မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ရွေးကောက်ပွဲကို လာမည့်နှစ်တွင် မဖြစ်မနေကျင်းပမည်

 210

ယွန်း (NP News) - ဇန်နဝါရီ ၉

သက်တမ်း နှစ်(၂၀)နီးပါးကြာမြင့်နေပြီဖြစ်သည့် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်း၏ရွေး ကောက်ပွဲကို (၂၀၂၅)ခုနှစ်အတွင်း မဖြစ်မနေ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း (MRPPA)ကို ပြီးခဲ့သည့် (၂၀ဝ၅) ခုနှစ် မတ်လတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူနှင့် တင်ပို့ရောင်းချသူများ အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများက စတင်ဖွဲ့စည်းခဲ့ ကြောင်း သိရသည်။
အဆိုပါအသင်း စတင်ပေါ်ပေါက်လာချိန်က ရွေးကောက်ခံ၍ဖွဲ့စည်းထားခြင်းမျိုးမဟုတ်ဘဲ ရွေးချယ်ခံ၍ ဖွဲ့စည်းထားခြင်းမျိုးဖြစ်ပြီး ရန်ပုံငွေကောက်ခံခြင်းမျိုးမရှိခြင်းကြောင့် အဆိုပါကာလတွင် အသင်းဝင် ကုမ္ပဏီအရေ အတွက်မှာ (၁၀)ခုနီးပါးသာရှိကြောင်း သိရသည်။
“ကျွန်တော်တို့က ရွေးကောက်ခံမဟုတ်ဘူး။ ‌ရွေးချယ်ခံတွေ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ခြံစိုက်တဲ့ နေရာမှာနာမည်ကြီးတော့ အပေါ်ကနေ ဦး ဝင်းမြင့်တို့၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်းတို့က ရွေးစမ်း ဆိုတော့ ကျွန်တော်တို့ကို စိုက်ပျိုးဦးစီးဌာနက ရွေးတာ။ ပဲခူးတိုင်းမှာ ဒီလူဟာ စိုက်တာပျိုးတာမှာ နာမည်ကြီးတယ်ဆိုပြီး ရွေးကောက်ခံ မဟုတ်ဘူး။ ရွေးချယ်ခံဖြစ်သွားတာပေါ့။ အသင်းရန်ပုံငွေတွေ ဘာတွေမရှိခင် (၂၀ဝ၅)ကနေ (၂၀၂၃)အထိက ကျွန်တော် တို့အသင်းကို ဘယ်သူမှစိတ်မဝင်စားဘူး။ ရှိတယ်လို့လည်းမထင်ကြဘူး။ အဲဒီတုန်းကဆိုရင် အသင်းလာဝင်တဲ့ ရော်ဘာ ကုမ္ပဏီက (၁၀)သင်း တောင်မရှိဘူး” ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း (MRPPA) မှ ဥက္ကဋ္ဌ ဦးအောင်မြင့်ထူးက NP News ကို ပြောသည်။ ထို့နောက် ပြီးခဲ့သည့် (၂၀၂၃)ခုနှစ် အောက်တိုဘာလမှစ၍ အသင်း ရန်ပုံငွေအဖြစ် ရော်ဘာတစ် တန်တင်ပို့လျှင် ငွေကျပ် (၃၀ဝဝ) ကို အသင်းရန်ပုံငွေ အဖြစ်ထားရှိခဲ့ကြောင်း သိရ သည်။
