ရုရှားက ယူကရိန်းကို ပဲ့ထိန်းဗုံးတွေ အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၁၃)ဦး သေဆုံး
307
Pika (NP News) - ဇန်နဝါရီ ၉
ဇန်နဝါရီလ(၈)ရက်က ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဇာပိုရိုဇီရာမြို့ကို ရုရှားတပ်ဖွဲ့တွေက ပဲ့ထိန်းဗုံးတစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံးလူ(၁၃)ဦးသေဆုံးခဲ့ပြီး အခြားလူ(၆၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင် တွေက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် သေဆုံးသူအရေအတွက်ဟာ ထပ်မံတိုးမြင့်လာနိုင်ဖွယ်ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပွါးပြီးနောက် သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေ လမ်းမပေါ်မှာ ပြန့်ကြဲနေပြီး ထိခိုက်ဒဏ်ရာရရှိ သူတွေ အများအပြားကိုလည်း တွေ့မြင်ခဲ့ရတယ်လို့ မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း အထပ်မြင့်အဆောက်အဦးတွေ၊ စက်မှုအဆောက်အဦးတွေနဲ့ အခြားအခြေခံအဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့တယ် လို့ ယူကရိန်းအစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့အပျက်အစီးတွေဟာ ရထားတစ်စင်းနဲ့ ဘတ်စ်ကားတစ်စီးတို့ကို ထိမှန်ခဲ့တယ် လို့လည်း သိရပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ လူနေရပ်ကွက်တစ်ခုကို တိုက်ခိုက်ဖို့အတွက် ပဲ့ထိန်းဗုံးနှစ်လုံးကို အသုံးပြုခဲ့ တယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး အိုင်ဗန်ဖီဒိုရော့ဗ်က ပြောကြားခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့လူ(၆၅)ဦးအနက် (၄)ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပြီး အရေးပေါ်ဆေးကုသမှုတွေခံယူနေရတယ်လို့ အိုင်ဗန်ဖီဒိုရော့ဗ်က ထပ်မံပြောကြားခဲ့ပါတယ်။
Zawgyi Version;
႐ုရွားက ယူကရိန္းကို ပဲ့ထိန္းဗုံးေတြ အသုံးျပဳၿပီး တိုက္ခိုက္မႈေၾကာင့္ အနည္းဆုံးလူ(၁၃)ဦး ေသဆုံး
Pika (NP News) - ဇန္နဝါရီ ၉
ဇန္နဝါရီလ(၈)ရက္က ယူကရိန္းႏိုင္ငံ အေရွ႕ေတာင္ပိုင္းမွာရွိတဲ့ ဇာပို႐ိုဇီရာၿမိဳ႕ကို ႐ုရွားတပ္ဖြဲ႕ေတြက ပဲ့ထိန္းဗုံးတစ္လုံးနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ အနည္းဆုံးလူ(၁၃)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၆၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အာဏာပိုင္ ေတြက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေသဆုံးသူအေရအတြက္ဟာ ထပ္မံတိုးျမင့္လာႏိုင္ဖြယ္ရွိေနတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ ဗုံးႀကဲတိုက္ခိုက္မႈျဖစ္ပြါးၿပီးေနာက္ ေသဆုံးသူေတြရဲ႕႐ုပ္အေလာင္းေတြ လမ္းမေပၚမွာ ျပန႔္ႀကဲေနၿပီး ထိခိုက္ဒဏ္ရာရရွိ သူေတြ အမ်ားအျပားကိုလည္း ေတြ႕ျမင္ခဲ့ရတယ္လို႔ မီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ တိုက္ခိုက္မႈအတြင္း အထပ္ျမင့္အေဆာက္အဦးေတြ၊ စက္မႈအေဆာက္အဦးေတြနဲ႔ အျခားအေျခခံအေဆာက္အဦးေတြ ထိခိုက္ပ်က္စီးခဲ့တယ္ လို႔ ယူကရိန္းအစိုးရတာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ တိုက္ခိုက္မႈေၾကာင့္ျဖစ္ေပၚလာတဲ့အပ်က္အစီးေတြဟာ ရထားတစ္စင္းနဲ႔ ဘတ္စ္ကားတစ္စီးတို႔ကို ထိမွန္ခဲ့တယ္ လို႔လည္း သိရပါတယ္။ ႐ုရွားတပ္ဖြဲ႕ေတြဟာ လူေနရပ္ကြက္တစ္ခုကို တိုက္ခိုက္ဖို႔အတြက္ ပဲ့ထိန္းဗုံးႏွစ္လုံးကို အသုံးျပဳခဲ့ တယ္လို႔ ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရးမႉး အိုင္ဗန္ဖီဒိုေရာ့ဗ္က ေျပာၾကားခဲ့ပါတယ္။
ဗုံးႀကဲတိုက္ခိုက္မႈအတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့လူ(၆၅)ဦးအနက္ (၄)ဦးဟာ စိုးရိမ္ရတဲ့အေျခအေနမွာ ရွိေနၿပီး အေရးေပၚေဆးကုသမႈေတြခံယူေနရတယ္လို႔ အိုင္ဗန္ဖီဒိုေရာ့ဗ္က ထပ္မံေျပာၾကားခဲ့ပါတယ္။