kettleball ဝိတ်တုံး အကြိမ်ရေ အများဆုံးလွှဲပြမှု ဂင်းနစ်စံချိန်ကို ချိုးဖျက်ရန်ကြိုးပမ်းခဲ့သည့် အမေရိကန်အမျိုးသား

 196

Pika (NP News) - ဇန်နဝါရီ ၉

အမေရိကန်နိုင်ငံ မွန်တာနာပြည်နယ်မှ အမျိုးသားတစ်ဦးသည် အချိန်(၁)မိနစ်အတွင်း kettleball ဝိတ်တုံးကို လွှဲခြင်း အား (၃၈)ခါထိလုပ်ပြခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်တင်ရန်အတွက် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ ရေးဟစ်ဘ်နက်ဆိုသည့် အမျိုးသားသည် ၎င်းသွားရောက်နေကြ အားကစားရုံသို့သွားကာ အလေးချိန်(၁၃၂)ပေါင်ရှိ kettleball ဝိတ်တုံးကို ရွေးချယ်ခဲ့ပြီး အချိန်တစ်မိနစ်အတွင်း အကြိမ်ရေ(၃၈)ကြိမ်အထိ လွှဲပြခဲ့ကာ kettleball ဝိတ်တုံး အကြိမ်ရေအများဆုံး လွှဲပြမှု ဂင်းနစ်စံချိန်ကိုချိုးဖျက်ရန်အတွက် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေးဟစ်ဘ်နက်သည် အလေးချိန်(၅၁၄၈)ပေါင်နှင့်ညီမျှသော kettleball ဝိတ်တုံးလွှဲမှုကို လုပ်ပြနိုင်ခဲ့ပြီး ယခင်စံချိန်ကို ကျော်တက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ kettleball ဝိတ်တုံး အကြိမ်ရေအများဆုံးလွှဲပြမှု ယခင်ဂင်းနစ်စံချိန်ကို ချိုးဖျက်ထားသူမှာ ဆွစ်ဇာလန်နိုင်ငံမှ စတီဖန်ဆွစ်တာဆိုသည့် အမျိုးသားဖြစ်ကြောင်း သိရသည်။ စတီဖန်ဆွစ်တာသည် (၂၀၂၃)ခုနှစ်တွင် အချိန်တစ်မိနစ်အတွင်း အလေးချိန်(၄၈၁၅)ပေါင်နှင့်ညီမျှသော kettleball ဝိတ်တုံးလွှဲမှုကို လုပ်ဆောင် ထားကာ kettleball ဝိတ်တုံး အကြိမ်ရေအများဆုံးလွှဲပြမှု ဂင်းနစ်စံချိန်ကို ချိုးဖျက်ထားသူဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရေးဟစ်ဘ်နက်၏ ကြိုးပမ်းမှုကို တရားဝင်ဖြစ်စေရန်အတွက် ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က ပြန်လည် သုံးသပ်မှုများ လုပ်ဆောင်သွားမည်လည်းဖြစ်သည်။ ထို့ပြင် လာမည့်အနာဂါတ်တွင် နောက်ထပ်ဂင်းနစ်စံချိန်များကို တင်နိုင်ရန်အတွက် ကြိုးပမ်းမှုများလုပ်ဆောင်ရန် မျှော်မှန်းထားကြောင်း ရေူဟစ်ဘ်နက်က ပြောကြားခဲ့သည်။ ၎င်း က “ဒီကြိုးပမ်းမှုကနေရလာတဲ့ပိုက်ဆံတွေကို ပရဟိတလုပ်ငန်းတွေ လုပ်ဖို့အသုံးပြုသွားမှာပါ။ kettleball ဝိတ်တုံးကို လွှဲပြတာထက် ပိုမိုကောင်းမွန်တဲ့ဂင်းနစ်စံချိန်တွေကို တင်နိုင်ဖို့ကြိုးပမ်းသွားမှာပါ” ဟု ပြောခဲ့သည်။

