တိုးဂိတ်တွင် ရပ်ထားသည့်ယာဥ်များကို ဘရိတ်ပေါက်လာသော မီနီဘတ်စ်ယာဥ် ဝင်တိုက်မှုကြောင့် လူ ၁၂ ဦး ဒဏ်ရာရ
391
စော (NP News) - ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် တိုးဂိတ်၌ ရပ်ထားသောယာဉ်များကို ဘရိတ်ပေါက်လာသည့် မီနီဘတ်စ်ယာဥ် ဝင်တိုက်မှုကြောင့် လူ(၁၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၉ ရက်)၊ နံနက် (၇)နာရီဝန်းကျင်အချိန်ခန့်က တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာ အုပ်စု၊ ရန်ကုန်-ပြည်လမ်း၊ တိုးဂိတ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ကြီးမြို့နယ်မှ ရန်ကုန်မြို့ဘက်သို့မောင်းနှင်လာသည့် Mini Bus ယာဉ်တစ်စီးသည် ဘရိတ်ပေါက်ကာ အရှိန်မထိန်း နိုင်ဘဲ တစ်ဖက်လမ်းကြောရှိ မြို့အဝင်ကြေးကောက်ခံသော တိုးဂိတ်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီတိုးဂိတ်က မောင်းတံတွေကို အရင်တိုက်တယ်။ တိုက်ပြီးတော့ အဲဒီက ရပ်ထားတဲ့ ကား သုံးလေးစီးလောက်ကို ထပ်တိုက်သွားတယ်။ တိုက်တဲ့အချိန်မှာ ကားထဲမှာရှိနေတဲ့ ယာဉ်မောင်း (၂)ယောက် ညှပ်သွားတာပေါ့။ သူရဲ့ တိုက်တဲ့ အရှိန်ကြောင့် တစ်ဖက်ယာဉ်ကြောက ယာဉ်မောင်းနဲ့ ဘေးက စပါယ်ယာလို့ပြောလို့ရတယ်။ အဲဒီနှစ်ယောက်က ညှပ်သွားတာ” ဟု တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ကားအတွင်း ညှပ်မိနေခဲ့သော အမျိုးသား (၂)ဦးကို နံနက် (၇)နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ဖြစ်စဉ် အတွင်း အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၉)ဦး စုစုပေါင်း (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သူတို့က စက်ရုံသွားမယ့်လူတွေဆိုတော့လေ Mini Bus မှာလည်း စက်ရုံသွားမယ့် အလုပ်သမားဝန်ထမ်းလေးတွေ ပါတယ်။ ခါးနာတဲ့လူတွေ ရှိတယ်။ နဖူးတွေ ဖုသွားတာတို့၊ ဆောင့်မိတဲ့ဒဏ်ရာတွေကြောင့် အဲဒီလိုမျိုးဒဏ်ရာတွေ ရသွားတော့ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်း၊ မိုးစေတနာပရဟိတအသင်း၊ အုတ်လုပ်ငန်းရှင်များ ပရဟိတအသင်းတို့၏ သူနာတင်ယာဉ်များဖြင့် တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Zawgyi Version;
တိုးဂိတ္တြင္ ရပ္ထားသည့္ယာဥ္မ်ားကို ဘရိတ္ေပါက္လာေသာ မီနီဘတ္စ္ယာဥ္ ဝင္တိုက္မႈေၾကာင့္ လူ ၁၂ ဦး ဒဏ္ရာရ
ေစာ (NP News) - ဇန္နဝါရီ ၉
ရန္ကုန္တိုင္းေဒသႀကီး၊ တိုက္ႀကီးၿမိဳ႕နယ္တြင္ တိုးဂိတ္၌ ရပ္ထားေသာယာဥ္မ်ားကို ဘရိတ္ေပါက္လာသည့္ မီနီဘတ္စ္ယာဥ္ ဝင္တိုက္မႈေၾကာင့္ လူ(၁၂)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း တိုက္ႀကီးၿမိဳ႕နယ္မီးသတ္စခန္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။
အဆိုပါျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီလ ၉ ရက္)၊ နံနက္ (၇)နာရီဝန္းက်င္အခ်ိန္ခန႔္က တိုက္ႀကီးၿမိဳ႕နယ္၊ တာခြေက်း႐ြာ အုပ္စု၊ ရန္ကုန္-ျပည္လမ္း၊ တိုးဂိတ္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
တိုက္ႀကီးၿမိဳ႕နယ္မွ ရန္ကုန္ၿမိဳ႕ဘက္သို႔ေမာင္းႏွင္လာသည့္ Mini Bus ယာဥ္တစ္စီးသည္ ဘရိတ္ေပါက္ကာ အရွိန္မထိန္း ႏိုင္ဘဲ တစ္ဖက္လမ္းေၾကာရွိ ၿမိဳ႕အဝင္ေၾကးေကာက္ခံေသာ တိုးဂိတ္ကို ဝင္တိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အဲဒီတိုးဂိတ္က ေမာင္းတံေတြကို အရင္တိုက္တယ္။ တိုက္ၿပီးေတာ့ အဲဒီက ရပ္ထားတဲ့ ကား သုံးေလးစီးေလာက္ကို ထပ္တိုက္သြားတယ္။ တိုက္တဲ့အခ်ိန္မွာ ကားထဲမွာရွိေနတဲ့ ယာဥ္ေမာင္း (၂)ေယာက္ ညႇပ္သြားတာေပါ့။ သူရဲ႕ တိုက္တဲ့ အရွိန္ေၾကာင့္ တစ္ဖက္ယာဥ္ေၾကာက ယာဥ္ေမာင္းနဲ႔ ေဘးက စပါယ္ယာလို႔ေျပာလို႔ရတယ္။ အဲဒီႏွစ္ေယာက္က ညႇပ္သြားတာ” ဟု တိုက္ႀကီးၿမိဳ႕နယ္မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ကားအတြင္း ညႇပ္မိေနခဲ့ေသာ အမ်ိဳးသား (၂)ဦးကို နံနက္ (၇)နာရီ ၃ဝ မိနစ္ဝန္းက်င္အခ်ိန္တြင္ ကယ္ထုတ္ႏိုင္ခဲ့ၿပီး ျဖစ္စဥ္ အတြင္း အမ်ိဳးသား (၃)ဦးႏွင့္ အမ်ိဳးသမီး (၉)ဦး စုစုေပါင္း (၁၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
“သူတို႔က စက္႐ုံသြားမယ့္လူေတြဆိုေတာ့ေလ Mini Bus မွာလည္း စက္႐ုံသြားမယ့္ အလုပ္သမားဝန္ထမ္းေလးေတြ ပါတယ္။ ခါးနာတဲ့လူေတြ ရွိတယ္။ နဖူးေတြ ဖုသြားတာတို႔၊ ေဆာင့္မိတဲ့ဒဏ္ရာေတြေၾကာင့္ အဲဒီလိုမ်ိဳးဒဏ္ရာေတြ ရသြားေတာ့ရွိတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ထိခိုက္ဒဏ္ရာရရွိသူမ်ားကို နိဗၺာန္ခ်မ္းသာမဂၤလာအသင္း၊ မိုးေစတနာပရဟိတအသင္း၊ အုတ္လုပ္ငန္းရွင္မ်ား ပရဟိတအသင္းတို႔၏ သူနာတင္ယာဥ္မ်ားျဖင့္ တိုက္ႀကီးၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။