အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံကြား နျူကလီးယားတပ်ဆင်မှုစာရင်းများကို အပြန်အလှန်ဖလှယ်မှုပြုလုပ်
259
Pika (NP News) - ဇန်နဝါရီ ၉
အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ဇန်နဝါရီလ (၁)ရက်တွင် ၎င်းတို့၏ နျူကလီးယားတပ်ဆင်မှုစာရင်းများကို အပြန်အလှန်ဖလှယ်မှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဖလှယ်မှုများသည် နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခြင်းကို တားမြစ်သည့်အပြန်အလှန်သဘောတူညီမှုအရ နှစ်ပေါင်း (၃၀)ကျော်ကြာ ထိန်းသိမ်းထားသည့် အလေ့အကျင့်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့သည် အဆိုပါသဘော တူညီချက်ကို(၁၉၈၈)ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး (၁၉၉၁) ခုနှစ်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါဖလှယ်မှုသည် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံကြား (၃၄)ကြိမ်မြောက် ဆက်တိုက်ဖလှယ်မှုတစ်ခုဖြစ်ပြီး ပထမဆုံးဖလှယ်မှုကို (၁၉၉၂)ခုနှစ် ဇန်နဝါရီလတွင် စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ‘‘ဒီနေ့မှာတော့ အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ သံတမန်လမ်းကြောင်းတွေကနေ တစ်ဆင့် နျူကလီးယားတပ်ဆင်မှုစာရင်းတွေကို အပြန်အလှန်ဖလှယ်ခဲ့ကြပါတယ်။ အဲဒီစာရင်းတွေဟာ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကြား သဘောတူထားတဲ့ နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်ခြင်းကို တားမြစ်ထားတဲ့ အပြန်အလှန် သဘောတူညီမှုအောက်မှာ ပါဝင်တဲ့ နျူကလီးယားတပ်ဆင်မှုစာရင်းနဲ့ အဆောက်အအုံတွေပဲဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
(၂၀၂၄)ခုနှစ်တွင် အိန္ဒိယနှင့် ပါကစ္စ တန်တို့သည် နျူကလီးယားထိပ်ဖူး (၁၇၂) လုံးနှင့် (၁၇၀)လုံး အသီးသီးပိုင်ဆိုင် ထားကြကြောင်း စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဌာန (SIPRI) က ခန့်မှန်းပြောဆိုထားသည်။
(SIPRI) က “အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြောက် ကိုရီးယားတို့ဟာ ရုရှား၊ ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်နဲ့ တရုတ်တို့ ပိုင်ဆိုင်နှင့်ပြီးဖြစ်တဲ့ ပဲ့ထိန်းဒုံးကျည်တွေမှာ နျူကလီးယားထိပ်ဖူးတွေ တပ်ဆင်အသုံးပြုနိုင်မယ့်စွမ်းရည်တွေကို ရရှိ အောင်ကြိုးပမ်းနေကြပါတယ်” ဟု ပြောခဲ့သည်။ အိန္ဒိယတပ်ဖွဲ့ဝင်(၄၀)ဦးသေဆုံးစေခဲ့သည့် ကက်ရှ်မီးယားဒေသ Pulwama ပြည်နယ် တွင်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအပြီး (၂၀၁၉)ခုနှစ်တည်းက အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံကြား သံတမန်ရေးနှင့် စီးပွားရေးဆက်ဆံမှုများမှာ ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Zawgyi Version;
