မန္တလေးတောင်အဆင်းတွင် ဘုရားဖူးကားတစ်စီး ဘရိတ်ပေါက်ကာ ချောက်ထဲထိုးကျတိမ်းမှောက်သဖြင့် လူ(၁၇)ဦး ထိခိုက်ဒဏ်ရာရ

 414

သန့်ဇင် (NP News) - ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်အဆင်းတွင် ဘုရားဖူးကားတစ်စီး ဘရိတ်ပေါက်ကာ ချောက်ထဲထိုးကျ တိမ်းမှောက်မှုသဖြင့် လူ(၁၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နန်းတော်ရှေ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၈ ရက်) မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်အဆင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘုရားဖူးအဖွဲ့က တောင်ခြေရောက်မှ လိုက်ထရက်ငှားပြီးတော့ ဘုရားဖူးတက်ကြတာ။ သူတို့က ဘိုကလေးမြို့နယ်က လို့ ပြောကြတယ်။ သူတိုက တက်ပြီးတော့ ပြန်အဆင်းမှာ ဒုတိယကွေ့မှာ ကားကဘရိတ်ပေါက်ပြီးတော့ အရှိန်လွန်ပြီး တော့ ပေ(၃၀)လောက်နက်တဲ့ အနက်ထဲကို ထိုးကျသွားတာ။ အဲဒီမှာကားက မှောက်ပြီးတော့ ဘီးလုံး(၄)လုံးစလုံး မိုးပေါ်ထောင်သွားတာ” ဟု နန်းတော်ရှေ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။


အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသူ (၂၀)ဦးဝန်းကျင်အနက် (၃)ဦးမှာ စိုးရိမ်ရထိခိုက်ဒဏ်ရာ နှင့် (၁၄)ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
“လူတွေက အားလုံးပေါင်း(၁၇)ယောက် ဒဏ်ရာရတယ်။ နည်းနည်းဒဏ်ရာပြင်းတဲ့လူတွေက (၃)ယောက်ရှိတယ်။ ကားပေါ်မှ အယောက် (၂၀)ဝန်းကျင်လောက်ပါတယ်။ စိုးရိမ်ရတဲ့လူတွေက မျက်လုံးဖူးဖောင်းတယ်။ လက်ကျိုးတယ်။ အခြားသူတွေက ပွန်းပဲ့တာတွေရှိတယ်။ ယာဉ်မောင်းကတော့ ရင်ဘတ်အောင့်တယ်။ (၉)နှစ်အရွယ်ကလေး တစ်ယောက်ကတော့ လက်ကျိုးသွားတယ်။ ဘုရားဖူးကားတွေအနေနဲ့ အဆင်းတွေဆိုရင် ထိန်းဆင်းပြီးတော့ ဂီယာကြီး ပြောင်းပြီးဆင်းဖို့တော့ အကြံပေးချင်တယ်။ အဲဒီလမ်းမှာက စက်ဘီးသမားတွေ တက်တတ်တယ်။ အဲဒီလိုမျိုးတွေ ကလည်း ဖြစ်တတ်တယ်။ ဂရုစိုက်ပြီးတော့ မောင်းကြဖို့ အကြံပေးချင်တယ်” ဟု ၎င်းက အကြံပြုထားသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို နန်းတော်ရှေ့လူမှုကူညီရေးအသင်းနှင့် နှလုံးလှလူမှုကူညီရေးအသင်းတို့က မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
မႏၲေလးေတာင္အဆင္းတြင္ ဘုရားဖူးကားတစ္စီး ဘရိတ္ေပါက္ကာ ေခ်ာက္ထဲထိုးက်တိမ္းေမွာက္သျဖင့္ လူ(၁၇)ဦး ထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၉

မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ မႏၲေလးေတာင္အဆင္းတြင္ ဘုရားဖူးကားတစ္စီး ဘရိတ္ေပါက္ကာ ေခ်ာက္ထဲထိုးက် တိမ္းေမွာက္မႈသျဖင့္ လူ(၁၇)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းထံမွ သိရသည္။
ယာဥ္တိမ္းေမွာက္မႈသည္ ယမန္ေန႔(ဇန္နဝါရီလ ၈ ရက္) မြန္းလြဲ ၂ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ မႏၲေလးေတာင္အဆင္းတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဘုရားဖူးအဖြဲ႕က ေတာင္ေျခေရာက္မွ လိုက္ထရက္ငွားၿပီးေတာ့ ဘုရားဖူးတက္ၾကတာ။ သူတို႔က ဘိုကေလးၿမိဳ႕နယ္က လို႔ ေျပာၾကတယ္။ သူတိုက တက္ၿပီးေတာ့ ျပန္အဆင္းမွာ ဒုတိယေကြ႕မွာ ကားကဘရိတ္ေပါက္ၿပီးေတာ့ အရွိန္လြန္ၿပီး ေတာ့ ေပ(၃၀)ေလာက္နက္တဲ့ အနက္ထဲကို ထိုးက်သြားတာ။ အဲဒီမွာကားက ေမွာက္ၿပီးေတာ့ ဘီးလုံး(၄)လုံးစလုံး မိုးေပၚေထာင္သြားတာ” ဟု နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။


အဆိုပါယာဥ္တိမ္းေမွာက္မႈေၾကာင့္ ကားေပၚတြင္လိုက္ပါလာသူ (၂၀)ဦးဝန္းက်င္အနက္ (၃)ဦးမွာ စိုးရိမ္ရထိခိုက္ဒဏ္ရာ ႏွင့္ (၁၄)ဦးမွာ ထိခိုက္ဒဏ္ရာ အနည္းငယ္ရရွိခဲ့ေၾကာင္း သိရသည္။
“လူေတြက အားလုံးေပါင္း(၁၇)ေယာက္ ဒဏ္ရာရတယ္။ နည္းနည္းဒဏ္ရာျပင္းတဲ့လူေတြက (၃)ေယာက္ရွိတယ္။ ကားေပၚမွ အေယာက္ (၂၀)ဝန္းက်င္ေလာက္ပါတယ္။ စိုးရိမ္ရတဲ့လူေတြက မ်က္လုံးဖူးေဖာင္းတယ္။ လက္က်ိဳးတယ္။ အျခားသူေတြက ပြန္းပဲ့တာေတြရွိတယ္။ ယာဥ္ေမာင္းကေတာ့ ရင္ဘတ္ေအာင့္တယ္။ (၉)ႏွစ္အ႐ြယ္ကေလး တစ္ေယာက္ကေတာ့ လက္က်ိဳးသြားတယ္။ ဘုရားဖူးကားေတြအေနနဲ႔ အဆင္းေတြဆိုရင္ ထိန္းဆင္းၿပီးေတာ့ ဂီယာႀကီး ေျပာင္းၿပီးဆင္းဖို႔ေတာ့ အႀကံေပးခ်င္တယ္။ အဲဒီလမ္းမွာက စက္ဘီးသမားေတြ တက္တတ္တယ္။ အဲဒီလိုမ်ိဳးေတြ ကလည္း ျဖစ္တတ္တယ္။ ဂ႐ုစိုက္ၿပီးေတာ့ ေမာင္းၾကဖို႔ အႀကံေပးခ်င္တယ္” ဟု ၎က အႀကံျပဳထားသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းႏွင့္ ႏွလုံးလွလူမႈကူညီေရးအသင္းတို႔က မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.