မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့်ဆက်နွယ်ပြီး နျူကလီးယားနှင့်ဆက်နွယ်သော ဆက်စပ်ပစ္စည်းများ မှောင်ခိုကုန်ကူးခဲ့ဟု ယာကူဇာ ဂိုဏ်းခေါင်းဆောင် ဝန်ခံ
1832
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၉
ဂျပန်ယာကူဇာ ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သူ တာကီရှိ အီဘီဆာဝါက ၎င်းသည် မြန်မာနိုင်ငံထံမှ နျူကလီးယား ထုတ်လုပ်ရာတွင်အသုံးပြုသောအရာများကို လက်ဝယ်ထားရှိမှုအပြင် တရားမဝင် လက်နက်မှောင်ခိုရောင်းဝယ်ရန် ကြိုးပမ်းမှုများအတွက် အပြစ်ရှိကြောင်း ဝန်ခံလိုက်သည်ဟု အမေရိကန်အစိုးရ အာဏာပိုင်များက ထုတ်ဖော် ပြောဆိုလိုက်သည်။ တာကီရှိ အီဘီဆာဝါ နှင့် ကြံရာပါတစ်ဦးကို ၂၀၂၂ ခုနှစ် ဧပြီလအတွင်းတွင် လက်နက်မှု၊ မူးယစ် ဆေးဝါးမှောင်ခို ကုန်ကူးမှုများဖြင့် စွဲချက်တင်ခဲ့ကြောင်း၊ သို့သော်လည်း ၎င်းတို့နှစ်ဦးကို ရမန်ဖြင့်ပြန်လွှတ်ထားခဲ့ ကြောင်းသိရသည်။
ထိုအပြင် အမေရိကန်အစိုးရသည် မြန်မာနိုင်ငံမှ နျူကလီးယားနှင့်ဆက်နွယ်သည့်ပစ္စည်းများကို ထိန်းချုပ်ပြီး တရားမဝင် ရောင်းချနိုင်ရေးအကျိုးဆောင်ပေးမှုဖြင့် ဂျပန်ယာကူဇာ ဒုစရိုက်ဂိုဏ်းဝင်ဖြစ်သူ တာကီရှိ အီဘီဆာဝါ ကို စွဲချက်တင် ခဲ့ကြောင်း အမေရိကန်အစိုးရရှေ့နေ့များက ပြောသည်။ ၎င်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လက်နက်ဝယ်ယူရောင်းချပေးခြင်းများလည်းလုပ်ကိုင်ခဲ့ကြောင်း အမေရိကန်အစိုးရရှေ့နေ့များက စွပ်စွဲထားသည်။
မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များနှင့်ချုပ်ဆိုခဲ့သော စာချုပ်ထဲတွင် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ ရရှိရန် ဆောင်ရွက်ပေးရေးအချက်လည်း ပါဝင်ခဲ့ကြောင်း အမေရိကန်အစိုးရရှေ့နေ့များက ဆိုသည်။ အမေရိကန်အစိုးရအဖွဲ့ချုပ် ယာယီရှေ့နေချုပ်တစ်ဦးဖြစ်သော အက်ဝက်ဒ် ကင်က "တာကီရှိ အီဘီဆာဝါက ဇန်နဝါရီ ၉ ရက် ရုံးချိန်းမှာ ဝန်ခံထွက်ဆိုခဲ့တယ်။ နျူကလီးယားလက်နက်ထုတ်လုပ်နိုင်မယ့် ပလိုတိုနီယံတွအပါအဝင် နျူကလီးယား နဲ့ ဆက်နွယ်တဲ့ပစ္စည်းများကို မြန်မာနိုင်ငံ ပြင်ပကိုထုတ်ပြီး