မြောက်ကိုရီးယားရဲ့စစ်တိုက်နိုင်တဲ့စွမ်းရည်တွေ ပိုမိုတိုးတက်လာနေတယ်လို့ အမေရိကန် သတိပေး

 191

Pika (NP News) - ဇန်နဝါရီ ၉

ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှားဘက်ကနေ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်ပေးမှုနဲ့အတူ မြောက်ကိုရီးယားနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံအပေါ် စစ်တိုက်နိုင်စွမ်းတွေ ပိုမိုရရှိလာနေတယ်လို့ အမေရိကန်နိုင်ငံက ဇန်နဝါရီလ(၈)ရက်မှာ သတိပေးပြောဆိုခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်းကတည်းက ရုရှားဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ သံတမန်ရေးနဲ့စစ်ရေးအရ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးတွေကို တည်ဆောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ရုရှားနိုင်ငံမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်(၁၂၀၀၀)ကျော်ရှိနေပြီး ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ ရုရှားနိုင်ငံ ကာ့စ်ဒေသမှာ ယူကရိန်းတပ်ဖွဲ့တွေကို စတင်တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာလက်ထောက်အမေရိကန်သံအမတ်ကြီး ဒိုရိုသီကာမီလာက ပြောကြားခဲ့ပါတယ်။ ဒိုရိုသီကာမီလာ က “မြောက်ကိုရီးယားဟာ ရုရှားရဲ့စစ်လက်နက်ပစ္စည်းတွေ၊ နည်းပညာနဲ့အတွေ့အကြုံတွေကို လက်ခံရရှိမှုနဲ့အတူ သိသာတဲ့အကျိုးအမြတ်တွေကို ရရှိနေပြီး အိမ်နီးချင်းနိုင်ငံတွေအပေါ် စစ်တိုက်နိုင်စွမ်းတွေ ပိုမိုရရှိလာနေပါတယ်။ ပြီးတော့ မြောက်ကိုရီးယားဟာ ကမ္ဘာတစ်ဝှမ်းမှာ စစ်လက်နက်ပစ္စည်းရောင်းချမှုနဲ့ စစ်ရေးလေ့ကျင့်မှုစာချုပ်တွေကို တိုးမြှင့်ဖို့အတွက် အဲဒီတိုးတက်မှုတွေကို အသုံးချဖို့ စိတ်အား ထက်သန်နေနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ဇန်နဝါရီလ(၆)ရက်က လုပ်တောင်ခဲ့တဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ကာကွယ်ရေးစွမ်းရည်ကိုမြှင့်တင်ဖို့ အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တရားမျှတမှုရှိတယ်လို့ မြောက်ကိုရီးယားရဲ့ကုလသမဂ္ဂသံအမတ်ကြီး ကင်ဆောင်က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်ဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲပြောဆိုမှုတွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့ ကင်ဆောင်က ထပ်မံပြောကြားခဲ့ပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားရဲ႕စစ္တိုက္ႏိုင္တဲ့စြမ္းရည္ေတြ ပိုမိုတိုးတက္လာေနတယ္လို႔ အေမရိကန္ သတိေပး
Pika (NP News) - ဇန္နဝါရီ ၉

ယူကရိန္းနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ႐ုရွားဘက္ကေန ေျမာက္ကိုရီးယားတပ္ဖြဲ႕ေတြ ပါဝင္တိုက္ခိုက္ေပးမႈနဲ႔အတူ ေျမာက္ကိုရီးယားႏိုင္ငံဟာ အိမ္နီးခ်င္းႏိုင္ငံအေပၚ စစ္တိုက္ႏိုင္စြမ္းေတြ ပိုမိုရရွိလာေနတယ္လို႔ အေမရိကန္ႏိုင္ငံက ဇန္နဝါရီလ(၈)ရက္မွာ သတိေပးေျပာဆိုခဲ့ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲ စတင္ျဖစ္ပြားၿပီးေနာက္ပိုင္းကတည္းက ႐ုရွားဟာ ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ သံတမန္ေရးနဲ႔စစ္ေရးအရ ပိုမိုနီးကပ္တဲ့ဆက္ဆံေရးေတြကို တည္ေဆာက္လာခဲ့တာလည္း ျဖစ္ပါတယ္။

႐ုရွားႏိုင္ငံမွာ ေျမာက္ကိုရီးယားတပ္ဖြဲ႕ဝင္(၁၂၀၀၀)ေက်ာ္ရွိေနၿပီး ၿပီးခဲ့တဲ့ဒီဇင္ဘာလမွာ ႐ုရွားႏိုင္ငံ ကာ့စ္ေဒသမွာ ယူကရိန္းတပ္ဖြဲ႕ေတြကို စတင္တိုက္ခိုက္ခဲ့တယ္လို႔ ကုလသမဂၢဆိုင္ရာလက္ေထာက္အေမရိကန္သံအမတ္ႀကီး ဒို႐ိုသီကာမီလာက ေျပာၾကားခဲ့ပါတယ္။ ဒို႐ိုသီကာမီလာ က “ေျမာက္ကိုရီးယားဟာ ႐ုရွားရဲ႕စစ္လက္နက္ပစၥည္းေတြ၊ နည္းပညာနဲ႔အေတြ႕အႀကဳံေတြကို လက္ခံရရွိမႈနဲ႔အတူ သိသာတဲ့အက်ိဳးအျမတ္ေတြကို ရရွိေနၿပီး အိမ္နီးခ်င္းႏိုင္ငံေတြအေပၚ စစ္တိုက္ႏိုင္စြမ္းေတြ ပိုမိုရရွိလာေနပါတယ္။ ၿပီးေတာ့ ေျမာက္ကိုရီးယားဟာ ကမာၻတစ္ဝွမ္းမွာ စစ္လက္နက္ပစၥည္းေရာင္းခ်မႈနဲ႔ စစ္ေရးေလ့က်င့္မႈစာခ်ဳပ္ေတြကို တိုးျမႇင့္ဖို႔အတြက္ အဲဒီတိုးတက္မႈေတြကို အသုံးခ်ဖို႔ စိတ္အား ထက္သန္ေနႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ဒါေပမယ့္လည္း ၿပီးခဲ့တဲ့ဇန္နဝါရီလ(၆)ရက္က လုပ္ေတာင္ခဲ့တဲ့ ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈဟာ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ကာကြယ္ေရးစြမ္းရည္ကိုျမႇင့္တင္ဖို႔ အစီအစဥ္ရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး တရားမွ်တမႈရွိတယ္လို႔ ေျမာက္ကိုရီးယားရဲ႕ကုလသမဂၢသံအမတ္ႀကီး ကင္ေဆာင္က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္ဟာ အေျခအျမစ္မရွိတဲ့ စြပ္စြဲေျပာဆိုမႈေတြကို လုပ္ေဆာင္ေနတာျဖစ္တယ္လို႔ ကင္ေဆာင္က ထပ္မံေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.