိ လက္လုပ္မိုင္းနဲ႔ ေဖာက္ခြဲတိုက္ခိုက္ခဲ့တဲ့အေပၚ စိတ္မေကာင္းျဖစ္ရၿပီး အၾကမ္းဖက္လုပ္ရပ္ေတြအေပၚ စိတ္ပ်က္ျခင္းအျပင္ လုံၿခဳံေရပိုင္းအရအားငယ္မိေၾကာင္း" NP News ကို ရင္ဖြင့္ေျပာျပခဲ့ပါတယ္။
အဆိုေတာ္ယုန္ေလးအေပၚ လုပ္ႀကံတိုက္ခိုက္မႈမွာ ဗုံးေပါက္ကြဲမႈအရွိန္က ျပင္းထန္ခဲ့ကာ အသက္အႏၲရာယ္ ေသဆုံးေစဖို႔အထိ ရည္႐ြယ္တိုက္ခိုက္ခဲ့ျခင္းမ်ိဳးျဖစ္ေပမယ့္ ယုန္ေလးရဲ႕ေသကံမက်ေရာက္တာေၾကာင့္ ကံေကာင္းေထာက္မစြာနဲ႔ သူရဲ႕ယာဥ္သာ ထိခိုက္ပ်က္စီးခဲ့ျခင္းမ်ိဳးျဖစ္ပါတယ္။ အဆိုေတာ္ယုန္ေလးအေနနဲ႔ လက္ရွိမွာ သြားသတိ၊ လာသတိ၊ စားသတိနဲ႔ေနထိုင္ေနရၿပီး ယုန္ေလးကို လုပ္ႀကံသတ္ျဖတ္ႏိုင္ပါက ေငြေၾကးဘယ္ေလာက္ေပးမွာျဖစ္ေၾကာင္း ေသြးထိုးလႈံ႕ေဆာ္မႈေတြ ရွိခဲ့ဖူးတာျဖစ္ပါတယ္။
(၂၀၂၁)ခုႏွစ္ေနာက္ပိုင္း တပ္မေတာ္အာဏာထိန္းမႈအေပၚ ဆန႔္က်င္ဆႏၵျပမႈေတြမွာ လူမင္း၊ ဇင္ဝိုင္း၊ ေက်ာ္သူ၊ ေျပတီဦး၊ ေနတိုး၊ ေနဝင္း၊ ကိုေပါက္၊ မင္းေမာ္ကြန္း၊ ခင္လႈိင္၊ ေနရဲ၊ အလင္းေရာင္၊ ပိုင္တံခြန္၊ ဒါ႐ိုက္တာဝိုင္း၊ ေဒါင္း၊ လင္းလင္း၊ က်ားေပါက္၊Rဇာနည္၊ ႏိုဗန္ထူး၊ အိျႏၵာေက်ာ္ဇင္၊ ခိုင္သင္းၾကည္၊ သက္မြန္ျမင့္၊ ေဖြးေဖြး၊ ျမႏွင္းရည္လြင္၊ ေအးဝတ္ရည္ေသာင္း၊ ခ်စ္သုေဝ၊ ထားထက္ထက္၊ ျမတ္ႏိုးေအး၊ ခင္ဝင့္ဝါ၊ ေမ၊ ေမျမင့္မိုရ္၊ ျဖဴျဖဴေက်ာ္သိန္း၊ နီနီခင္ေဇာ္ အစရွိတဲ့ အႏုပညာသမားေတြက ထိပ္ဆုံးကပါဝင္ခဲ့ၾကၿပီး၊ ၎တို႔အနက္ တခ်ိဳ႕က ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေအာင္လုပ္ေဆာင္သူမ်ားအျဖစ္ တံဆိပ္ကပ္ခံခဲ့ရကာ တည္ဆဲအစိုးရကခ်မွတ္တဲ့ ျပစ္ဒဏ္ခံယူခဲ့ၾကၿပီး၊ တခ်ိဳ႕က ျပည္ေျပးဘဝအျဖစ္ ဒီေန႔ထိတိုင္ ထြက္ေျပးေနၾကရဆဲျဖစ္ပါတယ္။
အခုဆိုရင္ လူမင္း၊ ဝိုင္း၊ ဇင္ဝိုင္း၊ ေျပတီဦး၊ ေနတိုး၊ ေနဝင္း၊ အိျႏၵာေက်ာ္ဇင္၊ ခိုင္သင္းၾကည္၊ သက္မြန္ျမင့္၊ ေဖြးေဖြး၊ ခင္ဝင့္ဝါ၊ ေမ၊ နီနီခင္ေဇာ္၊ ေမျမင့္မိုရ္ စတဲ့ အႏုပညာသမားေတြက တည္ဆဲအစိုးရထံ ဝန္ခံကတိျပဳကာ ၎တို႔ရဲ႕ပေရာ္ဖက္ရွင္နယ္ အႏုပညာအလုပ္ကိုသာ လုပ္ကိုင္ေနၾကတာကို ေတြ႕ျမင္ရပါတယ္။ ျပည္တြင္းေန အႏုပညာရွင္ေတြရဲ႕အႏုပညာလႈပ္ရွားမႈေတြ ပိုမိုမ်ားျပားေလေလ ျပည္ေျပး မင္းေမာ္ကြန္း၊ ကိုေပါက္၊ ခ်စ္သူေဝ၊ လင္းလင္း၊ ဟားငါးေကာင္၊ စိန္သီးတို႔ရဲ႕ မနာလိုျဖစ္ပြားမႈေတြက ပိုမိုႀကီးထြားလာတာကိုလည္းေတြ႕ျမင္ေနရၿပီး ေလလႈိင္းေပၚက ဆဲဆိုေဝဖန္မႈေတြက ျမင့္တက္လ်က္ရွိပါတယ္။
