One Direction အဖွဲ့ဝင်ဟောင်း လိုင်ယန်ပိန်း သေဆုံးမှုအတွက် လူ(၅) ဦးကို စွဲချက်တင်

 391

Pika (NP News) - Jan 9

နာမည်ကျော် One Direction အဖွဲ့၏ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ လိုင်ယန်ပိန်းသေဆုံးမှုနှင့်ပတ်သက်ပြီး လူ(၅)ဦးကို စွဲချက်တင်ခဲ့ကြောင်း အာဂျင်တီးနားတရားသူကြီးတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ ထို့ပြင် စွဲချက် တင်ထားသူ(၅)ဦးအနက်မှ နှစ်ဦးကို လိုင်ယန်ပိန်းကို မူးယစ်ဆေးဝါးများ ပံ့ပိုးပေးမှုအတွက် ရုံးတင်စစ်ဆေးမှုမတိုင်မီ အချိန်အထိ ဖမ်းဆီးထိန်းသိမ်းထားရန် အာဂျင်တီးနား တရား သူကြီးက အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အာဂျင်တီးနားတရားသူကြီး၏ ဆုံးဖြတ်ချက်ကို တရားရေးရာအရာရှိတစ်ဦးက ဒီဇင်ဘာလ (၃၀)ရက် တွင်အတည်ပြုခဲ့ပြီး ရုံးတင်စစ်ဆေးမှုမတိုင်မီအချိန်အထိ ဖမ်းဆီးထိန်းသိမ်းထားမည့် လူနှစ်ဦးအနက်မှ တစ်ဦးမှာ လိုင်ယန်ပိန်းတည်းခိုခဲ့သည့် ဗျူနိုအေးရိစ်မြို့ရှိဟိုတယ်မှ ဝန်ထမ်းတစ်ဦး ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ရုံးတင်စစ်ဆေးမှုမတိုင်မီအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံရမည့်အခြားလူတစ်ဦးမှာ စားသောက်ဆိုင် တစ်ခုတွင် လိုင်ယန်ပိန်းတွေ့ဆုံခဲ့ဖူး သည့်စားပွဲထိုးတစ်ဦးဖြစ်ကြောင်း သိရသည်။ အာဂျင်တီးနားတရားသူကြီးသည် အာဂျင်တီးနားနိုင်ငံတွင် လိုင်ယန်ပိန်းနှင့်အတူရှိခဲ့သော စီးပွာရေးလုပ် ငန်းရှင်တစ်ဦးနှင့် ဟိုတယ်မန်နေဂျာနှစ်ဦးတို့ကို လူသေဆုံးမှုအတွက် စွဲချက်တင်ခဲ့ကြောင်းသိရသည်။သို့သော်လည်း ၎င်းတို့သုံးဦးကို ရုံးတင်စစ်ဆေးမှုမတိုင်မီ အချိန် အထိ ဖမ်းဆီးထိန်းသိမ်းထားရန် အာဂျင် တီးနားတရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းမျိုးမရှိ ကြောင်းလည်းသိရသည်။ အာဂျင်တီးနားအစိုးရရှေ့နေများသည် လိုင်ယန်ပိန်းသေဆုံးမှုနှင့်ပတ်သက်ပြီး လူသုံးဦးကို ပြီးခဲ့သည့်နိုဝင်ဘာလတွင် စွဲချက်တင်ခဲ့သော်လည်း ၎င်းတို့၏အမည်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။ လိုင်ယန်ပိန်း သည် (၂၀၂၄) ခုနှစ် အောက်တိုဘာလ(၁၆)ရက်တွင် ဗျူနိုအေးရိစ်မြို့ရှိဟိုတယ်တစ်ခု၏ သုံးလွှာမှ ပြုတ်ကျကာသေဆုံး ခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
One Direction အဖြဲ႕ဝင္ေဟာင္း လိုင္ယန္ပိန္း ေသဆုံးမႈအတြက္ လူ(၅) ဦးကို စြဲခ်က္တင္
Pika (NP News) - Jan 9

