ထိုင်းနိုင်ငံမှာ စပိန်ခရီးသွားတစ်ဦး ဆင်တိုက်ခိုက်ခံရပြီး သေဆုံးခြင်းကြောင့် ဆင်ဦးစီး တရားစွဲခံရ
376
ရောင်နီ (NP News) - ဇန်နဝါရီ ၉
ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဘေးမဲ့တောတစ်ခုမှာ ပြီးခဲ့တဲ့သီတင်းပတ်က စပိန်ခရီးသွားတစ်ဦး ဆင်တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ခြင်းကြောင့် ဆင်ဦးစီးတစ်ဦးကို ဇန်နဝါရီ ၈ ရက်က စွဲချက်တင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
ဖန်ငပြည်နယ်၊ Koh Yao Elephant Care Center မှာ အထိန်းအကွပ်မဲ့နေတဲ့ ဆင်တစ်ကောင်က အသက် ၂၃ နှစ်အရွယ် စပိန်အမျိုးသမီးတစ်ဦးကို နှာမောင်းနဲ့ ရိုက်မိခဲ့ပြီး အမျိုးသမီးဟာ နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် ရဲတပ်ဖွဲ့က ဆင်ဦးစီးဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားကို တရားစွဲဆိုခဲ့ပါတယ်။
"လူအသေအပျောက် ရှိလောက်အောင် ပေါ့ဆမှုနဲ့ ကျွန်တော်တို့ စွဲချက်တင်ပြီး သူ့ကို ဒီနေ့ တရားရုံးကို ခေါ်သွားပါမယ်” လို့ ဒေသဆိုင်ရာ ရဲချုပ်ဂျာရန်ဘန်ပရာဆက် က ပြောကြားပါတယ်။ အဆိုပါအမျိုးသားဟာ ထောင်ဒဏ် ၁ဝ နှစ်နဲ့ ဒဏ်ငွေ ဘတ် ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၇၀၀) ချမှတ်ခံရနိုင်ပါတယ်။
ပြီးခဲ့တဲ့လကလည်း ထိုင်းနိုင်ငံမြောက်ပိုင်း လိုအီပြည်နယ်ရှိ အမျိုးသားဥယျာဉ်တစ်ခုမှာ ဆင်တစ်ကောင်ရဲ့တိုက်ခိုက်မှု ကြောင့် အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ ဆင်တွေကို ခရီးသွား ဆွဲဆောင်မှု တစ်ခုအဖြစ် ပြသထားပြီး နိုင်ငံတစ်ဝှမ်း ဆင်ကောင်ရေ ၂၈၀၀ ခန့်ကို ခရီးသွားလုပ်ငန်းအတွက် ထိန်းသိမ်းထားကြောင်း World Animal Protection မှ ဖော်ပြချက်အရ သိရပါတယ်။
Zawgyi Version;
ထိုင္းႏိုင္ငံမွာ စပိန္ခရီးသြားတစ္ဦး ဆင္တိုက္ခိုက္ခံရၿပီး ေသဆုံးျခင္းေၾကာင့္ ဆင္ဦးစီး တရားစြဲခံရ
ေရာင္နီ (NP News) - ဇန္နဝါရီ ၉
ထိုင္းႏိုင္ငံ ေတာင္ပိုင္းရွိ ေဘးမဲ့ေတာတစ္ခုမွာ ၿပီးခဲ့တဲ့သီတင္းပတ္က စပိန္ခရီးသြားတစ္ဦး ဆင္တိုက္ခိုက္ခံရၿပီး ေသဆုံးခဲ့ျခင္းေၾကာင့္ ဆင္ဦးစီးတစ္ဦးကို ဇန္နဝါရီ ၈ ရက္က စြဲခ်က္တင္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။
ဖန္ငျပည္နယ္၊ Koh Yao Elephant Care Center မွာ အထိန္းအကြပ္မဲ့ေနတဲ့ ဆင္တစ္ေကာင္က အသက္ ၂၃ ႏွစ္အ႐ြယ္ စပိန္အမ်ိဳးသမီးတစ္ဦးကို ႏွာေမာင္းနဲ႔ ႐ိုက္မိခဲ့ၿပီး အမ်ိဳးသမီးဟာ ေနရာမွာတင္ ေသဆုံးသြားခဲ့ပါတယ္။ ဒီျဖစ္ရပ္အတြက္ ရဲတပ္ဖြဲ႕က ဆင္ဦးစီးျဖစ္တဲ့ အသက္ ၃၈ ႏွစ္အ႐ြယ္ အမ်ိဳးသားကို တရားစြဲဆိုခဲ့ပါတယ္။
"လူအေသအေပ်ာက္ ရွိေလာက္ေအာင္ ေပါ့ဆမႈနဲ႔ ကြၽန္ေတာ္တို႔ စြဲခ်က္တင္ၿပီး သူ႔ကို ဒီေန႔ တရား႐ုံးကို ေခၚသြားပါမယ္” လို႔ ေဒသဆိုင္ရာ ရဲခ်ဳပ္ဂ်ာရန္ဘန္ပရာဆက္ က ေျပာၾကားပါတယ္။ အဆိုပါအမ်ိဳးသားဟာ ေထာင္ဒဏ္ ၁ဝ ႏွစ္နဲ႔ ဒဏ္ေငြ ဘတ္ ၂၀၀,၀၀၀ (အေမရိကန္ေဒၚလာ ၅,၇၀၀) ခ်မွတ္ခံရႏိုင္ပါတယ္။
ၿပီးခဲ့တဲ့လကလည္း ထိုင္းႏိုင္ငံေျမာက္ပိုင္း လိုအီျပည္နယ္ရွိ အမ်ိဳးသားဥယ်ာဥ္တစ္ခုမွာ ဆင္တစ္ေကာင္ရဲ႕တိုက္ခိုက္မႈ ေၾကာင့္ အသက္ ၄၉ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ပါတယ္။ ထိုင္းႏိုင္ငံဟာ ဆင္ေတြကို ခရီးသြား ဆြဲေဆာင္မႈ တစ္ခုအျဖစ္ ျပသထားၿပီး ႏိုင္ငံတစ္ဝွမ္း ဆင္ေကာင္ေရ ၂၈၀၀ ခန႔္ကို ခရီးသြားလုပ္ငန္းအတြက္ ထိန္းသိမ္းထားေၾကာင္း World Animal Protection မွ ေဖာ္ျပခ်က္အရ သိရပါတယ္။