ရေနံယိုဖိတ်မှုနဲ့ပတ်သက်ပြီး မြင့်မားလာတဲ့အန္တရာယ်တွေကို ခရိုင်းမီးယားကျွန်းဆွယ်အကြီးအကဲ သတိပေး

 81

Pika (NP News) - ဇန်နဝါရီ ၉

ပင်လယ်နက်မှာ ရေနံယိုဖိတ်မှုတွေနဲ့အတူ ခရိုင်းမီးယားကျွန်းဆွယ်ဟာ ဆိုးရွားတဲ့သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ကိုတွေ့ကြုံရမယ့်အန္တရာယ်တွေ မြင့်မားလာနေတယ်လို့ ခရိုင်းမီးယားကျွန်းဆွယ်အကြီးအကဲက သတိပေးပြောဆိုခဲ့ ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလ(၁၅)ရက်တုန်းက ရုရှားရေနံတင်သင်္ဘောနှစ်စီးဟာ ခရိုင်းမီးယားနဲ့ ရုရှားတောင်ပိုင်းကြားမှာ ရှိတဲ့ ကာ့ချ်ရေလက်ကြားမှာ လောင်စာဆီတန်ချိန်(၂၄၀၀)လောက် ယိုဖိတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီလောင်စာဆီယိုဖိတ်မှုဟာ ရုရှားနိုင်ငံ Krasnodar ဒေသကို ကြီးမားတဲ့သက်ရောက်မှုတွေရှိစေခဲ့ပြီး ကမ်းခြေတွေ ညစ်ပတ်မှုနဲ့အတူ ငှက်တွေနဲ့ ပင်လယ်နို့တိုက်သတ္တဝါတွေကို သေဆုံးစေခဲ့တဲ့ ဂေဟဗေဒဆိုင်ရာဘေးအန္တရာယ်ကို ဖြစ်ပေါ်စေခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် ရေနံယိုဖိတ်မှုတွေဟာ ခရိုင်းမီးယားကျွန်းဆွယ်ဘက်ကို ဦးတည်လာနေတယ်လို့ အကြီးအကဲ ဆာဂေး အက်ယိုနော့ဖ်က ဇန်နဝါရီလ(၈)ရက်မှာ သတိပေးပြောဆိုခဲ့ပါတယ်။ ဆာဂေးအက်ယိုနော့ဖ်က “ခန့်မှန်းချက်တွေအရ အခြေအနေတွေ ပိုမိုဆိုးရွားလာနိုင်တဲ့အန္တရာယ်တွေမြင့်မားနေပြီး အရေးပေါ်အခြေအနေဟာ Krasnodar ဒေသမှာ ဖြစ်ပွားခဲ့တာတွေနဲ့ နှိုင်းယှဉ်နိုင်လောက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ယိုဖိတ်ခဲ့တဲ့လောင်စာဆီတွေဟာ ခရိုင်းမီးယားကျွန်းဆွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး ယိုဖိတ်မှုဖြစ်ပွားတဲ့နေရာ ကနေ (၂၅၀)ကီလိုမီတာအကွာဝန်းကျင်မှာရှိတဲ့ ဆီဗာစတိုပိုဆိပ်ကမ်းမြို့ ကမ်းလွန်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၃)ရက်က တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version;
ေရနံယိုဖိတ္မႈနဲ႔ပတ္သက္ၿပီး ျမင့္မားလာတဲ့အႏၲရာယ္ေတြကို ခ႐ိုင္းမီးယားကြၽန္းဆြယ္အႀကီးအကဲ သတိေပး
Pika (NP News) - ဇန္နဝါရီ ၉

ပင္လယ္နက္မွာ ေရနံယိုဖိတ္မႈေတြနဲ႔အတူ ခ႐ိုင္းမီးယားကြၽန္းဆြယ္ဟာ ဆိုး႐ြားတဲ့သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးမႈ ကိုေတြ႕ႀကဳံရမယ့္အႏၲရာယ္ေတြ ျမင့္မားလာေနတယ္လို႔ ခ႐ိုင္းမီးယားကြၽန္းဆြယ္အႀကီးအကဲက သတိေပးေျပာဆိုခဲ့ ပါတယ္။ ၿပီးခဲ့တဲ့ဒီဇင္ဘာလ(၁၅)ရက္တုန္းက ႐ုရွားေရနံတင္သေဘၤာႏွစ္စီးဟာ ခ႐ိုင္းမီးယားနဲ႔ ႐ုရွားေတာင္ပိုင္းၾကားမွာ ရွိတဲ့ ကာ့ခ်္ေရလက္ၾကားမွာ ေလာင္စာဆီတန္ခ်ိန္(၂၄၀၀)ေလာက္ ယိုဖိတ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီေလာင္စာဆီယိုဖိတ္မႈဟာ ႐ုရွားႏိုင္ငံ Krasnodar ေဒသကို ႀကီးမားတဲ့သက္ေရာက္မႈေတြရွိေစခဲ့ၿပီး ကမ္းေျခေတြ ညစ္ပတ္မႈနဲ႔အတူ ငွက္ေတြနဲ႔ ပင္လယ္ႏို႔တိုက္သတၱဝါေတြကို ေသဆုံးေစခဲ့တဲ့ ေဂဟေဗဒဆိုင္ရာေဘးအႏၲရာယ္ကို ျဖစ္ေပၚေစခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ ေရနံယိုဖိတ္မႈေတြဟာ ခ႐ိုင္းမီးယားကြၽန္းဆြယ္ဘက္ကို ဦးတည္လာေနတယ္လို႔ အႀကီးအကဲ ဆာေဂး အက္ယိုေနာ့ဖ္က ဇန္နဝါရီလ(၈)ရက္မွာ သတိေပးေျပာဆိုခဲ့ပါတယ္။ ဆာေဂးအက္ယိုေနာ့ဖ္က “ခန္႔မွန္းခ်က္ေတြအရ အေျခအေနေတြ ပိုမိုဆိုး႐ြားလာႏိုင္တဲ့အႏၲရာယ္ေတြျမင့္မားေနၿပီး အေရးေပၚအေျခအေနဟာ Krasnodar ေဒသမွာ ျဖစ္ပြားခဲ့တာေတြနဲ႔ ႏႈိင္းယွဥ္ႏိုင္ေလာက္တဲ့အထိ ျဖစ္လာႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ယိုဖိတ္ခဲ့တဲ့ေလာင္စာဆီေတြဟာ ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ေရာက္ရွိေနၿပီျဖစ္ၿပီး ယိုဖိတ္မႈျဖစ္ပြားတဲ့ေနရာ ကေန (၂၅၀)ကီလိုမီတာအကြာဝန္းက်င္မွာရွိတဲ့ ဆီဗာစတိုပိုဆိပ္ကမ္းၿမိဳ႕ ကမ္းလြန္မွာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ(၃)ရက္က ေတြ႕ရွိခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.