AA ထိန်းချုပ်မှုအောက်ရှိ သံတွဲမြို့မှ စစ်ဘေးရှောင်များအနက် တောင်းရမ်းစားသောက်ရသူ ပမာဏမြင့်တက်နေ

5416

သုတကျော် (NP News) - ဇန်နဝါရီ ၉
တချိန်က စည်ပင်သာယာ ဝပြောခဲ့သည့် ရခိုင်ပြည်နယ် တောင်ပိုင်း မှ မြို့ကြီးတစ်မြို့သော သံတွဲမြို့ကို AA က ထိန်းချုပ် ခဲ့ပြီးနောက် စစ်ဘေးသင့်သွားသူများ အနက် တောင်းရမ်းစားသောက်ရသူ ပမာဏမြင့်တက်နေကြောင်း အဆိုပါမြို့မှ ရန်ကုန်မြို့သို့ တိမ်းရှောင်လာခဲ့သူတစ်ဦးက NP News သို့ ပြောသည်။
လက်ရှိတွင် သံတွဲမြို့မှ စစ်ဘေးရှောင်များကို ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားရင်ပြင်များတွင် ထားရှိခြင်းများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုသို့ ဆောင်ရွက်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
“ရွှေတစ်ကျပ်ကိုတောင် ငွေသားလိုလို့ ဒီဘက် အခြေအနေမှာ ဆယ့်ငါးသိန်းနဲ့ ရောင်းရတယ်တို့ တီဗွီတစ်လုံးကို ခုနှစ်သောင်း နဲ့ ရောင်းရတယ်တို့ ဖြစ်ပြီးတော့ ငွေသား ရှားပါးလာတာ။ ဒါဆို ပြောစရာ ရှိတယ် တောတွေ တောင်တွေမှာ သွားစရာ မရှိဘူးလား ဆိုတော့ တောတွေ၊ တောင်တွေ တက်မိရင် တခုခု ဖြစ်မှာစိုးတာလည်း တပါးပေါ့။ ဒါပေမယ့် ရှာစားကြတယ်။ သို့သော် တဖက်မှာ ငွေသား တအား ရှားသွားတယ်” ဟု ၎င်းက ဆိုသည်။
လှူဒါန်းသူများ ရှိသော်လည်း ထောက်ပံ့ငွေများ လုံလောက်ခြင်း မရှိသည့် အတွက် ယခုကဲ့သို့ အခြေအနေကို ဆိုက်ရောက်လာခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“အေးချမ်းတယ် ထင်တဲ့ နေ့မှာ ကလေးတွေကော လူကြီးတွေကော ထွက်လာပြီး တောင်းစားကြတယ်ပေါ့။ လမ်းကြို လမ်းကြားတွေမှာ ရွာဘက်တွေက တက်လာပြီး တောင်းစားကြတယ်လို့ ကြားရတယ်။ အခု ကြုံရာလို့ ပြောရတော့မယ် ရွာဘက်မှာ ရှိရင်လည်း ရွာဘက်ကို တောင်းပေါ့။ အခုက မြို့ထဲမှာ လူကျန်သေးတယ်လေ။ အဲဒီဘက်တောင်းကြ တယ်ပေါ့။ တောင်းတဲ့သူက များလာတယ်ပေါ့။ အရင်က နည်းနည်းပါးပါး ရှိရင် အခုက တစ်အိမ်မှာ ရှစ်ယောက်ရှိရင် ကလေးတွေကော၊ သက်ကြီးတွေကောကို ထွက်ပြီး တောင်းခိုင်းတာက ငါးယောက် ခြောက်ယောက် အဲဒီလိုတွေ မိသားစုမှာ ဖြစ်လာတယ်တဲ့။ ကလေးတွေနဲ့ လူကြီးတွေက ထွက်ပြီး တောင်းကြတယ်တဲ့ အဲဒီတော့ တအားများသွား တယ် ပြောကြတာပေါ့” ဟု ၎င်းက ဆိုသည်။
အချို့လူများက အသက်ရှင်ဖို့ သာ အရေးကြီးကြောင်း အလွယ်ပြောသော်လည်း မြေပြင်အခြေအနေတွင် ရှိနေသူကို ဝင်ရောက် မခံစားပေးနိုင်သေးခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်ဖုန်းအဆက်အသွယ်ရတဲ့ သူငယ်ချင်းတစ်ယောက်ဆို ပြောတာ ကျွန်တော်က အဲဒီ အသက်ရှင်ဖို့ အရေးကြီးတာ ပြောတော့ သူပြောတာက ကျွန်တော်မြင်တာနဲ့ တခြားစီ ဖြစ်နေတယ်။ ငါတို့တွေ အဓိက အသက်ရှင်ဖို့ အရေးကြီးတယ် ပြန်ဆုံရမှာ ဆိုတော့ မဟုတ်ဘူး သူပြောတာက ဟေ့ကောင် ရှင်နေတာထက်စာရင် အခုက သေသွားတာ ပိုကောင်းတယ်တဲ့။ တချို့အပူတွေက ဒီနေရာကို မင်းတို့ လာပြီး နေမှ ရမှာ။ မသိတာတွေ အများကြီး ပဲလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