လက္ရွိအခ်ိန္ထိ ျပည္တြင္းမွာေနထိုင္ၿပီး အၾကမ္းဖက္လုပ္ရပ္ေတြအေပၚ အားေပးအားေျမႇာက္ျပဳလုပ္ေနတဲ့ အႏုပညာသမားေတြလည္း ရွိေနဆဲျဖစ္ေပမယ့္ အမ်ားစုက အၾကမ္းဖက္သမားေတြရဲ႕ ေဖာက္ခြဲတိုက္ခိုက္မႈ နဲ႔ လုပ္ႀကံသတ္ျဖတ္မႈေခါင္းစဥ္ေတြကို စက္ဆုပ္႐ြံရွာေနၿပီး ၿမိဳ႕ျပႀကီးေတြရဲ႕လုံၿခဳံေရးအေျခအေနကို ပိုမိုတင္းၾကပ္ေစလိုသူ မ်ားျပားလ်က္ရွိလာၾကပါၿပီ။
အႏုပညာရွင္ေတြရဲ႕တစ္ႏွစ္တာ လႈပ္ရွားမႈမ်ား
အႏုပညာေလာကသားေတြအတြက္ (၂၀၂၄)ခုႏွစ္က ျပန္လည္အေျခတက်ျဖစ္လာေစတဲ့ႏွစ္တစ္ႏွစ္လို႔ ဆိုႏိုင္ပါတယ္။ (၂၀၂၁)ခုႏွစ္ ႏိုင္ငံေရး အေျပာင္းအလဲေနာက္ပိုင္း (၂) ႏွစ္ေက်ာ္ကာလအတြင္းမွာ အႏုပညာရွင္ေတြရဲ႕ အႏုပညာလႈပ္ရွားမႈေတြ၊ ႐ုပ္ရွင္ဇာတ္ကား႐ိုက္ကူးမႈေတြ၊ ႐ုပ္ရွင္ထုတ္လုပ္/ ျပသမႈလုပ္ငန္းေတြ ေခတၱရပ္တန႔္ရလုနီးပါးျဖစ္ခဲ့ရကာ အႏုပညာေလာကသားအခ်င္းခ်င္းၾကား စိတ္ဝမ္းကြဲမႈ၊ အစည္းအ႐ုံးအသင္းအဖြဲ႕အတြင္း ၿပိဳကြဲမႈ ေတြျဖစ္ပြားခဲ့ရပါတယ္။ (၂၀၂၃)ခုႏွစ္ကုန္ (၂၀၂၄)ခုႏွစ္မွာ အႏုပညာေလာကအတြင္း ျပန္လည္တည္ၿငိမ္ခဲ့ၿပီး အသိပညာÓဏ္ျမင့္မားၿပီး အေတြး အျမင္က်ယ္ျပန႔္လာသူတိုင္းက ႏိုင္ငံေရးနဲ႔အႏုပညာကို ခြဲျခားသိျမင္လာၾကကာ မိမိတို႔ရဲ႕ပေရာ္ဖက္ရွင္နယ္အလုပ္ကိုသာ အာ႐ုံစိုက္လုပ္ကိုင္လာၾကပါတယ္။
(၂၀၂၄)ခုႏွစ္မွာ ျမန္မာ့႐ုပ္ရွင္ဇာတ္ကား (၅၀)ထက္မနည္း ႐ုံတင္ျပသႏိုင္ခဲ့ၿပီး အႏုပညာရွင္ေတြနဲ႔ပရိသတ္ၾကား ရင္းႏွီးထိေတြ႕မႈ ျပန္လည္ရရွိခဲ့ၾကသလို (၂၀၂၄)ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုအတြက္ အၿပိဳင္အဆိုင္ျငင္းခုံရင္း သူတို႔ခ်စ္တဲ့အႏုပညာရွင္ေတြအတြက္ ရင္ခုန္စိတ္လႈပ္ရွားေနၾကၿပီျဖစ္ပါတယ္။