အိႏၵိယႏွင့္ ပါကစၥတန္ႏိုင္ငံၾကား န်ဴကလီးယားတပ္ဆင္မႈစာရင္းမ်ားကို အျပန္အလွန္ဖလွယ္မႈျပဳလုပ္
Pika (NP News) - ဇန္နဝါရီ ၉
အိႏၵိယႏွင့္ ပါကစၥတန္တို႔သည္ ဇန္နဝါရီလ (၁)ရက္တြင္ ၎တို႔၏ န်ဴကလီးယားတပ္ဆင္မႈစာရင္းမ်ားကို အျပန္အလွန္ဖလွယ္မႈမ်ား လုပ္ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။ အဆိုပါ ဖလွယ္မႈမ်ားသည္ န်ဴကလီးယားစက္႐ုံမ်ားကို တိုက္ခိုက္ျခင္းကို တားျမစ္သည့္အျပန္အလွန္သေဘာတူညီမႈအရ ႏွစ္ေပါင္း (၃၀)ေက်ာ္ၾကာ ထိန္းသိမ္းထားသည့္ အေလ့အက်င့္တစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။
အိႏၵိယႏွင့္ ပါကစၥတန္တို႔သည္ အဆိုပါသေဘာ တူညီခ်က္ကို(၁၉၈၈)ခုႏွစ္တြင္ လက္မွတ္ေရးထိုးခဲ့ၿပီး (၁၉၉၁) ခုႏွစ္တြင္ အတည္ျပဳခဲ့ေၾကာင္း သိရသည္။ အဆိုပါဖလွယ္မႈသည္ အိႏၵိယႏွင့္ ပါကစၥတန္ႏိုင္ငံၾကား (၃၄)ႀကိမ္ေျမာက္ ဆက္တိုက္ဖလွယ္မႈတစ္ခုျဖစ္ၿပီး ပထမဆုံးဖလွယ္မႈကို (၁၉၉၂)ခုႏွစ္ ဇန္နဝါရီလတြင္ စတင္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနက ‘‘ဒီေန႔မွာေတာ့ အိႏၵိယနဲ႔ပါကစၥတန္တို႔ဟာ သံတမန္လမ္းေၾကာင္းေတြကေန တစ္ဆင့္ န်ဴကလီးယားတပ္ဆင္မႈစာရင္းေတြကို အျပန္အလွန္ဖလွယ္ခဲ့ၾကပါတယ္။ အဲဒီစာရင္းေတြဟာ အိႏၵိယနဲ႔ ပါကစၥတန္ႏိုင္ငံၾကား သေဘာတူထားတဲ့ န်ဴကလီးယားစက္႐ုံေတြကို တိုက္ခိုက္ျခင္းကို တားျမစ္ထားတဲ့ အျပန္အလွန္ သေဘာတူညီမႈေအာက္မွာ ပါဝင္တဲ့ န်ဴကလီးယားတပ္ဆင္မႈစာရင္းနဲ႔ အေဆာက္အအုံေတြပဲျဖစ္ပါတယ္” ဟု ေျပာဆိုခဲ့သည္။
(၂၀၂၄)ခုႏွစ္တြင္ အိႏၵိယႏွင့္ ပါကစၥ တန္တို႔သည္ န်ဴကလီးယားထိပ္ဖူး (၁၇၂) လုံးႏွင့္ (၁၇၀)လုံး အသီးသီးပိုင္ဆိုင္ ထားၾကေၾကာင္း စေတာ့ဟုမ္းႏိုင္ငံတကာၿငိမ္းခ်မ္းေရးသုေတသနဌာန (SIPRI) က ခန႔္မွန္းေျပာဆိုထားသည္။
(SIPRI) က “အိႏၵိယ၊ ပါကစၥတန္နဲ႔ ေျမာက္ ကိုရီးယားတို႔ဟာ ႐ုရွား၊ ျပင္သစ္၊ ၿဗိတိန္၊ အေမရိကန္နဲ႔ တ႐ုတ္တို႔ ပိုင္ဆိုင္ႏွင့္ၿပီးျဖစ္တဲ့ ပဲ့ထိန္းဒုံးက်ည္ေတြမွာ န်ဴကလီးယားထိပ္ဖူးေတြ တပ္ဆင္အသုံးျပဳႏိုင္မယ့္စြမ္းရည္ေတြကို ရရွိ ေအာင္ႀကိဳးပမ္းေနၾကပါတယ္” ဟု ေျပာခဲ့သည္။ အိႏၵိယတပ္ဖြဲ႕ဝင္(၄၀)ဦးေသဆုံးေစခဲ့သည့္ ကက္ရွ္မီးယားေဒသ Pulwama ျပည္နယ္ တြင္ျဖစ္ပြားခဲ့ေသာ တိုက္ခိုက္မႈမ်ားအၿပီး (၂၀၁၉)ခုႏွစ္တည္းက အိႏၵိယႏွင့္ ပါကစၥတန္ႏိုင္ငံၾကား သံတမန္ေရးႏွင့္ စီးပြားေရးဆက္ဆံမႈမ်ားမွာ ပိုမိုဆိုး႐ြားလာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။