ယူကရိန်းနှင့် ရုရှားကြားဖြစ်ပွားနေသောစစ်ပွဲ အဆုံးသတ်ဖွယ်ရှိနေ
3581
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၉
ရုရှားနှင့်ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေသော စစ်ပွဲသည် (၂၀၂၅) ခုနှစ်အတွင်း အဆုံးသတ်ဖွယ်ရှိနေကြောင်း ကမ္ဘာကျော် ရှေ့ဖြစ်ဟော အကြားအမြင်ပညာရှင် နိုစထရာဒါမက်၏ (၂၀၂၅) ခုနှစ်အတွက် ကြိုတင်ခန့်မှန်းချက်များ တွင် ဖော်ပြထားကြောင်းသိရသည်။
နိုစထရာဒါမက်က ယူကရိန်းနှင့်ရုရှားနိုင်ငံကြား ဖြစ်ပွားနေသောစစ်ပွဲသည် (၂၀၂၅) ခုနှစ် ဝန်းကျင်တွင်အဆုံး သတ်ရဖွယ်ရှိနေပြီး စစ်ပွဲကြောင့် နှစ်နိုင်ငံလုံး ဘဏ္ဍာရေးအခြေအနေနှင့်အရင်းမြစ်ပိုင်းများထိ ခိုက်ပျက်စီးရခြင်းများ ကြောင့် အဆုံးသတ်ရခြင်းမျိုး ဖြစ်ဖွယ်ရှိနေကြောင်းပြောသည်။ ပြင်သစ် ရှေ့ဖြစ် ဟောပညာရှင်ဖြစ်သူ၏ ခန့်မှန်းချက် များမှန်ကန်ခဲ့ မည်ဆိုလျှင် ကမ္ဘာ့နိုင်ငံရေး လက်ရှိအခြေနေက အပြောင်းအလဲများဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။
ထို့ပြင် နိုစထရာဒါမက်က ရုရှားနိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများထဲတွင် အင်အားအကြီးဆုံး နိုင်ငံ ဖြစ်လာဖွယ်ရှိနေကြောင်း သုံးသပ်ထားသည်။ ရုရှားနိုင်ငံသည် လက်ရှိအချိန်တွင် အခက်အခဲ စိန်ခေါ် မှုများရှိနေသော် လည်း ပြန်လည်တိုးတက်ကောင်းမွန်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံပြန်လည် ဖြစ်မည်ဖြစ်ကြောင်း (၂၀၂၅) ခုနှစ်အတွက် ကြိုတင်ဟောကိန်းထုတ်ထားသော နိုစထရာဒါမက်၏ ဟောကိန်းများထဲ တွင်ဖော်ပြထားသည်။
ပြင်သစ်အကြားမြင်ဆရာ နိုစရာဒါမက်သည် (၁၅၆၆) ခုနှစ်တွင်သေဆုံးခဲ့သော်လည်း ကမ္ဘာကြီးတွင် ဖြစ်လာနိုင် ဖွယ်ရှိသောအကြောင်းအရာများကို ကြိုတင်ခန့်မှန်းဟောကိန်းထုတ်ခဲ့ရာ ၎င်း၏ ခန့်မှန်းချက်များ မှန်ကန်မှုရှိခဲ့ ကြောင်းသိရသည်။ နိုစထရာဒါ မက်သည် ကမ္ဘာကြီးတွင်ဖြစ်လာနိုင်ဖွယ်ရှိသော အဖြစ်ပျက်များနှင့်ပတ်သက်ပြီး ‘‘Les Propheties” အမည်ရှိစာအုပ်ထဲတွင် ကြိုတင်ခန့်မှန်းရေးသားဖော် ပြခဲ့ခြင်းဖြစ်သည်။
နိုစရာဒါမက်၏ ကြိုတင်ဟောကိန်းထုတ်မှုများအနက် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရမှု၊ ဂျာမနီနာဇီအာဏာရှင် ဟစ်တလာနာမည် ကြီးလာမှု၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားလာ မှုစသောအကြောင်း အရာများက မှန်ကန်မှုရှိပြီး လူသိ များခဲ့ကြောင်းသိရသည်။ နိုစရာဒါမက်၏ဟောကိန်း ထဲတွင် ဥရောပတိုက်ကျဆုံးပြီး ရုရှားနိုင်ငံ တိုးတက် ကောင်းမွန်မည်ဆိုသောအချက်ပါဝင်နေကြောင်း အမေရိကန်အခြေစိုက် မီဒီယာများက ဖော်ပြထား သည်။
Zawgyi Version;