မှောင်ခိုကုန်ကူးတာကို ဝန်ခံခဲ့တယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း အသုံးပြုဖို့ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်တွေလိုမျိုး လက်နက်ကြီးတွေ ရယူပေးပြီး အပြန်အလှန်အနေနဲ့ အမေရိကန် နိုင်ငံအတွင်း ဟီရိုအင်းနဲ့ စိတ်ကြွဆေးပြားအများအပြား တင်ပို့တာတွေ လုပ်ခဲ့တယ်" ဟု ပြောသည်။
၎င်းသည် မြန်မာနိုင်ငံထံမှမူးယစ်ဆေးဝါး တွေနဲ့အတူ လက်နက်ထုတ်လုပ်နိုင်စွမ်းရှိမည့် ပလိုတိုနီယံ၊ ယူရေနီယံတွေကို လက်ဝယ်ထိန်းသိမ်းရယူခဲ့ကြောင်း၊ အမေရိကန်အစိုးရရှေ့နေ့များက စွပ်စွဲထားသည်။ ၂၀၂၀ ပြည့်နှစ်မှစပြီး အသက် ၆ဝ အရွယ်ရှိ အီဘီဆာဝါသည် နျူကလီးယားဆက်စပ်ပစ္စည်းများကို ရောင်းချရန် အမေရိကန်အစိုးရ၏ အသွင်ယူထားသည့် ထောက်လှမ်းရေးအရာရှိတစ်ဦးနှင့်ဆက်သွယ်မိပြီး နျူကလီးယားဆက်စပ်ပစ္စည်းများကို ရောင်းဝယ်ရန် စီစဉ် ဆောင်ရွက်ခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အီဘီဆာဝါနှင့်အတူ ၎င်း၏မိတ်ဆွေဖြစ်သူတို့ကို ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးမှုအတွင်း ထိုင်းအာဏာပိုင်များက အမေရိကန်စုံစမ်းစစ်ဆေးသူများကို အကူအညီပေးခဲ့ကြောင်းသိရသည်။
အမေရိကန်တရားရေးဌာနက "ဖမ်းဆီးရမိတဲ့ နျူကလီးယားဆက်စပ်ပစ္စည်းများကို ဓါတ်ခွဲစမ်းသပ်ရာမှာ နျူကလီးယား နမူနာတွေမှာ ပလူတိုနီယမ် အိုင်ဆိုတုပ် ပါဝင်မှုရှိနေပြီး လက်နက်ထုတ်လုပ်နိုင်စွမ်းရှိတဲ့အဆင့်မျိုးဖြစ်တယ်။ ပလူတိုနီယံကို အလုံလောက်ထုတ်လုပ်နိုင်ခဲ့မယ်ဆိုရင် နျူကလီးယားလက်နက်ထုတ်လုပ်နိုင်စွမ်းရှိလာမှာပါ" ဟု ပြော သည်။
အီဘီဆာဝါသည် မြန်မာနိုင်ငံရှိ အမည်မဖော်လိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စား လက်နက်များ ဝယ်ယူ ရန်အတွက် ငွေကြေးရရှိရန်နျူကလီယား ထုတ်လုပ်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းရောင်းချမှုမှ ရရှိသောငွေများ ကို အသုံးပြုရန် အကြံပြုခဲ့ကြောင်းသိရသည်။ အီဘီဆာဝါသည် နျူကလီယားထုတ်လုပ်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းနှင့်ပတ်သက်သည့် စွဲချက်များနှင့်ပတ်သက်ပြီး ထောင်ဒဏ် နှစ် ၂၀ ကျခံရဖွယ်ရှိနေကြောင်းသိရသည်။
