အီရန်၏ နျူကလီးယားစက်ရုံများကို တိုက်ခိုက်ရန် အမေရိကန်အစိုးရ စဉ်းစားနေဟုဆို

 1169

Pika (NP News) - ဇန်နဝါရီ ၉

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် အီရန်၏ နျူကလီးယားစက်ရုံများအပေါ် အလားအလာရှိသော တိုက်ခိုက်မှုများကို ဆွေးနွေးခဲ့သည့် အဆင့်မြင့်အစည်းအဝေးတစ်ခုကို ပြီးခဲ့သည့်သီတင်းပတ်များအတွင်း လုပ်ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။
အဆိုပါဆွေးနွေးမှုများသည် ဂျိုးဘိုင်ဒန် ရာထူးမှ နှုတ်မထွက်မီ အီရန်၏ နျူကလီးယားလက်နက် ထုတ်လုပ်ရေးဆီသို့ ပိုမိုနီးကပ်စွာချဉ်းကပ်နေသည့် အခြေအနေများအတွက် အရေးပေါ်စီစဉ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်သည် အစည်းအဝေးအတွင်း ရွေးချယ်စရာအမျိုးမျိုးကို တင်ပြခဲ့ သော်လည်း ဂျိုးဘိုင်ဒန်က မည်သည့်လုပ်ရပ်ကိုမှ ခွင့်မပြုခဲ့ကြောင်း နှင့် လက်ရှိအချိန်တွင် စစ်ဘက်ဆိုင်ရာတိုက်ခိုက်မှု များနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့ သည်။
အဆိုပါအစည်းအဝေးသည် အီရန်ကယူရေနီယမ်များကို စစ်လက်နက်ပစ္စည်းများတွင် အသုံးပြုနိုင်သည့် အဆင့်အထိ သန့်စင်ခဲ့မည်ဆိုပါက သတိထားရမည့်အစီအစဉ်များကို အကဲဖြတ်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သတင်းရင်း မြစ်များ၏ ပြောကြားချက်အရ သိရသည်။ ထို့ပြင် အီရန်နိုင်ငံက နျူကလီးယားလက်နက်များ ပိုင်ဆိုင်ခြင်းမရှိစေရန် အတွက် လိုအပ်သည့်အရာအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ပြီးခဲ့သည့် လတွင် သတိပေးပြောဆိုခဲ့ဖူးသည်။
နေတန်ရာဟုက ‘အီရန်တို့ နျူကလီးယားလက်နက် မပိုင်ဆိုင်နိုင်အောင် တားဆီးဖို့အတွက် အသုံးပြုနိုင်တဲ့ အရင်းအမြစ် တွေအားလုံးကို ကျွန်တော်တို့အသုံးပြုသွားမှာပါ’ ဟုပြောဆိုခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အီရန် နှင့် အစ္စရေးနိုင်ငံ ကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံကြားတင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း လည်း သိရသည်။

Zawgyi Version;
အီရန္၏ န်ဴကလီးယားစက္႐ုံမ်ားကို တိုက္ခိုက္ရန္ အေမရိကန္အစိုးရ စဥ္းစားေနဟုဆို
Pika (NP News) - ဇန္နဝါရီ ၉

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္သည္ အီရန္၏ န်ဴကလီးယားစက္႐ုံမ်ားအေပၚ အလားအလာရွိေသာ တိုက္ခိုက္မႈမ်ားကို ေဆြးေႏြးခဲ့သည့္ အဆင့္ျမင့္အစည္းအေဝးတစ္ခုကို ၿပီးခဲ့သည့္သီတင္းပတ္မ်ားအတြင္း လုပ္ေဆာင္ခဲ့ေၾကာင္း သတင္းရင္းျမစ္မ်ားအရ သိရသည္။
အဆိုပါေဆြးေႏြးမႈမ်ားသည္ ဂ်ိဳးဘိုင္ဒန္ ရာထူးမွ ႏႈတ္မထြက္မီ အီရန္၏ န်ဴကလီးယားလက္နက္ ထုတ္လုပ္ေရးဆီသို႔ ပိုမိုနီးကပ္စြာခ်ဥ္းကပ္ေနသည့္ အေျခအေနမ်ားအတြက္ အေရးေပၚစီစဥ္မႈ၏ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္း သိရသည္။ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးအႀကံေပး ဂ်ိတ္ဆူလီဗန္သည္ အစည္းအေဝးအတြင္း ေ႐ြးခ်ယ္စရာအမ်ိဳးမ်ိဳးကို တင္ျပခဲ့ ေသာ္လည္း ဂ်ိဳးဘိုင္ဒန္က မည္သည့္လုပ္ရပ္ကိုမွ ခြင့္မျပဳခဲ့ေၾကာင္း ႏွင့္ လက္ရွိအခ်ိန္တြင္ စစ္ဘက္ဆိုင္ရာတိုက္ခိုက္မႈ မ်ားႏွင့္ပတ္သက္ၿပီး ေဆြးေႏြးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သတင္းရင္းျမစ္မ်ားက ေျပာၾကားခဲ့ သည္။
အဆိုပါအစည္းအေဝးသည္ အီရန္ကယူေရနီယမ္မ်ားကို စစ္လက္နက္ပစၥည္းမ်ားတြင္ အသုံးျပဳႏိုင္သည့္ အဆင့္အထိ သန႔္စင္ခဲ့မည္ဆိုပါက သတိထားရမည့္အစီအစဥ္မ်ားကို အကဲျဖတ္ရန္ ရည္႐ြယ္ထားျခင္းျဖစ္ေၾကာင္း သတင္းရင္း ျမစ္မ်ား၏ ေျပာၾကားခ်က္အရ သိရသည္။ ထို႔ျပင္ အီရန္ႏိုင္ငံက န်ဴကလီးယားလက္နက္မ်ား ပိုင္ဆိုင္ျခင္းမရွိေစရန္ အတြက္ လိုအပ္သည့္အရာအားလုံးကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ၿပီးခဲ့သည့္ လတြင္ သတိေပးေျပာဆိုခဲ့ဖူးသည္။
ေနတန္ရာဟုက ‘အီရန္တို႔ န်ဴကလီးယားလက္နက္ မပိုင္ဆိုင္ႏိုင္ေအာင္ တားဆီးဖို႔အတြက္ အသုံးျပဳႏိုင္တဲ့ အရင္းအျမစ္ ေတြအားလုံးကို ကြၽန္ေတာ္တို႔အသုံးျပဳသြားမွာပါ’ ဟုေျပာဆိုခဲ့သည္။ ၿပီးခဲ့သည့္လမ်ားအတြင္း အီရန္ ႏွင့္ အစၥေရးႏိုင္ငံ ၾကား အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ား ျဖစ္ပြားခဲ့ၿပီး ႏွစ္ႏိုင္ငံၾကားတင္းမာမႈမ်ား ပိုမိုျမင့္တက္လာခဲ့ျခင္းျဖစ္ေၾကာင္း လည္း သိရသည္။

Related news

© 2021. All rights reserved.