Zawgyi Version;
kettleball ဝိတ္တုံး အႀကိမ္ေရ အမ်ားဆုံးလႊဲျပမႈ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ရန္ႀကိဳးပမ္းခဲ့သည့္ အေမရိကန္အမ်ိဳးသား
Pika (NP News) - ဇန္နဝါရီ ၉

အေမရိကန္ႏိုင္ငံ မြန္တာနာျပည္နယ္မွ အမ်ိဳးသားတစ္ဦးသည္ အခ်ိန္(၁)မိနစ္အတြင္း kettleball ဝိတ္တုံးကို လႊဲျခင္း အား (၃၈)ခါထိလုပ္ျပခဲ့ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ရန္အတြက္ ႀကိဳးပမ္းခဲ့ေၾကာင္း သိရသည္။ ေရးဟစ္ဘ္နက္ဆိုသည့္ အမ်ိဳးသားသည္ ၎သြားေရာက္ေနၾက အားကစား႐ုံသို႔သြားကာ အေလးခ်ိန္(၁၃၂)ေပါင္ရွိ kettleball ဝိတ္တုံးကို ေ႐ြးခ်ယ္ခဲ့ၿပီး အခ်ိန္တစ္မိနစ္အတြင္း အႀကိမ္ေရ(၃၈)ႀကိမ္အထိ လႊဲျပခဲ့ကာ kettleball ဝိတ္တုံး အႀကိမ္ေရအမ်ားဆုံး လႊဲျပမႈ ဂင္းနစ္စံခ်ိန္ကိုခ်ိဳးဖ်က္ရန္အတြက္ ႀကိဳးပမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေရးဟစ္ဘ္နက္သည္ အေလးခ်ိန္(၅၁၄၈)ေပါင္ႏွင့္ညီမွ်ေသာ kettleball ဝိတ္တုံးလႊဲမႈကို လုပ္ျပႏိုင္ခဲ့ၿပီး ယခင္စံခ်ိန္ကို ေက်ာ္တက္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ kettleball ဝိတ္တုံး အႀကိမ္ေရအမ်ားဆုံးလႊဲျပမႈ ယခင္ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ထားသူမွာ ဆြစ္ဇာလန္ႏိုင္ငံမွ စတီဖန္ဆြစ္တာဆိုသည့္ အမ်ိဳးသားျဖစ္ေၾကာင္း သိရသည္။ စတီဖန္ဆြစ္တာသည္ (၂၀၂၃)ခုႏွစ္တြင္ အခ်ိန္တစ္မိနစ္အတြင္း အေလးခ်ိန္(၄၈၁၅)ေပါင္ႏွင့္ညီမွ်ေသာ kettleball ဝိတ္တုံးလႊဲမႈကို လုပ္ေဆာင္ ထားကာ kettleball ဝိတ္တုံး အႀကိမ္ေရအမ်ားဆုံးလႊဲျပမႈ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ထားသူျဖစ္ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ ေရးဟစ္ဘ္နက္၏ ႀကိဳးပမ္းမႈကို တရားဝင္ျဖစ္ေစရန္အတြက္ ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က ျပန္လည္ သုံးသပ္မႈမ်ား လုပ္ေဆာင္သြားမည္လည္းျဖစ္သည္။ ထို႔ျပင္ လာမည့္အနာဂါတ္တြင္ ေနာက္ထပ္ဂင္းနစ္စံခ်ိန္မ်ားကို တင္ႏိုင္ရန္အတြက္ ႀကိဳးပမ္းမႈမ်ားလုပ္ေဆာင္ရန္ ေမွ်ာ္မွန္းထားေၾကာင္း ေရူဟစ္ဘ္နက္က ေျပာၾကားခဲ့သည္။ ၎ က “ဒီႀကိဳးပမ္းမႈကေနရလာတဲ့ပိုက္ဆံေတြကို ပရဟိတလုပ္ငန္းေတြ လုပ္ဖို႔အသုံးျပဳသြားမွာပါ။ kettleball ဝိတ္တုံးကို လႊဲျပတာထက္ ပိုမိုေကာင္းမြန္တဲ့ဂင္းနစ္စံခ်ိန္ေတြကို တင္ႏိုင္ဖို႔ႀကိဳးပမ္းသြားမွာပါ” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.