“စကတည်းက တော်တော်စိတ်ဓာတ်ကျတယ်။ ပိုက်ဆံမရှိခဲ့တဲ့ပြဿနာပေါ့။ ဘယ်သွားသွားကိုယ့် ပိုက်ဆံနဲ့ ကိုယ်သွားရတယ်။ ဓာတ်ခွဲခန်းလုပ်တယ် ကိုယ်နိုင်သလောက်လုပ်တယ်၊ မနိုင်ရင်ရပ်ထားတယ်။ အဲဒါကို နိုင်ငံတော်အဖွဲ့ အစည်းတွေက လက်မခံဘူး။ မင်းတို့ အဲဒီလိုလုပ်လို့မရဘူး။ အများတကာ ပိုက်ဆံပါရမယ်။ မင်းတို့ပိုက်ဆံချည်းပဲဆို မင်းတို့အသင်းအဖွဲ့ ဖြစ်လိမ့်မယ်ဆိုပြီး ပြောတယ်။ အဲဒါကြောင့်မို့လို့ ရော် ဘာအရောင်းအဝယ်ကောင်းလာတဲ့အချိန်မှာ အခွန် ကောက်မယ်ဆိုပြီး တစ်တန်ကို (၃၀ဝဝ)ကျပ် ကောက်တယ်။ အဲဒါလေးကောက်လိုက်တော့ ပိုက်ဆံလေးတောင့် လာတော့ လုပ်နိုင်လာတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် အသင်းသက်တမ်းမှာ နှစ်(၂၀)နီး ပါးရှိနေသော်လည်း အသင်းဥက္ကဋ္ဌ အပြောင်းအလဲ မရှိသည့်အပေါ် ရာဘာလောကသားများ၏ မေးခွန်း ထုတ်မှုများရှိနေခြင်းကြောင့် လာမည့် (၂၀၂၅)ခုနှစ်တွင် မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က ရွေးကောက်ပွဲ လုပ်မှာပါ။ လုပ်မှလည်းဖြစ်မှာ။ လုပ်လိုက်ရင်တော့ ဝင်ရွေးတဲ့သူ တွေအများ ကြီးဖြစ်မှာ။ CEC လုပ်ချင်တဲ့သူတွေ လည်းအများကြီးပဲ။ တိုင်းနဲ့ပြည်နယ်မှာ CEC တွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဒီကို ဘယ်သူမှမလာကြဘူး။ ရွေးကောက်ပွဲက မလုပ်ချင်တာမဟုတ်ဘူး။ ရွေးကောက်ပွဲလုပ်ဖို့ကို (၂၀ဝ၅)ကနေ (၂၀၂၃) အထိက ဘယ်သူမှစိတ်မဝင်စားဘူး။ အသင်းရန်ပုံငွေလည်းမရှိဘူး။ ဒီနှစ်ပိုင်းမှာတော့ ရွေးကောက်ပွဲလုပ်ဖို့ကို စတင် ပြင်ဆင်နေပြီ။ မှတ်ပုံတင်ထားတဲ့ဟာတွေမှာ တချို့ ဟာတွေက ခေတ်မမီတော့တာတွေဖြစ်နေတယ်။ အဲဒါတွေကိုလည်း ပြန်ရွေးမယ်။ အဲဒီကနေ တစ်ဆင့် ပြီးတစ်ဆင့် ဒီလထဲမှာလည်း စာရင်းစစ်ခေါ်ထား တယ်။ နောက်လထဲမှာ လာလိမ့်မယ်။ ပြီးရင် အဆင် သင့်ဖြစ်တဲ့အချိန်ရောက်ရင် အချိန်မဆွဲဘူး ကြေညာမယ်။ ရွေးကောက်ပွဲလုပ်မယ်။ (၂၀၂၅) ခုနှစ်အ တွင်းမှာ ရွေးကောက်ပွဲလုပ်မယ်”ဟု ဦးအောင်မြင့်ထူး က ဆက်လက်ပြောသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရော်ဘာစိုက်ဧက(၁၆၄၀ဝဝဝ)ဧကရှိရာ နှစ်စဉ် တန်ချိန်(၂) သိန်းကျော်ထွက်ရှိပြီး ယခု (၂၀၂၄- ၂၀၂၅)ဘဏ္ဍာနှစ်တွင် တန်ချိန် (၃၂၆၀ဝဝ) တင်ပို့ နိုင်ရန်လျာထားကြောင်း သိရ သည်။
ပြည်တွင်း၌ ပြီးခဲ့သည့် (၂၀၂၁-၂၀၂၂) ခုနှစ်တွင် ရော်ဘာတစ်ပေါင်လျှင် ငွေကျပ်(၅၀ဝ)မှ (၁၀ဝဝ)ဝန်းကျင် သာရှိခဲ့သော်လည်း လက်ရှိတွင် ရော်ဘာတစ်ပေါင်လျှင် ငွေကျပ်(၃၀ဝဝ)ကျော်အထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