Zawgyi Version;
AA ထိန္းခ်ဳပ္မႈေအာက္ရွိ သံတြဲၿမိဳ႕မွ စစ္ေဘးေရွာင္မ်ားအနက္ ေတာင္းရမ္းစားေသာက္ရသူ ပမာဏျမင့္တက္ေန
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၉
တခ်ိန္က စည္ပင္သာယာ ဝေျပာခဲ့သည့္ ရခိုင္ျပည္နယ္ ေတာင္ပိုင္း မွ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ေသာ သံတြဲၿမိဳ႕ကို AA က ထိန္းခ်ဳပ္ ခဲ့ၿပီးေနာက္ စစ္ေဘးသင့္သြားသူမ်ား အနက္ ေတာင္းရမ္းစားေသာက္ရသူ ပမာဏျမင့္တက္ေနေၾကာင္း အဆိုပါၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ တိမ္းေရွာင္လာခဲ့သူတစ္ဦးက NP News သို႔ ေျပာသည္။
လက္ရွိတြင္ သံတြဲၿမိဳ႕မွ စစ္ေဘးေရွာင္မ်ားကို ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ ဘုရားရင္ျပင္မ်ားတြင္ ထားရွိျခင္းမ်ား ျပဳလုပ္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ထိုသို႔ ေဆာင္႐ြက္ႏိုင္ျခင္း မရွိေတာ့ေၾကာင္း သိရသည္။
“ေ႐ႊတစ္က်ပ္ကိုေတာင္ ေငြသားလိုလို႔ ဒီဘက္ အေျခအေနမွာ ဆယ့္ငါးသိန္းနဲ႔ ေရာင္းရတယ္တို႔ တီဗြီတစ္လုံးကို ခုႏွစ္ေသာင္း နဲ႔ ေရာင္းရတယ္တို႔ ျဖစ္ၿပီးေတာ့ ေငြသား ရွားပါးလာတာ။ ဒါဆို ေျပာစရာ ရွိတယ္ ေတာေတြ ေတာင္ေတြမွာ သြားစရာ မရွိဘူးလား ဆိုေတာ့ ေတာေတြ၊ ေတာင္ေတြ တက္မိရင္ တခုခု ျဖစ္မွာစိုးတာလည္း တပါးေပါ့။ ဒါေပမယ့္ ရွာစားၾကတယ္။ သို႔ေသာ္ တဖက္မွာ ေငြသား တအား ရွားသြားတယ္” ဟု ၎က ဆိုသည္။
လႉဒါန္းသူမ်ား ရွိေသာ္လည္း ေထာက္ပံ့ေငြမ်ား လုံေလာက္ျခင္း မရွိသည့္ အတြက္ ယခုကဲ့သို႔ အေျခအေနကို ဆိုက္ေရာက္လာျခင္း ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။
“ေအးခ်မ္းတယ္ ထင္တဲ့ ေန႔မွာ ကေလးေတြေကာ လူႀကီးေတြေကာ ထြက္လာၿပီး ေတာင္းစားၾကတယ္ေပါ့။ လမ္းႀကိဳ လမ္းၾကားေတြမွာ ႐ြာဘက္ေတြက တက္လာၿပီး ေတာင္းစားၾကတယ္လို႔ ၾကားရတယ္။ အခု ႀကဳံရာလို႔ ေျပာရေတာ့မယ္ ႐ြာဘက္မွာ ရွိရင္လည္း ႐ြာဘက္ကို ေတာင္းေပါ့။ အခုက ၿမိဳ႕ထဲမွာ လူက်န္ေသးတယ္ေလ။ အဲဒီဘက္ေတာင္းၾက တယ္ေပါ့။ ေတာင္းတဲ့သူက မ်ားလာတယ္ေပါ့။ အရင္က နည္းနည္းပါးပါး ရွိရင္ အခုက တစ္အိမ္မွာ ရွစ္ေယာက္ရွိရင္ ကေလးေတြေကာ၊ သက္ႀကီးေတြေကာကို ထြက္ၿပီး ေတာင္းခိုင္းတာက ငါးေယာက္ ေျခာက္ေယာက္ အဲဒီလိုေတြ မိသားစုမွာ ျဖစ္လာတယ္တဲ့။ ကေလးေတြနဲ႔ လူႀကီးေတြက ထြက္ၿပီး ေတာင္းၾကတယ္တဲ့ အဲဒီေတာ့ တအားမ်ားသြား တယ္ ေျပာၾကတာေပါ့” ဟု ၎က ဆိုသည္။
အခ်ိဳ႕လူမ်ားက အသက္ရွင္ဖို႔ သာ အေရးႀကီးေၾကာင္း အလြယ္ေျပာေသာ္လည္း ေျမျပင္အေျခအေနတြင္ ရွိေနသူကို ဝင္ေရာက္ မခံစားေပးႏိုင္ေသးျခင္း ျဖစ္ေၾကာင္း ၎က ဆိုသည္။
“ကြၽန္ေတာ္ဖုန္းအဆက္အသြယ္ရတဲ့ သူငယ္ခ်င္းတစ္ေယာက္ဆို ေျပာတာ ကြၽန္ေတာ္က အဲဒီ အသက္ရွင္ဖို႔ အေရးႀကီးတာ ေျပာေတာ့ သူေျပာတာက ကြၽန္ေတာ္ျမင္တာနဲ႔ တျခားစီ ျဖစ္ေနတယ္။ ငါတို႔ေတြ အဓိက အသက္ရွင္ဖို႔ အေရးႀကီးတယ္ ျပန္ဆုံရမွာ ဆိုေတာ့ မဟုတ္ဘူး သူေျပာတာက ေဟ့ေကာင္ ရွင္ေနတာထက္စာရင္ အခုက ေသသြားတာ ပိုေကာင္းတယ္တဲ့။ တခ်ိဳ႕အပူေတြက ဒီေနရာကို မင္းတို႔ လာၿပီး ေနမွ ရမွာ။ မသိတာေတြ အမ်ားႀကီး ပဲလို႔ ေျပာတယ္” ဟု ၎က ဆိုသည္။