နာမည္ေက်ာ္ One Direction အဖြဲ႕၏ အဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္သူ လိုင္ယန္ပိန္းေသဆုံးမႈႏွင့္ပတ္သက္ၿပီး လူ(၅)ဦးကို စြဲခ်က္တင္ခဲ့ေၾကာင္း အာဂ်င္တီးနားတရားသူႀကီးတစ္ဦးက အတည္ျပဳေျပာၾကားခဲ့သည္။ ထို႔ျပင္ စြဲခ်က္ တင္ထားသူ(၅)ဦးအနက္မွ ႏွစ္ဦးကို လိုင္ယန္ပိန္းကို မူးယစ္ေဆးဝါးမ်ား ပံ့ပိုးေပးမႈအတြက္ ႐ုံးတင္စစ္ေဆးမႈမတိုင္မီ အခ်ိန္အထိ ဖမ္းဆီးထိန္းသိမ္းထားရန္ အာဂ်င္တီးနား တရား သူႀကီးက အမိန႔္ခ်မွတ္ခဲ့ေၾကာင္းသိရသည္။
အဆိုပါ အာဂ်င္တီးနားတရားသူႀကီး၏ ဆုံးျဖတ္ခ်က္ကို တရားေရးရာအရာရွိတစ္ဦးက ဒီဇင္ဘာလ (၃၀)ရက္ တြင္အတည္ျပဳခဲ့ၿပီး ႐ုံးတင္စစ္ေဆးမႈမတိုင္မီအခ်ိန္အထိ ဖမ္းဆီးထိန္းသိမ္းထားမည့္ လူႏွစ္ဦးအနက္မွ တစ္ဦးမွာ လိုင္ယန္ပိန္းတည္းခိုခဲ့သည့္ ဗ်ဴႏိုေအးရိစ္ၿမိဳ႕ရွိဟိုတယ္မွ ဝန္ထမ္းတစ္ဦး ျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ ႐ုံးတင္စစ္ေဆးမႈမတိုင္မီအခ်ိန္အထိ ဖမ္းဆီးထိန္းသိမ္းခံရမည့္အျခားလူတစ္ဦးမွာ စားေသာက္ဆိုင္ တစ္ခုတြင္ လိုင္ယန္ပိန္းေတြ႕ဆုံခဲ့ဖူး သည့္စားပြဲထိုးတစ္ဦးျဖစ္ေၾကာင္း သိရသည္။ အာဂ်င္တီးနားတရားသူႀကီးသည္ အာဂ်င္တီးနားႏိုင္ငံတြင္ လိုင္ယန္ပိန္းႏွင့္အတူရွိခဲ့ေသာ စီးပြာေရးလုပ္ ငန္းရွင္တစ္ဦးႏွင့္ ဟိုတယ္မန္ေနဂ်ာႏွစ္ဦးတို႔ကို လူေသဆုံးမႈအတြက္ စြဲခ်က္တင္ခဲ့ေၾကာင္းသိရသည္။သို႔ေသာ္လည္း ၎တို႔သုံးဦးကို ႐ုံးတင္စစ္ေဆးမႈမတိုင္မီ အခ်ိန္ အထိ ဖမ္းဆီးထိန္းသိမ္းထားရန္ အာဂ်င္ တီးနားတရားသူႀကီးက အမိန႔္ခ်မွတ္ခဲ့ျခင္းမ်ိဳးမရွိ ေၾကာင္းလည္းသိရသည္။ အာဂ်င္တီးနားအစိုးရေရွ႕ေနမ်ားသည္ လိုင္ယန္ပိန္းေသဆုံးမႈႏွင့္ပတ္သက္ၿပီး လူသုံးဦးကို ၿပီးခဲ့သည့္ႏိုဝင္ဘာလတြင္ စြဲခ်က္တင္ခဲ့ေသာ္လည္း ၎တို႔၏အမည္မ်ားကို ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရသည္။ လိုင္ယန္ပိန္း သည္ (၂၀၂၄) ခုႏွစ္ ေအာက္တိုဘာလ(၁၆)ရက္တြင္ ဗ်ဴႏိုေအးရိစ္ၿမိဳ႕ရွိဟိုတယ္တစ္ခု၏ သုံးလႊာမွ ျပဳတ္က်ကာေသဆုံး ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.