Zawgyi Version;
ျမန္မာႏိုင္ငံ ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္း၏ ေ႐ြးေကာက္ပြဲကို လာမည့္ႏွစ္တြင္ မျဖစ္မေနက်င္းပမည္
ယြန္း (NP News) - ဇန္နဝါရီ ၉

သက္တမ္း ႏွစ္(၂၀)နီးပါးၾကာျမင့္ေနၿပီျဖစ္သည့္ ျမန္မာႏိုင္ငံ ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သူမ်ား အသင္း၏ေ႐ြး ေကာက္ပြဲကို (၂၀၂၅)ခုႏွစ္အတြင္း မျဖစ္မေန က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္း (MRPPA)ကို ၿပီးခဲ့သည့္ (၂၀ဝ၅) ခုႏွစ္ မတ္လတြင္ ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သူႏွင့္ တင္ပို႔ေရာင္းခ်သူမ်ား အပါအဝင္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စတင္ဖြဲ႕စည္းခဲ့ ေၾကာင္း သိရသည္။
အဆိုပါအသင္း စတင္ေပၚေပါက္လာခ်ိန္က ေ႐ြးေကာက္ခံ၍ဖြဲ႕စည္းထားျခင္းမ်ိဳးမဟုတ္ဘဲ ေ႐ြးခ်ယ္ခံ၍ ဖြဲ႕စည္းထားျခင္းမ်ိဳးျဖစ္ၿပီး ရန္ပုံေငြေကာက္ခံျခင္းမ်ိဳးမရွိျခင္းေၾကာင့္ အဆိုပါကာလတြင္ အသင္းဝင္ ကုမၸဏီအေရ အတြက္မွာ (၁၀)ခုနီးပါးသာရွိေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔က ေ႐ြးေကာက္ခံမဟုတ္ဘူး။ ‌ေ႐ြးခ်ယ္ခံေတြ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔က ၿခံစိုက္တဲ့ ေနရာမွာနာမည္ႀကီးေတာ့ အေပၚကေန ဦး ဝင္းျမင့္တို႔၊ ဗိုလ္ခ်ဳပ္ႀကီးသူရေ႐ႊမန္းတို႔က ေ႐ြးစမ္း ဆိုေတာ့ ကြၽန္ေတာ္တို႔ကို စိုက္ပ်ိဳးဦးစီးဌာနက ေ႐ြးတာ။ ပဲခူးတိုင္းမွာ ဒီလူဟာ စိုက္တာပ်ိဳးတာမွာ နာမည္ႀကီးတယ္ဆိုၿပီး ေ႐ြးေကာက္ခံ မဟုတ္ဘူး။ ေ႐ြးခ်ယ္ခံျဖစ္သြားတာေပါ့။ အသင္းရန္ပုံေငြေတြ ဘာေတြမရွိခင္ (၂၀ဝ၅)ကေန (၂၀၂၃)အထိက ကြၽန္ေတာ္ တို႔အသင္းကို ဘယ္သူမွစိတ္မဝင္စားဘူး။ ရွိတယ္လို႔လည္းမထင္ၾကဘူး။ အဲဒီတုန္းကဆိုရင္ အသင္းလာဝင္တဲ့ ေရာ္ဘာ ကုမၸဏီက (၁၀)သင္း ေတာင္မရွိဘူး” ဟု ျမန္မာႏိုင္ငံ ေရာ္ဘာစိုက္ပ်ိဳး ထုတ္လုပ္သူမ်ားအသင္း (MRPPA) မွ ဥကၠ႒ ဦးေအာင္ျမင့္ထူးက NP News ကို ေျပာသည္။ ထို႔ေနာက္ ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလမွစ၍ အသင္း ရန္ပုံေငြအျဖစ္ ေရာ္ဘာတစ္ တန္တင္ပို႔လွ်င္ ေငြက်ပ္ (၃၀ဝဝ) ကို အသင္းရန္ပုံေငြ အျဖစ္ထားရွိခဲ့ေၾကာင္း သိရ သည္။