ေနတိုး၊ ျမင့္ျမတ္၊ ပိုင္တံခြန္၊ ေဖြးေဖြး၊ ဝတ္မႈံေ႐ႊရည္တို႔ကလည္း ၎တို႔ရဲ႕ Comeback အျဖစ္ ျပန္လည္ဝင္ေရာက္ခဲ့ၾကၿပီး အႏုပညာလႈပ္ရွားမႈေတြ ဆက္ တိုက္ေတြ႕ျမင္ေနရပါတယ္။ အိျႏၵာေက်ာ္ဇင္နဲ႔ေျပတီဦးဆိုရင္လည္း ႐ုပ္ရွင္ဇာတ္ကား႐ိုက္ကူးဖို႔ ျပင္ဆင္လ်က္ရွိေၾကာင္း သတင္းစကားသဲ့သဲ့ ထြက္ေပၚလ်က္ရွိေပမယ့္ အတိအက် ထုတ္ေဖာ္မေၾကညာေသး႐ုံသာ ရွိ လို႔ေနပါတယ္။ ႐ုပ္ရွင္သ႐ုပ္ေဆာင္ပိုင္တံခြန္ကေတာ့ (၂၀၂၄) ခုႏွစ္အတြင္းမွာ သူရဲ႕ခ်စ္သူ မလင္းျမျဖဴကို ကိုရီးယားႏိုင္ငံ ဟန္ျမစ္ေဘးမွာ လက္ထပ္ခြင့္ေတာင္းခဲ့ၿပီး ျမန္မာႏိုင္ငံသားေတြရဲ႕ မိ႐ိုးဖလာဓေလ့ထုံးစံအတိုင္း မိန္းကေလးရဲ႕ေနအိမ္အထိ လူႀကီးစုံရာေရွ႕ လက္ထပ္ခြင့္ေတာင္းခဲ့ရာ သူတို႔ရဲ႕ေစ့စပ္ေတာင္းရမ္းလက္ထပ္ပြဲက ဆိုရွယ္ပလက္ေဖာင္းထက္မွာ ေနရာယူခဲ့ၿပီး ၾကည့္မိသူတိုင္းကို ၾကည္းႏူးေစခဲ့ပါတယ္။ အလားတူ Blogger ၊ သ႐ုပ္ေဆာင္ ေနျခည္ဦးရဲ႕ မဂၤလာပြဲအခမ္းအနားေတြကလည္း စိတ္ဝင္တစားေစာင့္ၾကည့္ရတဲ့ ပြဲအခမ္းအနားတစ္ခုျဖစ္ခဲ့ပါတယ္။ ခ်စ္သူႏွစ္ဦးရဲ႕ လက္ထပ္ေပါင္းဖက္မႈသတင္းေတြလည္းရွိခဲ့သလို အႏုပညာရွင္ေတြရဲ႕ အိမ္ေထာင္ေရးၿပိဳကြဲမႈသတင္းေတြလည္း ထြက္ေပၚခဲ့တာပါ။ ႐ုပ္ရွင္အဝန္းအဝိုင္းမွာလည္း ျဖစ္ပ်က္ေျပာင္းလဲမႈမ်ိဳးစုံနဲ႔ႀကဳံေတြ႕ခဲ့ၾကသလို ဂီတေလာကအတြက္လည္းႀကီးမားတဲ့ဆုံးရႈံးမႈေတြနဲ႔ ရင္ဆိုင္ခဲ့ၾကရပါတယ္။ ျမန္မာ့ဂီတအတြက္ ဂႏၴဝင္အဆိုရွင္ မာမာေအး (အသက္ ၈၂ ႏွစ္)ဟာ (၂၀၂၄)ခုႏွစ္ ဇန္နဝါရီလ(၉) ရက္နံနက္ (၆) နာရီအခ်ိန္က အေမရိကန္ျပည္ေထာင္စု အင္ဒီးယားနားျပည္နယ္ ဖို႔ဒ္ဝိန္းၿမိဳ႕ရွိေနအိမ္မွာ ကြယ္လြန္ဆုံးပါးခဲ့ၿပီး၊ ေတးသံရွင္ႀကီးစိုင္းဆိုင္ေမာ့ဝ္ (အသက္ ၇၅ ႏွစ္)က (၂၀၂၄)ခုႏွစ္ ဇူလိုင္လ (၁၇) ရက္ ည (၇) နာရီ (၁၅) မိနစ္မွာ အင္းစိန္ၿမိဳ႕နယ္ ေကာင္းအထူးကုေဆး႐ုံမွာ (၉၆)ပါးေရာဂါနဲ႔ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။ ]]အႏုပညာ}}ဆိုတဲ့စကားလုံးအတိုင္း အႏုပညာေလာကမွာလည္း ေန႔စဥ္ ရသမ်ိဳးစုံနဲ႔ျပည့္ႏွက္ေနကာ ငိုတစ္လွည့္ ရယ္တစ္လွည့္ ျပည္သူလူထုနဲ႔နည္းတူ ေရွ႕ဆက္ေနၾကဆဲပင္ျဖစ္ပါတယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီမွာတင္ရပ္နားခြင့္ျပဳပါ။