Zawgyi Version;
ျမန္မာႏိုင္ငံရွိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ႏွင့္ဆက္ႏြယ္ၿပီး န်ဴကလီးယားႏွင့္ဆက္ႏြယ္ေသာ ဆက္စပ္ပစၥည္းမ်ား ေမွာင္ခိုကုန္ကူးခဲ့ဟု ယာကူဇာ ဂိုဏ္းေခါင္းေဆာင္ ဝန္ခံ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၉
ဂ်ပန္ယာကူဇာ ဂိုဏ္းေခါင္းေဆာင္တစ္ဦးျဖစ္သူ တာကီရွိ အီဘီဆာဝါက ၎သည္ ျမန္မာႏိုင္ငံထံမွ န်ဴကလီးယား ထုတ္လုပ္ရာတြင္အသုံးျပဳေသာအရာမ်ားကို လက္ဝယ္ထားရွိမႈအျပင္ တရားမဝင္ လက္နက္ေမွာင္ခိုေရာင္းဝယ္ရန္ ႀကိဳးပမ္းမႈမ်ားအတြက္ အျပစ္ရွိေၾကာင္း ဝန္ခံလိုက္သည္ဟု အေမရိကန္အစိုးရ အာဏာပိုင္မ်ားက ထုတ္ေဖာ္ ေျပာဆိုလိုက္သည္။ တာကီရွိ အီဘီဆာဝါ ႏွင့္ ႀကံရာပါတစ္ဦးကို ၂၀၂၂ ခုႏွစ္ ဧၿပီလအတြင္းတြင္ လက္နက္မႈ၊ မူးယစ္ ေဆးဝါးေမွာင္ခို ကုန္ကူးမႈမ်ားျဖင့္ စြဲခ်က္တင္ခဲ့ေၾကာင္း၊ သို႔ေသာ္လည္း ၎တို႔ႏွစ္ဦးကို ရမန္ျဖင့္ျပန္လႊတ္ထားခဲ့ ေၾကာင္းသိရသည္။
ထိုအျပင္ အေမရိကန္အစိုးရသည္ ျမန္မာႏိုင္ငံမွ န်ဴကလီးယားႏွင့္ဆက္ႏြယ္သည့္ပစၥည္းမ်ားကို ထိန္းခ်ဳပ္ၿပီး တရားမဝင္ ေရာင္းခ်ႏိုင္ေရးအက်ိဳးေဆာင္ေပးမႈျဖင့္ ဂ်ပန္ယာကူဇာ ဒုစ႐ိုက္ဂိုဏ္းဝင္ျဖစ္သူ တာကီရွိ အီဘီဆာဝါ ကို စြဲခ်က္တင္ ခဲ့ေၾကာင္း အေမရိကန္အစိုးရေရွ႕ေန႔မ်ားက ေျပာသည္။ ၎သည္ ျမန္မာႏိုင္ငံရွိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားကို လက္နက္ဝယ္ယူေရာင္းခ်ေပးျခင္းမ်ားလည္းလုပ္ကိုင္ခဲ့ေၾကာင္း အေမရိကန္အစိုးရေရွ႕ေန႔မ်ားက စြပ္စြဲထားသည္။
ျမန္မာႏိုင္ငံရွိ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ခ်ဳပ္ဆိုခဲ့ေသာ စာခ်ဳပ္ထဲတြင္ ေျမျပင္မွ ေဝဟင္ပစ္ဒုံးက်ည္မ်ား ရရွိရန္ ေဆာင္႐ြက္ေပးေရးအခ်က္လည္း ပါဝင္ခဲ့ေၾကာင္း အေမရိကန္အစိုးရေရွ႕ေန႔မ်ားက ဆိုသည္။ အေမရိကန္အစိုးရအဖြဲ႕ခ်ဳပ္ ယာယီေရွ႕ေနခ်ဳပ္တစ္ဦးျဖစ္ေသာ အက္ဝက္ဒ္ ကင္က "တာကီရွိ အီဘီဆာဝါက ဇန္နဝါရီ ၉ ရက္ ႐ုံးခ်ိန္းမွာ ဝန္ခံထြက္ဆိုခဲ့တယ္။ န်ဴကလီးယားလက္နက္ထုတ္လုပ္ႏိုင္မယ့္ ပလိုတိုနီယံတြအပါအဝင္ န်ဴကလီးယား နဲ႔ ဆက္ႏြယ္တဲ့ပစၥည္းမ်ားကို ျမန္မာႏိုင္ငံ ျပင္ပကိုထုတ္ၿပီး ေမွာင္ခိုကုန္ကူးတာကို ဝန္ခံခဲ့တယ္။ ဒါ့ျပင္ ျမန္မာႏိုင္ငံမွာ ျဖစ္ပြားတဲ့ တိုက္ပြဲေတြအတြင္း အသုံးျပဳဖို႔ ေျမျပင္က ေဝဟင္ပစ္ ဒုံးက်ည္ေတြလိုမ်ိဳး လက္နက္ႀကီးေတြ ရယူေပးၿပီး အျပန္အလွန္အေနနဲ႔ အေမရိကန္ ႏိုင္ငံအတြင္း ဟီ႐ိုအင္းနဲ႔ စိတ္ႂကြေဆးျပားအမ်ားအျပား တင္ပို႔တာေတြ လုပ္ခဲ့တယ္" ဟု ေျပာသည္။
၎သည္ ျမန္မာႏိုင္ငံထံမွမူးယစ္ေဆးဝါး ေတြနဲ႔အတူ လက္နက္ထုတ္လုပ္ႏိုင္စြမ္းရွိမည့္ ပလိုတိုနီယံ၊ ယူေရနီယံေတြကို လက္ဝယ္ထိန္းသိမ္းရယူခဲ့ေၾကာင္း၊ အေမရိကန္အစိုးရေရွ႕ေန႔မ်ားက စြပ္စြဲထားသည္။ ၂၀၂၀ ျပည့္ႏွစ္မွစၿပီး အသက္ ၆ဝ အ႐ြယ္ရွိ အီဘီဆာဝါသည္ န်ဴကလီးယားဆက္စပ္ပစၥည္းမ်ားကို ေရာင္းခ်ရန္ အေမရိကန္အစိုးရ၏ အသြင္ယူထားသည့္ ေထာက္လွမ္းေရးအရာရွိတစ္ဦးႏွင့္ဆက္သြယ္မိၿပီး န်ဴကလီးယားဆက္စပ္ပစၥည္းမ်ားကို ေရာင္းဝယ္ရန္ စီစဥ္ ေဆာင္႐ြက္ခဲ့ရာမွ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
အီဘီဆာဝါႏွင့္အတူ ၎၏မိတ္ေဆြျဖစ္သူတို႔ကို ဖမ္းဆီးႏိုင္ရန္ စုံစမ္းစစ္ေဆးမႈအတြင္း ထိုင္းအာဏာပိုင္မ်ားက အေမရိကန္စုံစမ္းစစ္ေဆးသူမ်ားကို အကူအညီေပးခဲ့ေၾကာင္းသိရသည္။
အေမရိကန္တရားေရးဌာနက "ဖမ္းဆီးရမိတဲ့ န်ဴကလီးယားဆက္စပ္ပစၥည္းမ်ားကို ဓါတ္ခြဲစမ္းသပ္ရာမွာ န်ဴကလီးယား နမူနာေတြမွာ ပလူတိုနီယမ္ အိုင္ဆိုတုပ္ ပါဝင္မႈရွိေနၿပီး လက္နက္ထုတ္လုပ္ႏိုင္စြမ္းရွိတဲ့အဆင့္မ်ိဳးျဖစ္တယ္။ ပလူတိုနီယံကို အလုံေလာက္ထုတ္လုပ္ႏိုင္ခဲ့မယ္ဆိုရင္ န်ဴကလီးယားလက္နက္ထုတ္လုပ္ႏိုင္စြမ္းရွိလာမွာပါ" ဟု ေျပာ သည္။
အီဘီဆာဝါသည္ ျမန္မာႏိုင္ငံရွိ အမည္မေဖာ္လိုသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ကိုယ္စား လက္နက္မ်ား ဝယ္ယူ ရန္အတြက္ ေငြေၾကးရရွိရန္န်ဴကလီယား ထုတ္လုပ္ရာတြင္အသုံးျပဳေသာ ဆက္စပ္ပစၥည္းေရာင္းခ်မႈမွ ရရွိေသာေငြမ်ား ကို အသုံးျပဳရန္ အႀကံျပဳခဲ့ေၾကာင္းသိရသည္။ အီဘီဆာဝါသည္ န်ဴကလီယားထုတ္လုပ္ရာတြင္အသုံးျပဳေသာ ဆက္စပ္ပစၥည္းႏွင့္ပတ္သက္သည့္ စြဲခ်က္မ်ားႏွင့္ပတ္သက္ၿပီး ေထာင္ဒဏ္ ႏွစ္ ၂၀ က်ခံရဖြယ္ရွိေနေၾကာင္းသိရသည္။