“စကတည္းက ေတာ္ေတာ္စိတ္ဓာတ္က်တယ္။ ပိုက္ဆံမရွိခဲ့တဲ့ျပႆနာေပါ့။ ဘယ္သြားသြားကိုယ့္ ပိုက္ဆံနဲ႔ ကိုယ္သြားရတယ္။ ဓာတ္ခြဲခန္းလုပ္တယ္ ကိုယ္ႏိုင္သေလာက္လုပ္တယ္၊ မႏိုင္ရင္ရပ္ထားတယ္။ အဲဒါကို ႏိုင္ငံေတာ္အဖြဲ႕ အစည္းေတြက လက္မခံဘူး။ မင္းတို႔ အဲဒီလိုလုပ္လို႔မရဘူး။ အမ်ားတကာ ပိုက္ဆံပါရမယ္။ မင္းတို႔ပိုက္ဆံခ်ည္းပဲဆို မင္းတို႔အသင္းအဖြဲ႕ ျဖစ္လိမ့္မယ္ဆိုၿပီး ေျပာတယ္။ အဲဒါေၾကာင့္မို႔လို႔ ေရာ္ ဘာအေရာင္းအဝယ္ေကာင္းလာတဲ့အခ်ိန္မွာ အခြန္ ေကာက္မယ္ဆိုၿပီး တစ္တန္ကို (၃၀ဝဝ)က်ပ္ ေကာက္တယ္။ အဲဒါေလးေကာက္လိုက္ေတာ့ ပိုက္ဆံေလးေတာင့္ လာေတာ့ လုပ္ႏိုင္လာတယ္”ဟု ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ အသင္းသက္တမ္းမွာ ႏွစ္(၂၀)နီး ပါးရွိေနေသာ္လည္း အသင္းဥကၠ႒ အေျပာင္းအလဲ မရွိသည့္အေပၚ ရာဘာေလာကသားမ်ား၏ ေမးခြန္း ထုတ္မႈမ်ားရွိေနျခင္းေၾကာင့္ လာမည့္ (၂၀၂၅)ခုႏွစ္တြင္ ျမန္မာႏိုင္ငံ ေရာ္ဘာ စိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္း၏ ေ႐ြးေကာက္ပြဲကို မျဖစ္မေန က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔က ေ႐ြးေကာက္ပြဲ လုပ္မွာပါ။ လုပ္မွလည္းျဖစ္မွာ။ လုပ္လိုက္ရင္ေတာ့ ဝင္ေ႐ြးတဲ့သူ ေတြအမ်ား ႀကီးျဖစ္မွာ။ CEC လုပ္ခ်င္တဲ့သူေတြ လည္းအမ်ားႀကီးပဲ။ တိုင္းနဲ႔ျပည္နယ္မွာ CEC ေတြ အမ်ားႀကီးရွိတယ္။ ဒါေပမဲ့ ဒီကို ဘယ္သူမွမလာၾကဘူး။ ေ႐ြးေကာက္ပြဲက မလုပ္ခ်င္တာမဟုတ္ဘူး။ ေ႐ြးေကာက္ပြဲလုပ္ဖို႔ကို (၂၀ဝ၅)ကေန (၂၀၂၃) အထိက ဘယ္သူမွစိတ္မဝင္စားဘူး။ အသင္းရန္ပုံေငြလည္းမရွိဘူး။ ဒီႏွစ္ပိုင္းမွာေတာ့ ေ႐ြးေကာက္ပြဲလုပ္ဖို႔ကို စတင္ ျပင္ဆင္ေနၿပီ။ မွတ္ပုံတင္ထားတဲ့ဟာေတြမွာ တခ်ိဳ႕ ဟာေတြက ေခတ္မမီေတာ့တာေတြျဖစ္ေနတယ္။ အဲဒါေတြကိုလည္း ျပန္ေ႐ြးမယ္။ အဲဒီကေန တစ္ဆင့္ ၿပီးတစ္ဆင့္ ဒီလထဲမွာလည္း စာရင္းစစ္ေခၚထား တယ္။ ေနာက္လထဲမွာ လာလိမ့္မယ္။ ၿပီးရင္ အဆင္ သင့္ျဖစ္တဲ့အခ်ိန္ေရာက္ရင္ အခ်ိန္မဆြဲဘူး ေၾကညာမယ္။ ေ႐ြးေကာက္ပြဲလုပ္မယ္။ (၂၀၂၅) ခုႏွစ္အ တြင္းမွာ ေ႐ြးေကာက္ပြဲလုပ္မယ္”ဟု ဦးေအာင္ျမင့္ထူး က ဆက္လက္ေျပာသည္။
လက္ရွိတြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ေရာ္ဘာစိုက္ဧက(၁၆၄၀ဝဝဝ)ဧကရွိရာ ႏွစ္စဥ္ တန္ခ်ိန္(၂) သိန္းေက်ာ္ထြက္ရွိၿပီး ယခု (၂၀၂၄- ၂၀၂၅)ဘ႑ာႏွစ္တြင္ တန္ခ်ိန္ (၃၂၆၀ဝဝ) တင္ပို႔ ႏိုင္ရန္လ်ာထားေၾကာင္း သိရ သည္။
ျပည္တြင္း၌ ၿပီးခဲ့သည့္ (၂၀၂၁-၂၀၂၂) ခုႏွစ္တြင္ ေရာ္ဘာတစ္ေပါင္လွ်င္ ေငြက်ပ္(၅၀ဝ)မွ (၁၀ဝဝ)ဝန္းက်င္ သာရွိခဲ့ေသာ္လည္း လက္ရွိတြင္ ေရာ္ဘာတစ္ေပါင္လွ်င္ ေငြက်ပ္(၃၀ဝဝ)ေက်ာ္အထိ အေရာင္းအဝယ္ျဖစ္ေနေၾကာင္း သိရသည္။

Picture

09651283457

09/01/2025 21:39

ရော်ဘာ တစ်ပေါင်စျေး မပြောနဲ့ ကုန်စျေးနှုံးလည်းပြောဦး

Related news

© 2021. All rights reserved.